"နင်မြင်နီုင်စေချင်တယ်
နင်မရှိလည်းဖြစ်တယ်” ဆိုပြီး အော်နေတဲ့ပါးစပ်နောက်မှာ “ ခွဲမသွားပါနဲ.” လို. တီးတိုးတောင်းပန်နေတဲ့ နှလုံးသားတစ်စုံ ရှိနေတယ်ဆိုတာ မင်းမှမသိတာ……
ချစ်သူသိပါစေ
လွမ်းတယ်(အနေဝေးရင်).. ပိုင်ဆိုင်ချင်တယ်(တစ်ဘ၀စာ)အရမ်းချစ်တယ်(တစ်သက်လုံး)သတိရတယ်(မတွေ့ ရတဲ့အခါ)အတူနေချင်တယ်(လိုက်လျောရင်)နမ်းချင်တယ်
(ဖြူစင်စွာ)ထိုင်ကြည့်ချင်တယ်(၂၄နာရီ)
တခါက …………….
ရင်ခုန်သံကို နှုတ်ယူ
နှလုံးသားကို သိမ်းပိုက်
အသိစိတ်ကို ဖျက်သိမ်းလို့
ငါ့ဆီကို နင်ဝင်လာတုန်းက….။
အပူတွေကို ဝေမျှ
အပျော်တွေကို ခံစားစေရင်း
မနက်ဖြန်တိုင်း နင်ရလို့
နေ့ရက်တိုင်း သာယာခဲ့တာ…။
အန္တရာယ်တွေကို ကာဆီး
အခက်အခဲတွေ ချေဖျက်လို့
အတားအဆီးတွေ ကျော်ဖြတ်ကာ
နင့်ရှေ့က ငါရှိခဲ့တာ….။
အနာဂတ်ကို ကြိုတွေး
အစီအစဉ်တွေကို ကြိုချလို့
ရိုးသားစွာ ကြိုးစားပြီး
အရာတိုင်း နင့်အတွက် ဖြစ်စေတာ…..။
မနက်တိုင်း သတိရ
တနေ့လုံး မေ့မရ
ညဖက်ဆို လွမ်းလို့
တချိန်လုံး အနားမှာရှိနေချင်တာ…..။
အတူသွား အတူစား
အတူကစား နေခဲ့ရင်းက
သံယောဇဉ်ပို အချစ်တိုးလို့
နင့်စိတ်နဲ့ငါ့ကိုယ် ဖြစ်သွားခဲ့တာ…..။
နောက်ဆုံး……………
ယုယမှုကို ပြုစား
အချစ်ကို အပြစ်ရှာ
မေတ္တာကို စော်ကားလို့
ငါ့ဆီက နင်ထွက်သွားတဲ့အခါ………။
မနှစ်က valentine မတိုင်ခင် ကျွန်တော့်ဘဝထဲကို ဝင်လာပြီး ဒီနှစ်
valentine မတိုင်ခင်လေးမှာ ကျွန်တော့်ဘဝထဲက ထွက်သွားခဲ့တဲ့ သူနဲ့
အတူရှိခဲ့တဲ့ ၂၀၁၁ အမှတ်တရပါ။ ဒီကဗျာကို ရိုက်နေရင်း သူ့ကို သတိရတာက
အမှန်ပါပဲ။ မရေးတာကြာလို့ အရမ်းခက်ပေမယ့် သူ့ကို သတိရတဲ့
စိတ်နဲ့ပဲအကောင်းဆုံးရေးဖြစ်သွာ
နှစ်၂၂တာလတစ်ခုလုံးမှာ သူနဲ့ အတူရှိခဲ့တဲ့ ၂၀၁၁က ကျွန်တော်
အပျော်ဆုံးပါပဲ။ ၁၄ရက်နေ့မှာ ကျွန်တော့်လိုမျိုး ဘယ်သူမှ တစ်ယောက်တည်း
မဖြတ်သန်းရဖို့ ဆုတောင်းပေးလိုက်ပါတယ်။