Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆင်ခြင်လှည့်ပါ နွေဦးရယ်

$
0
0

         မြန်မာပြည်မွေး မြန်မာသွေးနဲ့ ဗုဒ္ဓထွေးလို့ သာသနာရောင်လင်း သိမ်းမွေးပါစေဟု အတွေးနယ်ချဲ့

တော်လှန်မိသည်။

ဟေ...ဖြိုးမင်းဘာတွေ ဆွေးနေတာလဲ....

ဆွေးနေတာ မဟုတ်ဘူး ခင်အောင်ရာ.....

ကိုယ် လူဆွေးမနေနဲ့ အင်တာနက်ဆိုင်သွားရအောင်.......

ငါ့မှာ ဗိုင်ပြတ်နေတယ် ခင်အောင်ရာ.....

လိုက်သာ လိုက်ခဲ့စမ်းပါ ...ငါစိုက်မယ် ရှိတူခံ မရှိတူစံပေါ့ သူငယ်ချင်း.....

ဒီလို ဆိုလိုက်ရတာပေါ့ ..သူငယ်ချင်းကောင်းကြီးရယ်...

အင်တာနက်ပေါ် နှစ်ယောက်သား ရောက်သွားခဲ့လေပြီ....

ချက်ခန်းထဲက နွေဦးတစ်ယောက် ....

ဟိုင်း..နေကောင်းလား..

ကောင်းပါတယ်..

ဘယ်မှာနေလဲ...

စစ်ကိုင်းမြို့နယ် (...)ကျေးရွာပါ...

နာမည်ရော...

ဒီဇင်ဘာဖြိုးပါ...

အသက်ကရော...

24ပါ....

ဒါဆို ကျွန်မထက်ငယ်တာပဲ ...

မိန်ကလေးရဲ့ အသက်က            34ပါ...

အော်..ဒါဆို မမ လို့ ခေါ်လို့ ရမလား...

ရပါတယ် မောင်လေး...

ဒါဆို မမရဲ့ နာမည်ရော အကောက်ထဲက နွေဦး ဆိုတဲ့ နာမည်ပဲလား...

ဟုတ်တယ် ...မောင်လေး...

မမမှာ မောင်နှမ မိသားစုများလား...

မမမှာ အစ်မတစ်ယောက်ထဲ ရှိတယ် မောင်လေး...

အစ်မကြီးက အေးတယ်..

တစ်အိမ်လုံး နှစ်ယောက်ထဲ ရှိတာလေ ..မိဘတွေ မရှိကြတော့ဘူး...

မောင်လေးရော....

မောင်လေးမှာ ၅ယောက်ရှိတယ် မောင်လေးအကြီးဆုံးပဲ...

မမဆီ အလည်လာလေ မောင်လေး...

မမရဲ့ နေရပ်ဇာတိ ပြောမပြဘဲ ဘယ်လို လုပ်ပြီး လာလို့ရမလဲ...

အော်..ဟုတ်တယ် မမ မေ့နေလို့ (sorry)နော် မောင်လေး...

မကွေးမြို့ အိမ်အမှတ်(....)ပါ...

ဟုတ်ကဲ့..လာခဲ့မယ်...

ဘယ်အချိန်လောက် လာမလဲမောင်လေး...

နောက် တစ်ပတ်လောက်ပေါ့..မမ

ဟုတ်...Well come  ပါ မောင်လေး...

မောင်လေးလာရင် ဖုန်းဆက်လိုက်နော် ..ဖုန်းနံပါတ်(.......)ပါ

ဟုတ်ကဲ့ပါ ..မမ

ဟေ့..ဖြိုး ဈာန်ဝင်လှချည်လား ပြန်စို့ဟေ့....နုတ်ဆက်စရာရှိ နုတ်ဆက်ထားခဲ့ကွာ...

အေးပါ..

မမ မောင်လေး ပြန်တော့မယ်နော်....

