အချစ်ဆိုတာကိုသင်တို့ ပြောနေကြလိမ့်မယ် သို့ သော်အချစ်ဆိုတာဘာလဲဆိုတာတော့
လူတိုင်းသေချာအောင် ရှင်းနိုင်ကြလိမ့်မည်မဟုတ် ရင်ထဲမှာတော့ တစ်နည်း၂တော့ခံစားကြ
ရပါလိမ့်မည် အချစ်ကိုလူတွေက တန်ဖိုးထားကြသလို တန်ဖိုးမဲ့ အောင်လည်း လုပ်ဆောင်
တပ်ကြတယ် အချစ်ဆိုတဲ့ စာကားလုံးကို အသုံးပြုပြီး ၀ါးစားနေကြသူတွေလဲ ရှိကြလိမ့်မည်
ခင်ဗျားတို့ ရော ဘယ်လိုအချစ်မျိုးလဲ ပြန်မေးကြည့်သင့်တယ် ကျွန်တော်ကတော့ အချစ်ကို
သေချာတဲ့ သတ်မှတ်ချက်မရှိဘူးလို့  ခံယူထားတယ် သို့ သော် ခံစားချက်နှင့်မှတ်ချက်လေး
တော့ရှိတယ်ဗျ ကမ္ဘာလောကကြီး ရှိနေသမျှတော့ အချစ်ဆိုတဲ့ အရာတော့ရှိနေမှာပါ သဘာဝ
တရားကြောင့်ပဲဖြစ်ဖြစ် ရုပ်ချောလို့ ပဲဆိုဆို ဥစ္စာဓနကြောင့်ပဲပြောပြော ရိုးသားမူ့ ကြောင့်ပါ
လို့သတ်မှတ်ချင်လဲဖြစ်တယ် အမျိုး၂သောဖြစ်စဉ်ပေါ်မှာ အချစ်ဆိုတာတစ်ခုထဲဖြစ်လိမ့် မယ်
အချစ်ဆိုတာလေ ဘာသာတွေကွဲ လူမျိုးတွေမတူကြလဲ ခံယူချက်အများစုတူညီကြတယ်
ဆင်းရဲချမ်းသာမတူညီကြပေမဲ့  ရေကိုတော့လူတိုင်း သောက်ကြတယ်လေ...လေကိုလဲလူတိုင်း
ရူကြတယ်ဗျ အချစ်ဆိုတာလဲ ရေနဲ့ လေလိုပဲ လူတိုင်းတွက် မရှိမဖြစ်လိုအပ်တာပါပဲလေ
ခင်ဗျားရောဘယ်လို တွေးထင်မိလဲ နောက်တစ်ခုစဉ်းစားမိတယ် ၀ိုင်အရက်လေးလိုပေါ့ နှစ်တွေကြာလေ သူ့ ရဲ့ အစွမ်းနဲ့ ဂုဏ်တန်ဖိုးကမြင့်လေဗျ ခုချက်ပီးခုသောက်ရင် ၀ိုင်ဆိုတာ
က မကောင်းဘူးဗျ ဘီယာနဲ့ တော့ကွံတယ်ပေါ့ဗျာ စည်ဘီယာဆိုတဲ့ ကောင်ကတော့မတူ
အေးမှပီးတော့ချက်ချင်သောက်မှဗျ နောက်တေ့ ဆိုမသေချာဘူးပေါ့ဗျာ ကျွန်တော်ဆိုလို
ချင်တာက ခင်ဗျားချစ်သူကို ၀ိုင်လိုသိမ်းထားမလား ဘီယာလိုသောက်သုံးမလား ဆိုဒါတော့
ခင်ဗျားကလွဲပီ ဘယ်သူသိနိုင်မလဲဗျာ