Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ ဆောင်းလေအေးနှင့်အတူ ဒီ…မိုးကို ချိုးလိုက်ပါသည် ”

$
0
0

ဆောင်းလေ အေးအေးလေး တိုက်ခတ်တဲ့ အချိန်ရောက်ရင် မြန်မာပြည်မှာ တရားမိုးများ ရွာပါတော့သည်။ မြန်မာပြည်ရှိ မြို့တိုင်း ၊ ရပ်ကွက်တိုင်း ၊ လမ်းတိုင်း ၊ ရွာတိုင်း မှာဓမ္မသဘင် တရားပွဲများ ကျင်းပကြပါသည်။ ဆရာတော်များသည် မြန်မာပြည်ရှိလူအပေါင်းကို တရားရေအေး တိုက်ကျွေးဖို့ အတွက်ခေါင်းပြောင်ပြောင်ကို ဆောင်းရဲ့အအေးဒဏ် ခံယူပြီး ကြိုးစားပမ်းစား ဟောကြားလမ်းညွှန်ပြကြပါသည်။ သာသနာအကျိုး သယ်ပိုးသော သာသနာဝန်ထမ်းသော ဆရာတော်များ ထာဝရကျန်းမာကြပါစေလို့ ကျွန်မဒီစာနဲ့ ဂါဝရရှေ့ထားပြီး လက်ဆယ်ဖြာ စုံမိုး၍ကန်တော့ပန်းဆင် ရေးသားအပ်ပါသည်။ ကျွန်မတို့မြန်မာ လူမျိုးများသည် မွေးကာစ နားလည်သည့် အရွယ်ကတည်းက စကားမပြောတတ်သေးလျှင် နေပါစေ။ မိဘနဲ့ အမျိုးများက “ သမီးရေ … ဦးတော် ” လို့ပြောရင် လက်ကလေးနှစ်ခုပူးလို့ ခေါင်းလေးညွှတ်ကာ ကန်တော့ပါတော့သည်။ မိဘများက စကားမပြောတတ်သေးသည့် အရွယ်မှာပင် မိမိဘာသာ၏ သင်္ကေတကို ဦးနှောက်ထဲ ထည့်ပေးပါသည်။ စကားပြောတတ်တော့ ဘုရားတွေ့တိုင်း “ ဘုရား ၊ ဘုရား ” “ သြကာသ ၊ သြကာသ ” ဆိုခိုင်း ကန်တော့ခိုင်း ပြန်လေတော့သည်။

ဦးနှောက်မှတစ်ဆင့် အသိတစ်ခု သွင်းပေးပါတော့သည်။ ကျောင်းနေတော့ ဘုရားရှိခိုး အမျိုးမျိုးကို ကျောင်းများ မိဘများ ၊ ရပ်ကွက်ရှိ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေခံသင်တန်းများက သင်ပေးပါသည်။ နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးတရားစခန်းများ ၊ လူကြီးတရားစခန်းများ ရှိရာဘုန်းတော်ကြီး ကျောင်းတိုက်များသို့ သွားရောက်၍ ဝိပဿနာ တရားများကို လေ့လာသင်ကြားရပါသည်။ မိဘများက အိမ်ရှိဘုရားအား မနက်ဘက် အာရုဏ်ဦးတွင် မျက်နှာသစ်တော်ရေ ၊ သောက်တော်ရေ ကပ်ခြင်း ၊ ဆွမ်း ၊ ပန်း ၊ ဆီမီး ၊ ကပ်ခြင်းများကို သင်ကြားပေးကြပါသည်။ ကမ္ဘာတွင် မြန်မာသည် ဗုဒ္ဓဘာသာ အထွန်းကားဆုံး နံပါတ်တစ် နိုင်ငံဖြစ်သလို ဗုဒ္ဓဘာသာနှင့် ပတ်သတ်သည့် အရာမှန်သမျှ အထိန်းသိမ်းနိုင်ဆုံး လက်ဆင့်အကမ်းနိုင်ဆုံး ယုံယုံကြည်ကြည် အကြွင်းမရှိ စနစ်တကျ ကိုးကွယ်နိုင်သော ဘာသာကို ပိုင်ဆိုင်ထားသော လူမျိုးများဖြစ်ပါသည်။ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ရသဖြင့် ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်ပြီး ဘာသာ ၊ သာသနာအတွက် ဘယ်တော့မှ အားမငယ်တတ်သည့် လူများဖြစ်ပါသည်။ ကျွန်မကိုယ်တိုင် ကိုကကျွန်မ ဘာသာနှင့် ပတ်သတ်၍ အမြဲတန်ဖိုးထား ဂုဏ်ယူနေသော သူဖြစ်ပါသည်။

