IT COMPUTER TRAINING CENTER မှ
ဖေဖေါ်ဝါရီလ 17 , 18 , 19 , 20 ရက်နေ့များတွင် ဖွင့်လှစ်မည့်
Professional Web Design Course သင်တန်းအား အရစ်ကျ ( 3 ) ကြိမ်ခွဲ၍ တက်ရောက်နိုင်ခြင်း
Professional Web designer တစ်ယောက်အဖြစ်ရပ်တည်လိုသူများ အတွက် မရှိမဖြစ်လို အပ်သော Hypertext Markup Language (HTML) နှင့် Cascading Style Sheet (CSS) Courses များကို အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးပါသည်။ JavaScript Language ကိုအသုံးပြု၍ Client Script ရေးသားခြင်း၊ Adobe Photoshop CS 5 ကို အသုံးပြု၍ Website Template များရေးဆွဲခြင်း၊ Adobe Flash CS 5 ကို အသုံးပြု၍ Animation Effect များကိုဖန်တီးခြင်း နှင့် Adobe Dreamweaver CS 5 ကို အသုံးပြု၍ Website Coding များရေးသားခြင်း အဆင့်ဆင့်ကို လွယ်ကူ နားလည်လွယ်သော သင်ခန်းစာဖြင့် စနစ်တကျ သင်ကြားပေးပါသည်။
အထူးအစီအစဉ်အနေဖြင့် သင်တန်းပြီးဆုံးသည့်အချိန်တွင် ကိုယ်ပိုင် Domain Name တစ်ခုနှင့် Hosting တစ်ခု၊ ကိုယ်ပိုင် www.yourname.com Internet Website တစ်ခုကို တစ်နှစ်စာ ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ Dormain Name နှင့် Server Management ပြုလုပ်ပုံ အဆင့်ဆင့် ကို စနစ်တကျ သင်ကြားပေးပါသည်။ သင်တန်းပြီးဆုံး သည့်အချိန်တွင် On Job Training ဆင်းလိုသူများအတွက် IT Computer Training Center မှာ project များကို လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ Professional Web Design Course ကို သင်တန်း သားများအတွက် စာတွေ့၊ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူတတ်မြောက်နိုင်စေရန် အခန်း ( 5 ) ခန်း ခွဲပြီး သင်ကြားပေးသွားပါမည်။
အခန်း (1) တွင် Website တစ်ခုဖန်တီးရာတွင် လိုအပ်သော Internet Protocol နှင့် Web Browser နှင့် Search Engine (Google, Yahoo, Bing) လုပ်ဆောင်ပုံ အဆင့်ဆင့် ကို စနစ်တကျ သင်ကြား ပေးပါမည်။
အခန်း (2) တွင် Webside ဖန်တီးရာတွင် မရှိမဖြစ်လိုအပ်သော Hypertext Markup Language နှင့် Website Template design ကို Control လုပ်ရန်လိုအပ်သော Cascading Style Sheet အသုံးပြုအဆင့်ဆင့်ကို Adobe Dreamwaver CS 5 Software ကို အသုံးပြု၍ Coding ရေးသားပုံ အဆင့်ဆင့် ကိုစနစ်တကျသင်ကြားပေးမည်ဖြစ်ပါသည်။
အခန်း (3) တွင် Website တစ်ခုတွက် Adobe Photoshop CS 5 ကိုအသုံးပြုပြီး Website Template ရေးဆွဲနည်း အဆင့်ဆင့် ကို သင်ကြားပေးပါမည်။
အခန်း (4) တွင် Website တစ်ခုတွင် ပါဝင်သော သက်ဝင်လှုပ်ရှားမှု Animation ဖန်တီးပုံကို Adobe Flash CS 5 SoftWare ကို အသုံးပြု၍ ဖန်တီးပုံအဆင့်ဆင့် ကို စနစ်တကျ သင်ကြားပေးမည်ဖြစ်ပါသည်။ ထို နောက် JavaScript Language ကို အသုံးပြု၍ Web page တစ်ခု ကို Control လုပ်ပုံအဆင့်ဆင့် ကိုသင်ကြားပေးပါမည်။
