တစ်ချိန်လုံး ပင်လယ်ပြင်ကြီးထဲမှာနေခဲ့ရပြီး 2နှစ်ကြာခဲ့တဲ့ အချိန်မှာမြန်မာပြည်ကို ခြေခြခွင့်ရခဲ့ပါပြီ။ရန်ကုန်မြို့ကြီး ကိုလည်းလွမ်းခဲ့ပါတယ်။နောက်ပြီး ကျွန်တော်ချစ်သူ မ ကိုလည်းလွမ်းရပါတယ်။ကျွန်တော့်ဘေးမှာ ချစ်သူအဖြစ်နဲ့ အချိန်အကြာကြီး၇ှိနေခဲ့ပြီး အရမ်းကိုအေးဆေးတည်ကြည်သူပါ။ ကျွန်တော်နဲ့ သိပ်မကြာခင်လက်ထပ်မဲ့သူပါ။ ကျွန်တော့်အသက်က 28နှစ်၇ှိပြီဆိုတော့ 6နှစ်ကြီးတဲ့ မ ကို လက်ထပ်ဖို့သင့်ပြီထင်ပါတယ်…………
ကျွန်တော် သင်္ဘောသားတစ်ယောက်ဖြစ်ခဲ့ပြီ။ ငွေကြေးအတော်အသင့်လည်း ပိုင်ဆိုင်နေပြီ။ ချစ်သူကည်း ဘေးနားမှာ။ အရာအားလုံး ပြည့်စုံနေပါပြီ။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေရဖို့ ကြိုးစားခဲ့ရတဲ့ ဟိုးအရင်အချိန်တွေကိုလွမ်းဆွတ်မိပါတယ်။ ကျွန်တော် ဘ၀ကို လေးလေးနက်နက်မ၇ှိခဲ့တဲ့ အချိန်တွေတုန်းက ဘေးနားမှာ ကျွန်တော့်၇ဲ့ မာနခဲလေး ဒါမှမဟုတ် အားပေးဖော်လေး၇ှိခဲ့ဖူးတယ်။သူရော ခုချိန်ဘာတွေလုပ်နေပါလိမ့်………….
ဒီနေ့တော့ မြန်မာပြည်ပြန်ေ၇ာက်ပြီး 3ရက်အကြာမှာ ကျွန်တော် ဗိုလ်တစ်ထောင်ဘုရား ဖက် ကိုထွက်လာလိုက်တယ်။ ချစ်သူကိုလည်း မခေါ်ခဲ့မိဖူး။သူငယ်ချင်းတွေလည်း မခေါ်ခဲ့ဖူး။ လမ်း50 မှတ်တိုင်ကနေ လမ်းဆင်းလျှောက်လာလိုက်တယ်။ လမ်းတလျှောက်မှာ မုန့်ဆိုင်လေးတွေမြင်တော့ တစုံတယောက်ကိုသတိရမိတယ်။ ကျွန်တော့်ကို မုန့်အမြဲဝယ်ကျွေးခိုင်းတဲ့ ကျွန်တော့်အချစ်ဦး မိန်းကလေး။ အမှတ်တရနေ့အချို့မှာ ကျွန်တော်တို့ ဒီဘုရားကိုလာလေ့၇ှိကြတယ်။ ဘုရားရောက်ရင် အလှူခံထည့်ပြီးတိုင်း ဖြတ်ပိုင်းက ကျွန်တော်တိုနှစ်ယောက်နာမည်လေးကို ကြည့်ရင်းပြုံးပျော်နေတတ်တဲ့ ကျွန်တော့် ကလေးလေး…………