ကျွန်မအမေကတော့ ဆောင်းလေနဲ့အတူ အိမ်က driver ကြီးလိုက်မောင်းခိုင်း၍ တရားပွဲရှိရာသို့ သွားတတ်ပါသည်။ ဒီနှစ်မှာတော့ ကျွန်မတို့ ခြံဘေးမှာ တရားပွဲကျင်းပ ပါသည်။ အမေက မိမိခြံဘေးဖြစ်၍ အိမ်စောင့်မှလွဲ၍ အားလုံးတရားပွဲ လိုက်ဖို့အမိန့်ပေးပါသည်။ တရားမနာ၍ မရသဖြင့် ကျွန်မမှာလည်း အမများနှင့်အတူ တရားနာသွားရ ပါတော့သည်။ တစ်အိမ်လုံးမှာ အငယ်ဆုံးဖြစ်သည့် ကျွန်မမှာ အမေရဲ့အပြော အမတွေရဲ့ အဟောကြားမှာ ဟုတ်ကဲ့ကလွဲ၍ ပြန်ပြီးချေပခွင့်မရပါ။ ချေပမိမည် ဆိုပါက မိန်းမအားလု့း ဆိုဒ်စုံစွာ ကျွန်မကို ဘေတီးပြီး နွှာပါတော့မည်။ အဖေမရှိ၍ အမေ့ရဲ့ပုံစံခွက် အမတွေရဲ့ ကကျိကကျိ ရစ်တော်မူသည့် တော်ကီတွေ ကြားထဲမှာ တပင်တိုင် ကရတဲ့မင်းသမီးကတော့ ကျွန်မပါဘည်း။ နှစ်ပါးသွးလည်း မကနဲ့ ၊ စုံတောမြိုင်ထဲလည်း လမ်းမလျှောက်နဲ့ ခြေငြိမ် ၊ လက်ငြိမ်၊ ပါးစပ်ငြိမ် လို့မှာတမ်းချွေတာကို ဟုတ်လို့   မျက်လွှာချပြီး ၀ိသာခါကျောင်းအမ စတိုင်ဖြေရပါသည်။ အဖေ၊အမေ ကျွေးတာစား အဖေ၊အမေ ခင်းပေးတဲ့ လမ်းကိုလျှောက်အဖေ၊အမေ သင့်တော်တဲ့ လူယူမိဘပေးစားတဲ့  လင်တော်မောင်ရဲ့  အလုပ်မှာ secretary လုပ်ဒါသူတို့ လမ်းစဉ်ဘည်းတဲ့။ မိဘလက်ထဲနေ မိဘရဲ့secretary မိဘကလွဲပေးရင် လက်ခံသူရဲ့ secretary တဲ့။ ကဲ…. ဘာတတ်နိုင်သေးလဲ ဆိုတဲ့ကျွန်မဘဝ လှလှပပပါရှင်။ ရုတ်ရုတ်လုပ်ရင် ဂုတ်ဂုတ်ဖြစ်သွားမယ်။ တစ်ခါတစ်လေ ကျွန်မက Mon…Mother နော်… ကျွန်မကို အသဲနှလုံး ဖမ်းချုပ်ထားတယ် ဆိုပြီးအမျိုးသမီး စွမ်းဆောင်ရှင်အသင်း ကိုသွားတိုင်မယ်လို့ စလိုက်ရုံလေးရှိသေး ပေါက်ကရပြောမှုနဲ့ အမေနှင့်ပျိုမေတစ်သင်း Non…Stop Show ကျင်းပပါတော့သည်။ ဒါကြောင့်ရေစုန်သာ မျောနေရတဲ့ ကျွန်မဘဝ ဗေဒါမ…သာဖြစ်ပါတော့သည်။

