လူရယ်လို့ဖြစ်လာရတာချင်း တူတယ်ဆိုပေမယ့်
ကုသိုလ်ကံ နဲ့ဆုတောင်းချင်းမတူခဲ့လို့...
သူများလင် ၊ မယားတွေကိုပိုက်ဆံနဲ့ဝယ်ယူတတ်တဲ့သူဌေးတွေကျတော့လဲ
မိုက်ရိုင်းတယ်လို့ပြောမယ့်လူကိုမရှိဘူးလား
ပိုက်ဆံရှိနေလို့ပါကွာ
ဘာမှ မရှိတဲ့ကောင်မလေးတစ်ယောက် အသက်က ဆယ့်ငါးဆယ့်ခြောက်လောက်ပေါ့
သူ့ဘ၀မှာပျော်စရာဆိုတာမရှိ အလှပြင်ပြီးတော့ညမီးရောင်စုံအောက်မှာ ပိုက်ဆံရှာရတယ်
သူ့ဘ၀တစ်ခုလုံးကို တန်းဖိုးမထားစွာနဲ့ နှလုံးသားမရှိတော့သလိုနေနေရရှာတယ်
ဘယ်သူမှသူ့ကို မိဘကိုလုပ်ကျွေးနေတဲ့ လူကောင်းမလေးတစ်ယောက်လို့မမြင်ဘူး
ပြီတော့ သူ့ကို မိန်းမပျက် (ဂျက်မ)လို့ခေါ်သေးတယ်
ပြန်စဉ်းစားကြည့်ပါ လူဖြစ်လာတာချင်အတူတူ ဘယ်သူကလူကောင်းမဖြစ်ချင်မှာလဲ
ဘယ်သူမဆိုကောင်းတာကိုပဲတောင့်တ ကြတာချည်းပဲ
ဘယ်သူက ညမီးရောင်စုံအောက်မှာ အလုပ်လုပ်ချင်မှာလဲ
ကိုယ့်အိမ် ကိုယ်နိုင်ငံကို ခွဲခွါပြီးတော့ အသက်စွန့်ပြီးတော့ ဘယ်သူကပိုက်ဆံရှာချင်မှာလဲ
ဘယ်သူက မိန်းမပျက်ဖြစ်ချင်မှာလဲ ဘယ်သူကသူများမယားငယ် ဖြစ်ချင်မှာလဲ
ဘယ်သူမဆို ကိုယ့် ချစ်သူနဲ့ ပျော်ပျော် ပဲနေချင်တာပါ
ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ကံကြမ္မာဆိုးတွေက သူမ ဘ၀ကိုဖျက်ဆီးလိုက်ပြီလေ
သူမက မိန်မပျက်ဖြစ်ချင်လို့မှမဟုတ်တာ.......