ဟုတ်..မောင်လေး အလာကို ဆက်ဆက်မျော်နေမယ်....

Ok ...လိုင်းအောက်ပြီနော်...

ဟေ့ကောင်..သူငယ်ချင်း လေကြောရှည်လှချည်လား...

ပြီးပါပြီကွာ...ပြီးပါပြီ...

ဒီလောက်ဗျာ များနေတာ  သိပ်မမှန် ဘူးထင်တယ်....

ဟုတ်တယ်ဗျို့...မကွေးမြို့အစွန်း မြသလွန်ဘုရားမှာ သဲလွန်စတော့ ရှာတွေ့တော့မယ်ထင်တယ်....

ဟားးးးးးးးးးးသတိတော့ထားဦးနော်(over)ကြီးဖြစ်နေဦးမယ်...

ဒီလို့...မပြောလိုက်ပါနဲ့ ထောင်တန်သောစကား ရယ်ရင်ပေါ့တယ်...

ဟုတ်ပါပြီဗျာ ..အချစ်ရှေ့နေကြီး...

ဖြိုးတစ်ယောက် ပစ္စုပ္ပန်မှာ အဖြစ်ပျက်တွေနဲ့ အတူ ရှိနေပေမယ့် စိတ်ကူးလေးနဲ့ နှလုံးသား အကျဉ်းထောင်မှာ

ယဉ်ယဉ်လေး ရူးနေခဲ့တတ်ပြီပေါ့ကွယ်...

ကလင် ကလင်...hello

မောင်လေးပါ....

ပြောမောင်လေး............မောင်လေး မမဆီ အလည်လာတော့မယ်...

ဘယ်နေ့လဲ.

အခုပဲ လာမှာ....

မမ ကားဂိတ်ကိုလာပြီး ကြိုပေးမယ်လေ.....

အော်ဒါနဲ့ နေဦး မောင်လေး ကို မမ မမြင်ဖူးဘူးလေ....

လွယ်ပါတယ်မမ...

ကားဂိတ်ရောက်ရင် မောင်လေးဘက် လက်ခုပ်သံ သုံးချက်တီးလိုက်မယ်လေ...

ဟုတ်..မောင်လေး မမကြိုနေမယ်...

ဒါပဲနော် ...မမ

ဟုတ်ကဲ့...မောင်လေး...

ကားဂိတ်ရောက် လက်ဖြောက် သုံးချက်အောက် မောင်လေးနဲ့ မမ တို့ အပြုံး ကိုယ်စီ အိမ်သို့ ရောက်လာလေပြီ....

ဒီအိမ်ပဲ မောင်လေး ... အိမ်ပေါ်တက်လေ မောင်လေး...

နှစ်ယောက်သား အိမ်ပေါ်တက်လာပြီး...

မမနဲ့ အရွယ်မတိမ်းမရိမ်း မိန်းကလေး တစ်ယောက်က ခရီးဦး ကြိုဆိုပြီး ကော်ဖီခွက်ဖြင့် အသင့်ပြင်ထားသော

စားပွဲတွင် ၀ိုင်းထိုင်ရင်း ....

ဖြိုး...သူမကတော့  နွေဦးရဲ့ မမပါ...နာမည်က ခင်မမငြိမ်တဲ့....

အော် ...တွေ့ရတာ ၀မ်းသာပါတယ်...တောသားဆိုပေမယ့် မာနမကြီးတတ်ပါဘူး ...ဟားဟားးးးး

ဖြိုး ရွာမှာဆို ဘာအလုပ်လုပ်လဲ....

လယ်ထွန်ကောက်စိုက် တောသဘာဝ အလိုက်ပေါ့ဗျာ...

ဖြိုး ..ဒီမှာ အလုပ်လုပ်ချင်တယ်ဆိုရင် ၀ပ်ရှော့ ဆိုင်တော့ မမလိုက်ပို့ပေးနိုင်တယ်...

ကောင်းတာပေါ့ မမ...

