"နှင်းဆီ"
"နင်နဲ့ကောင်းကောင်းပြတ်သွားကြပြီဆို"
"အေးဟုတ်တယ်"
"ဟယ်..နင်ကလည်းတွဲတာမှဘယ်လောက်ကြာသေးလိုလည်း..ကောင်းကောင်းကနင်ကိုတကယ်ချစ်နေတာ..
သူသနားပါတယ်"
"ခရေ..နင်ကဘာနားလည်လို့လည်း.အချစ်ဆိုတာကို..ချစ်တာနဲ့ငါဘ၀တခုလုံးကိုသူအတွက်ပုံအပ်ရရောလား...
ငါကိုချစ်တယ်ဆိုလို့ပြန်ချစ်လိုက်တာပဲရှိတာ..ငါသူကိုချစ်လို့ပြန်ချစ်တာမဟုတ်ဘူး..
သူလိုရုံးစာရေးကိုငါ..ချစ်စရာလား..ငါဘ၀ဘယ်တော့တိုးတတ်မလည်း..ငါလုပ်နေတဲ့အလုပ်နင်သိသားပဲ..
ငါအနားဒီလောက်ဝိုင်းဝိုင်းလည်နေတာ..သူလောက်အရည်အချင်းလောက်တော့ငါစိတ်မ၀င်စားဘူး..
သူကငါလိုဆိုင်မှာဆိုနေတဲ့ကောင်မလေးကိုလည်းကြိုက်သေးတယ်...ဟိုလူနဲ့မဆက်ဆံနဲ့ဒီလူနဲ့မဆက်ဆံနဲ့.
.နင်စဉ်းစားကြည့်လေ.ငါအလုပ်ကဘယ်သူနဲ့မှမဆက်ဆံလို့ရတဲ့အလုပ်လား...
ပြီးတော့ငါဘ၀အတွက်..ကောင်းကောင်းကရွေးချယ်သင့်တဲ့လူမဟုတ်ဘူး..သူကိုရွေးချယ်လိုက်လို
ငါဘ၀မတိုးတတ်ဘူး..ခရေ..နင်သိလား..ဘ၀ဆိုတာချစ်တိုင်းပြီးတာမဟုတ်ဘူး..
နင်ကစာတွေပဲကြိုးစားနေတဲ့လူဆိုတော့နင်သိမှာမဟုတ်ဘူးလေ..
ငါဘ၀ကကြမ်းခဲ့တော့ငါမဆင်းရဲချင်ဘူးခရေ"
ကျွန်မနှင်းဆီကိုကြည့်နေမိတယ်..နှင်းဆီဆိုတဲ့အတိုင်းရဲရင့်ပြတ်သားလိုက်တာ.
.ကျွန်မသာဆိုကိုယ်ချစ်တဲ့သူကို..ဘယ်လိုအကြောင်းနဲ့မှအကွဲခံနိုင်မှာမဟုတ်ဘူး...
ကျွန်မနှင်းဆီကိုဘယ်လိုပြန်ပြောရမှန်းမသိဖြစ်သွားတယ်..မှန်ပါတယ်လေ.
သူ့ဘ၀ကိုသိနေတဲ့ကျွန်မအဖို့ရှေ့ဆက်မပြောနိုင်တော့ပါဘူး..
"နှင်းဆီ..ကောင်းကောင်းကနင်ကိုတကယ်ချစ်တာငါသိလိုပြောမိတာပါ..အေးဟာနင်အကြောင်းငါသိတော့
နင်ကိုဘာမှမပြောချင်တော့ပါဘူး..နှင်းဆီနင်သတိတော့ထားပေါ့...စားသောက်ဆိုင်မှာလုပ်တယ်ဆိုတာ
အကောင်းလည်းရှိတယ်အဆိုးလည်းရှိတယ်လေ...ငါစိုးရိမ်လို့ပြောတာနော်"
"အေးပါဟာခရေ..နင်စေတနာနားလည်ပါတယ်.."
နှင်းဆီနာမည်နဲ့လိုက်အောင်ကိုနီရဲထက်မြက်..ဘ၀လည်းတော်တော်ကြမ်းတဲ့ကျွန်မသူငယ်ချင်းလေးပါ...
နှင်းဆီနဲ့စတင်ရင်နှီးဖြစ်ခဲ့ပုံက
တနေ့..ကျွန်မကားလမ်းဖြတ်အကူး...ကျွန်မစာအုပ်တွေမနိုင်မနင်းနဲ့..လမ်းဖြတ်အကူးမှာ.
.ကားတစ်စီးနဲ့ဝင်တိုက်တော့မယ်အချိန်မှာ..