ဒီညဆရာတော်ကလည်း အောင်ဆန်းဆရာတော် ဖြစ်ပါသည်။ တရားလေးရဲ့နာမည်က“ သေရေးရှင်ရေး ” တရားတော် ဖြစ်ပါသည်။ ဆရာတော်သည် တရားပွဲကို တစ်နာရီခွဲ နှစ်နာရီနီးပါး ဟောပေမဲ့ ကျွန်မစိတ်ထဲ ပို၍နာချင်မိပါသည်။ နာရီကြာရှည်ပေမဲ့ ကျွန်မတို့ တရားနာရတာ မဝအောင် တရားရေအေးဟာ အေးမြလှပါသည်။ ဆရာတော်သာ တစ်ညလုံးဟော ကျွန်မတိုကလည်း ဆရာတော်နှင့်အတူ မဂ္ဂင်ဖောင်စီး၍ နိဗ္ဗာန်ရွှေပြည်ကြီးကို လိုက်ပါမည်။ ဒါသည်ကျွန်မ၏ ပဂတိစိတ်ဖြစ်ပါသည်။ မြန်မာပြည် အရပ်ရပ်ရှိ တရားဟောသော ဆရာတော်များသည် ဓမ္မဖြင့်ကျွန်မတို့ လူသားများ၏ အမှောင်ကိုခွင်း၍ အလင်းကိုပြနေကြပါသည်။ ဆရာတော်က ကျွန်မတို့ ကိုးကွယ်ရာ ဗုဒ္ဓသည် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတွက်တရားများကို လက်တွေ့ကျကျ ဟောခဲ့ပါသည်။ ဗုဒ္ဓဟောတာကို ယုံကြည်လိုက်နာ ကျင့်သုံးသူသည် ဗုဒ္ဓဘာသာ ဖြစ်ပါသည် လို့ဟောပါသည်။ ဒါဆိုရင် ဗုဒ္ဓက ဗုဒ္ဒဘာသာဝင်တွေ၏ အခြေခံအချက်မှာ ဘာတွေဟောခဲ့သလဲ ဆိုတာလည်း ရှင်းပြပါသည်။

