... တစ်ခါက အလွန်အင်မတန်မှရိုးသားတဲ့ ဆရာတော်ကြီးတစ်ပါးရှိပါတယ်..
ဆရာတော်ကြီးက ပိဋကတ်စာပေတစ်ခုသာလေ့လာဖူးတော့ ကျန်တဲ့ကိစ္စတွေသိပ်မသိပါဘူး..
ဒါပေမဲ့ ဆရာတော်ကြီးမှာ တူတစ်ယောက်ရှိပါသေးတယ်၊ ဆရာတော်ကြီးတူက
လောကီအတန်းကျောင်းမှာနေတာပါ၊ နောက်သူစာကျရင်လည်း အားရပါးရအော်ပြီး ကျက်တတ်ပါတယ်..
တစ်နေ့ကျောင်းအောက်ထပ်မှာ ဆရာမကပေးလိုက်တဲ့အိမ်စာကို အကျယ်ကြီး
အော်ကျက်နေ ပါတယ်၊ ဒါကိုဆရာတော်ကကြားတော့ နားကလောတာနဲ့ ထွေးခံနဲ့
ကောက်ပေါက်တာခံရပါတယ်၊ ကြည့်အုန်းလေ ဆရာတော်ရဲ့တူ ကျက်နေတဲ့စာတွေကလည်း၊
အိမ်ပေါ်တက်=အရေးကြီး
အောက်ဆင်း=နွားကြီး၊
မန်း=ဘုန်းကြီး
နန်း=မယ်သီလရင်...
ဆရာတော်မပြောနဲ့ စာဖတ်သူတောင် နားကလောသွားမယ်ထင်ပါတယ်၊ အမှန်ကဒီလိုပါဗျာ.....
Important=အရေးကြီးသည်
Oxen=နွားထီးများ
Monk= ဘုန်းကြီး
Nun= သီလရင် ဆိုတဲ့အဓိပ္ပါယ်တွေပဲဖြစ်ပါတယ်..