တစ်ခါကပေါ့ မှုလတန်းကျောင်းသူမလေးတစ်ယောက်ပေါ့နော်
တစ်နေ့မှာတော့ ကျောင်းကို ကျန်းမာရေးလာစစ်တဲ့ ဆရာ/ဆရာမတွေ ရောက်လာတယ်ဆိုပါတော့
ဆရာ/ဆရာမတွေလဲ စစ်ပြီးတော့ တစ်ခန်းစီးကို အကျိုး/အကြောင်းလေးတွေကို ပြောပြတယ်ပေါ့
အဲဒီမှ သူငယ်မလေးအတန်းလဲရောက်ရော ဘယ်လိုပြောလိုက်သလဲဆိုတော့
“ဒီအခန်းထဲမှာ ဒီကလေးမတစ်ယောက်ပဲ A လိုပြောလိုက်ပါ့လေရော”
အဲဒီကောင်မလေးလဲ အဲဒီနေ့ကနေစပြီး
ကျောင်းလဲ မသွား ၊ အစာလဲ မစား ၊ အခန်းထဲနေလဲ မထွက် ဖြစ်နေရှာတာပေါ့
မိဘတွေက ဘာလို့လဲ မေးတော့လဲ မေးမရပေါ့
ဒီလိုနဲ့ တစ်နေ့မှာတော့ ဖြေလာတယ်ပေါ့ဗျာ
ဘယ်လိုဖြေလာသလဲ ဆိုတော့ “သမီးက ထမင်းစားလဲ သေမှာပဲ”လိုပြောလေသတဲ့
အဲဒီမှာပဲ အကြောင်းစုံကို မေးကြည့်တော့မှ “သမီးတို့ဆေးလာစစ်တဲ့ ဆရာဝန်ကပြောတယ်
ဒီအခန်းထဲမှာ သမီးတစ်ယောက်ထဲပဲ A လိုပြောပါတယ်”တဲ့
သမီးလေးအပါအ၀င် သူတို့ကတော့ AIDS လိုတွေးနေတယ်ပေါ့ဗျာ
အဲလိုသိလိုက်တော့ မိဘတွေကလဲ ဆရာဝန်ကို သွားမေတာပေါ့
တစ်ကယ်တော့ ကလေးမှာ A သွေးလိုပြောတာပါ့
မိဘတွေက ဆရာဝန်ထံမှ အကြောင်းစုံ သိလာတော့မှ
သမိးလေးကို ရှင်းပြလိုက်တယ်ပေါ့
အဲဒီမှပဲ ကလေးမလေးဟာ အစာစား ကျောင်းသွားတော့တာပေါ့ဗျာ
ကလေးလေးကကြောက်တယ်နော် လူကြီးတွေလဲကြောက်တက်ပြီး
အရှုပ်အရှင်းကင်းအောင်နေစေလိုသောဆန္ဒဖြင့်တင်ပြအပ်ပါသည်။









