သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ အခုတစ်လော ဟာဒယတွေပဲ ရေးနေမိပါတယ်၊ ဒီတော့.. ဒီနေ့လည်း ဟာဒယပဲပေါ့ဗျာ၊ ရေးကြည့်မယ်နော်.... ဘယ်သူတွေ ရန်တွေ့တာကို ခံရဦးမလဲ..... ခေါင်းတွေ ကျိမ်းလိုက်တာ.....
ကျနော်ကတော့ အလုပ်နဲ့ ပတ်သက်ပြီး အွန်လိုင်းကို သုံးဖြစ်ရာက ဆိုဒ်တွေထဲကိုဝင် မန်ဘာတွေနဲ့ခင်ပြီး မှတ်သားစရာနဲ့ ဟာဒယတွေ ရေးနေသူပါ၊ ပေါ်ပြူလာ ဖြစ်ချင်တဲ့စိတ် လုံးဝမရှိပါ၊ အွန်လိုင်းမှာမို့ ယုံချင်ယုံ မယုံချင်နေ... ရွှေဘဆိုတာ သရုပ်ဆောင် မင်းသား ရှုံးလောက်အောင် ချောမောသူတစ်ယောက်ပါ၊ အဟီးးးး ကဲကဲ... အဲ့ဒါတွေ ထားလိုက်ပါ... ကျနော်တို့ အွန်လိုင်း လောကမှာ အပျိုကြီးတွေတော့ တော်တော်များတယ်လို့ သိရတယ်ခင်ဗျ၊ အစ်မတွေကို စော်ကားသလို ကျနော့ပို့စ်လေးက ဖေါ်ညွှန်းသွားရင်တော့ တောင်းပန်တယ်ဗျာ......
အပျိုကြီးများ ပပျောက်ရေး ကြေညာချက်
၁။ အသက် (၂၅)နှင့်အထက် လက်ဆုပ် လက်ကိုင် ရည်းစားမပြနိုင်သူ အမျိုးသမီးများအား
အပျိုကြီးအဖြစ် သတ်မှတ်သည်၊ (အပျိုကြီးမဟုတ်ကြောင်း ငြင်းဆိုရန် အလို့ငှာ.....
လက်ဆုပ် လက်ကိုင် ပြရမည်၊ ယခင်က experience ဟောင်းများကို ဖေါ်ပြခွင့်
ပြုမည်မဟုတ်ပါ၊ လက်ရှိ မျက်မှောက် အခြေအနေကိုသာ ဆိုလိုပါသည်၊ သတ်မှတ်ချက်
နှင့် အကျုံးဝင်စေရန် လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်း၊ အစားထိုးခြင်းတို့ ပြုလုပ်ပါက
ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်။
၂။ လက်ရှိတွင် ရည်းစားရှိသော်လည်း လစာကိုလည်းကောင်း၊ ကုန်ဈေးနှုန်းကိုလည်းကောင်း၊
မိဘကိုလည်းကောင်း အမျိုးမျိုး အကြောင်းပြလျှက် လက်ထပ်ရန် အချိန်ဆွဲနေသူများသည်
နောက်တိုးစာရင်းတွင် အကျုံးဝင်ကြောင်း ရှင်းလင်းစွာ သိရှိစေရမည်။
၃။ သတ်မှတ်ချက်နှင့် ကွက်တိဖြစ်နေသော အပျိုကြီးများသည် အချင်းချင်းသော်လည်းကောင်း၊
အုပ်စုဖွဲ့ပြီးသော်လည်းကောင်း၊ ငယ်ရွယ် ပျိုမြစ် ရှုမောဖွယ် ပျိုပျိုချောများကို သော်လည်းကောင်း
ယောက်ျားလေးများ မကောင်းကြောင်း ပြောကြားသွေးထိုး ဖြားယောင်းမှုများ ပြုလုပ်ပါက
ဥပဒေနှင့်အညီ ဂတုံးရိတ်ပြီး သီလရှင် ၀တ်ပေးခြင်း ခံရမည်၊ သို့မှသာ ယောက်ျားများနှင့်
ကင်းကင်းရှင်းရှင်း နေနိုင်မည်ဖြစ်သည်။
၎။ အချစ်ရေးနှင့် ပတ်သက်စပ်ယှက်ပြီး အချစ်သည် မကောင်းကြောင်း အတင်းတုတ် ဖွရှုပ်
ပြောဆိုမှုများ ပြုလုပ်ပါကလည်း မြို့လယ်ခေါင် လူစည်ကားရာနေရာ...
