အနန္တစကြ၀ဋ္ဌာထဲမှာ . . အနန္တာကမ္ဘာမြေပြင်ပေါ်မှာ . . ကျယ်ပြောတဲ့ ရေပြင်ထဲမှာ .. အရပ်ရပ်က မျက်နှာပြင်မှာ . . သက်ရှိလောကမှာ .. . အသက်ရှူကြတဲ့ သတ္တ၀ါ လောကမှာ . . အဲဒီလို လောကတွေထဲမှာ . . သတ္တိအရှိဆုံးလူသား နှစ်ဦးရှိတယ် . . ပေးဆပ်ရဲတဲ့ လူသားနှစ်ဦးရှိတယ် . . အရာရာရင်ဆိုင်ရဲတဲ့သူနှစ်ဦးရှိ တယ် . . . အို . . ခိုင်းနှိုင်းမရတဲ့သူ နှစ်ဦးရှိတယ်။ သူတို့က ကြီးလေးတဲ့ ၀န်ထုပ်ကြီးကို ရွက်ထားတတ်ကြတယ်။ ကဲ . . သူငယ်ချင်းတို့ရေ သူတို့နှစ်ဦးက ဘယ်သူလဲ ဟင် . . လူသားတွေရဲ့ အဖေနဲ့ အမေပါပဲ . . အဖေနဲ့အမေပါပဲကွယ် . . . ။ သူငယ်ချင်းတို့ရေ လောကမှာ ငိုသံ ဆိုတာ ရှိတယ်နော်။ ငိုကြွေးတဲ့အသံဟာ ဂီတသံလို နားဝင်ချိုပြီး နာပျော်ဘွယ် အလွန်ကောင်းတဲ့ ငိုသံလည်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီငိုသံကြောင့် ငိုတဲ့သူရော၊ ငိုသံကြားရတဲ့သူတွေပါ ကြည်နူးကျေနပ်ခဲ့ကြတယ်။ အဲ့ဒီငိုသံကပဲ လောကကို အလှဆင်ပြီး ကမ္ဘာမြေပြင်ကို အလှသီကြူးနေတယ်လို့ ထင်ထားခဲ့ကြတယ်လေ။ တစ်ကယ်တော့ ငိုသံဟာ . . လူတိုင်း မကြားချင်တဲ့အရာတဲ့။ အဲ .. အခုငိုသံကတော့ မိခင်ဝမ်းထဲက ထွက်စရှိသေးတဲ့ သားသမီးရဲ့ ငိုသံဖြစ်ပြီး ငိုသံကို အားရကျေနပ်နေကြတဲ့သူတွေကတော့ အဖေနဲ့ အမေပါပဲ . . အဖေနဲ့အမေပါပဲကွယ် . . ။ လောကမှာ အဖေနဲ့အမေဟာ ပညာဗဟုသုတအစုံပါတဲ့ စာအုပ်နဲ့အတူတူပဲ။ အသက်ရှင်လျက်နဲ့ သားသမီးကို မြတ်မြတ်နိုးနိုး ချစ်ကြတယ်။ ကာကွယ်စောင့်ရှောက်ကြတယ်။ အရဲစွန့်ပြီး ရင်ဆိုင်ရဲကြတယ်။ အဲ့သလိုပါပဲ စာအုပ်တွေဆိုတာကလည်း စာဖတ်သူ လူသားတွေအတွက် မျှဝေခံစားပြီး ချစ်တတ်ကြတယ်။ အနိမ့်အမြင့် မပိုင်းခြားဘဲ မေတ္တာထားတယ်။ အဖြူအမည်း မခွဲခြားဘဲ အေးမြမှုကို ပေးစေတယ်။ မိဘနှစ်ပါးနဲ့ ဗဟုသုတပြည့်စုံမယ့် စာအုပ်တွေကို ချစ်တတ်ကြမယ်။ မြတ်နိုးတတ်ကြမယ်ဆိုရင် ဒီဘလော့ပို့စ်လေး ကို ရေးရကျိုးနပ်ပါပြီ သူငယ်ချင်းတို့ရေ။ ။
Read more: http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3745827#ixzz1kuBfHdnS