ဘာရယ်မဟုတ်ဘူး ဘုရားလောင်းမဟော်သဓာ ရဲ့ သားတရားစီရင်ခန်းကို မဆီမဆိုင်တွေးမိတာနဲ့သိချင်တာလေးတွေ နောက်ဆက်တွဲပေါ်လာမိလို့ပါ။
ဒီလိုဗျ အကျဉ်းချုံးပြောရရင် အားလုံးသိတဲ့အတိုင်း ဒီဖြစ်ရပ်မှာ လူယောင်ဆောင်ထားတဲ့ ဘီလူးမ က ကလေးကို စားချင်လို့ လုတယ်..မိခင်က လဲ သူ့သားကိုပြန်လုရင်း အငြင်းပွားကြတော့ ဘုရားလောင်းဆီ ရောက်သွားကြတယ်။အဲတော့ ဘုရားလောင်းက ဥာဏ်နဲ့တွေးပြီး ကလေးကို မိခင်ရယ် ဘီလူးမရယ် နှစ်ယောက်စလုံးပြိုင်တူဆွဲခိုင်းတယ်။ကြားက ကလေးက နာလို့ရှိုက်ကြီးတငင် ငိုပါလေရော…။အဲတော့ အမေဖြစ်သူက ဆက်ပြီး မဆွဲရက်တော့ပဲ လက်လွှတ်ပေးလိုက်တော့တယ်။အဖြေက အဲမှာပေါ်သွားတယ်..။ ကလေးနာလို့ ဆက်ပြီးမဆွဲရက်တဲ့လူသာ မိခင်အရင်းဖြစ်တယ်လို့ စီရင်လိုက်တယ်။(ဘယ်အမေက ကိုယ့်သားသမီး ငိုနေတာ ကြည့်ရက်မလဲနော်။ ဘီလူးမကတော့ သူ့သားသမီးမှမဟုတ်တာ..စားချင်တာနဲ့ နင်းကန်ဆွဲမှာပဲလေ…အမေကတော့ သားသမီးနာကျင်နေတာ မခံစားနိုင်တော့ လွှတ်ပေးတာပေါ့)
ဇာတ်လမ်းက အဲဒါပါ။ဒါပေမယ့် သေချာတွေးတော့ အတွေးတွေဝင်လာတယ်ဗျ။ဘယ်လို တွေးမိတာလဲဆိုတော့ ဆက်ပြီး ဆွဲရင် ကလေးနာတာ မှန်ပေမယ့် ကိုယ် လွှတ်လိုက်ရင် ကိုယ့်သားသမီး ဘီလူးလက်ထဲ ပါသွားမှာပေါ့။ ဟိုက သတ်စားမှာသိနေတယ်လေ…အဲတော့ သူများ သတ်စားခံရတာထက်စာရင် နာလို့ငိုနေတာမှ ခံစားရသက်သာဦးမယ်ထင်တယ်ဗျာ..အဲတော့ နောက်ဆုံး ဘီလူးမနိုင်ကမှ နိုင်ရော..အရှုံးမပေးပဲ ဆက်ဆွဲသင့်သလားလို့…ကလေးရဲ့ အသက်က မိခင်ဖြစ်သူရဲံ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတယ်လေ..။သားသမီးကို သနားတယ် ဆိုပေမယ့် သားသမီး နာကျင်တာ သိပေမယ့် သူ့အသက်ကိုရအောင် ကယ်သင့်တယ်လို့မြင်တယ်…။(ကျွန်တော် အဆိုးဘက်ကတွေးသလို ဖြစ်နေမလားမသိဘူး..။)
ဒီလိုဗျာ ကျွန်တော်တွေးမိတာ မြင်အောင်ပြောပြမယ်..ကလေးက ချောက်ထဲကျလုနီးနီး တွဲလဲဖြစ်နေတဲ့အချိန် မိခင်လက်ကို ဆုပ်ကိုင်ထားတဲ့အခြေအနေမျိုးပေါ့…။အဲ မိခင် လက်လွှတ်လိုက်တာနဲ့ အဲကလေး ချောက်ထဲပြုတ်ကျသွားပြီး သေမှာ…ကလေးက လက်နာလို့ ကြောက်လို့ ငိုနေချင် ငိုလိမ့်မယ်..မိခင်က ကလေးလက်ကို ကလေးငိုနေလို့ သနားလို့ လွှတ်မချလိုက်သင့်ဘူးဗျ..ရအောင် ဆွဲတင်ရမယ်..ငါ ရအောင် ဆွဲတင်မယ်လို့ တွေးသင့်တယ်..။ကိုယ် သနားတာမှန်ပေးမယ့် သနားလို့ လွှတ်လိုက်ရင် ကိုယ့်သားသမီး သေတော့မှာလေ..အဲလိုမျိုးပဲ ဒီဖြစ်ရပ်မှာလဲ မိခင်အရင်းက သားသမီး အသက်ကို ဘီလူးမလက်ကနေ ရအောင် ကယ်ရမယ်လို့ တွေးမိပြန်ရောပဲ…။ကျွန်တော်တစ်ဦးတစ်ယောက်တည်းရဲံ ကြောင်တောင်တောင် အတွေးပါ..ဘာရယ်မဟုတ်ဘူး တွေးမိတာန့ သူငယ်ချင်းတို့ အမြင်ရော သိချင်တာနဲ့ ရေးလိုက်တာပါ…။
↧
သူငယ်ချင်းတို့သာ ဒီမိခင်နေရာမှာဆို ဘာလုပ်မလဲဟင် ???
↧