အခန်း (5) တွင် Domain Name တစ်ခုကို အသုံးပြု၍ DNS ညွန်းပုံ အဆင့်ဆင့် နှင့် Server တစ်ခု ကို အသုံးပြု၍ File Management လုပ်ပုံ အဆင့်ဆင့် ကို စနစ်တကျ သင်ကြားပေးမည်ဖြစ်ပါသည်။
Domain ၀ယ်ယူခြင်း နှင့် Hosting ရွေးချယ်ပေးခြင်း တို့ကို တာဝန်ယူပေးသွားမည်ဖြစ်ပြီး real online project အဖြစ် လက်တွေ့ရေးသား publish ပြုလုပ်ရမည် ဖြစ်သောကြောင့် ကိုယ်ပိုင် Personal Website လွှင့်တင်လိုသူများ၊ မိမိစီးပွားရေးလုပ်ငန်း အကြောင်း Public ကို အကောင်းဆုံးချပြလိုသူ လုပ်ငန်းရှင်များ၊ လူမှု့အကျိုးပြု အဖွဲ့အစည်း စသည်တို့ တည်ထောင်ထားသူများ၊ အနုပညာရှင်များ၊ ဘလော့ဂါများ၊ စာရေးဆရာနှင့် စာအရေးအသား ၀ါသနာရှင်များ၊ အိုင်တီနယ်ပယ်မှ ညီအစ်ကိုမောင်နှမများ၊ Amazon, Google Shopping, eBay စသည့် လုပ်ငန်းကြီးများ၏ online ရောင်းဝယ်ဖောက်ကားမှု အကြောင်းများကို လေ့လာပြီး မိမိ ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို အင်တာနက်ပေါ်မှ အရောင်းအ၀ယ်ပြုလုပ်လိုသူများ၊ Credit Card, Debit Card နှင့် Paypal account များ၏ အလုပ်လုပ်ပုံ၊ MasterCad နှင့် VISA လျှောက်ထားခြင်း အကြောင်းများ နှင့် online ငွေပေးချေမှု လုပ်ငန်းများ အကြောင်း ( Online marketing, Offline Marketing, Online Business ) အကြောင်းများ နှင့် online ဗဟုသုတများကို ပြည့်စုံစွာ သင်ကြားလိုသူများ၊ မိမိနာမည်ဖြင့် သူများ register မလုပ်မီ လက်ဦးမှုရယူထားလိုသူများ အထူးတက်ရောက်သင့်သောသင်တန်းဖြစ်သည်။
Professional Web Design တွင် သင်တန်းသားများအား မနက်ပိုင်း 2 ချိန်၊ ညနေပိုင်း 2 ချိန် တက်ရောက်သင်ယူနိုင်ပြီး၊ ရုံးဝန်ထမ်းများ နှင့် Company ၀န်ထမ်းများအတွက် မနက်ပိုင်း 7း 9 နှင့် ညနေပိုင်း 6း 8 တန်းခွဲများ စီစဉ်ထားရှိပေးပါသည်။ သင်တန်းသားများအနေဖြင့် သင်တန်းကာလ ( 2 ) လ သင်ယူရမည့်ဖြစ်ပြီး သင်တန်းကာလအတွင်း ကျွမ်းကျင်မှုမရှိပါက 1 လ ခန့် ထပ်မံပြီး သင်ယူခွင့်ရရှိမည်ဖြစ်သည်။ Prfessional Web Design Course သင်တန်းကြေးအား 150000/- ကျပ် သတ်မှတ် ထားပြီး သင်တန်းတက်ရောက်သင်ကြားလိုသူ သင်တန်းသားများအတွက် အရစ်ကျ ( 3 ) ကြိမ်ခွဲ သင်တန်းတက်ရောက်နိုင် အောင် စီစဉ်ထားရှိပေးပါသည်။
အသေးစိတ်သိရှိလိုပါက - IT COMPUTER TRAINING CENTER ( I )
အမှတ်- 153၊ 39 လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်။ဖုန်း - 377236 ၊ 0949290778
IT COMPUTER TRAINING CENTER ( II )
အမှတ် - 91-93 ၊ 49 လမ်း နှင့် လမ်း 50 ကြား၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပုဇွန်တောင်မြို့နယ်။ ဖုန်း - 295679 ၊ 095039251