einstein နှင့် နှူကလီယားဗုံး၏ နိုင်ငံရေးနှင့်ပက်သက်မူကို အားလုံးသိရှိကြပြီးဖြစ်သည်..။ အမေရီကန်ပြည်ထောင်စုက အလေးနက်စဉ်စားရန် သမ္မတကြီး ဖရင်ကလင်ရုစဗဲ့ ထံရေးသော ကျော်ကြားသည့်စာကို သူလတ်မှတ်ရေးထိုးခဲ့သည်..။
ထိုနောက် ကမ္ဘာစစ်ကြီး ပြီးချိန်တွင် နျှူကလီယား စစ်ပွဲတားဆီးကာကွယ်ရန် ကြိုးပမ်းခဲ့သည်..။ ယင်းတို့သည် နိုင်ငံရေးထဲသို့ဆွဲ ရ်ျအသွင်းခံရသည့် သိပံပညာရှင်တစ်ဦး၏ သီးခြား ဖြစ်ရပ်များမဟုတ် ။ အိုစတိုင်း၏ ဘ၀သည် သူ့စကားနှင့်ပြောရလျှင် နိုင်ငံရေးနှင့် ညီမျှကိန်းများကို ခွဲခြားထားသည်...။
einstein ၏ အစောဆုံး နိုင်ငံရေးဆောင်ရွက်ချက်သည်ပထမကမ္ဘာစစ်ကြီး ဖြစ်ချိန်ကပင်စခဲ့သည်..။ ထိုစဉ်က သူသည် ဘာလင်မြို့တွင် ပါမောက္ခရာထူး ဖြင့်ရှိခဲ့သည်..။ လူသတ္တ၀ါများ အကြောင်းမဲ့သေကြေရသည်ကို ရွံမုန်းကာ သူသည် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်..။ကမ္ဘာစစ်ကြီးပြီးချိန်တွင် သူသည် နိုင်ငံအချင်းချင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်နှင့် ပြန်လည်သင့်မြတ်စေရန်
အားထုတ်ခဲ့သည် ။ သို့သော် သူသည် ထိုအချိန်က မထင်ရှားခဲ့ ။ ထိုအချိန်က သူ့အားအမေရီကန် တွင်ဟောပြောချက်ပေးရန်ပင် ဖိတ်ကြားခြင်းမခံရ..။
einstein ၏ ဒုတိယကြီးမာသော အကြောင်းရင်းခံမှာ ရေဟူဒီများ ပါလက်စတိုင်ပြည်တွင် အခြေစိုက်ရေးမူဖြစ်သည်..။ သို့သော် ရှေးမ အမျိုးသားရေးဆန့်ကျင်သော လူပ်ရှားမူကို သူက ကောင်းစွာနားလည်သဘောပေါက်သည်နှင့်အညီ ပထမကမ္ဘာစစ်ကြီးအတွင်းနှင့် ပြီးဆုံးချိန်တွင် သူသည် (ဂျူး) လူမျိုးများနှင့် တဖြည်းဖြည်းချင်းပေါင်းစည်းကာ ထောက်ခံအားပေးခဲ့သည်.။
နောက်ပိုင်းတွင် Zionism အတွက်ပွင့်လင်းစွာပြောတက်သူဖြစ်ခဲ့သည်..။ တစ်ကြိမ်တွင်သူ၏ ကျော်ကြားမူ နည်းပါးလာသော်လည်း သူ၏
စိတ်ကို ပြောပြရာတွင် ရပ်နားသည်မရှိ ။ သူ၏သီအိုရီများ ကို တိုက်ခိုက်လာကြသည်..။einstein ဆန့်ကျင်ရေးအဖွဲ့ပင်ပေါ်ပေါက်ခဲ့သည်
။ လူတစ်ယောက်သည် einstein အားလုပ်ကြံရန် အခြားသူများအား အားပေးအားမြှောက်ပြုခဲ့သဖြင့် တရားရုံးက ဒဏ်ငွေတပ်ခံရသည်။
သို့သော် einstein က ဂရုမြ့ပု ခဲ့ 100 Authors Against einstein ဆိုသော စာအုပ်ထွက်လာသောအခါ သူက “ကျွနုပ်မှားသည်ဆိုလျှင် တစ်ကြိမ်မှားရုံဖြင့် လုံလောက်ပြီဟု ပြောခဲ့သည်...။
သူ၏တစ်သက်တာတွင် einstein၏ ငြိမ်းချမ်းရေးတွက် ဆောင်ရွက်သူများ သည် ကြာရှည်မခံ ။ မိတ်ဆွေ အနည်းငယ်သာသူရခဲ့သည်။
၁၉၅၂ ခုနှစ်တွင် သူ့အား အစ္စရေး နိုင်ငံသမ္မတ အဖြစ်တင်မြှောက်ရန် ကမ်းလှမ်းခဲ့သည်..။ သို့သော် သူသည် နိုင်ငံရေးတွင် အကင်းမပါးဟု ဆိုကာ ငြင်းဆိုခဲ့သည်..။ သို့သော်သူ၏ အဓိက ရည်ရွယ်ရင်းမှာ တစ်မျိုးဖြစ်နိုင်သည် ။ သူပြောပြသည်ကို ကိုးကားရလျှင်
“ညီမျှကိန်းများက ကျွနုပ်အတွက်ပိုအရေးကြီးတယ် နိုင်ငံရေးဆိုတာ လက်ရှိခေတ်တစ်ခေတ်အတွက်ပဲ၊ သို့သော် ညီမျှကိန်းတစ်ခုသည် ထာဝရဖြစ်ပါတယ် ” ဟုပြောပြခဲ့သည်...။
ကျွန်တော်ကြိုက်နှစ်သက်လိုက်ရတဲ့စကားကတော့ {ကျွနုပ်မှားသည်ဆိုလျှင် တစ်ကြိမ်မှားရုံဖြင့် လုံလောက်ပြီဆို } တဲ့ စကာလေးကိုပေါ့
einstein ကိုလေးစားသော ပရိသတ်များအတွက် ..။ရဲရင့်ခေါင် ။