တခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီး ဦးဖလာက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက်
စမ်းသပ်မှုတခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ ပေးလိုက်တယ်။
“ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ”
လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီး ဦးဖလာက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး
အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ ပုံစံလုပ်လိုက်ပြီးတော့…
“ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံးသောက်လို့ရပြီ” လို့ ပြောလိုက်တယ်။
လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။
အဲဒီအထဲမှာ လူနာတယောက်ဖြစ်တဲ့ မောင်ဖီးနစ်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို
ဆေးရုံအုပ်ကြီး ဦးဖလာကမြင်တော့ “အင်း ဒီလူနာကတော့ အတော်လေး ရောဂါ
သက်သာသွားပြီ ထင်တယ်”လို့ တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။
“သူများတွေ အားလုံး လ္ဘက်ရည်သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ
လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ”
စိတ္တဇလူနာ မောင်ဖီးနစ်က ပြန်ဖြေလိုက်တယ်။
“ပူနေသေးလို့ ခင်ဗျ”