အခုပြောပြမှာကတော့နောင်တရပေမဲ့မမှီလိုက်တဲ့လူတယောက်အကြောင်းပါ
မြို့လေးမှာလူတယောက်ငွေရှာနိုင်တယ်သုံးနိုင်ဖြုန်းနိုင်တော့အသောက်အစားအပျော်အပါးမက်တာပေါ့
တနေ့အိမ်ကမိန်းမပေးစားတယ်သူ့သားခြေငြိမ်ရအောင်ပေါ့
မိန်းကလေးကရန်ကုန်မှာအလုပ်လုပ်ပြီးသူခြေထောက်ပေါ်သူရပ်တည်နေတဲ့သူ
နှစ်ယောက်လုံးအသက်ကမငယ်တော့ပါဘူး၃၀ကျော်တွေပေါ့
ပထမအမျိုးသမီးလေးကသူစရိုက်ကိုမကြိုက်တာကြောင့်ငြင်းပြီးသူ့အလုပ်ကိုပြန်သွားတယ်
သူလဲဒီအမျိုးသမီးလေးကိုတကယ်ချစ်တာနဲ့ရန်ကုန်အထိလိုက်ပြီး
အမျိုးသမီးကိုလက်ခံဖို့လိုက်ပြောတယ်လေ
သူ့ဘက်ကအားလုံးပြင်ပေးမယ်ပေါ့..အမျိုးသမီးလေးကလဲချစ်သူမရှိ
မိဘကတည်းတိုက်တွန်းနေတော့လက်ခံပေးခဲ့တယ်လေ
သူတို့လင်မယား၂ယောက်စီးပွားရေးလုပ်ပြီးမြို့လေးမှာအခြေတကျဖြစ်လာတာ
ကလေး၁ယောက်ရတဲ့အထိပေါ့..အိမ်ထောင်ကျပြီးမှသူလဲတဖြေးဖြေးလိမ္မာလာခဲ့တယ်လေ
သူ့မိုက်ပစ်ဒဏ်ကတော့သူ့ကိုအကျိုးပေးလာတယ်လေ
အရက်ကြောင့်အသဲရောဂါဖြစ်နေပြီးဆိုတာသိလာတယ်
နောက်ဆုံးသူရှာခဲ့တဲ့စည်စိမ်သူချစ်တဲ့မိန်းမနဲ့ကလေးကိုပစ်ပြီး
သေဆုံးသွားရတယ်....နောင်တကိုနှောင်းမှသိလိုက်ရတာပေါ့
ဒါကြောင့်နောင်တမရခင်ကိုယ်ပိုင်အသိလေးအတွေးလေးထားပြီး
ကိုယ့်ဘ၀ကိုကောင်းအောင်နေစေချင်ပါတယ်
တွေးကြည့်မယ်ဆိုဒီအမျိုးသမီးလေးသာနောက်အိမ်ထောင်ပြုရင်
သူရှာထားသမျှသူများအတွက်လိုဖြစ်သွားမှာလေ
မိန်းကလေးကလဲဘယ်သူမှအိမ်ထောင်မပြုပဲ
ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး....မိဘတွေနဲ့အတူနေရှာပါတယ်
ဒါကြောင့်ကြိုတင်ပြီးကိုယ့်ဘ၀ကိုလမ်းမှန်ပေါ်ရောက်ဖို့ပြင်ဆင်သင့်တယ်
ဘ၀ဆိုတာအမြဲမကောင်းနေဘူးအမြဲလဲမဆိုးနေဘူး
ကိုယ်အသက်ရှင်နေသ၍လမ်းမှန်လေးကိုရွေးတတ်ပါစေ