ဘုရားရင်ပြင်တော်ပေါ်ရောက်လာတော့ ကျွန်တော့်ကြာသာပတေးနံမှာ ဘုရားရှိခိုးလိုက်တယ်။ ကျွန်တော့်ကြာသာပတေးနံမှာ ပန်းကပ်လှူနေတဲ့ မိန်းကလေးတစ်ယောက်ကို လှမ်းတွေ့လိုက်တယ်။ GTC ဆရာမ ၀တ်စုံလေးနဲ့။ သူကို့ ကျွန်တော်မြင်ဖူးသလိုပဲ ရင်းရင်းနှီးနှီးကိုမြင်ဖူးသလိုပဲ။ သူမကလည်း ကျွန်တော့်ကိုလှမ်းကြည့်နေသလိုပဲ။ နောက်တော့ သူမဘေးနား ကျွန်တော်ရောက်သွားတယ်။
”မြတ်နှင်း” နေကောင်းတယ်နော်။ အင်း ကိုမင်းရော အရာရာအဆင်ပြေတယ်မဟုတ်လား
ကျောင်းဆရာမ ၀တ်စုံလေးနဲ့ သူမက အရမ်းကို ရင့်ကျက်တည်ကြည်သွားသလိုပဲ။ ဟိုအရင်တုန်းက ကျွန်တော့်ကို နှုတ်ခမ်းလေးထော်ပြီး ရန်တွေ့တတ်တဲ့ ကောင်မဆိုးလေးမဟုတ်တော့ဖူး။
နင် သင်္ဘောတက်သွားတယ်တော့ကြားတယ်။ ခုပြန်ေ၇ာက်လာတာလား။
အေးဟ ငါမြန်မာပြည်ပြန်ရောက်တာ 3ရက်လောက်ပဲ၇ှိသေးတယ်။ဒါနဲ့ နင်ကျူတာဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ငါတို့မတွေ့တာ 7နှစ်လောက်တောင်၇ှိပြီနော်။
3နှစ်လောက်တော့၇ှိပြီ ကိုမင်း၇ဲ့။ နင်သင်္ဘောတက်တာနဲ့ သိပ်မကွာဖူးလေ။
ကျွန်တော်တို့အဖြစ်က ရယ်စရာလည်းကောင်းပါတယ်။ တကယ်ဆို ကျွန်တော်တို့တမြို့ထဲမှာ အတူတူနေခဲ့ကြပေမဲ့ ကျွန်တော်တို့ လမ်းခွဲပြီးကထဲက ခုချိန်ထိ တခါမှထပ်မတွေ့ဖြစ်တော့ဖူး။
နင်ကျောင်းလစ်လာတာလား မြတ်နှင်း။ ကျွန်တော် သူမကို စလိုက်တယ်။
သူမက မျက်စောင်းလေးထိုးရင်း ကျွန်တော့်ကို ခပ်စွာစွာလေးပြန်ပြောတယ်… ငါက ဆရာမလေ ကျောင်းပြေးစရာလား ညနေအတန်းချိန်မ၇ှိလို့ပေါ့။
သူမက ကျွန်တော့်ထက်1နှစ်ငယ်တာဆိုတော့ခု ဆို27 နှစ်လောက်၇ှိပြီ။ ဒါပေမဲ့ သူမ၇ဲ့မျက်စောင်းထိုးပုံလေးက အရင်သူမ 18နှစ်19နှစ်အရွယ်ကလိုပဲ ချစ်ဖို့ကောင်းနေသလိုပဲ။
ငါတို့ စကားထိုင်ပြောရအောင်လေ ကိုမင်းအချိန်ရရဲ့လား။ ရတာပေါ့ မြတ်နှင်း လာလေ ဟိုနားကအပင်ကြီးအောက်မှာ သွားထိုင်မယ်လေ။
အရင်က ဘုရားရောက်တိုင်း ကျွန်တော်တို့ ထိုင်နေကျနေရာပေါ့။
ဒါနဲ့နင် ဘယ်တော့မင်္ဂလာဆောင်မှာလဲ ကိုမင်း ။
