နင်နဲ့ငါ ချစ်သူတွေဖြစ်ခဲ့တဲ့နေ့က..(24.8.2011)
နင့်နဲ့ငါလမ်းခွဲခဲ့တဲ့နေ့က (8.1.2012)
နောက်ထပ်လဲပြန်မတွေ့နိုင်လောက်တော့ပါဘူးဟာ
ဒါပေမဲ့ နင့်ကိုငါတကယ်ချစ်ခဲ့တယ် နင်လဲငါ့ကိုပြန်ချစ်စေချင်တယ်ဟာ
နင်ကတော့ နင့်ကောင်မလေးကိုချစ်နေတာလေ
ငါ့ကိုလဲဘယ်တော့မှချစ်လာမှမဟုတ်လောက်ပါဘူး
ငါမနေ့ကအကိုတစ်ယောက်နဲ့စကားပြောဖြစ်တယ်
သူကပြောတယ် ကို့ကိုမချစ်တဲ့သူ့ကိုဘာလို့ချစ်နေမှာလဲတဲ့
ပီးတော့ငါ့ကိုစကားတွေအများကြီးပြောပေးတယ်..
ငါသေချာစဉ်းစားပီးတော့ဆုံးဖြတ်လိုက်တယ်..
နင့်ကိုငါဖြတ်မယ်ပေါ့ နင်လဲငါ့ကိုမှချစ်နေတာမှမဟုတ်တာ
နင့်ကိုဒီတခါဖြတ်ရင်ငါမငိုလောက်တော့ဘူးလို့ထင်နေမိတယ်..
မနက်ကျတော့ နင်စကားစလာပြောကတည်းကငါ အရမ်းပျော်ပီးး
ရင်တွေလဲအရမ်းခုန်နေခဲ့တယ်...နင်ကို့ငါဖြတ်မယ်ဆိုတဲ့စကားကိုငါမပြောရက်တော့ဘူးး
နင့်ကိုပြောဖို့ကိုငါပြောမထွက်ဘူးး
နင်ကအရင်ဖြတ်မယ်လို့ပြောခဲ့တယ်နော်..
နင်အဲလိုပြောလို့သာငါကအင်းလို့ပြောခဲ့ပေမယ့်ငါငိုနေခဲ့တာကိုနင်မသိလောက်ပါဘူးဟာ
ငါလဲနင့်အပေါ်အပူလိုက်မကပ်ချင်တော့ဘူးးးနင်လဲနင်ချစ်တဲ့သူနဲ့ပဲပြောချင်မှာပေါ့ဟာ
ငါကိုယ်ချင်းစာတယ်..ငါလဲနင့်နဲ့စကားပြောနေရရင်ငါအရမ်းပျော်တယ်...
ငါနဲ့အရမ်းခင်ပါတယ်ဆိုတဲ့လူတွေနဲ့လဲငါမပြောချင်လောက်အောင်ပဲဟာ
နင် ငါနဲ့ ခုတစ်ခေါက်ပြန်ဆက်တာငါ့ကိုနင်ချစ်နေတယ်လို့ငါထင်နေမိတယ်..
ငါကတော့နင့်ကိုအရင်ကတည်းကချစ်နေတာလေ..
နင်နဲ့vzoပြောရရင်လဲငါအရမ်းပျော်တယ်..နင်နဲ့လဲအပြင်မှာနေ့တိုင်းတွေ့ချင်နေမိတယ်..ဒါပေမဲ့.........
နင့်ကိုငါသေတဲ့အထိချစ်နေပါရစေနော်....
နင်ဘယ်သူ့ကိုပဲချစ်ချစ်ငါဘာမှမပြောဘူးးးးးဒါပေမဲ့နင့်ကိုတော့ငါရင်ကွဲမတက်အရမ်းချစ်တယ်....
နင့်ကောင်မလေးတော့တော်တော်ကံကောင်းတာပဲနော်..
ငါသူ့ကိုမနာလို ဖြစ်လိုက်တာဟာ...
ငါအရမ်းချစ်တဲ့နင်က သူ့ကိုအရမ်းချစ်နေလို့လေ..
သူကဘယ်ကလဲ...ဘယ်သူလဲ...ရုပ်ကကောဘယ်လိုပုံစံလေးလဲ ငါအရမ်းသိချင်လိုက်တာ...
ကောင်မလေးကတော့ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးမိန်းကလေးဆိုလဲ မမှားဘူးပေါ့ဟာ..
ကောင်မလေးရေ...နင့်ကိုအရမ်းချစ်တဲ့ငါ့ရဲ့ကောင်လေးကိုမလှည့်စားပါနဲ့တော့လားး
သူခမျာ နင့်ကိုအရမ်းချစ်နေ၇ှာတယ်.....နင်ကိုယ်ချင်းစာတက်ရင်သူ့ကိုစိတ်ရင်းနဲ့ချစ်ပေးပါလားဟာ...
နင့်ကြောင့်သူအရက်သမားကြီးဖြစ်တော့မယ်...နင့်လှည့်စားနေတာကိုလဲသူ့ကပျော်နေတယ်
ငါကတော့သူရဲ့ကစားတာကိုခံနေ၇တဲ့ အရုပ်ကလေးတစ်၇ုပ်ဆိုလဲ မမှားဘူးပေါ့ဟာ...
ငါချစ်တဲ့ကောင်လေးကို နင်ထပ်မလှည့်စားပါနဲ့တော့လားးကောင်မလေးရယ်။။ငါတကယ်တောင်းပန်ပါတယ်နော်...