မမတို့အိမ်မှာနေ အချိန်တန် အလုပ်သွားပေါ့...

ဟုတ်ကဲ့...မမတို့ကျေးဇူး မမေ့ပါဘူးဗျာ....

မမ ဖုန်းခဏလောက် ငှားပါလား  မိဘတွေနဲ့ တိုင်ပင်ကြည့်ဦးမယ်...

Helloအမေလား...

သားကြီးဖြိုးပါ...သားကြီး မကွေးမှာ ၀ပ်ရှော့ အလုပ်လုပ်မလို အဲဒါ အမေ့ရဲ့ ဆန္ဒရော...

အော်...သားကြီးရယ်  ကိုယ်လမ်းကိုယ်လျှောက်နိုင်တဲ့အရွယ်ရောက်နေပြီပဲ သားကြီးသဘောပါ....

ဟုတ်ကဲ့..မေမေ ဒါပဲနော်...

မောင်လေး အဆင်ပြေလား...

ပြေပါတယ်မမ...

ဒါဆို ..မောင်လေးကို ပျော်ရွှင်ခြင်း အထိမ်းအမှတ်အနေနဲ့  မြသလွန်ဘုရား လိုက်ပို့ပေးမယ်လေ....

ကောင်းတာပေါ့ မမ...

မောင်လေးလည်း ရေချိုးလိုက်ဦး....မမလည်း ရေချိုးပြီး အ၀တ်လဲလိုက်ဦးမယ်...

ကောင်းပါပြီဗျာ...

မမရဲ့ ၀တ်စားဆင်ယင်ပုံ မှာ အင်္ကျီတိုလည်ဟိုက်နဲ့ ထဘီတို စကတ်ခွဲ စီးလာတာ ဒီရှူး အိုက်လို့လာတော့မသိ ဆောင်းရာတောင် မေ့နေမယ့် ပုံပဲ...

မောင်လေး ပြီးပြီလား ...သွားရအောင်လေ...

မမနွေဦး တစ်ယောက် ခေတ်သစ်ဆန် အမိုက်စား ၀တ်ပုံလေးတွေနဲ့ဆံပင်ရှည်ကို ချပြီး ထွက်လာလေပြီ...

မောင်လေး ..မမ လှလား..

လှပါတယ်မမ..ဒါပေမယ့်..

ဒါပေမယ့် ဘာဖြစ်လဲ ပြောလေ မောင်လေး...

မမရဲ့ ဆံပင်အနေအထားနဲ့ မြန်မာဆန်ဆန် ၀တ်ပုံနဲ့ဆို နတ်သမီးတွေတောင် ငိုရလောက်တယ်...မမ

တော်ပါ မောင်လေးရယ် လမ်းသွားရတာ ကတ်သတ်လွန်းလို့ ယခုခောတ်မှာ ဒါတွေ ၀တ်ကြတယ်လေ..

နောက်ဆိုရင် လက်ရှိ ဆံပင်ရှည်ကို ဖြတ်ပြီး အရောင်ဆိုးဦးမှာ...

နေပါဦးမမ..မိန်းမတို့ဘုန်း ဆံထုံးတဲ့ ယောက်က်ျားတို့ဘုန်း လက်ရုံတဲ့..ဆံပင်တော့မဖြတ်သင့်ဘူးလို့မောင်လေး

တောင်းဆိုချင်တယ်..

အော်..မောင်လေး ခေတ်အလိုက် ပြောင်းလဲရတယ်လေ...

ဒီအ၀တ်ပုံစံနဲ့ ဘုရားသွားမှာ သင့်တော်ပါ့မလား မမရယ်..

အော် ..မမလို ၀တ်ပြီး ဘုရားသွားတဲ့လူတွေ အများကြီးပဲမောင်လေ....

အော် ..ဟုတ်ကဲ့ မမ..

မောင်လေးရော ..ပုဆိုးအင်္ကျီရှည်ဝတ်လို့ လဲပြီးပြီလား....

