Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အလိုမတူကျင့်ကြံမှုမှ လွတ်မြောက်အောင်

$
0
0

အောက်ပါနည်းများသုံး၍ မိမိအရှက်ကိုကာကွယ်ပါ။

စာရေးဆရာမီလင်ဂုစတိန်းကအောက်ပါအတိုင်းရေးသားတင်ပြထားပါသည်။ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်မှ ကာယပညာဆိုင်ရာ ပါမောက္ခလည်းဖြစ်၊ အမျိုးသမီးကိုယ်ခံပညာရပ် ကျွမ်းကျင်သူလည်းဖြစ်သူ ဒေါက်တာမေရီကွန်ရီက အမျိုးသမီးများ ဗလက္ကာရပြု မခံရလေအောင် ဤသို့အကြံပြုထားသည်။

မိမိအားဗလက္ကာရ ပြုမည့်သူနှင့် ရင်ဆိုင်ရပြီဆိုလျှင် “ကယ်ကြပါ” ဟုမအော်ကြပါနှင့်၊ “မီး မီး”ဟုအလန့်တကြားအော်လိုက်ပါ။ လူအများဝိုင်းအုံလာကြလိမ့်မည်။ အနီးအပါး၌ လူမရှိသည့်တိုင် ဗလက္ကာရ ပြုမည့်သူအဖို့ ရုတ်တရတ်ကြောင်သွားနိုင်သည်။ ထိုအခါ သင့်အဖို့ ပြေးပေါက် ပွင့်နိုင်ပါသည်။ အချိန်သည် စက္ကန့်နှင့်အမျှ တန်ဖိုးရှိလှ၏။

ပြေးလျှင်လူတောထဲ ၀င်ပြေးပါ။ လူမရှိလျှင် ရှင်းလင်းသောကွက်လပ်ရှိရာသို့ ထွက်ပြေးပါ။ လူသွားလူလာရှိသော လမ်းလယ်ခေါင်သို့ ရောက်အောင်ထွက်ပါ။ ညဘက်တွင် အလင်းရောင်များ ရာသို့ ဦးစားပေးပြေးပါ။

မလွတ်သာလျှင် အလိုတူဟန်ပြု၍ အသာကလေးငြိမ်နေပါ။ ဗလက္ကာယပြုမည့်သူက သူကိုင်ဆောင်လာသော အကြမ်းဖက်လက်နက် တစ်ခုခုကို အသုံးပြုရန်မလိုလားသည့်အလား မေ့မေ့လျော့လျော့ဖြစ်သွားမည်။ ထိုအခါ သင်တစ်နည်းနည်း ကြံနိုင်မည်။ အမျိုးသမီးတစ်ဦးကမူ သူ့မှာ(အေအိုင်ဒီအက်စ်)ရောဂါ ရှိနေကြောင်း ခပ်တည်တည်နှင့် လှိမ့်သည်။ အမျိုးသမီးတစ်ဦးကမူ ကိုယ်ဝန်ရှိမည်စိုး၍ အကာအကွယ်လုပ်ဦးမည်ဆိုကာ ရေအိမ်ဝင်ခွင့်တောင်းပြီး ရေအိမ်ပြတင်းပေါက်မှ ထွက်ပြေးသည်။

ဤကား လှည့်စားနည်းများဖြစ်သည်။ ဤနည်းလမ်းများသည် ဆယ်ရေးတစ်ရေး၊ ကိုယ်ရေးတစ်ရာသာ အားကိုးနိုင်သော နည်းများဖြစ်သည်။ စိတ်မချရ၊၊ တကယ်တမ်း တွင်အကြမ်းဖက်သူအား၊ တန်ပြန်အကြမ်းဖက်နည်းဖြင့်ပင် တို့ပြန်ရတတ်မြဲဖြစ်သည်။

ထိုအခါသင်သည် သဘာဝမိခင်က တပ်ဆင်ပေးလိုက်သော လက်နက်ဖြစ်သည့် သင့်လက်မနှစ်ဖက်ကို စူးဆောက်သဖွယ် အသုံးချနိုင်ပါသည်။
သင့်လက်နှစ်ဖက်လွက်လွက်လပ်လပ် ရှိနေဖို့လိုသည်။ လူရမ်းကား၏ ဦးခေါင်းအား သင့်လက်ဖ၀ါးနှစ်ဖက်ဖြင့် ညှပ်ကိုင်ထားပါ။ ပြီးနောက် ရုပ်တရတ်အားသွင်းပြီး သင့်လက်မနှစ်ဖက်ကို မျက်လုံးနှစ်လုံးထဲစိုက်ပြီး နှိုက်ထုတ်လိုက်ပါ။ မှတ်ကရော။ လူရမ်းကားသည် မျက်လုံး ပြာဝေ နာကျင်မှုကြောင့် ရုတ်တရတ် ဗျာများသွားစဉ် သင်ထွက်ပြေးပါ။ သို့မဟုတ် သူ့အားတစ်ခုခုနှင့် ရိုက်ထည့်လိုက်ပါ။

အကယ်၍ သင့်ရန်သူ လူရမ်းကားသည် သင့်လက်မောင်း နှစ်ဖက်အား ဖိချူပ်ထားလျှင် လွတ်နေသော လက်ချောင်းများအား အသုံးချ၍ မျက်လုံးကိုကုတ်ဖဲ့ ဆွဲဖြဲပစ်ပါ။ သင့်လက်ချောင်း ကလေးများ ပို၍ အားကောင်းလာစေရန် ကြောင်လက်သည်းကဲ့သို့ ခပ်ကွေးကွေး ကုပ်းထားပြီးမှ တိုက်ခိုက်ပါ။

အထက်ပါ တိုက်ခိုက်နည်းများကြောင့် အခြေအနေ ဖရိုဖရဲဖြစ်နေစဉ် ဒုတိယအဆင့် စစ်ဆင်ရေးအဖြစ် သင့်ဒူးခေါင်းအား သုံးပါ။ သင့်ကိုယ်အလေးချိန်ကိုခန္ဓာကိုယ် တစ်ခြမ်းပေါ် မဲ့တင်းထောက်ထားပြီး အားယူကာ ကျန်ဒူးတစ်ဖက်ဖြင့် လူရမ်းကား၏ ပေါင်ခြံကို တအားဆောင့်ပါ။ ရန်သူ ခြေလွတ်လက်လွက်ဖြစ်နေစဉ် သူ့မျက်လုံးများလည်း ပြန်ကောင်းမလာမီ သင့်လက်ဖ၀ါးနှစ်ဖက်အား ပတ္တာဆက်ဆက်ကာ လက်ခုပ်သဏ္ဌန်ပြုလုပ်၍ အားထည့်ပြီး ဇက်ပိုးကို ဆင့်ကာဆင့်ကာ အုပ်ပါလေ။

လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကထုတ်တဲ့ စာအုပ်တစ်အုပ်ထဲက တွေ့လို့ကူးထားတာ...ဘယ်စာအုပ်မှန်းမသိတော့ဘူး....

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၃-၁၂-၂၀၁၁)(၁၆း၁၅)နာရီ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>