အိမ်ထောင်ပြုတယ်ဆိုတာ လက်ထပ်ရုံနဲ့ပြီးသွားတာမဟုတ်ဘူး။လောကကောင်းကျိုးအတွက် ကိုယ့်ထက်သာလွန်ထက်မြက်တတ် သား
သမီးတွေ ပြုစုပျိုးထောင်နိုင်ဖို့လည်းကြိုးစားရသေးတယ်။
အိမ်ထောင်ပြုတယ်ဆိုတာ သူ့ကိုကိုယ် အနိုင်ယူဖို့ ကိုယ့်ကို သူအနိုင်ယူဖို့မဟုတ်ဘူးဆိုတာ မမေ့ကြပါနဲ့။
ကိုယ်ကအနိုင်ယူဖို့သာများပြီး ပေးဆပ်ခြင်းကိုမေ့နေတတ်တဲ့စုံတွဲတွေဟာ ကြာရှည်မခံတတ်ဘူး။
ရာဂစိတ်ပြေငြိမ်းမှုသည် အိမ်ထောင်သည်တို့ရနိုင်သောစည်းစိမ်များအနက် တစ်ခုအပါဝင်မျှသာဖြစ်သော်လည်း ။ အိမ်ထောင်သည်
ဘ၀တွင်ရာဂစိတ်ပြေငြိမ်းမှုကိုမျှ မရနိုင်ခဲ့လျှင် အခြားမည်သည့်စည်းစိမ်မျှ ရနိုင်တော့မည်မဟုတ်ပေ။
အိမ်ထောင်ဖက်အပေါ် သစ်စာရှိနေရုံနဲ့မပြီးဘူး တာဝန်ကျေအောင် တစ်ဖက်လူ စိတ်ချမ်းသာအောက်လည်း ကြိုးစာရသေးတယ်။