ပြီးပါပြီ..မမ..

မြသလွန်သို့ရောက်၍ မိုးလည်းမှောင်လာလေပြီ...

မမ ဘုရားရင်ပြင်ဘေးနားက နှစ်ယောက်တစ်တွဲ အကြင်နာတွေ လေလံတင်ပြနေတာလားမသိဘူးနော်...

မမလည်း ပြုံးလျက်...

ဒီလူတွေ နှလုံးသားထဲ ဘုရားတည်သေးလားမသိဘူးနော် ..သူတို့အတွက်တော့ ဒီနေရာတွေဟာ အကြင်နာ

မှတ်တိုင် အလွမ်းမှတ်တိုင်များ ဖြစ်နေရောသလားမသိဘူးမမ....

မမလည်း မပြောတတ်ဘူးမောင်လေး...

ဘုရားကန်တော့ပြီး ဘုရားရင်ပြင်ကိုလှည့်ပတ်ကြည့်ရင်း မြသလွန် ဘုရားအကြောင်းကို မမက စိတ်ရှည်ရှည်

ထားပြီး ပြောရှာလေသည်...

မောင်လေး ပန်းရစ်တောင်ဘုရားကိုသွားဦးမလား...ပန်းရစ်တောင်မှာ လွမ်းရစ်စရာဖြစ်မှာစိုးလို့ မသွားတော့ပါဘူးမမ..

ဒါဆို မြသလွန်ရော .....ဘာပြောဦးမှာလ..... မြသလွန်မှာတော့ သဲလွန်စ ရတာပေါ့..

နှစ်ယောက်လုံး ပြိုင်တူရယ်လျက်...

မောင်လေး..ပြန်တော့မှာမလား..ဟုတ်ပြန်တော့မယ်...

အိမ်ပြန်ရောက် အိပ်စက်ရင်း ပျော်ရွှင်မှုတွေ တိုးပွားလျက်ပေါ့ကွယ်....

မောင်လေးလည်း ၀ပ်ရှော့ အလုပ်လုပ်ရင်း ၁လကျော်ခဲ့လေပြီ...

အိုးချင်းထား အိုးချင်းထိ ကြိုးချင်ထား ကြိုးချင်းညှိဆိုသလို အနေကြာလာတော့မမတစ်ယောက် မောင်လေးကို လှမ်းခေါ်ခဲ့လေပြီ....

မောင်လေး အိမ်အောက်ဆင်းလာပါဦး...

ဟုတ်...ဆင်းလာပြီ မမ...

နှစ်ယောက်သား ထိုင်ခုံပေါ်ထိုင်လျက်..

မောင်လေးမှာ ရည်းစားရှိလား..........မရှိပါဘူးမမ

အခုရော ရှိပြီလားမောင်လေး...................ရှိပြီ...

မမမျက်နှာ အပြုံးရောင်သန်းလျက်ပေါ့...မမကိုပြောပြလို့ရမလား...

မမ သိရက်နဲ့ အနေရခက်အောင်မလုပ်ပါနဲ့ ကောင်းကင်ယံကိုမော့ကြည့်လိုက်ပါဦး လမင်းတောင်မနာလို

ဖြစ်နေပြီ မမ..

မမကို မောင်လေး ကြင်နာမြတ်နိုး တိတ်တခိုးလေးနဲ့ ချစ်နေခဲ့တာကြာပြီးကွယ်...

မမရဲ့ သဘောထားရော...

ဘာမှ ငြင်းစရာ မရှိပါဘူး မောင်လေးရယ်...

ဒါဆို...မောင်လေးကို ချစ်တယ်ပေါ့..အပြုံးတစ်ချက်နဲ့ ခေါင်းညိတ်လျက်ပေါ့....

ပျော်လိုက်တာ မမရယ်...လမင်းကြီးလည်း ပြေးလွှားလှုပ်ရှားနေတဲ့ တိမ်တိုက်ကြားထဲက မျက်နှာငယ်နဲ့ပေါ့...

