Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

~@%**ကျွန်တော်နှင့်အတွေးအပိုင်းအစများ(၁)**%@~

$
0
0

*..မင်္ဂလာပါဗျာ.....

ကျွန်တော်တွေးမိတာလေးတွေရှိတယ်ဗျ တွေးမိလို့စိတ်ကူးပေါက်ရင်ရေးရေးထားတက်

တယ်လေ အဲဒိတွေးမိတာလေးတွေကို တင်ပြပေးခြင်ပါတယ်သူငယ်ချင်းတို့ရေလိုခြင်ရင်

ယူသွားကျပေါ့ဗျာ.မှတ်ချက်လေးတွေလဲပေးခဲ့ပါအုံး...

*(ပေါက်ကွဲခြင်း....)

ပေါက်ကွဲတယ်ဆိုတာတကယ်တော့...

ဖြစ်လာတဲ့ပြသနာကို အေးချမ်းစွာမဖြေရှင်းနိုင်လို့ပါ ပြသနာဆိုတာ ချက်ခြင်းဖြေရှင်းလို့ရ

တဲ့ ပြသနာရှိသလို့ အချိန်ယူပြီး ဖြေရှင်းရမယ့်ပြသနာလဲဆိုတာလဲရှိတာဘဲလေ..အချိန်ယူ

ရမယ့်အရာကို ချက်ခြင်းကြီးပြီးရမယ်ဆိုရင်တော့ အဲဒါပေါက်ကွဲမှု့ရဲ့အစဘဲလို့သိလိုက်ပါ....

*..(အစွန်းမရောက်စေနဲ့....)

အရာရာကို..

ကိုယ့်ဘက်ကခြည်းဘဲ ကြည့်လို့မရဘူးလေ သူများဘက်ကလဲမျှဝေခံစားပေးတက်ရမယ်

ဒါမှလဲမျှတတဲ့အပေးအယူကြောင့် အလုပ်တစ်ခုဟာအောင်မြင်သွားမယ် တဖက်သက်လုပ်

နေရင် တဖက်အစွန်းရောက်သွားတယ် အစွန်းတဖက်ရောက်သွားရင်တော့ လူ့အသိုင်းအဝန်း

ရဲ့အပြင်ဘက်ကိုရောက်သွားရော ဒါဆိုရင်အဲဒိလူဟာဘာမှလုပ်လို့မရတော့ဘူး.ဒါကြောင့်

အစွန်းမရောက်ပါစေနဲ့......

*..(မမေ့နဲ့နော်...)

လောကမှာလေလူရယ်လို့ဖြစ်လာရင်....

ကိုယ်ဖြစ်ခြင်တာကတမျိုး ဖြစ်နေရတာကတမျိုး ဒါဟာလူတိုင်းငြင်းလို့မရတဲ့ ကြုံတွေ့ရ

မယ့်အကြောင်းတရားပါ ဘာပဲဖြစ်ဖြစ်ကြုံလာတဲ့ အကြောင်းတရားအပေါ်မှာလိုက်လျှော

ညီထွေနေတက်ဖို့တော့လိုပါတယ် လိုက်လျှောညီထွေနေတက်ပြီဆိုရင်တော့ ဘဝရဲ့ချမ်း

သာခြင်းအကြောင်းတရားတစ်မျိုးပါဘဲ....

ဒါပင်မဲ့ ..ကောင်းတာဆိုရှေ့တိုး မကောင်းတာဆိုရင်နောက်ဆုတ်ဘို့တော့မမေ့နဲ့နော်.....

*(သေချာစဉ်းစား...)

အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်.....

သေသေချာချာစဉ်းစားဘို့တော့လိုပါတယ် လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာ အရေးကြီး

တယ်လေ လုပ်သင့်တဲ့အလုပ်ဆိုရင်တော့ ဘယ်လောက်ပဲခက်ခဲနေပါစေကျိုးစားပြီးတော့

လုပ်ဖြစ်အောင်သာလုပ် အဲ..မလုပ်သင့်တဲ့အလုပ်ဆိုရင်တော့ ဘယ်လောက်ပဲလွယ်ကူနေပါ

စေရှောင်ဖြစ်အောင်သာကျိုးစားပေတော့..သေချာစဉ်းစားနော်.....

*.(အခွင့်အရေး...)

အခွင့်အရေးဆိုတာ....

တခါတရံမှရလာတက်တဲ့အရာပါ လုပ်သင့်လုပ်ထိုက်ပြီး ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုရင်

တော့ဘယ်တော့မှဆုံးရှုံးမခံပါနဲ့ ကျိုးစားပြီးတော့ရအောင်သာယူလိုက်ပါ နောက်ထပ်အခွင့်

အရေးဆိုတာဘယ်တော့လာမှန်းမှမသိတာလေ..အခွင့်အရေးဆိုတာနှစ်ခါမရဘူး နှစ်ခါရခဲ့ရင်

လဲ နောက်ထပ်ရတဲ့အခွင့်အရေးဟာ ပထမရတဲ့အခွင့်အရေးကိုတော့ဘယ်တော့မှမှီဘူး..

အခွင့်အရေးကိုဆုံးရှုံးမခံပါနဲ့.ပေးလာရင်ရအောင်သာယူလိုက်ပါ.......

*..(အမှား..)

အမှားကင်းတဲ့သူဆိုတာ....

လောကမှာတော်တော်ရှားပါတယ် ဒါပင်မဲ့အမှားကိုအမှားမှန်းသိရင် အမှန်ဖြစ်အောင်ပြင်ဘို့

တော့လိုပါတယ် မှားမှန်းသိရက်နဲ့ဆက်မှားနေရင်တော့ လူမိုက်စာရင်းဝင်သွားတက်တယ်

အဲ..မှားတဲ့အခါမှာလဲ ပြင်လို့ရတဲ့အမှားမျိုးကိုတစ်ကြိမ်တစ်ခါဆိုရင်တော့တစ်မျိုးပေါ့ ပြင်လို့

မရတဲ့အမှားမျိုးဆိုရင်တော့ မမှားခင်ကထဲကကြိုရှောင်ဘို့တော့လိုမယ်နော...

အမှားမှန်ရင်တော့ဘယ်အမှားမကောင်းတာမို့ မမှားအောင်သာနေကျဘို့လိုပါတယ်...

သင်လဲအမှားကင်းအောင်ကျိုးစားပေါ့.....

*...သူငယ်ချင်းတို့ရေ..

ကျွန်တော့ရဲ့တွေးမိတွေးရာလေးတွေပါဗျာ.ဝိုင်းပြီဝေဖန်ပေးကျပါအုံးဗျာ....

...........................အားလုံးကိုကျေးဇူးတင်လျှက်............................................

*****************************************************************************************

.............ဆက်လက်ကျိုးစားပါအုံးမည်.........................ဇွဲကိုကို..............................


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>