CALIGULA
ှုငယ်နာမည်- Gaius Laesar Augustus Germanicus
ဘွဲ့ထူးများ- ဖိနပ်ငယ်လေး၊ ရောမရဲ့ အင်ပါယာဘုရင်
မွေးဖွားခြင်း- သြဂုတ်လ (၃၁) ရက် AD12၊Tibur မြို့ ၊ အီတလီနိုင်ငံ
သေဆုံးခြင်း- ဇန်န၀ါရီ(၂၄)ရက် ၊AD 41 ၊ လုပ်ကြံခံရခြင်း။
သူဘယ်သူလဲ
သူကတော့ ရောမပြည်ရဲ့ တတိယမြှောက် အင်ပါယာ ဘုရင်ဖြစ်ပြီး သူရဲ့ သမားရီုးကျ မဟုတ်တဲ့ အပြုမူတွေ အလွန်ကျွံငွေကြေးဖြုန်းတီးမူတွေနဲ့ ရက်စက်ကြမ်းကြုတ်မူတွေကြောင့် နာမည်ကြီးလှပါတယ်...။
ငယ်စဉ်ကာလ
သူငယ်စဉ်တုန်းက သူ့အဖေ စစ်စခန်းချတဲ့နေရာတွေမှာ ကြီးပြင်းလာရတာပါ..။ သူရဲ့ ဖိနပ်ဝတ်ဆင်ပုံကြောင့် သူအဖေရဲ့ စစ်သားတွေက
ဖိနပ်ကလေးလို့ နာမည်ပြောင်ခေါ်ကြပါတယ်..။ သူအသက်ခုနနှစ်အရွယ်မှာ သူအဖေဆုံးပါးသွားခဲ့ပြီး... သူအမေနဲ့ သူ့အကိုနှစ်ယောက်ကိုတော့ ဘုရင် Tiberius ကကွပ်မျက်ခဲ့ပါတယ်..။ Caligula ကတော့ Capri မှာ အင်ပါယာဘုရင်နှင့် အတူကြီးပြင်း လာခဲ့တယ်...။
သူကြီးလာတော့ မှူးမတ်မျိုးရိုး အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်..။ ထိုအမျိုးသမီးဟာ ကလေးမွေးဖွားရင်းနဲ့ သေဆုံးခဲ့ပြီး အဲ့ဒီနောက်မှာ..Caligula ဟာ Praetorian အစောင့်တပ်က တပ်မှူးရဲ့ အမျိုးသမီးနဲ့ ဇတ်လမ်းတွေဖြစ်လာခဲ့ပါတယ်..။ အဲ့ဒီချိန်မှာဘဲ
ဒီတပ်မှူးဟာ Caligula ရဲ့ အားကိုစိတ်ချရတဲ့ လူတစ်ယောက်ဖြစ်လာပါတယ်..။
ဘာအမှားတွေကျူးလွန်ခဲ့သလဲ
သူ့အသက်(၂၄) နှစ် (၂၅) နှစ်ဝန်ကျင်းမှာ လူကြိုက်မများတဲ့ Tiberius ကို သတ်ဖြတ်ပြီး အင်ပါယာဘုရင်ဖြစ်လာပါတယ်..။ ဒါပေမယ့်
ခုနှစ်လကြာတဲ့ခါ နာမကျန်ဖြစ်ပြီး သူရဲ့ ဦးနှောက်နဲ့ ပြုမူပုံအနေထားတွေဟာပုံမှန်မဟုတ်တော့ပါဘူး..။
ပါတီပွဲ တွေကျင်းပပြီး ဘဏ္ဍာငွေတွေကို သုံးဖြုန်းပစ်တယ်..။ အပြစ်မဲ့တဲ့ မြေပိုင်ရှင်တွေ ကိုနိုင်ငံတော်သစ္စာဖောက်မူနဲ့ စွပ်စွဲ ကွပ်မျက်တယ်.. သူတို့ပိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူခဲ့တယ်...။ တစ်ခြားသူတွေကို လည်း သူတို့ရဲ့ တစ်ဦးတည်းသောအမွေစားအမွေခံအဖြစ်သတ်မှတ်ပြီးတဲ့နောက် ဒီလူတွေကို သတ်ပစ်ပါတယ်..။
လူအများကြည့်ရူ့တဲ့ပွဲတွေမှာဆိုရင် ကိုယ်လက်မသန်းစွမ်းသူတွေ၊နာတာရှည်ရောဂါသည်တွေကို ခြင်္သေ့အစားကြွေကာ အသုံးတော်ခံပါတယ်..။ ပရိတ်သတ်တွေထဲကလည်း ကျဘန်း ရွေးချယ်ပြီး ခြင်္သေ့စာကြွေးပစ်ပါတယ်။
ကလေးတွေကို ကွပ်မျက်တဲ့ခါ မိဘတွေကို ကြည့်ရူ့စေကာ၊ လူအများ ဂျုံကြိတ်တဲ့နေရာတွေကို ပိတ်ပစ်ပြီး လူထုကို ငတ်ပြတ်စေကာ၊
အမတ်တစ်ဦးကို တစ်ပိုင်းတစစီ ခုတ်ထစ်ဖြတ်တောက်ပြီး ရောမ လမ်းတွေမှာ ဆွဲသွားစေကာ၊လက်ချောင်းတွေ ဖြတ်ခံထားရတဲ့ သူခိုးတစ်ယောက်ကို လည်ပင်မှာ လက်တွေချည်ထားပြီး ပါတီပွဲမှာ လှည့်ပတ်လမ်းလျှောက်စေကာ ၊စတာတွေကိုကျူးလွန်ခဲ့ပါတယ်။
ဒါ့အပြင် နန်းတော်ထဲမှာ ပြည့်တန်ဆာ အိမ်လုပ်ထားပြီး လူတွေကို ပြည့်တန်ဆာအဖြစ် အတင်းသွတ်သွင်းခဲ့ပါတယ်..။
သေဆုံးသူဦးရေ
လူထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ၊ အဓမ္မပြုကျင့်တာ၊ညှင်းပန်းနှိပ်စက်တာ၊ ပစ္စည်းသိမ်းယူတာ၊အလွဲသုံးစားလုပ်တာတွေကို
ကျူးလွန်ခဲ့ပါတယ်..။သူ့ကို သူကိုယ်ရံတော်တွေကပဲ ဓါးနဲ့ထိုးသတ်ခဲ့တယ်လို့ ယူဆရပါတယ်...။
ထင်ရှားတဲ့သူ့စကားများ..
“ သူတို့ ကျုပ်ကို မုန်းပစေ ဒါဆို သူတို့ ကျုပ်ကိုပဲကြောက်ရွံလိမ့်မယ်..”
“ရောမသားတွေမှာ လည်းပင်တစ်ခုပဲရှိတယ်..(သူတို့ခေါင်းတွေကို ဖြတ်ဖို့) ”
“ ပြင်းပြင်းလေးရိုက်၊ ဒါမှ သူသေတော့မယ်ဆိုတာကို သူခံစားမိကောင်း ခံစားမိလိမ့်မယ်..”
ကဲ စာဖတ်ပရိတ်သတ် ဗဟုသုတ ရမယ်ဆိုရင် .... ရဲရင့်ခေါင် တင်ဆက်ရကျိုးနပ်ပြီပေါ့..။