မမနဲ့ အချစ်သက်တမ်း ၂လတိုင်ခဲ့လေပြီ...

မောင်လေးကို မမရဲ့ သူငယ်ချင် မိန်းကလေး ယောက်က်ျားလေးတွေနဲ့ မိတ်ဆက်စရာရှိတယ် မောင်လေးလိုက်

ရမယ်နော်...ဟုတ်..လိုက်ရမှာပေါ့....

မောင်လေး သူတို့က ခင်မေနွယ်၊ သန္တာနွယ်၊ခင်စန္ဒာလင်းတဲ့ သူတို့က ကျော်သူစိုး ၊မိုးစွေ၊ နေလင်းစိုးတဲ့ ....

ဟုတ်ကဲ့ ..အားလုံးကို တွေရတာ ၀မ်းသာပါတယ်...ကျွန်တော့်နာမည် ဒီဇင်ဘာဖြိုးပါ...

ခင်မင်ခွင်ရတဲ့အတွက်ကျေးဇူးပါ ဒီဇင်ဘာဖြိုး.......

နေလင်းစိုးမှ စကားသံ...အထိမ်းမှတ်ပွဲလေး ခါတိုင်းလိုပဲ စလိုက်ကြရအောင်...

မိန်းကလေးတွေအတွက် ဘီယာနဲဝိုင်၅လုံး ဟိုဘက်ဝိုင်ပေါ့..ယောက်က်ျားလေးတွေအတွက်တော့ RUM ၅လုံး နေရာယူပြီ သောက်ကြဗျာ...

မမရော ..သောက်လား...

ပါးပါးလေးပါမောင်လေးရယ်.............................မောင်လေးတော့ မသောက်တတ်ဘူးမမ.......သူငယ်ချင်းများ တစ်စု ရယ်မောကြလျက် ၀ါးဟားးးးးးးးးးးးးးးး

မမလည်း ပိုးမသေတဲ့မျက်နှာထားမျိုးဖြင့် နေမရ ထိုင်မရ ဖြစ်လာပြီး ...မအ ချင်စမ်းပါနဲ့ မောင်လေးရယ်...

အနေတာ မောင်လေးမဟုတ်ဘူးမမ...ဒါဆို မမကို အတယ် လို့ ဆိုနေတာပေါ့...တော်ပြီ တော်ပြီမောင်လေး...

မမရဲ့ တွေ့ဆုံခြင်းဟာ ကံမကောင်းခဲ့ဘူး...

နေလင်းစိုးက ကြားဖြတ်ဝင်ပြောလေသည် အာညှောင်းခံပြော မနေပါနဲ့ နွေဦးရာ ကျွဲပါးစောင်းတီးပါ..

ဟေ့ကောင်..မင်းကိုမင်း ဘာများထင်နေလဲ..မင်းက ကျွန်တော်ထက် အသက်ကြီးပေမယ့် မင်းဟာငါ့သား

လောက်ပဲ ရှိသေးတယ်...လူကြီးဆိုတာ အသက်ကြီးတိုင်း လူကြီးပြောတာမဟုတ်ဘူး ပညာကြီးပြီး ကောင်းကျိုးကြီးမှလူကြီးလို့ခေါ်တာကွ...

အားကွာ..ဒီတောသား ထိုးလိုက်ရလို့...ထိုးပါ ထိုးလိုက်ပါ...

မမမှ ကျယ်လောင်သော အသံဖြင့် တော်ကြပါတော့......

မောင်လေးကို တောသားလေးမို့ မမပြောသလို ရလိမ့်မယ်ထင်ခဲ့တယ်..အခုတော့ အရှက်ခွဲတတ်တဲ့ လူစွာ

တစ်ယောက်ပဲ...

