ကလင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လျှပ်စစ်ခေါင်းလောင်းလေး ကမနားတမ်းအော်နေတယ် လူငယ်လေး တဖွဲ့ ကားလမ်းနံဘေးမှာ ရှိတဲ့ ကန်ကြီးဆီမှာဆော့နေရင်း “ ကျောင်းတက်ပြီဟေ့” ထို ကလေးအဖွဲ့ ထဲမှ ကျောင်းသားတစ်ယောက်ကအော်လိုက်တယ် ကိုယ်စီ ကိုယ်စီ စုပုံထားတဲ့ လွယ်အိတ်တွေဖိနပ်တွေစီးပြီးကျောင်းကို ပြေးကြတယ် ......... .....
တစ်နေ့ ကျောင်းဆင်းချိန်ပေါ့ ကျောင်းသားလေးတွေကားလမ်းမကြီးဘေးက ရေကန်ကြီးဆီ သွားပြီ ငါးတွေဖမ်း ရေကန်ထဲခဲနဲ့ပေါက်တဲံသူ ပေါက် ဆော့နေကြတယ် ဒီထဲမှာ ကောင်းလေးတစ်ယောက်တော့မပါဘူး ရေကန်ရဲ့ ဘေးမှာ ပေါက်နေတဲ့ သစ်ပင်အောက်မှာထိုင်ရင်းကားလမ်းမပေါ်က ကားတွေသွားလာနေတာကိုကြည့် နေတယ် သူ့ အတွေးထဲမှာ တော့ ........
“ ငါသာ ဒီလိုကားမျိုးတွေ မောင်းနေရရင် ကောင်းမှာပဲ လွတ်လပ်တယ် ပျော်စရာလဲကောင်းမယ် ကိုယ်မရောက်ဖူးတဲ့နေရာတွေလဲ ရောက်နိုင်တယ် နောက်ပြီးပိုက်ဆံလဲရတယ်”
ကောင်လေးငေးနေတုန်း တွေးနေတုန်း ငြိမ်နေတုန်း သို့ သော် နာရီတို့ က ခရီးဆက်နေဆဲ...... ......
တနေ့ express ကားကြီးတစ်စီး ထိုလမ်းပေါ်ကနေဖြတ်သွားတယ် ကားမောင်းနေတဲ့ လူငယ်လေး ကျောင်းလေးရှေ့ ကရေကန်ကို ကြည့် တယ် ပြီးတော့ ဆက်မောင်းသွားတယ် အဲဒီအချိန်မှာပဲ စပါယ်ယာလေးက “ ဆရာ ဒီ လမ်းက ဒီနေရာလေး ဖြတ်တိုင်း ဒီရေကန်နဲ့ ကျောင်းလေးကိုအမြဲကြည့် တယ်နော် ဘာလဲ ငါ့ ဆရာ ကျောင်းနေတုန်းက ကျောင်းသွားဖော်လေးကို သတိရလို့ လား”
ဘာမှပြန်မဖြေမိ ဒါပေမဲ့ စိတ်ထဲမှာတော့ “ မဟုတ်ရပါဘူးကွာ ငါ ငယ်ငယ်က အဲ့ဒီ ကန်ကြီးဘေးမှာထိုင်ပြီး တနေ့ ဒီလိုကားမျိုးမောင်းပြီး မြန်မာပြည် ပတ် နေရရင်လွတ်လပ်မှာပဲပျော်နေရမှာလို့  ထင်ခဲ့မိတာ ဒါပေမဲ့ ခု ကျန်တဲ့ခရီးသည်တွေရဲ့  အသက်တွေ အတွက်ငါ့မှာ တာဝန်တွေပိုလာ ခရီးသည် ကားဖြစ်လာတဲ့အတွက် အချိန်ဆိုတာ ငါ့အတွက်ရှားပါးလာတယ် ခရီးသည်တွေ သက်တောင့်သက်သာအိပ်ပြီး လိုက်ပါနိုင်ပေမဲ့ ငါ့မှာတော့ ခြေထောက်တွေတောင့် ခါးတွေညောင်းလို့ မှ နားနိုင်ဖို့ အချိန်မရဘူး လိုရာခရီးကို အေးအေးချမ်းချမ်း ခရီးသည်တွေရောက်နိုင်ဖို့ အတွက်ပေါ့ ငါ့အတွက်ဆိုတာ င့ါကားရဲ့ အင်္ဂျင်သံ တာရာသံ ငါ့ရှေ့ ကမျက်စိတစ်ဆုံ ကတ္တရာ လမ်းမရယ် ည အမှောင်ရယ် ဒါပဲရှိတယ် ကျန်တာငါမပိုင်ဘူး နောက်ဆုံးကွာ ကားမရပ်မချင်း ငါ့ကိုယ်ငါတောင်မပိုင်ပါဘူး”
ရှေ့ ကလာနေတဲ့ကားကိုရှောင်ဖို့  မီးချပေးပြီး ဂီယာကို နံပါတ် ဖိုက်ကိုဒေါင်းလိုက်တယ် ရှောင်ပြီးသွားတော့ နံပါတ်စစ် (od) ကိုပြန်ချိန်းပြီး မီးကို ဖူးလိုက် တင်လိုက်တယ် ကိုယ့်ကားမီးရောင်ရှိတဲ့နေရာကလွဲ လို့  ကျန်တာတွေ မဲမဲနဲ့ မှောင်မှောင် အင်း
ဒါဆို မေးချင်ပါတယ်ဗျာ တကယ့်လွတ်လပ်မှုကဘာလဲ ခက်တာပဲဗျာ ဖြစ်နိုင်ရင် ကျွန်တော် ကျောင်းပဲပြန်နေချင်တယ်
ဒါပေမဲ့ နာရီ တို့ ကတော့ေ၇ှ့ ဆက်...........