အရည်လေးတင်ပါ ဟ
တကယ့်အဖြစ်အပျက်တစ်ခုပါ၊
စည်းကမ်းရှိတာလေးကို စံနမူနာယူစေချင်လို့ပါ။
တစ်ခါက စာရေးသူတို့ အရပ်မှာ လင်မယားနှစ်ယောက်ရှိပါတယ်၊ လင်ဖြစ်သူရဲ့အမည်ကို ကိုအောင်သင်လို့ခေါ်ပြီး မယား၏ အမည်မှာ မအုန်းဟု ခေါ်ကြပါတယ်။ အရမ်းစည်းစနစ်ကြီးပါတယ်၊ လင်ဖြစ်သူထက်စာရင် မယားဖြစ်သူက ပိုပြိး စည်းစနစ်ကြီးတယ်လို့ ပြောရမလားပဲ၊ မကုန်သင့်တာ မကုန်အောင်၊ ခြိုးခြံချွေတာသုံးစွဲပုံက စာဖတ်သူများ အတုယူစရာ ကောင်းလှပေသည်။`ဒီလို ခြိုးခြံချွေတာခဲ့လို့ သူတို့လင်မယားမှာ ပြည့်စုံကြွယ်ဝသူများ ဖြစ်လာရပေသည်။ အသားဟင်း ငါးဟင်း နေ့တိုင်းမပြတ်စားသောက်ရတယ်တဲ့၊ သို့သော် ဖောဖောသီသီ စားသုံးခြင်းမျိုးကား မဟုတ်၊ အမဲသား အစိပ်သား (၂၅.ကျပ်သား)ကို ၇ ရက်လောက် စားသည်ဟု ကြားဖူးပါသည်။ ထမင်းစားတိုင်း စားတိုင်း မယားဖြစ်သူက လင်ဖြစ်သူကို အသားဟင်းတစ်တုံး ကို အရင်ဆုံးဦးချစားလေ့ရှိသည်။ မယားဖြစ်သူက ဦးချပေးသော ဟင်းဖြင့် ကိုအောင်သင်ခဗျာ ထမင်းတစ်နပ် လောက်ငအောင် စားရပါသည်။ မယားဖြစ်သူ ကိုယ်တိုင်လည်း ဟင်းတစ်တုံးပဲ စားပါသတဲ့။ တစ်နေ့ ထမင်းဝိုင်းမှာပေါ့။ လင်ဖြစ်သူသည် ထမင်းစားကောင်းပြီး ဦးချထားသော ဟင်းဖြင့် ထမင်းပြီးအောင် မစားတတ်ဖြစ်နေသည်။ ထို့ကြောင့် နောက်ထပ် ဟင်းတစ်တုံး ဆယ်ယူရန် ဟင်းပုဂံဆီသို့ လက်လှမ်းတယ်ဆိုရင်ပဲ… မယားဖြစ်သူက ကို…အောင်…သင်…………..ဟု ဟန့်လိုက်တယ် ဆိုရင်ပဲ
လင်ဖြစ်သူ ကိုအောင်သင်မှာ မယားကို ချစ်တာလား…. ကြောက်တာလားတော့ မပြောတတ်ပါ။ လှမ်းတဲ့ လက်က တန့်သွားပြီး……
ခွန့်တုံ့စကား ပြောလိုက်ပုံကား………..
...............................
အ..ရည်..လေး..တင်..ပါ..ဟ………..ဟူသည်တည်း။
ကြိုးစားပါဦးမည်။
ဧပရယ်စံ