ဒီအချိန်ကစပြီး မမလို့လည်း မခေါ်နဲ့ မောင်လေးနဲ့ မမကြားမှာ ဘာမှ ပတ်သက်ခွင့်မရှိတော့ဘူး...

မမဘယ်လို ပြောလိုက်တာလဲ...ဆက်မပြောနဲ့ ဒီဇင်ဘာဖြိုး...

ဟာ မမလေသံတွေက ပြောင်းသထက် ပြောင်းလို့ပါလား...မမကို ချစ်ခဲ့တာ...

တော်တော့ ...ဒီဇင်ဘာဖြိုး....

အေးပေါ့လေ အများနဲ့ တစ်ယောက်ဘယ်ပြောသာပါ့မလဲ...

ယောက်င်္ကျားလေးများက ခင်နွေဦး ဒီတောသား ကြမ်းပိုးကို  ပညာပေးလိုက်ရမလား...

ရန်ကို ရန်ချင်း တုန့်ပြန်တာ တိရစ္ဆာန်လည်း တုန့်ပြန်တတ်တာ ဓမ္မတာပဲ လူတွေပါဗျာ..အသိဥာဏ်နဲ့လည်း

စဉ်းစားကြပါဦး..

ဒီဇင်ဘာဖြိုး နင်ပြန်တော့..

ပြန်ဆိုလည်း ပြန်ရတာပေါ့...ထိုညတွင် မောင်လေးတစ်ယောက် အိပ်စက်မရခဲ့လေပြီ....

မမလည်း ညသန်ခေါင်ကျော်မှ ရောက်လာပြီး မူးမူးရူးရူး ပြောချင်ရာပြော ဆိုချင်ဆိုပြီး ၀င်လာခဲ့သည်..

ခင်မမငြိမ်း နိုးလာပြီး ညီမလေး အရက်တွေနံစော်လို့ ဘာတွေဖြစ်လာပြန်ပြီးလဲ...အိပ်တော့နော်...ချောသိပ်ပြီး

မမငြိမ်းလည်း အခန်းသို့ ပြန်ဝင်သွားလေပြီး...

နံနက်မိုးလင်း...

မမငြိမ်း ဖြိုးရွာကို အပြီးပြန်တော့မယ်...

ဘာတွေဖြစ်ကြတာလဲ ညီမလေးလည်း အရက်တွေသောက်လို့ ဖြိုးလည်းရွာကိုပြန်မယ် မမကြီးနားမလည်းနိုင်

တော့ဘူးကွယ်...ခင်မမငြိမ်းအားအကြောင်းစုံ ရှင်းပြလေးသည်...

အော် ...မောင်လေးဖြိုး မပြန်ပါနဲ့ကွယ်...ညီမလေးကို နားလည်ပေးလိုက်ပါ...

ဖြိုးဘက်နားလည်ပေးနိုင်ပေမယ့် မမခင်နွေဦး...

ရပါတယ် မမတာဝန်ထားပါ...မောင်လေးဖြိုးသာ မပြန်ပါနဲ့ ..မမတောင်ပန်ပါတယ်ကွယ်...

ဟုတ်ကဲ့ပါမမ အချိန်ပေးကြည့်ရတာပေါ့...

မမနဲ့မောင်လေး ပြဿနာဖြစ်ပြီးနောက် မမတစ်ယောက် အိမ်တွင် အနေနည်းပြီး အပြင်၌သာ အပျော်ပါးနဲ

အချိန်ကုန် လစ်ဟင်းနေသော အချစ်ကွက်လပ်တစ်ခုကို ကျော်သူစိုးအား ပေးအပ်ပြီး မောင်လေးကို အရွဲ့တိုက်

ခဲ့သည်မှာ ရက်တွေ ကြာခဲ့လေပြီ...

ညအိပ်ချိန်တွင် မမရဲ့ ငိုသံတွေ အက်ကွဲသံတွေ ပါနေတယ် ...မမတစ်ခုခုတော့ ဖြစ်ပြီ စုံစမ်းရေး ဆင်ရတော့သည်...