.ကောင်မလေးတယောက်က..ကျွန်မကိုတွန်းထုတ်လိုက်ပါတယ်..ကံကောင်းစွာပဲကားက..အရှိန်မပြင်းလို့..
ကျွန်မတို့နှစ်ယောက်သိပ်ကြီးကြီးမားမားဒဏ်ရာမရခဲ့ပါဘူး...
ကျွန်မကတော့မေ့သွားခဲ့တယ်...ကျွန်မကိုကယ်လိုက်တဲ့ကောင်မလေးကတော့..တကယ့်အာဂကောင်မလေးလို့..
ကျွန်မသတိရချိန်မှာကျွန်မကိုမေမေကပြောခဲ့တယ်..
ဆေးရုံမှာကျွန်မနိုးလာတော့..ကောင်မလေးကဘေးမှာဒဏ်ရာတွေနဲ့လက်မှာပတ်တီးနဲ့လေ
"မေမေက သမီးသတိရပြီလား"
"ဟုတ်..မေမေ"
"ဒါသမီးကိုကယ်လိုက်တဲ့သမီးလေးလေ.သူနာမည်ကနှင်းဆီတဲ့"
"ဟုတ်အမကျေးဇူးနော် ..ခရေကိုကယ်တာ..ခရေအသက်ကိုကယ်ပေးလိုမမပေးတဲ့အသက်ပဲရှိပါတယ်"
"ရပါတယ်ခရေ..တို့လည်း..ကယ်ခွင့်ရလို့..ကူညီခွင့်ကြုံလိုပါ.."
"ခရေလည်းသတိရပြီဆိုတော့..တို့လည်းပြန်လိုက်ဦးမယ်...အန်တီသမီးကိုခွင့်ပြုပါဦး"
"သမီးမနက်ဖန်..အန်တီပေးတဲ့လိပ်စာအတိုင်းလာခဲ့နော်...အန်တီတို့စောင့်နေမယ်"
"ဟုတ်ကဲ့အန်တီ..ခရေတာတာမြန်မြန်ကျန်းမာပါစေနော်"
"တာတာ ကျေးဇူး"
နှင်းဆီသွားတော့..ကျွန်မမေမေ့ကို.
".မေမေသူကသွက်တယ်နော်ထက်မြက်မယ့်ပုံ...လုံးဝအကြောက်အလန့်မရှိဘူး...သမီးကသာမေ့သွားတာ..
သူကဘာမှမဖြစ်တဲ့ပုံ"
"အော်..သမီးရယ်ဘယ်တူမလည်း..တစ်ယောက်နဲ့တစ်ယောက်...အော်ဒါနဲ့.မနက်ဖန်.
.အဲဒီသမီးလေးကိုထမင်းစားဖိတ်ထားတယ်"
"ဟုတ်မေမေ...သမီးလည်းဘာမှဖြစ်တော့ပါဘူး..."
"အင်း..ဆရာဝန်ကပြောတယ်..သမီးသတိရလာရင်ဆေးရုံကဆင်းလို့ရပြီပြောတယ်..
သမီးဖေဖေဆေးရုံဆင်းဖို့သွားလုပ်နေတယ်...ဟော..ပြောရင်းသမီးဖေဖေလာပြီ..
လာသမီးဖြေးဖြေးထ"
အဲလိုနဲ့ခရေနဲ့နှင်းဆီတို့နှစ်ယောက်ပိုမိုရင်းနှီးလာခဲ့တယ်...ခရေအိမ်ကိုသူအလုပ်ပိတ်ရက်တိုင်း..
နှင်းဆီလာခဲ့တယ်...ခရေလည်းနှင်းဆီဘယ်မှာလုပ်တယ်ဆိုတာ..မသိခဲ့ပါဘူး..မေးလည်းမမေးခဲ့မိဘူး..
တနေ့.မေမေက
"ခရေ..သမီးလေး.."
"ရှင်..မေမေ.."
"သမီး.သူငယ်ချင်းနှင်းဆီဘယ်မှာအလုပ်လုပ်တယ်ဆိုတာသိလား.."
"ဟင့်အင်းမသိဘူးမေမေ..သူလည်းမပြောသလို..သမီးလည်းတခါမှမမေးမိဘူး"
"အင်း..ငါသမီးကတော့လေ..တကယ်ကိုပဲ...တော်သေးလိုပေါ့..မေမေအသိမြန်ပေလို့...မေမေလည်းမသိပါဘူး..
မေမေအသိတယောက်က..ပြောလို့သိတာ..နှင်းဆီကစားသောက်ဆိုင်မှာ..သီချင်းဆိုတာတဲ့..
.မေမေကတော့သူကနယ်ကဆိုလို့သနားနေတာ..နယ်ကနေအလုပ်လာလုပ်တယ်ဆိုလို့..
