ချစ်သူများနေ့ ပျော်ပွဲရွှင်ပွဲ မျှော်စင်ကျွန်းမှာ ကျင်းပတဲ့ ရှိုးပွဲလေးတစ်ခု အတွက် လက်မှတ်အရောင်းမြှင့်တင်ပွဲလေး တစ်ခုကြောင့် လူပေါင်းများစွာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြတာ ..မိသားစုတွေကြား ဂယယ်ရိုက်လာတဲ့ လူနေမှုအဆင့်အတန်း လူမှုရေးစည်းမျည်းတွေကျော်လွန်ပြီး ရောင်းချလာတဲ့ အခန်း(၅၀၀) ကံစမ်းမဲအတွက် သမီးရှင် မိဘတွေက “ရင်တွေဖိ”...။ အရွယ်မရောက်သေးတဲ့ သားရှင် မိဘတွေက“ စိုးရိမ်စိတ်တွေ နားထင်ကို သွေးတိုး”...။ နှမရှိသူ အစ်ကိုမောင်တွေက “တောက်တစ်ခေါက်ခေါက်”.....။
တိုးတက်ခေတ်မှီလာတဲ့ ခေတ်ရေစီးကြောင်းထဲ နောက်ကျကျန်မနေစေရေး လောဘနောက်ကောက်ကောက်ပါလိုက်နေတဲ့ ကိုယ့်အိမ်က သားသမီး ဘာဖြစ်လို့ ဖြစ်မှန်းတောင် လှည့်မကြည့်နိုင်တဲ့ ဝိသမသ လောဘစီးပွားရေးသမားတွေရဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် ပြည်သူလောက ၊အွန်လိုင်းလောကမှာ ကြွေးကြော်သံ ၊ဆန္ဒပြသံတွေ နေ့စဉ်အမျှ ကြားလာရပြီးတဲ့ နောက်မှာ ၎င်းတို့ ဆွဲထားတဲ့ အစီအစဉ် အခန်း(၅၀၀) ကံစမ်းမဲကို ဖျက်သိမ်းလိုက်ပါပြီး...။
ယခင်ကြော်ငြာထားတဲ့ အခန်း(၅၀၀) အစား ချောင်းသားခရီးစရိတ်ငြိမ်း(အခန်း+စားစရိတ်+ကားခ) သို့ပြောင်းလဲပြင်ဆင်ခဲ့ပါပြီတဲ့...။
ဒီလိုဆိုတော့ မိဘတွေ အနေနဲ့ တစ်စိတ်တစ်ဒေသ ရင်အေးနိုင်ပြီပေါ့...။
မြန်မာ့ရိုးရာ မြန်မာ့စဉ်လာ သားသမီးတစ်ယောက်ခရီးသွားခဲ့လျှင် မိဘထံတွင် ဧကန်မလွှဲ ခွင့်ပန်ရမှာပဲ...။
မိဘခွင့်ပြုချက်ရမည့်သွားရမည့်ခရီးတစ်ခုအတွက် အမှားများစွားကင်းလာနိုင်ပြီ...။
မိမိသားသမီးကို စိတ်မချသူတွေအတွက် ခွင့်ပြုချက် တစ်စုံတစ်ရာမပေးပဲ ကိုယ့်မျက်စေ့အောက်မှာ ထားနိုင်ခဲ့ပြီ..။
ယခင် လက်မှတ်ကြော်ငြာအား ကန့်ကွက်ထားခြင်း
ကြားခဲ့ရတဲ့ သတင်းတွေထဲမှာ မင်္ဂလာသတင်းပါပဲ..။.
ချစ်သူများနေ့မှာ ချစ်သူတိုင်း ဖြူစင်တဲ့ လွတ်လပ်ခြင်းတွေနဲ့ ကြည်နူးပျော်ရွှင်နိုင်ကြပါစေ
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်