သူဌေးကြီး ….ဦးဘကောင်းတစ်ယောက် ကားမောင်းပြီး အိမ်ပြန်လာနေပါတယ် ။ ဒင်နာက ..ပြန်တာမို့လို့ …လူက လဲ မူးချင်ချင်ပါ။ အသက်အရွယ် အရ အရမ်းသောက်လို့ မရတော့တာ မို့ လို့ ….မူးရီရီလေးလောက်သာ သောက်ခဲ့ပါတယ် ။ အိမ်ပြန်ချိန်က နောက်ကြသွားတာကတကြောင်း ကားမောင်းကြမ်းတာကကြောင်းကြောင့် … သူ့ ကားလေးဟာ လေကို ထိုးခွင်း၍ အရှိန်ပြင်းလှပါတယ် ။
လမ်းကွေ့ …တစ်ခုမှာတော့ လမ်းထဲက ထွက်လာသော …စက်ဘီးတစ်စီးကို …မြင်လိုက်ရပါတယ် ။ ဘရိတ်ကို ..စုန်ကန် နင်းလိုက်ပေမဲ့ လဲ အ၇ှိန်ပြင်းတာကြောင့် …အချိန်မမှီတော့ပါ ။ စက်ဘီးလေကို …မညာမတာ ..တိုက်ချလိုက်ပါတယ် ။ စက်ဘီးရော …လူရော လွင့်စဉ်ထွက်သွားပြီး ။ စက်ဘီးနင်းလာသောသူမှာ ..ပွဲချင်းပြီးသေဆုံးခဲ့ပါတယ် ။ ဦးဘကောင်းကတော့ ကားအကောင်းစားကိုမောင်းလာသူမို့ အသက်ကယ်လေအိတ်ထွက်လာပြီ ဒါဏ်ရာ အနည်းငယ်သာရခဲ့ပါတယ် ။
အမှူမဖြစ်ရေးကို …ညှိနိုင်းကြရပါတယ် ။ သေဆုံးသွားသူကောင်လေးမှာ အမေအိုကို လုပ်ကြွေးပြုနေသူလေးပါ ။ အမေကြီးမှာ …သားဖြစ်သူရဲ့ အဖြစ်ဆိုးကြောင့် ယူကြုံးမရ ခံစားနေရပါတယ် ။ ဘာမှ မလုပ် ကိုင်နိုင်တော့တဲ့ …သူ့ဘ၀အတွက် ရတက်မအေးစရာပါ ။ လောကကြီးကရက်စက်လိုက်တာ ။
အမှူမဖြစ်ရေးကို ဦးဘကောင်းတိုက အမေအိုကြီးနဲ့ လာညှိနှိုင်းရပါတယ် ။ သိန်း၅၀ ပေးမယ် ဟု စပြီးညှိကြပါတယ် ။ သားလေးအတွက် အလွန်စိတ်ထိ ခိုက်နေသောအမေအိုကြီးက ခေါင်းကိုသာ …တွင်တွင်ခါခဲ့ပါတယ် ။ဦးဘကောင်းနှင့် သူ၏ တပည့်တို့ ပြန်ခဲ့ရပါတယ် ။
အိမ်ပြန်ရောက်တော့ …ဦးဘကောင်းက
“ အဘွားကြီးက ကွာ ..ခေါင်းမာလိုက်တာ ။ ဒီလောက် ပိုက်ဆံ သူ့ တသက်မြင်ဘူးတာတောင်းမဟုတ်ပဲနဲ့၊ နည်းလို့ မူနေတာလား ။ ငါက လဲ အလုပ်၇ှုပ် မခံနိုင်ဘူး။ ဘာမဟုတ်တဲ့ ..အကြောင်းနဲ့ ..ငါ့စီးပွားရေးတွေ နှောင့်နှေး မခံနိုင်ဘူး။ မနက်ဖြန်ခါ သိန်း၁၀၀ ပေးမယ် လို့ ညှိခဲ့ ။ သိန်း၁၀၀ ဆိုတာ ..သူသားအသက်ရှင်နေသေးရင်တောင် အဲ့ဒီလောက်တန်မှာ မဟုတ်ဘူး ။ ငါ နဲ့ တိုက်မိလို့ ဒီလောက်ရတာ ၊ အဲ့ဒါ …တန်ရာ…တန်ကြေ့း ပဲ…” ဟု သူ၏ တပည့်ကို မှာကြားလိုက်ပါသည် ။
တဘက်တွင်တော့ အမေအိုကြီးကို …ပိုက်ဆံယူလိုက် ဖို့ …၀ိုင်း၍တိုက်တွန်းနေကြပါတယ် ။ ရှာကြွေးနေတဲ့ …သားမရှိတော့တဲ့ အတွက် ရှေးရေးကို တွေးရင် ယူထားသင့်ပါသည်ဟု ။ အမေအိုကြီးကတော့ ….