ငါဒီစာရေးနေတဲ့အချိန်မျက်ရည်တွေနဲ့ရေးနေတယ်ဆိုတာ နင်သိရင်ငါ့ကိုဟားတိုက်လောက်ပါတယ်..
ငါကနင်ပြောတာခံ၇မှာပဲလေ...ငါကချစ်နေတဲ့သူပဲလေ....
တကယ်လို့များး နင်နဲ့ငါ တနေ့ လမ်းမှာတွေ့ခဲ့ရင် နင်ငါ့ကို
ပြုံးပြမှာလား???မဲ့ပြမှာလာ.???မသိချင်ယောင်ဆောင်နေမှာလား???
သူငယ်ချင်းတစ်ယောက်ကိုတွေ့သလိုမျိုးနှုတ်ဆက်မှာလား????
နင့်ဘက်ကဘယ်လိုမျိုးဖြစ်မယ်ဆိုတာကိုတော့ငါမသိပါဘူး
ငါကတော့နင့်ကိုတွေ့ရင် မျက်ရည်တွေကျလာမိမယ်ထင်တယ်....
ဒါပေမဲ့လဲနင့်ကိုတွေ့ရင် ငါနင့်ကိုချစ်နေတုန်းပဲလို့ပြောရင်နင်ယုံပေးနော်..
ငါနင့်ကိုချစ်နေတုန်းပဲဆိုတာနင့်ငါ့ရဲ့ မျက်လုံးကိုကြည့်ရင်သိနိုင်ပါတယ်ဟာ..
ခုအချိန်မှာတော့ ငါနင့်ပျော်၇ွှင်ပါစေလို့ ဆုတောင်းပေးယုံကလွဲရင် ဘာမှမလုပ်ပေးနိုင်ဘူးလေ
ငါနင့်နဲ့တွေ့ခဲ့ရလို့ပျော်တယ်......နင်ကငါ့ကိုငိုအောင်လဲလုပ်နိုင်တယ်...ရယ်အောင်လဲလုပ်နိုင်တယ်နော်..
နင့်မှာအဲလိုအစွမ်းတွေ၇ှိနေတာကိုလဲ ငါချီးကျူးပါတယ်....
နင်ချစ်လှပါတယ်ဆိုတဲ့ကောင်မလေးကလဲ နင့်တစ်ယောက်တည်းကိုပဲချစ်နိုင်ပါစေလို့
ငါဆုတောင်းပေးနေယုံကလွဲပီး နင့်ကိုအရမ်းချစ်ပါတယ်ဆိုတဲ့ကောင်မလေးတစ်ယောက်က
မျက်ရည်တွေနဲ့ဒီစာလေးကိုရေးခဲ့တယ်ဆိုတာ...........
နင်သိပ်ချစ်တဲ့ မိုးရာသီမှာ ငါတို့နှစ်ယောက် ဆုံဆည်းခဲ့ပြီး
ငါသိပ်ချစ်တဲ့ဆောင်းရာသီမှာပဲ နင်ငါ့ကို နှုတ်ဆက်သွားခဲ့တယ်..
အချိန်ကာလအားဖြင့် နှစ်လတာပဲဖြစ်ခဲ့ပေမဲ့ ....
ငါ့အတွက် တစ်ဘ၀စာအလွမ်းဒိုင်ယာရီတစ်ပုဒ်တော့ ဖြစ်ခဲ့ပါရဲ့ ..
နင်ကမ်းခဲ့တဲ့လက်တစ်စုံကို ငါဆုပ်ကိုင်မိချိန်မှာ
နွေးထွေးတဲ့ရင်ခုန်သံဟာ နင့်လက်ဖျားမှ တစ်ဆင့် ငါ့ထံကူးစက်လာတယ်.
အချစ်ဆိုတဲ့အရာကို စူးစူးနစ်နစ်ခံစားတတ်ချိန်
အ၇ာအားလုံးကိုမင်းထံပုံအပ်ပြီးတဲ့ချိန် မင်းမှမင်းပဲ
လိုအပ်နေချိန် မစာမနာမင်းက ရက်စက်စွာပဲ
ငါ့ကိုကျောခိုင်းရက်ခဲ့တယ်.. သိပ်လှတဲ့အကြောင်းပြချက်နဲ့ပေါ့..
ဒီစာတွေကိုသာနင်ဖတ်မိခဲ့ရင် ငါ့ကိုအရူးမလေး ခုထိရူးနေတုန်းပဲလို့
နင်ပြောမှာပဲနော်...:D
နင်ဘယ်လောက်ပဲဆိုးနေပါစေ နင့်ကို ချယ်ရီ ဆိုတဲ့
ကောင်မလေးတစ်ယောက်က အမြဲတမ်းချစ်နေတယ်........
နင်ကငါ့ကိုမေ့သွားရင်တောင် ငါနင့်ကိုဘယ်တော့မှမမေ့ပါစေနဲ့နော်...
ချယ်၇ီရဲ့တကယ်ခံစားချက်တွေပါ.......အမှားတွေပါရင်လဲခွင့်လွှတ်ပေးပါနော်.....
ဝတ္ထုလိုလဲလုပ်ပီးမရေးတက်တဲ့အားနဲချက်ကိုခွင့်လွတ်ပေးပါနော်.....
ချယ်၇ီ(ရင်တွင်းဖြစ်)
27.1.2012