သူငယ်ချင်းတို့ရေဗိုလ်ချုပ်မိန့်ခွန်းလေးသဘောကျတယ်ဆိုလို့ထပ်ပြီးဗိုလ်ချုပ်စကားမိုးကြိုးသွားဆိုတာလေး တင်ပြပေးလိုက်တယ်နော်အားလုံးစိတ်ချမ်းမြေ့ကြပါစေ
ဗိုလ်ချုပ်စကားမိုးကြိုးသွား
၁။ ကျုပ်တို့တိုက်နေတာဟာ
တိုင်းပြည်ရဲ့လွတ်လပ်ရေးနဲ့
လူထုကြီးကောင်းစားရေးကိုသာ
ရည်ရွယ်တယ်။
(လူထုအစည်းအဝေး ၁၉၄၅ခု၊ သြဂုတ်လ၊ ၁၉ရက်)
၂။ ဆူတာပူတာ
သောင်းကျန်းတာဟာ
တိုက်တာခိုက်တာတွေဆိုတာ
မလုပ်မဖြစ်မှလုပ်ရတာမျိုးပဲ။
(အသံလွှင့်ဟောပြောချက် ၁၉၇၄ခု ၊ဇန်န၀ါရီလ ၁ရက်)
၃။ စစ်ဗိုလ်ဆိုတာ သင်ကြားပြီး
စစ်ဗိုလ်ဖြစ်ရတာထက်
စစ်ပွဲဆင်နွှဲပြီးသော
စစ်ဗိုလ်က သာ ပြီးကောင်းတယ်။
(၁၉၄၆၊ နိုဝင်ဘာ ၂၃ရက်၊ မေမြို့ ဗိုလ်သင်တန်းကျောင်း)
၎။ နိုင်ငံရေးဟာ
ယုတ်မာညစ်ထေးတာမဟုတ်
နိုင်ငံရေးညစ်ထေးအောင်လုပ်သူတို့ကသာ
ယုတ်မာတာဖြစ်တယ်။
(၁၉၄၆၊ ဇန်န၀ါရီ ၁၇ ရက်၊ ရွှေတိဂုံအလယ်ပစယံ)
၅။ လူတိုင်းလူတိုင်း
မိမိတို့ရဲ့
အခွင့်အရေးကို
ရယူလိုခြင်းဟာ
နိုင်ငံရေးပင်ဖြစ်တယ်။
( ၁၉၄၆ခု၊ ဇန်န၀ါရီ ၁၇ရက်၊ ရွှေတိဂုံအလယ်ပစယံ)
၆။ လူထုရဲ့ ခေါင်းဆောင်လုပ်မယ်ဆိုရင်
လူထုရဲ့အကျိုးကို
တကယ်တမ်း
ဆောင်ရွက်နိုင်အောင်
ကြိုးပမ်းရလိမ့်မယ်။
(အသံလွှင့် ကောက်နှုတ်ချက်၊ ၁၉၄၇ ခု၊ဧပြီလ ၅ရက်)
၇။ လွတ်လပ်ရေးရတဲ့အထိတော့
ကျုပ် နိုင်ငံရေး လုပ်ရဦးမှာပဲ။
လွတ်လပ်ရေး ရပြီးလို့
ပါတီတိုက်ပွဲတွေ
ဖြစ်တဲ့အချိန်မှာ
ကျုပ်ကမပါဘူး
ဘေးဖယ်နေမယ်
သူများလုပ်တာထိုင်ကြည့်ပြီး
စာအုပ်ေ၇းမယ်။
(သတင်းစာဆရာ အစည်းအဝေး၊ ၁၉၄၇ ခု ၊ မေလ ၃၀ ရက်)
၈။ လွတ်လပ်ရေးဆိုတာ
ညီညီညွတ်ညွတ်နဲ့
အင်အားရှိမှ ရနိုင်တယ်။
(လူထုအစည်းအဝေး၊ ၁၉၄၇ ခု၊ဧပြီလ ၂ ရက်)
၉။ နိုင်ငံရေးဆိုတာ
ခဏတဖြုတ်လုပ်တဲ့ဟာမျိုးမဟုတ်
အမြဲတမ်းလုပ်ရမယ်၊
အမြဲတမ်းရှိနေတယ်။
( ညီညွတ်ရေး ကောက်နုတ်ချက်)
၁၀။ အစိုးရ အမူထမ်း၊ အရာထမ်းဆိုတာ
အမှန်စင်စစ်တော့
ကိုယ့်ဝတ္တရား
ကိုယ်ကျေပွန်အောင်ထမ်းဖို့ပဲ။