အင်းဒီနှစ်ထဲပဲ ဖြစ်မယ်ထင်တယ်။ လက်ဖွဲ့ကြီးကြီးယူပြီး နင်လာခဲ့ရမှာနော်။
သူမ ခပ်တိုးတိုးလေးရယ်လိုက်တယ်။ လူမလာနိုင်ရင်တောင် လက်ဖွဲ့ကြီးကြီးရစေရမယ် စိတ်ချ။
ဒါနဲ့ နင်ရောဘယ်တော့လောက်လဲ မြတ်နှင်း။ ကျွန်တော့်လိုပဲ သူမမှာ သူမထက်4နှစ်လောက်ငယ်တဲ့ ချစ်သူတယောက်၇ှိကြောင်း အရင်က ကျွန်တော်ကြားဖူးထားလို့မေးလိုက်ခြင်းပါ။
ဒီနှစ်ထဲတော့မဟုတ်ပေမဲ့ ငါလည်းသိပ်မကြာတော့ပါဖူးဟ။
ဒီစကားတွေပြောပြီး ကျွန်တော်တို့နှစ်ယောက်လုံးငြိမ်သက်သွားကြတယ်။ ကျွန်တော်တို့ဟာ တယောက်ကိုတယောက် သိပ်ချစ်ခဲ့ဖူးတာပါ။ ကျွန်တော်တို့ဟာ တခြားသူတွေနဲ့ ချစ်သူတွေဖြစ်သွားလိမ့်မယ်လို့ အရင်ကယောင်လို့တောင်မတွေးခဲ့မိပါဖူး။
မြတ်နှင်း နင်ရောအရာရာအဆင်ပြေတယ်မဟုတ်လား။ အင်းကိုမင်း အဆင်ပြေပါတယ်။
မြတ်နှင်း ငါတို့ဒီနေ့မမျှော်လင့်ဘဲ တွေ့တာဆိုတော့နောက်ထပ်တွေ့ဖို့မလွယ်လောက်ဖူးနော်။
ငါနင့်ကို ပြောပြသင့်တယ်ထင်တဲ့ စကားတချို့၇ှိတယ်။နင်နဲ့ ဆို ငါ့အမေကအရင်တုန်းက သဘောမတူခဲ့ဖူး။ စနေ ကြာသာပတေးမို့တဲ့ ။ တကယ်တော့ အမေသဘောမတူလည်း ငါနင့်ကိုတချိန်ကျ လက်ထပ်ယူမှာပဲလို့တွေးခဲ့ဖူးတယ်။ အဲဒီအချိန်က ငါကျောင်းပြီးခါစဆိုတော့ အလုပ်အကိုင်လည်း အတည်တကျမ၇ှိခဲ့ဖူးလေ။ ဒါပေမဲ့ နင့်ရဲ့သ၀န်တိုမှုတွေက ငါ့ကိုမွန်းကျပ်စေခဲ့တယ်။ ကျောင်းတက်ကတည်းက နင့်၇ဲ့စိတ်ကောက်မှုတွေရော ကျောင်းပြီးတော့ နင့်၇ဲ့ ၀န်တိုစွပ်စွဲမှုတွေကြောင့် ငါနင့်ကို သံယောဇဉ်ကုန်လာခဲ့တယ်။ နင်နဲ့ လမ်းခွဲပြီးနောက်ပိုင်း ငါအလုပ်တွေကြိုးစားလာခဲ့တယ်။ဒါပေမဲ့ ငါအပြည့်အ၀မပျော်ခဲ့ဖူး။ ငါတို့၇ဲ့ကျောင်းတက်ချိန်တွေကို တခါတခါပြန်တမ်းတမိတယ်။ ဒါပေမဲ့လည်း ငါနင့်ဆီကိုပြန်မလာချင်တော့ဖူး။ ငါ့၇ဲ့လက်၇ှိချစ်သူက ငါ့အပေါ်အရမ်းကောင်းခဲ့တာ။ ငါသူ့ကို သစ္စာ၇ှိစွာချစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ‘’ဖြူ “ ငါနင့်ကို အရမ်းကိုချစ်ခဲ့ဖူးတာပါ။ ငါ့၇ဲ့အချစ်ဦးကလည်း နင်ပါ။ ခုချိန်မှာတော့ နင်ကငါ့၇ဲ့ အရင်းနှီးဆုံးသူစိမ်းပါ။