ကောင်းတာလုပ်က ကောင်းတာဖြစ်မည်။

မကောင်းတာလုပ်က မကောင်းတာဖြစ်မည်။

ထိုအချက်ကို “ ကာယကံ ” ဟုခေါ်သည်။

                     XXXXX

ကောင်းတာပြောက ကောင်းတာဖြစ်မည်။

မကောင်းတာပြောက မကောင်းတာဖြစ်မည်။

ထိုအချက်ကို “ ဝစီကံ ” ဟုခေါ်သည်။

                     XXXXX

ကောင်းတာကြံက ကောင်းတာဖြစ်မည်။

မကောင်းတာကြံက မကောင်းတာဖြစ်မည်။

ထိုအချက်ကို “ မနောကံ ” ဟုခေါ်သည်။

                     XXXXX

နေ့တိုင်းနေ့တိုင်း ဓမ္မ၏နိယာမဖြစ်သော ကာယကံ ၊ ဝစီကံ ၊ မနောကံ ကိုကောင်းတဲ့ဘက်မှာ ကျင့်ပါဟု ဟောပါသည်။ ကံ( ၃ ) ပါးကိုအခြေခံပြီး စနစ်တကျ သုံးတတ်ရင် ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပြီး စနစ်တကျ မသုံးတတ်ပါက အယူမှားတဲ့ ဒိဠိဖြစ်မည်ဟု ဟောပါသည်။ တစ်နေ့တစ်နေ့ ကံ( ၃ )ပါးကို မိုးလင်းမိုးချုပ် ကောင်းတဲ့ဘက်မှာ စနစ်တကျ သုံးရန်လမ်းညွှန်ပါသည်။  ဆရာတော်မှ ဆက်လက်၍ မြန်မာနိုင်ငံသည် ရတနာစုံသည့် နိုင်ငံဖြစ်ပါသည်။ ရွှေနိုင်ငံ ( Golden Land ) မြန်မာ ဟုခေါ်သည်မှာ နိမိတ်ကောင်း နိုင်ငံဖြစ်ကြောင်း ဟောသွားပါသည်။ ပတ္တမြားမှန်ရင် နွံမှာမနစ်ပါဘူး ဟုဆိုပါသည်။ ဗုဒ္ဓဘာသာသည် ကိုယ့်အကြောင်း ကိုယ်တွေး၍ ကိုယ့်အမှားကိုယ်ပြင် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းမှုမပါဘည်း မိမိဘာသာ ယုံကြည်သက်ဝင် ကိုးကွယ်ချင်ကိုးကွယ်နိုင်၍ ကြိုက်ရင်လုပ် ၊ မကြိုက်ရင်လုပ်စရာမလိုဘည်း စနစ်တကျ ကိုးကွယ်နိုင်သော ဘာသာဖြစ်ကြောင်း ရှင်းပြထားပါသည်။ ဗုဒ္ဓဘာသာသည် စာမတတ်သူရော စာတတ်သူကိုပါ မကောင်းတာတား၍ ကောင်းရာကိုညွှန်ပြကြောင်း ဟောပါသည်။ ဗုဒ္ဓဘာသာအခြေခံ ဖြစ်သော ကာယကံ ၊ ဝစီကံ ၊ မနောကံ ကိုအဓိကထား၍ ဒါန ၊ သီလ ၊ ဘာဝနာ အကြောင်းကို ဟောသွားသည်မှာ ကျွန်မရေး၍ ကုန်မည်မထင်ပါ။

ကျွန်မဦးနှောက်ထဲ ဝင်သ၍ ကျွန်မရေးသားရခြင်း ဖြစ်ပါသည်။ ဆရာတော် တစ်ပါး၏တရား တစ်ပုဒ်ကိုနားကြားလိုက်ရတဲ့ ကျွန်မနှလုံးသား အေးချမ်းပြီး မြန်မာ-ဗုဒ္ဓဘာသာ လို့ခံယူရတာ ဂုဏ်ယူဝမ်းသာ မဆုံးတဲ့နှိုင်းမရ ပီတိဖြစ်ရပါသည်။ ထိုသို့ဆိုရလျှင်….. တရားပွဲပေါင်း မြောက်များစွာ ၊ ဆရာတော်ပေါင်း မြောက်များစွာ ၊ တရားစခန်းပေါင်း အများအပြားတွင် ကျင့်ကြံအားထုတ် နာကြားရသော ကျွန်မ၏ မေမေကတော့ ကုသိုလ်တွေ အများကြီး ရပါမည်။ ကုသိုလ်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ရှိနေတဲ့ အမေ့ကို ကျွန်မမည်ကဲ့သို့ ပြန်ပြောဝံ ၊ ခံပြောဝံ ၊ စိတ်ဆင်းရဲအောင်လုပ်ဝံ ပါမည်နည်း။ ကျွန်မချစ်သော အမေစိတ်နှင့် ကိုယ်ချမ်းသာဖို့ ဆိုလျှင်ကျွန်မမည်ကဲ့လို့ ပေးဆပ်ရပါစေ အဆင်သင့်ဖြစ်ပါသည်။ အမေခင်းပေးသော လမ်းလျှောက်၍ အမေသတ်မှတ်သော ပန်းတိုင်သို့ ပန်းဝင်နိုင်အောင် ကျွန်မတာထွက်ကောင်း၍ တာဝင်ကောင်းအောင် ကြိုးစားရပါမည်။ ဆရာတော်နိဂုံးချုပ်ဟောသလို