ကျော်သူစိုးနဲ့မမနောက်ဆုံးဆွေးနွေးခန်းသို့ရောက်ခဲ့လေပြီ..

ကျော်သူစိုး နွေဦးကို လက်ထပ်မှာလားဟင်...ကျော်သူစိုးလည်း အရက်မူးမူးဖြင့်

နွေဦးကို ငါဘယ်တုန်းက လက်ထပ်မယ်ပြောခဲ့ဖူးလို့လဲ...

မရက်စက်ပါနဲ့ ကျော်သူစိုးရယ်...

ဟုတ်တယ်ငါ့ကိုယ်ငါတောင် မချစ်တတ်တော့ဘူး အိမ်ပေါ်က မိဘတွေနင်ချလို့ ခြေတစ်လုံအိမ်တိုင်ဖြစ်နေပြီ

သူငယ်ချင်းအိမ်မှာ ကပ်နေရတယ် သုံးငွေမရှိလို့ မင်းကိုအသုံးချပြီး ချစ်ပြခဲတာကွ...

ကျော်သူစိုးနင်.....မင်းကိစ္စ နင်တာဝန်မယူဘဲ တော်တော်အောက်တန်းကျတဲ့ ကောင်ပဲ...

ထရိုက်မည့် အပြုတွင် ကျော်သူစိုး၏ တုန့်ပြန်မှုကြောင့် မြေပေါ်သို့  လဲကျခဲ့လေပြီ...ကျော်သူစိုးလည်း ထွက်ခွါသွားခဲ့လေပြီ....

မမဘာဖြစ်သွားသေးလဲ.........မောင်လေးရောက်နေတာကြာပြီလား...

ကြာပြီမမ....

မောင်လေးရဲ့စကားကို အလေးနက်မထားခဲ့တတ်တဲ့ မမရဲ့ အမှားကို ခွင့်လွတ်ပေးပါမောင်လေး...

မမရဲ့ အမှားပါကွယ်..တော်ပါတော့မမရယ် မောင်လေးမှာ အသည်းဆပ်ဆပ်နာကျင်နေတယ်မမ..

ကြာရင် ကျော်သူစိုးကို သွားသတ်မိမယ်..မမရဲ့ အရှက်သိက္ခာလည်း ရှိသေးတယ်...

မမ အိမ်ပြန်ရအောင်နော်....

မမကို အခန်းသို့လိုက်ပို့ပေးပြီး..

မောင်လေးတစ်ယောက် စဉ်းစားခန်းဝင်ရလေပြီ...

အခုမမမှာ စွန်းညှိချက်တွေနဲ့ မမ မလုပ်သင့်တာတွေ လုပ်မိတော့မှာပဲ...

ဘယ်လိုပဲ ဖြစ်ဖြစ် မောင်လေးချစ်ခဲ့တာ သူ့ရဲ့သမိုင်းကြောင်းလှပမှုတွေမက်မောခဲ့တာမှမဟုတ်ဘဲ

မမရဲ့ နွေးထွေးယုယမှုစေတနာတွေကို ချစ်ခဲ့တာကို မမသာ အရင်တုန်းကလို့ အခွင့်ရေးပြန်ပေးခဲ့မယ်ဆိုရင်

မောင်လေး လောကဓံကိုရင်ဆိုင်ပြီး ချီးမွှမ်း ကဲ့ရဲ့ ဘယ်လောက်ကြာနိုင်ဦးမှာလဲကွယ်...

နံနက်မိုးလင်း...

မမ အိပ်ယာမထသေးဘူးလား...မမ..................ပြန်ထူးသံမကြားရသဖြင့် သော့ဖျက်၍ ၀င်လေသည်...

မမ..မောင်လေး ခေါ်သံကြောင့် ခင်မမငြိမ်း အပြေးရောက်လာပြီး ...