ကျွန်တော့်၇ဲ့ ၇ှည်လျားတဲ့စကားတွေကို သူမကငြိမ်ငြိမ်သက်သက်လေးနားထောင်နေတယ်။
သူမက ကျွန်တော့်ကို မျက်ရည်ဝဲနေတဲ့ မျက်ဝန်းတစုံနဲ့ ပြန်လှမ်းကြည့်တယ်။သူမမျက်ရည်တွေမြင်တိုင်း ကျွန်တော့်နှလုံးသားတွေ အရည်ပျော်တတ်တယ်ဆိုတာတော့ သူမ သိအောင်မပြောတော့ပါဖူး။
ကိုမင်း ငါမှားခဲ့တာတွေ ငါသိပါတယ်။နင်ငါ့ကို ဘယ်လောက်အလိုလိုက်ပြီးချစ်ခဲ့တယ်ဆိုတာ ငါသိခဲ့ပါတယ်။
ငါအခု အရမ်းလူကြီးဆန်လာပြီ။ ဆရာမလေးတယောက်လည်း ဖြစ်ခဲ့ပြီ။ငါလည်းတခါတလေတော့ နင့်ဘေးနားမှာနေခဲ့တဲ့ နင့်၇ဲ့ကလေးလေးအဖြစ်ကို တမ်းတတတ်ပါတယ်။
ငါခုဒီအသက်အရွယ်မှာ ငါသိလာတာက ငါတို့ တွေ ပြည့်စုံမှုတွေများလာရင် ငါတို့ပိုပျော်၇ွှင်လာရမယ်လို့ထင်ခဲ့တာ။ ဒါပေမဲ့ ငါအရင်တုန်းကလောက်တောင် မပျော်ခဲ့ဖူး။ ဒါကြောင့် လက်၇ှိအချိန်တွေကို ပိုတန်ဖိုးထားသင့်တယ်ဆိုတာငါတွေးလာမိတယ်။ ငါလည်းနင့်လိုပဲ နင့်ကို သိပ်ချစ်ခဲ့ဖူးတယ်။ ဒါဟာအမှန်တရား တခုပဲ။ဒီ အမှန်တရားကိုတော့ ငါလူတိုင်းကိုပြောပြနိုင်တယ်။ လက်၇ှိ ငါ့ချစ်သူကိုရောပေါ့။ ဒါပေမဲ့ ခုချိန်မှာ ငါ့ချစ်သူကိုပဲ ငါချစ်တယ်။ ငါသူ့အကြောင်းပဲတွေးတယ်။ တခါတလေတော့ နင်အဆင်ပြေပါစေလို့ ငါဆုတောင်းပေးတတ်တယ်။ နင့်ကို ချစ်မြတ်နိုးစိတ်နဲ့လည်းမဟုတ်ဖူး။မုန်းတီးတာတွေလည်းမ၇ှိတော့ပဲ နင်အဆင်ပြေပါစေပေါ့ဟာ။
သူမကို ကျွန်တော်ပြုံးကြည့်လိုက်တယ်။ ကျွန်တော့်၇ဲ့ တချိန်က ကလေးလေးဟာ ခုတော့တကယ့်ကို ရင့်ကျက်နေပြီပဲ။
ငါတို့ပြန်သင့်ပြီထင်တယ်နော်……ကိုမင်း။ အင်းပြန်ကျတာပေါ့ မြတ်နှင်း။