( ၁၉၄၇ခု ၊ ဇူလိုင်လ ၊၁၃ရက် )
၁၁။ ကျွန်တော်က---
စိတ်ဆိုးရင်ဆိုးတဲ့အတိုင်း
ဖုံးလို့မရဘူး။
(သတင်းစာ အစည်းအဝေး၊ ၁၉၄၇ ခု၊ မေလ ၃၀ရက်)
၁၂။ အင်အားမရှိသော
နိုင်ငံရေးဟာ
နိုင်ငံကြီးတစ်နိုင်ငံအဖြစ်ကို
မရောက်နိုင်။
(၁၉၄၆ခု၊ နိုဝင်ဘာ ၂၃ရက်၊ မေမြို့၊ ဗိုလ်သင်တန်းကျောင်း )
၁၃။ ရန်သူကို
အထင်မကြီးသော်လည်း
အထင်မသေးသင့်ဘူးဆိုတာ
အစဉ် သတိချပ်စေချင်တယ်။
( ၁၉၄၅ ခု၊ မေလ ၁၀ရက်၊ သရက်ကျောင်းကျေးရွာ၊ တော်လှန်ရေးကာလ)
၁၄။ လွတ်လပ်ရေးရပြီကွ ဆိုပြီးတော့
လူတကာသွားတဲ့လမ်းပေါ်မှာဆေးလှမ်းတယ်
အဲဒါဟာ
လွတ်လပ်ေ၇း မဟုတ်ဘူး။
(၁၉၄၇ခု၊ ဇူလိုင်လ ၁၃ရက် )
၁၅။ ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးမှာ
တစ်ဦးကိုတစ်ဦင်္းစိတ်ကောက်ပြီး
ထိုင်နေလို့မဖြစ်ဘူး။
(အသံလွှင့် ဖတ်ကြားကောက်နှတ်ချက်၊ ၁၉၄၇ ခု ၊ မတ်လ ၇ရက်)
၁၆။ စစ်တိုက်ဖို့တော့ မလိုတော့ဘူး။
သို့သော်....
အခြားနိုင်ငံက စစ်ဖြစ်လာရင်
ကာကွယ်ဖို့က အရေးကြီးတယ်။
(၁၉၄၆ခု ၊ နိုဝင်ဘာလ၂၃ရက်၊ ဗိုလ်သင်တန်းကျောင်း)
၁၇။ တိုင်းပြည်လူထုက
မကြည်ညိုဘူးလို့
သိလာတဲ့တစ်နေ့မှာ...
တွယ်ကပ်မနေဘူး
ထွက်ပေးမယ်။
(၁၉၄၇ခု ၊ ဇူလိုင်လ ၁၃ရက်)
၁၈။ ကျွန်ုပ်တို့
စားမူ၊ သောက်မူ
နေမူ၊ ထိုင်မူ၊
သွားမူ၊ လာမူတွေဟာ
နိုင်ငံရေးပင်ဖြစ်တယ်။
(နိုင်ငံလုံးဆိုင်ရာ ညီလာခံ၊ ၁၉၄၆ခု၊ ဇန်န၀ါရီလ ၂၀ရက်)
၁၉။ လွတ်လပ်ရေးလိုချင်ရင်
လွတ်လပ်ရေး ရနိုင်လောက်တဲ့
စည်းကမ်းကိုရှိကြပါ။
(နောက်ဆုံးစကား၊ ၁၉၄၇ ခု ၊ ဇူလိုင်၁၃ရက်)
၂၀။ စည်းကမ်းရှိကြဖို့
ယခုကတည်းက
ခင်ဗျားတို့ကိုယ်ကို
အကျင့်ဆိုးတွေ၊
အကျင့်ဟောင်းတွေ၊
စောင့်ကျင့်တွေကို
ပြင်ကြဖို့လိုပြီဆိုတာ
ကျွန်တော်
ကနေပြောခဲ့ချင်ပါတယ်။
( နောက်ဆုံးစကား၊ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၃ရက်)
ဖတ်မိသလောက်ကလေးမျှလိုက်တယ်နော် သူငယ်ချင်းအားလုံးချမ်းမြေ့ပါစေ
ယုယမေပါ
၊