 တရားမိုးတွေ ၊ မဂ္ဂင်မိုးတွေ ဘာဝနာမိုးတွေ ရွာနေသည်။

ဒီတစ်ခါရွာသည့်မိုး ချိုးဖြစ်အောင်ချိုးမချိုးကဒယ်အိုး။

လို့ အမိန့်ရှိသကဲ့သို့ ကိလေသာမီးလောင်နေတဲ့ ခန္ဓာကိုယ်အိမ်ထဲက ဒါနထုတ် ၊ သီလထုတ် ၊ ဘာဝနာထုတ်တွေကို ဆွဲထုတ်ပါတဲ့ ကိုယ်ပြုတဲ့ကံ ကိုယ့်နောက်ပါမည်တဲ့ မည့်သည့်အရာမှ မပါပါတဲ့။ ကံကောင်းခြင်း ၊ ကံမကောင်းခြင်းသည် မိမိကိုယ်သာမူတည်ပါသည်တဲ့။ ဆရာတော်တရားပွဲတွင် ဆောင်ပုဒ်လေးတစ်ခုကိုလည်း ကျွန်မမှတ်သားခဲ့ပါသည်။

ငါသည်မုချသေရမည်။

အချိန်ပိုင်းသာလိုတော့သည်။

အသေမဦးခင်

ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်။

                     XXXXX

မအိုသေးခင် တရားဝင် အဆင်ပြေလှသည်။

မနာသေးခင် တရားဝင် အဆင်ပြေလှသည်။

မသေသေးခင် တရားဝင် အဆင်ပြေလှသည်။

သေသောအခါမှ တရားမရ မှားကြပါလိမ်.မည် ။  

                     XXXXX

မြန်မာပြည်မှာရှိတဲ. ဆရာတော်အပေါင်းကိုကျွှန်မတရားလေးတပုဒ်နာကြားရယုံမျှဖြင့် အကြိမ်ကြိမ် အခါခါဦးညွှတ် ကြည်ညိုကန်တော့ မိပါတော့သည်။ တရားနာဖို့ခေါ်ဆောင် သွားသော အမေနှင့်မမတို့၏ စကားကိုလည်း ပို၍မြေဝယ်မကျ နားထောင်ရင်း အမျိုး ၊ ဘာသာ ၊ သာသနာအတွက် အမြဲမိမိကိုယ်ကို မိမိပြုပြင်ရင်း ထိန်းသိမ်း စောင့်ရှောက်ပြီး သာသနာမိုးကို ချိုးဖြစ်အောင် ချိုးပါတော့မည်။ နှစ်စဉ်နှစ်တိုင်းလည်း ဆောင်းလေအေးနှင့် အတူပါလာမည့်တရားမိုး အရွာကိုစောင့်၍ ထိုမိုးကို ကျွန်မချိုးဖြစ်အောင် ချိုးပါတော့မည်။ တရားတစ်ပုဒ် နာကြားချင်မှသည် တရားပေါင်းများစွာ နာကြားချင်သော လူများမြောက်များစွာ ပေါ်ထွက်လာပါစေ ဆိုသည့် စေတနာဖြင့် ၄င်း ၊ ကမ္ဘာအရပ်ရပ်ရှိ လူသားအားလုံးသည် သာသနာမိုးချိုး၍ သာသနာကို စောင့်ရှောက်စေချင်သော ဆန္ဒဖြင့်ရေးသားလိုက်ရပါတော့သည်။

 

ဝန်ခံချက်။      ။ တရားမိုး ၊ မဂ္ဂင်မိုး ၊ ဘာဝနာမိုးကို ချိုးဖြစ်အောင် ချိုးပါဟု ဟောကြားခဲ့သော အောင်ဆန်းဆရာတော် ဘုရားကြီးအား တရားမိုးကို ချိုးပါကြောင်း နာကြားသူ မိုးမခဘက်မှ မြင်သောအမြင်ကို ရေးသားတင်ပြ အပ်ပါသည်။ တစ်စုံတစ်ရာ အမှားပါပါက နာကြားသူ ကျွန်မမိုးမခတွင်သာ အပြစ်ရှိပါသည်။

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>