အပြန်လမ်းမှာ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်လေးတခုမှာ ကော်ဖီအတူတူသောက်ခဲ့ကြတယ်။ ဒါဟာသူစိမ်းတွေ အနေနဲ့ ပထမဆုံးသောက်ဖြစ်တဲ့ ကော်ဖီပါ။ သူမက မပြောမဆို ကျွန်တော့်ကော်ဖီကိုဖျော်ပေးခဲ့တယ်။ ကျောင်းတုန်းကထဲက သူမဖျော်ပေးလေ့၇ှိတဲ့ ကော်ဖီကိုပဲ ကျွန်တော်သောက်လေ့၇ှိခဲ့တာ။ ကိုမင်း ရေနွေးလျှော့အုံးမှာလား။ သူမ မှတ်မိနေခဲ့တာပဲ။ ကျွန်တော် နက်ပဲသောက်တတ်တာရော ရေနွေးနဲနဲပဲထည့်တတ်တာရော။ ဒါပေမဲ့ ကော်ဖီဖျော်ပြီး လုပ်တတ်တဲ့ အလေ့အကျင့်တခုကိုတော့ သူမက ချန်ထားခဲ့တယ်။ အရင်က ကော်ဖီဖျော်ပြီးရင် အိတ်ကပ်ထဲက ကျန်တဲ့ကော်ဖီအမှုန်လေးတွေကို ကျွန်တော့်ကိုယ်ပေါ် လောင်းချတတ်တယ်။ သစ်ကုလားအုပ်ကင် ကို မဆလာဖြူးတာတဲ့။ အဲဒီတုန်းက အမူအရာကို ကျွန်တော့်မှာစိတ်ဆိုးရခက်ခက်နဲ့ ထိုင်ကြည့်နေရတယ်။ 5ပေ11 အရပ်ရှိတဲ့ ကျွန်တော်က အဲဒီတုန်းက ပိန်ပိန်လေးရယ်ပါ။ ဒါပေမဲ့ ဘီယာသောက်တတ်လို့ ဘီယာဗိုက်က သစ်ကုလားအုပ်ဗိုက်ပူဆိုပြီး သူမကလှောင်ပြောင်ခဲ့ဖူးတယ်။ ဒီအပြုအမူကတော့ ခုချိန်မှာ မသင့်လျော်ဖူးလို့ သူမကယူဆခဲ့ပုံရပါတယ်။ ကျွန်တော်ကတော့ သူမအရမ်းကြိုက်လှတဲ့ ကော်ဖီအေးတခွက်မှာပေးခဲ့ပါတယ်။ ကော်ဖီကုန်သွားရင်တောင် ကျန်တဲ့ရေခဲတုံးလေးတွေကို စားတတ်တာ ကျွန်တော်သိတာပေါ့။
ကျွန်တော်တို့ ကော်ဖီသောက်ပြီးတဲ့နောက်တော့ ကျွန်တော်တို့လမ်းခွဲလိုက်ကြတယ်။ တမြို့ထဲမှာအတူတူနေကြပေမဲ့ ရပ်ကွက်တွေက ဝေးတာကြောင့် ကျွန်တော်တို့အိမ်အပြန်လမ်းက ဆန့်ကျင်ဖက်တွေပါ။နောက်တခါ လမ်းမှာတွေ့ဖြစ်ခဲ့ကြရင် မနှုတ်ဆက်ကြဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။
ကျွန်တော်သိပ်ချစ်ခဲ့ဖူးတဲ့ မိန်းမတယောက်ကို သူငယ်ချင်းတယောက်လိုခပ်ပေါ့ပေါ့စကားမပြောနိုင်ပါဖူး။
သူမက ကျွန်တော့်ကို ခပ်တိုးတိုးလေးပြောသွားခဲ့တယ်။ ငါတို့ဟာ သူစိမ်းတွေပါတဲ့။ဒါပေမဲ့ အရင်းနှီးဆုံးသူစိမ်းတွေပါတဲ့………………….
↧
အရင်းနှီးဆုံး သူစိမ်း
↧