လပြည့်ညဟာ စစ်မှန်ပါလည်း ရွှေလလေးက တက်သစ်စ မို့
နီရောင်သန်းတာ ခွင့်လွှတ်ပါဦး မကြာခင်မှာ ဖြူလာပါမယ်။
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။
သိပ်ချစ်ပါတယ် ချစ်ခွန်းကြွယ်လည်း အချစ်နုလေး ဖြစ်နေသေးလို့
သံသယ၀င်တာ ခွင့်လွှတ်ပါဦး မကြာခင်မှာ ယုံကြည်ပါမယ်။
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။
ရေတက်ရက်မှန် ဖြစ်နေပြန်လည်း အချိန်ယူရ ဒီ တက်စ မို့
ကမ်းမပြည့်တာ ခွင့်လွှတ်ပါဦး မကြာခင်မှာ ရေပြည့်ပါမယ်။
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။
အောင်မြင်ချင်လို စိတ်ဓာတ်ပိုလည်း လုံ့လကူရ ကြိုးစားစ မို့
သရဖူဝေးတာ ခွင့်လွှတ်ပါဦး မကြာခင်မှာ အောင်စည်လာမယ်။
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။
ရနံ့ကြိုင်ကြိုင် ပန်းခိုင်ဖြစ်လည်း နုနုရွရွ ဖူးကာစမို့
မသင်းပျံ့တာ ခွင့်လွှတ်ပါဦး မကြာခင်မှာ ရနံ့ဖြာမယ်။
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။
အရောက်လာစိတ် လွန်ယိုဖိတ်လည်း အရှိန်မရ တာ ထွက်ကာစ မို့
မရောက်သေးတာ ခွင့်လွှတ်ပါဦး မကြာခင်မှာ ဆိုက်ရောက်မှာပေါ့။
ပူပန်စိတ်လော ပြစ်တင်မစောနဲ့။
နှင်းပွင့်ဖြူ
18.12.2013. 10း15 PM
↧
ပူပန်စိတ်လော ပြစ်တင်မစောနဲ့
↧