“ ငါ့ သားလေးအသက်ကို …လာတန်ကြေးဖြတ်နေကြတာ …ငါ့မခံနိုင်ပါဘူး ။ ငါ့အတွက်တော့ …ငါ့ သားလေးဟာ …ဘာနဲ့မှ မလဲနိုင်တဲ့ …အဖိုးတန်ရတနာလေးပါ ” ပြောပြီး …ငို၍သာနေပါတော့တယ် ။
နောင်တနေ့တွင်…..ဖြစ်သင့်တာကို ..ဦးတည်ကြပြီး …သိန်း၁၀၀ ရော်ကြေးနဲ့ အမှူ အဆုံးသတ်ခဲ့ပါတယ် ။
နောင် ၂ နှစ် အကြာတွင် သူဌေးကြီး …ဦးဘကောင်းတစ်ယောက် ….ဆေးခန်းလာပြပါတယ် ။
ဆေးစစ်ချက်စုံတော့ …ဆေးအဖြေက …အစာအိမ်ကင်ဆာပါတဲ့ ။ ကုရာဆေး အစွမ်းနိုင်တော့သော အဆင့်ဖြစ်နေပါပြီ ။ ဦးဘကောင်းတစ်ယောက် …အလွန် တုန်လှုပ်နေပါရ ပါပြီ ။ ငါ လဲသေရတော့ ..မှာပါလား ။
အရင်က …အသက်တစ်ချောင်းကို …သိန်း၁၀၀ နဲ့ ..တန်ဖိုးဖြတ်ခဲ့မိတာကို ပြန်မြင်ရောင်နေမိပါတယ် ။
အခု ငါ့ အသက်ရော ….ဘယ်လောက်နဲ့ တန်ကြေးဖြတ်ရမှာလဲ ။ ငါ့ မှာ ရှိတဲ့ …စည်းစိမ် ..ပုံပေးတောင်
ပြန်မရနိုင်တော့ပါလား ။ မရနိုင်တော့ပါ ။တကယ်တော့ ..ဘ၀ဆိုတာ …တန်ရာတန်ကြေးရယ် လို့ မရှိ ။
ကံ၏ စီမံရာကိုပဲ …..လူတွေ လိုက်ပါနေကြရတာလေ။
ငါ့ ပိုက်ဆံရှိပါလားလို့ မော်ကြွားလဲ …ခဏတာပါပဲ ။ ခုတော့ ဒါတွေ အားလုံးထားခဲ့ရတော့မယ်။
ဦးဘကောင်း တစ်ယောက် …ဘ၀ အသိဝင်တာ ..နောက် ကျသွားခဲ့ရပါပြီ။
နောင်ဘ၀ အတွက် …သူမှာ …ဘာမှ ပါသွာတာ သေချာလို့နေပါပြီ ။
ဆန္ဒမွန်ဖြင့် .....
မှုံ နံ.သာဖြူ ......