ညီမလေးဘာတွေဖြစ်တာလဲ ...အရက်သောက်လာပြန်ပြီလား...မမငြိမ်း စားပွဲပေါ် လှမ်းကြည့်လိုက်ပါဗျာ....

ဟင်.....မိုက်လိုက်လေခြင်း ညီမလေးရယ်....ခင်နွေဦးတစ်ယောက် လေးလံသော မျက်လုံးကို ဖွင့်လျက်

ညီမလေးကို ခွင့်လွတ်ပါ မမရယ်...

မောင်လေး မမကို ခွင့်လွတ်နော်...

ဘာကြောင့် မောင်လေးရဲ့ ဆုံးဖြတ်ချက်ကို မစောင့်ဘဲ ဒီလို လုပ်ရတာလဲ မမရယ်..မမအပေါ် မောင်လေး

ချစ်နေတယ်ဆိုတာရော မမ ဘာလို့ ခေါင်းထဲ မစဉ်းစားခဲ့တာလဲမမ.....မောင်လေး ရွာမပြန်ခဲ့တာလည်း

မမကို ချစ်လို့ပါ...မမ ဘယ်လို အခြေအနေမျိုးပဲ ရောက်နေပါစေ မောင်ရဲ့ အချစ်ဟာလျော့ကျမသွားဘူးဆိုတာ

မမ နားလည်းခဲ့ရင်..

စိုရွှဲနေသောမျက်နှာ လေးလံသောအသံဖြင့်မောင်.....လေး  မ....မ ကို တကယ်ချစ်လား....

သိပ်ချစ်တာပေါ့ မမရယ်..

မမကို တကယ်ချစ်ရင် မမငြိမ်းကို စောင့်ရှောက်ပေးမယ့်ဆိုတဲ့ ကတိပေးနော်...ဟုတ်ကဲ့ ကတိပေးပါတယ်မမ..

မမကို ဆေးရုံပို့မယ် မမ မသေရဘူး...

မောင်လေး ယောက်က်ျားဖြစ်ပြီး ဘာလို့ အဲလောက်ငိုနေရလဲ မမရဲ့ ဘ၀ သနားစရာမကောင်းပါဘူး...

မမ မနေရတော့ပါဘူး...မောင်..မောင်...မောင်..လေး ....

လေးလံသောလက်ဖြင့် ၀ိုက်ဘောကို ညွန်ပြလျက်...

ခင်မမငြိမ်းနဲ့ မောင်လေး ပြိုင်တူကြည့်ပြီး ၀ိုက်ဘော ပေါ်မှ စာကိုကြည့်လျက်...

မောင်လေးနဲ့မမ မင်္ဂလာ ဧည့်ခံပွဲ...ဟူသောစာများ........

မမနွေဦး မြောက်ထားတဲ့လက် အောက်သို့ရုတ်တရက် ကျသွားခဲ့လေပြီး....

မမ..............ညီမလေး..................မမ................ညီမလေး.....ခေါ်လို့မရတော့ပေ။

ဝဲယာ နှစ်ဖက်ညှပ်လျက် ခင်မမငြိမ်းသည်..ညီမလေးဟူသော ခေါ်သံအောက်၌ နစ်မွန်းရင်ငြိမ်သက်နေခဲလေပြီ.

ဒီဇင်ဘာ ဖြိုးတစ်ယောက် မမနွေဦးအား အားရပါးရ ပွေးဖက်နမ်းလျက် ကြွေကွဲသော မျက်ရည်များစွာနဲ့

အားကုန် အသံကုန်ဟစ်လျက်...............မမ......ပဲတင်သံညံလျက်.................................

နောက်ဘ၀ သံသရာမှာ မမခင်နွေဦးတစ်ယောက် ဤအဖြစ်မျိုးမှ ကင်းရှင်းပြီး ဆင်ဆင်ခြင်ခြင် နေရစ်လှည့်ပါတော့ နွေဦးရယ်.....

 

 

 

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>