ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များအတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမဆုံးလှူဒါန်းမှုဖြစ်သည့် ကျပ်ငွေ သိန်း ၇ဝဝ ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံသို့ တနင်္လာနေ့တွင်
ပေးအပ်ခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
"ကျမတို့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ဦးစီးပြီးတော့ ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်
တွေ လက်လှမ်းမီသလောက်ပေါ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးတော့ မဟုတ်ဘူး။ ခင်မင်ရင်းနှီးတဲ့ လူတွေဆီက အလှူခံပါတယ်။" ဟု ဒေါ်ဒွဲဘူက ပြောသည်။
ထိုကျပ်သိန်း ၇ဝဝ ကို လွှတ်တော်အမတ်များဖြစ်သည့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ကျပ်သိန်း ၃ဝဝ ၊ ပတ္တမြားနဂါး ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီမှ ဦးနေဝင်းထွန်းက ကျပ်သိန်း ၂ဝဝ၊ ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်မှ ကျပ်သိန်း ၁ဝဝ၊ ကချင်ပြည်နယ် မန်စီမဲဆန္ဒနယ်မှ ဦးထွန်းထွန်း က ကျပ်သိန်း ၅ဝ နှင့် ကျန် သိန်း ၅ဝ ကို အခြားလွှတ်တော်အမတ်များက လှူဒါန်းခြင်း ဖြစ်သည်ဟု သိရသည်။