တစ်ချိန် တစ်ခါကပေါ့ ဗျာ... ရွာတစ်ရွာမှာ....မထက်ထက် ဆိုတာရှိတယ်...သူက တစ်ရွာ လုံ ရဲ့  ကွမ်းတောင်းကိုင် ပေါ့...ချောမော လှပါတယ်...
အဲ့  ရွာလေးမှာ ပဲ မောင် ထွေး ဆိုတဲ့ လူက စက်ဘီလေးတစ်စီးနဲ့  ညနေဆို လမ်းထွက်တက်တယ်....တစ်နေ့သူ လမ်းထွက်တဲ့အချိန် မှာ
လမ်းတစ်နေရာမှာ မထက် တစ်ယောက် ဈေးခြင်းတောင် ကြီး မှောက်ကာ...ချော်လဲ နေသည်ကို မြင်တော့ အပြေး အလွှာကို ကူညီလိုက်တယ်..။
နောက်သူ့စက်ဘီး နဲ့ လိုက်ပို့မယ်ပြောကာ...ခေါ်သွားတယ်...အဲ သူတို့ ရွာကို သွားရင် သပြေခြံ ကို ဖြတ်ရတယ်...သပြေခြံ ကိုမဖြတ်ခင် လူသေလောင်တွေကို မီးရို့တဲ့ နေရာကိုဖြတ်ရတယ်... အဲ့နေရာကိုရောက်တော့ မထက်က ခဏဆင်းပြီး သပြေခြံထဲရှောက်ချင်တယ်လို့ ပြောတယ်
မောင်ထွေး စက်ဘီးလေ ကို ရပ်ပြီး သူမ သပြေပန်း ခူတာကို စောင့်နေတယ် သူမ သပြေပန်းကို နှစ်သက်ပုံရပါသည်...။
ဒီိလိုနှင့် မထက် နှင့် မောင်ထွေး သံယောဇဉ်ဖြစ်ကာ ချစ်သူ အဖြစ်ကိုရောက်ရှိသွားတယ်...။သူတို့နှစ်ယောက် နေ့တိုင်း အလိုလို သပြေခြံနား တွင်ချိန်းတွေ့ လေ့ရှိတယ်...။သပြေခြံက လူအရမ်းပျက်ပါသည်...သင်ချိုင်း နဲ့ လဲနီး ပါသည်...။ တစ်ချိန်ကြတော့.... ကိုထွေးတစ်ယောက် ဟိုဘက်ရွာက သူဘကြီး နေမကောင်း လို့ သွားရတော့မည်.... သူမတို့ နှစ်ယောက် ချိန်းတွေ့ကာ နူတ်ဆက်ကြသည်...။သပြေခြံ မှာပါပဲ...ချစ်သူနှစ်ယောက် ခွဲခွား ချိန် နူတ်ဆက်တယ်ဆိုတာ သဘာဝပါ....နောက်နေ့တော့ ကိုထွေး တစ်ယောက် သူဘကြီး ရွာကို ပြန်သွားတယ်...။
အချိန်တွေဟာ တစ်လ လောက်တော့ ကြာ သွားခဲ့တယ်.... .။တစ်လကြာပြီးတဲ့နောက်...မောင်ထွေး ရွာကိုပြန်ရောက်လာတယ်...။မထက်အိမ်နားကို ရောက်တော့...မထက်တစ်ယောက် အိမ်က နေပြေးပြီး ဆင်းလာတာကိုမြင်ရတယ်...
မထက်ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ....မထက်ဘာမှမပြောပဲ...“ မောင်..သပြေခြံကို သွားမယ်နော်....”
မိုးချုပ်နေပြီးလေ...
“မထက်ကို အိမ်ပေါ်က နှင်ချလိုက်တယ်”...
ဘယ်သူလဲ ဘယ်သူကလဲ...
“အဖေကြီးက...”
မောင်ထွေး ဘာမှမပြော...ပဲနဲ့ သပြေခြံ ကို ထွက်လာခဲ့သည်.... မထက်လက်ကို တစ်ချက်ကြည့်လိုက်တော့... မဲနေသည်....မျက်ကွင်းတွေ ညိုနေသည်....မောင်ထွေးမေးလိုက် ပါတယ.်... “မထွေး လက်တွေ ဘာလို့မဲနေတာလဲ ဟင်...”
“သြော် ဒါလာ....ဒါလာ...ဟို ထဲကို ၀င်လိုက်ရလို့ပါ”...
မထက်ညွန်ပြရာကို မောင်ထွေကြည့်လိုက်တော့...မီး ၇ို့ တဲ့နေရာကိုပြတယ်....
မောင်ထွေးတစ်ယောက် ကျက်သီ ဖြန်းကနဲ့ထသွားတယ်.... နောက်ကိုကြည့်တော့ မထက်မရှိတော့ပါ....မောင်ထွေး တစ်ယောက် ကြောက်ကြောက် နှင့် ရွာ ထဲကို ပြေးပါတော့တယ်... ဟိုရောက်တော့ ကြီးမေ ကြီးမေ
ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ မောင်ထွေး
...မထက်ကော မထက်ကောလို့....
အလောတကြီးနဲ့ပင် မောင်ထွေးမေးနေမိသည်...
ဟဲ့ မထက်က မနေ့ ရက်လည်တယ်လေ...နင်မသိဘူးလာ....။
ဗျာ..........
မောင်ထွေး တစ်ယောက် သွေးပျက် သွားသည်....နောက် သူ့ကြီးမေ ကို အကုန်ပြန်ပြောပြတော့ မထက်ပြောလိုက်တဲ့ အဖေကြီးဆိုတာ..က ပရိတ်သတ်တို့ မည်သူ လို့ထင်ပါသနည်း.....။
သိလောက်မှာပါနော်.....။ရဲရင့်ခေါင်။