သားကိုသခင်.လင်ကိုဘုရား ဆိုတာကျွန်မတို့မြန်မာမိန်းကလေးတွေလက်ကိုင်ထားတဲ့စကားပုံပါ
ကျွန်မတို့မြန်မာမိန်းကလေးတွေဟာ
ကိုယ့်ယောကျာ်းကိုအိမ်ဦးနတ်အဖြစ်သဘောထားတယ်
ဘုရားနဲ့ယှဉ်ပြီးအလေးအမြတ်ထားတယ်
မိဘတွေကလဲကိုယ်သားကိုအရှင်သခင်လို့သဘောထားပြီးဆက်ဆံပေးလောက်တဲ့အထိယောကျာ်းများနေရာရခဲ့ပါတယ်
ယောကျာ်းအားလုံးကိုယ်ချင်းစာစိတ်လေးနဲ့မိန်းမတွေမိဘတွေရဲ့ရင်ထဲဝင်ကြည့်စေချင်ပါတယ်
ပထမဆုံးဇာတ်လမ်းတခုပြောပြပါ့မယ်
...မြန်မာမိန်းကလေးတွေရဲ့စောင့်ထိန်းမှုကိုနားလည်ပြီးကိုယ်ချင်းစာတတ်ရအောင်
ကျွန်မအဖေတာဝန်ကျတဲ့မြို့လေးတမြီု့မှာလင်မယား၂ယောက်လုံးဝန်ထမ်းပါ
ကျွန်မနဲ့လဲအရမ်းခင်တယ်ပါတယ်...အမျိုးသမီးကတော့မိဘတွေမရှိတော့ပဲအကိုမိသားစုနဲ့တူတူနေပါတယ်
အကိုရဲ့မိန်းမကနိုင်သမျှကိုကြိတ်မှိတ်ခံပြီးနေခဲ့ရတယ်..အဲလိုနေရင်းမှသူ့ချစ်သူဖြစ်တဲ့လူနဲ့ခိုးရာလိုက်ပြေးခဲ့တယ်
အကိုမိသားစုကလဲသဘောမတူတာယူရလာဆိုပြီးဘာအမွေမှမပေးခဲ့ဘူး....လင်မယား၂ယောက်ဝန်ထမ်းလုပ်ပြီးဝန်ထမ်းအိမ်ယာလေးမှာနေလာတာသားသမီး၂ယောက်ရတဲ့အထိပါ
ကျွန်မနဲ့တွေ့ဆုံချိန်မှာကလေး၂ယောက်နဲ့ပေါ့...တရက်အဲအမငိုပြီးကျွန်မအမေကိုလာတိုင်ပါတယ်...သူ့ယောကျာ်းကကလေးတွေကျောင်းထားဖို့စုထားတဲ့ငွေကို
အရက်သောက်တယ်ဖဲကစားတယ်တဲ့၊အဲလိုပဲတပတ်တခါလောက်ကိုသူတို့ပြသနာတွေကြားနေရပါတယ်..တနေ့တော့ကျွန်မအဲအမဘက်ကနာပြီးအမရယ်အဲလိုယောကျာ်းကိုကွာပစ်လိုက်ပေါ့
ပြောတော့..အမကဘာပြန်ပြောလဲဆိုသားသမီးမျက်နှာရှိတယ်....မိဘတွေကွဲရင်သားသမီးတွေမျက်နှာငယ်မယ်တဲ့လေ.........ဒီလိုအမျိုးသမီးမျီုးကိုငတုံးငအမကောင်းတဲ့
ယောကျာ်းမှစွဲလမ်းနေရလာဆိုပြီးမြင်လို့ရနိုင်မလား.....သူမထားရှိတဲ့သစ္စာတရားတွေမေတ္တာတွေကိုမြင်လာမိပါတယ်.......
အားလုံးအမှန်တရားကိုသိနိုင်ပါစေ...