သမာအာဇိဝလုပ်နေတယ်ထင်နေတာ..သူနဲ့ပေါင်းမိလို့..
မေမေသမီးလေးရေတိမ်နစ်တော့မလို"
"မေမေကလည်းဘာဆိုင်လို့လည်း..သူဘာသာစားသောက်ဆိုင်မှာလုပ်တာနဲ့..သူကစိတ်ကောင်းလည်းရှိတယ်
ရိုးသားတယ်..မာနလည်းရှိတယ်...သူတပါးကိုလည်းကူညီတတ်တယ်.."
"ခရေမရှည်နဲ့စမ်း..နောက်နှင်းဆီနဲ့မပေါင်းနဲ့ကြားလား...သူကိုလည်းဒီအိမ်မလာခိုင်းနဲ့တော့..."
"မေမေကလည်း..အားနာစရာ..သမီးမပြောရက်ပါဘူး...သူကသမီးအသက်ကိုကယ်ထားတာ"
"အေး..သမီးမပြောရင်မေမေပြောမယ်..."
ကျွန်မစိတ်တော်တော်ညစ်သွားမိတယ်..နှင်းဆီရယ်နင်ဘ၀ကလည်းကြမ်းလိုက်တာဟယ်..ဘာလိုများ..
အဲဒီလိုနေရာသွားလုပ်ရပါလိမ့်...
ကျွန်မသိချင်စိတ်ကကျွန်မကိုတားမရခဲ့ပါဘူး..ကျွန်မချက်ခြင်းပဲ..မေမေပြောတာမယုံလို့..
မေမေပြောတဲ့စားသောက်ဆိုင်ကို..လိုက်သွားမိပါတယ်
ကျွန်မစားသောက်ဆိုင်ဝလည်းရောက်ရော..ကျွန်မခြေလှမ်းတွေတွန့်ဆုတ်နေမိတယ်..
.လက်ဖျားတွေအေးစက်နေမိတယ်...
လက်ဖတ်ရည်ဆိုင်ရှေ့တောင်ဖြတ်မသွားဘူးတဲ့ကျွန်မခုတော့စားသောက်ဆိုင်ရှေ့မှာ..
ကျွန်မအထဲကိုဘယ်လိုဝင်ရပါမလည်းတွေးနေမိတုန်းမှာ...
နှင်းဆီးက
"ခရေ..နင်ဒီမှာဘာရပ်လုပ်နေတာလည်း..ငါဆီလာတာလား...နင်ဘယ်လိုသိလည်း.
.နင်အမေပြောလိုက်တာလား..
နင်မယုံလိုငါကိုလာကြည့်တာပေါ့ဟုတ်လား"
ကျွန်မနုတ်တွေဆွံ့အံသွားမိတယ်..မေမေနဲ့ခရေပြောတာသူကြားသွားပြီထင်တယ်..
"နှင်းဆီ..နင်နင်..သိနေတယ်"
"အင်း..ငါခုနကနင်ဆီလာတာ..နင်တို့ပြောနေတာကြားလို့..ငါထွက်သွားခဲ့တာ..လာခရေ
ဆိုင်တစ်ဆိုင်သွားထိုင်ရအောင်..နင်အထဲဝင်ရဲမှာမဟုတ်ဘူး"
နှင်းဆီကကျွန်မကိုအအေးဆိုင်တစ်ဆိုင်ခေါ်ဆောင်သွားခဲ့တယ်...
"ခရေ..နင့်ကိုငါအကြောင်းပြောပြမယ်..ငါဟာငယ်ငယ်တည်းက..မိဘအစွန့်ပစ်ခံဘ၀လေ.
.ငါဖေဖေကနောက်မိန်းမယူသွားတယ်..
.မေမေကလည်းနောက်ယောကျာ်းထပ်ယူခဲ့တယ်..မေမေနဲ့တူတူငါနေရတယ်..မေမေကရင်ကြပ်
ပန်းနာရောဂါရှိတယ်လေ...
ငါပထွေးကပထမတော့ကောင်းမယ်လိုလိုနဲ့နောက်ပတ်ဝန်းကျင်သွေးထိုးတယ်ပြောရမလားပဲ...
နောက်ပိုင်းငါကိုမထိတထိစလာခဲ့တယ်
..မေမေရောဂါအခြေအနေကလည်းတနေ့တခြားဆိုးဆိုးလာတယ်လေ...နောက်တော့..မေမေဆုံးသွားခဲ့တယ်
.ငါဘ၀သောင်ပြင်လွတ်တဲ့ငှက်တစ်ကောင်ဖြစ်ခဲ့ရတယ်..အရိပ်မိုးပေးမယ်လူမရှိတဲ့အပြင်ကျားချောင်းနေသလို
ချောင်းနေတဲ့.
