အဖေ....(၉၇)နှစ်ပြည့်ပြီခဲ့ပြီနော်...။အဖေ နေကောင်း ကျမ်းမာ ပျော်ရွှင်ရဲ့လား....။သားတို့အားလုံး အဖေ့ကို အမြဲတမ်းသတိရ နေပါတယ်...။အဖေ့ ကိုလည်းကျမ်းမာ ပါစေလို့ သားတို့အားလုံး ဆုတောင်းပေးနေ ပါတယ်...။
အဖေသားတို့ကို ထားသွားခဲ့တဲ့ (၁၉၄၇ ဇူလိုင် ၁၉) ကို သားတို့ဘယ်တော့မှ မမေ့ပါဘူး..။ တစ်နေ့နေ့ပြန်လာမယ်လို့ပဲ ဆုတောင်းရင်း မျှော်လင့်နေကြတုန်းပါ အဖေ...။အဲ့ဒီ တုန်းက အဖေ အရမ်းပင်ပန်း ခဲ့မယ်ဆိုတာ သားတို့ အားလုံးသိပါတယ်...။အနားယူပါ အဖေ...။အဖေ စိတ်အေးလက်အေး အနားယူနိုင်ဖို့ အဖေ့ သမီးကလည်း သားတို့ကို စောင့်ရှောက်နေပါတယ်..။
ရတနာငါးပါး ရဲ့ အရိပ်အောက်မှာ အဖေ့ ဆုံးမစကား အမကြီးရဲ့ ဆုံးမ စကားတွေ နားထောင်ရင်း ကိုယ့်ကိုယ်ကို စည်းကမ်းရှိအောင် အမှန်တရားကို မြတ်နိုး တတ်အောင် သားတို့အားလုံး သင်ယူ နေပါပြီ...။
အဖေရယ်...(၁၉၄၈ ဇန်နဝါရီ ၄) တုန်းက အဝေးကနေ အဖေ လှမ်းပို့ ပေးခဲ့တဲ့ သားတို့အားလုံး အတွက် လက်ဆောင်က အရမ်းကို ကြီးကျယ် မြင့်မြတ် ခမ်းနားလွန်းပါတယ်...။အဖေ သားတို့ကို ဘယ်လောက် ချစ်တယ် ဆိုတာ ပြောနေစရာမလိုအောင်ကို ပြီးပြည့်စုံပါတယ် အဖေ ရယ်....။အဖေ့ ကျေးဇူး တရားက မြင့်မြတ်လှပါတယ်...။
အဖေ ပေးခဲ့တဲ့ လက်ဆောင်ကို သားတို့ အားလုံး မြတ်နိုး တန်ဖိုးထား စောင့်ရှောက် နေပါတယ် အဖေ...။အဖေ သိပ်စိတ်မပူပါနဲ့....အမ လည်း ရှိနေတာပဲ....။သားတို့ မကြောက်ပါဘူး..ဘေးရန်မှန်သမျှကို ရင်ဆိုင် တိုက်ခိုက်သွားမှာပါ...။အဖေ အမှတ်တရ ပေးခဲ့တဲ့ ပင်လုံ ကျောက်တိုင်ကြီးနဲ့ညီ အကိုတွေလည်း သားတို့မှာ အများကြီးရှိတယ်လေ....။အားလုံးနဲ့လည်း ချစ်ခင်နေကြပါပြီ...။
သားတို့ မိသားစုက မွေးရာပါ ချမ်းသာကြတယ် ဆိုတာ သားတို့တင်မဟုတ် ပါဘူး...။ဘေးပတ်ဝန်းကျင်ကတောင် သိကြပါတယ်...။
ဒါပေမဲ့ သားတို့ ချမ်းသာကြပေမဲ့ သားတို့အားလုံး မပြည့်စုံကြဘူး...အဖေ..။အဖေ့ကို စိတ်ညစ်အောင် မပြောပြတော့ပါဘူး..။
အဖေရယ် အဖေ သာ သားတို့နားမှာရှိနေသေးမယ်ဆို သားတို့အားလုံး အဖေ့ကို လုပ်ကျွေး ပြုစု ချင်လိုက်တာ....။အဖေသားတို့ကို ထားသွားတုန်းက အသက်(၃၂) ပဲရှိသေးတာနော်....။အခုဆို(၉၇) တောင်ရှိပြီ....။
အဖေ ကျမ်းမာရဲ့လား....။အရင်လိုပဲ စိတ်မြန်လက်မြန် ရှိတုန်းပဲလား...။သတိရလိုက်တာ အဖေ ရယ်....။
အဖေ ကောင်းစေ ချင်လို့ မှာသွားတဲ့ စကားတွေနဲ့အဖေ့ ရဲ့ ပုံရိပ်တွေဟာ....သားတို့ အားလုံးရဲ့ နှလုံး အိမ်ထဲမှာ ထာဝရ တည်မြဲနေမှာပါ....။
အဖေ ကြားရာ အရပ်က ပြုံးပျော်နိုင်ပါစေ......။
အဖေ့ ကို ချစ်တဲ့ သား
Apollo
ဗိုလ်ချုပ်အောင်ဆန်း၏(၉၇) နှစ်ပြည့် ဖေဖော်ဝါရီ(၁၃) ရက်နေ့အား ဂုဏ်ပြုပါသည်။
အဖေ အောင်ဆန်းဟာကျွန်တော် တို့ရဲ့ ရင်ထဲမှာ ဘယ်တုန်းက မှ သေမသွားခဲ့ပါ...ကျွန်တော်တို့ သေဆုံးသွားရင်တောင်မှ..
အဖေ ဟာ ထာဝရ ရှင်သန်နေမှာပါ.....။
၁၁.၂.၂၀၁၂ (၁:06)မနက်