ဖြစ်ပုံက . . .ခုလို ဆောင်းတွင်းချမ်းချမ်းစီးစီးပေါ့. . .ညနက်နက်တစ်ညမှာ အိပ်နေရာကနေ နှိုးတစ်ဝက်ပျော်တစ်ဝက်မှာ. . .ကိုယ် ကဘုန်းကြီးဝတ်ပြီးနေပြီ ကိုယ့်ညီနဲ့ယူလိုက်နော်ဆိုပြီး ပြောလိုက်တဲ့အသံ နားနဲ့ဆက်ဆက်ကြားလိုက်ရတော့ နေမကောင်းတဲ့ကြားထဲ ရင်ထဲအောင့်ခနဲဖြစ်သွားတာပဲ . . .တင်ပါ့ဘုရားဆိုပြီး အိပ်ယာထဲကနေ ထပြီး ဦးချလွှတ်လိုက်တယ်. . .စိတ်ထဲနာကျည်းလိုက်တာ(ငါ့ကိုဘယ်နတ်အိပ်မက်ပေးနောက်တာလည်းဆိုပြီး) သူငယ်ချင်းတွေကတော့ပြောပါတယ် နောက်ဆိုလူထွက်ခိုင်းလိုက် ကောင်မလေးတဲ့. . .
…………နောက်ရက့်ကောင်လေးတွေရှိတဲ့ City Mark ကိုရောက်ခဲ့တယ် ဆရာတော်ဦးဇောတိက တရားစာအုပ်(အတွဲလိုက်ဝယ်နေကြဆိုတော့ )အသစ်ထွက်တယ်ဆိုလို့ သွားဝယ်တာ ခေါင်းလျှော်ရည်ကလဲ ကုန်နေပြီဆိုတော့( ဖန်ပုလင်းနဲ့လာတဲ့ ခေါင်းလျှော်ရည်တံဆိပ်အသစ်ကို သွားရှာတာ) ဗုံးတွေစပေါက်တဲ့ (၂၀၀၃)ပါတ်လည်လောက်ကပေါ့. . .စာအုပ်စင်က တွေ့သမျှ ဘုန်းကြီးတိုင်းမျက်စိထဲ စပါးမွေ့းစူးတော့တာ(ဦးဇောတိကတော့မပါဘူးပေါ့)ဒီကထဲက နာနာကျည်းကျည်းနဲ့ မုန်းလိုက်တာ. . .ဟာ. . .ဟား. . .
အဲဒါနဲ့ပဲ ကောင်ကလေးရဲ့ကောင်မလေးလည်း ဘာတွေကိုသစ္စာရှိမှန်းမသိပဲ သစ္စာရှိလိုက်ရတာ. . .ခမည်းတော်ကြီးက သမီးအဲဒါ (EXPRESS)ကြီးတဲ့. . .ဟုတ်လားဆိုတော့ ဘာပြောတယ်မှတ်လည်း (ဘယ်သူဘာပြောပြော မင်းလေးပါးစပ်ပိတ်နေတဲ့). . .ပြီးတော့ သူ့စိတ်နဲ့နှိုင်းပြီး ကောင်မလေးခင်တဲ့ ဘုန်းကြီးတိုင်းနဲ့ သမုတ်တော့တာပဲ. . .အသေစွပ်စွဲတာနော်. . .ဒီထဲမှာ (ဒေါင်းဖြူ)က ဦးဇင်းနဲ့ခင်လို့လေ. . .Ms .Ven ဆိုပြီး လုပ်လွှတ်တယ်. . .ပြီးရင် တရေးနှိုး သန်းခေါင်လောက် ထထရိတယ်. . .မွေးထဲက ယောင်္ကျားလေးရည်းစားလည်းမထားဘူးပါဘူး. . .ထားရင်လည်းအသေသတ်မှာ. . .အရင်ကအဲလိုမဟုတ်ဘူး . . .အခုဘာဖြစ်နေမှန်းကိုမသိဘူး. . .ပြောတော့လည်း ညီနဲ့ပေးစားမယ်ဆိုပြီး. . . ပြီးတော့သူလည်းကောင်မလေးကိုအပြင်မှာမမြင်ဖူးပဲနဲ့ . . .အမေနဲ့မှားမှားပြီး ဖက်တီးမလို့ လှောင်သေးတယ်. . .ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးး
ကောင်မလေးပြောချင်တာ အဲဒါပဲ. . .
ဒါကြောင့်TU က ကောင်မလေးကို ကောင်ကလေးမရခဲ့တာ. . .
စိတ်မဆိုးပါနဲ့နော်. . .ကောင်မလေးက (၄)နှစ်ခွဲ(၅)နှစ်သမီးလောက်တည်းက သူ့ကောင်လေးကိုအသေကြောက်ရတာတဲ့။