ဥပမာ။ ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအ၀ိုင်း၊ အခြားမြို့များဖြစ်ပါက နာရီစင်အနီး တို့တွင်
""မချစ်ရင် မနေနိုင်တာကလွဲလို့"" သီချင်းကို တစ်နာရီတိတိကြာအောင် ထပ်ခါထပ်ခါ
အော်ဆိုရမည်။
၅။ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး အပျိုကြီးများသည် အိမ်ထောင်ရေးမကောင်းကြောင်းကို
အလားတူ ပြောဆိုမှုများ ပြုခဲ့သည်ရှိသော် အိမ်ထောင်ရေးကောင်းကြောင်း၊ အိမ်ထောင်ဖက်
ရွေးချယ်နည်း စသည့် ပညာပေးသင်တန်းတွင် စာတွေ့/ လက်တွေ့တို့ကို ကာလအပိုင်းအခြား
တစ်ခုထိ တက်ရောက်ရမည်။
၆။ အချစ်ရေး၊ အိမ်ထောင်ရေး ပညာပေးသင်တန်းများတွင် သင်တန်းနည်းပြဆရာများ
လိုအပ်နေသည်ဖြစ်ရာ ယောက်ျားတို့ တပ်အပ်သော ပညာရပ် (၃၆)ရပ်ကို ကျွမ်းကျင်သော၊
ရုပ်ရည်သန့်ပြန့်သော၊ အသက်ကြီး/ငယ် ကန့်သတ်မှုမရှိ မည်သူမဆို လျှောက်ထားနိုင်သည်၊
နည်းပြများအတွက် လူဦးရေ ကန့်သတ်မထားသော်လည်း ဦးရာလူကို နေရာကောင်းပေးရန်
အစီအစဉ်ရှိသဖြင့် အမြန်ဆုံးလျှောက်ထားရန်လိုသည်။
၇။ အပျိုကြီးများအနေဖြင့် ယောက်ျားမကောင်းကြောင်း၊ အချစ်မကောင်းကြောင်းတို့ကို
အထက်ပါအတိုင်း ၀ိုင်းဖွဲ့ပြောဆိုခြင်း မရှိသော်လည်း ချက်ဘောက်မှ ပြောဆိုခြင်း၊
ပို့စ်များတွင် ရေးသားခြင်း၊ မေးလ်ပို့ခြင်း စသည်တို့သည်လည်း ပြစ်မှုမြောက်သည်ဟု
သတ်မှတ်ပါသည်။
၈။ ယောက်ျားများ၏အချစ်သည် မယုံရသောကြောင့် ၄င်းတို့မှာ အိမ်ထောင် မပြုခြင်းဖြစ်ကြောင်း၊
ယောက်ျားတို့သည် အပြောင်းအလဲမြန်ဆန်ကြောင်း၊ ငါးစိမ်းကိုမြင်လျှင် ငါးကင်ကို ပစ်ကြောင်း၊
အကြိမ်ကြိမ် ပြောဆိုခြင်း၊ ပို့စ်/ ကဗျာရေးခြင်းတို့ကို မကြာခဏ ကျူးလွန်ပါက အထက်ပါ
ပြစ်ဒဏ်များကို အလှည့်ကျ ကျခံရမည်ဖြစ်သည်။
၉။ အပျိုကြီးအဖြစ် အကျုံးဝင်သူအားလုံးသည် ပြစ်မှုမကျူးလွန်ဟု ခိုင်လုံသော်လည်း
အချိန်မရွေး ပြစ်မှုကျူးလွန်နိုင်သူများအဖြစ် အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ်
စောင့်ရှောက်ရေးအသင်း၏ မကြာခဏ တွေ့ဆုံမေးမြန်းခြင်း၊ စစ်ဆေးခြင်းတို့ကို
ကျေနပ်စွာ ခံယူရမည်။
၁၀။ အပျိုကြီးများသည် မိမိတို့၏ ညံ့ဖျင်းမှုကြောင့်သာ ဘ၀ကြင်ဖေါ် အိမ်ထောင်ဖက်
ရှာမရခြင်းဖြစ်ကြောင်း၊ ယောက်ျားလေးများ၏ အားနည်းချက် မဟုတ်ကြောင်း
ရှင်းလင်းပွဲံကို ခမ်းနား ထည်ဝါစွာ ၄င်းတို့ကိုယ်တိုင် ကျင်းပသည့်
ဟောပြောမှုကို (၁၀)ကြိမ်ထက်မနည်း ပြုလုပ်ပြီးသည့် မှတ်တမ်း ဓါတ်ပုံများ၊
ဗွီဒီယိုမှတ်တမ်းများကို တင်ပြနိုင်မှသာ ယခုကြေညာချက်ကို ရုတ်သိမ်းမည်။
၁၁။ အပျိုကြီးဘ၀သို့ မရောက်သေးသော အပျိုလေးများသည်လည်း အပျိုကြီးများ၏
မဟုတ်မမှန် လုပ်ကြံပြောကြားမှုများကို နားယောင်ပြီး ယောက်ျားလေးများအား
အလေးတယူ ဆက်ဆံပြောဆိုမှု မပြုခြင်း၊ ပြစ်တင်ပြောဆိုခြင်းတို့ကို
တစ်နည်းနည်းဖြင့် ကျူးလွန်နေကြောင်း စုံစမ်းသိရှိရပါက အပျိုကြီးဘ၀သို့
မရောက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ မပပျောက်ရေးတို့ကို ရှေ့ရှုလျှက်
ကျနော်တို့အဖွဲ့မှ အလျှဉ်းသင့်သလို အိမ်ထောင်ချပေးမည်။
ပုံxxxxx
အပြည်ပြည်ဆိုင်ရာ လူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်း
မြန်မာပြည်ရုံးခွဲ