.ပထွေးဘ၀ကလွတ်အောင်...ငါရွာမြို့ကိုပို့ပေးတဲ့အန်တီတယောက်အကူအညီနဲ့..
ငါရန်ကုန်တက်လာခဲ့တယ်...ပထမတော့.
.ငါသူများအိမ်မှာအိမ်ဖေါ်လုပ်ခဲ့တယ်...အိမ်ဖေါ်အလုပ်ကလည်းအဆင်မပြေပါဘူးဟာ.
..အိမ်ပိုင်ရှင်ယောကျာ်းကခြေတော်တင်ချင်တယ်..
.မိန်းမဖြစ်တဲ့သူကလည်း..တခုခုဆိုငါပဲအပြစ်တင်ကြာတော့..ငါလည်းမလုပ်နိုင်တာနဲ့ထွက်ပြေးခဲ့တယ်..
.ငါထွက်ပြေးခဲ့လိုဒုက္ခရောက်နေချိန်မှာ..ဒီဆိုင်ပိုင်ရှင်နဲ့တွေတာပဲ...သူကိုငါ့အကြောင်းပြောလိုက်တော့.
.သူဆိုင်မှာလုပ်မလား...သူလစာပေးမယ်..ပြောတော့ငါလည်း..ခိုကိုးရာမဲ့နေသူလေ...ငါဝင်လုပ်ခဲ့မိတယ်..
ငါဘ၀ကလည်းပညာကမတတ်..မှီခိုရာအရိပ်လည်းမရှိတော့...ငါဘာကိုရွေးချယ်ရမလည်းခရေ.
..ငါဘ၀မှာရွေးချယ်ခွင့်ဆိုတာမရှိခဲ့ဘူး..ငါလည်းမလုပ်ချင်ပါဘူး...ငါလေနင်ကိုအရမ်းအားကျတယ်ခရေ..
နင်ဘ၀ကအေးချမ်းလိုက်တာ...မိဘတွေအရိပ်အောက်မှာအေးမြတယ်
.ဒီနေ့နင်မေမေပြောတော့ငါလေ..တော်တော်ဝမ်းနည်းတယ်ဟာ..ခရေနင်ကောငါ့ကိုဘယ်လိုမြင်လည်းဟင်"
ကျွန်မကိုအားကိုးတကြီးကြည့်လာတဲ့နှင်းဆီကို..ကျွန်မ
"ခရေ..နင်ဘယ်ဘ၀ဘာပဲဖြစ်နေဖြစ်နေ..နင်ကငါ့ကျေးဇူးရှင်..ငါသူငယ်ချင်းလေးပါပဲ..
မေမေကလည်းနင်အကြောင်း
အကုန်မသိသေးလိုပါ..မေမေကိုနားလည်အောင်ရှင်ပြပါမယ်...စားသောက်ဆိုင်မှာလုပ်တဲ့
မိန်းကလေးတိုင်းပျက်ဆီးနေတာမမဟုတ်တာ...ကိုယ်ဘ၀အဆင်ပြေအောင်လုပ်ရှားနေကြတာလေ..
.နင်ဘာမှအားမငယ်နဲ့နှင်းဆီ..ခရေအနားမှာရှိနေမယ်နော်..."
ကျွန်မနှင်းဆီလက်လေးကိုနွေးထွေးစွာကိုင်လိုက်ပြီးအားပေးနေမိပါတယ်
စိတ်ထဲကလည်း နှင်းဆီရယ်အဖြစ်ဆိုးလိုက်တာကွယ်
"နှင်းဆီအားမငယ်နဲ့နော်..မေမေကိုနားလည်အောင်ပြောပြမယ်"
"ခရေနင်လည်းအိမ်ပြန်တော့..ငါလည်းအလုပ်ဝင်ရတောမယ်..ငါနောက်နေ့အိမ်မလာတော့ဘူးနော်..
နင်ငါ့အဆောင်လာခဲ့ပေါ့..ငါ့အလုပ်ပိတ်ရက်ကျ"
ကျွန်မစိတ်မကောင်းဖြစ်သွားမိတယ်..
နှင်းဆီပန်းလေး
ဆူးအပြည့်နဲ့လောကဓံအလယ်..
.ခိုင်မာစွာ
ရပ်တည်..နိုင်ပါစေ။
ဆုတောင်းပေးပါတယ် နှင်းဆီရယ်
ဆက်လက်ကြိုးစားပါဦးမည်
အပိုင်း(၂)မျှော်
အားလုံးကိုလေးစားချစ်ခင်လျှက်
ရှင်းသန့်မေ