Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အိမ်မက်ထဲကမျှော်လင့်ချက်တွေ လက်မလွတ်သွားပါစေနဲ့

$
0
0

- လက်မြှောက်အရှုံးပေးချင်စိတ်တွေ ပေါ်လာတဲ့အခါမျိုးမှာ မျှော်လင့်ချက်က ဆက်လက်ရှင်သန်နေဖို့ ခွန်အားတွေပေးတယ်။

- ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွတ်ပါနဲ့။ လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိနေသမျှ ကြိုးစား ဖို့အတွက် အကြောင်းရှိတယ်။

- ကိုယ့်ပျော်ရွှင်မှုကို သူတပါးလက်ထဲ ထည့်မထားပါနဲ့။ ကိုယ့်လက်ထဲမှာပဲထား။ ဒါမှ အမြဲတမ်း ကိုယ်လက် လှမ်းမီနေမှာ။

- အောင်မြင်တာ ရှုံးနိမ့်တာကို ရုပ်ဝတ္ထုကြွယ်ဝမှုတွေနဲ့ မတိုင်းတာပါနဲ့။ ကိုယ်ဘယ်လိုခံစားရတယ် ဆိုတာနဲ့ သာ တိုင်းတာပါ။ ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို ကိုယ့်ခံစားချက်များကသာ ပြဌာန်းတယ်။

- ဆိုးတဲ့အခိုက်အတန့်ကလေးတွေရဲ့ လွှမ်းမိုးသွားမှုကို မခံပါနဲ့။ သည်းခံလိုက်စမ်းပါ။ သူတို့ ကျော်လွန်သွား လိမ့်မယ်။

- အကူအညီတောင်းဖို့ မ၀ံ့မရဲ ဖြစ်မနေနဲ့။ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် လိုအပ်မြဲဖြစ်တယ်။

- အချစ်ကို ရှောင်မပြေးနဲ့ ၊ ရင်ဆိုင်တွေ့လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ပျော်စရာအကောင်းဆုံး ဖြစ်လို့ပါ။

- စိတ်ကူးတွေနဲ့ အိပ်မက်တွေ မျှော်လင့်သလိုဖြစ်မလာလို့ ဘ၀ပျက်ပြီ မထင်လိုက်လေနဲ့။ ကိုယ့်အကြောင်း၊ ဘ၀အကြောင်း အသစ်တစ်ခုတွေ့ရလေတိုင်း တိုးတက်မှု ရခဲ့တာပဲပေါ့။

- ကိုယ့်ကိုယ်ကိုယ် ရိုသေစိတ်ပျောက်သွားစေမယ့် ဘယ်လိုကိစ္စမျိုးမှ မလုပ်မိပါစေနဲ့။ ကိုယ့်ဘ၀ ကိုယ် ကျေနပ်ခြင်းဟာ လူ့ဘ၀ကိုကျေနပ်ဖို့ လိုအပ်ချက်ဖြစ်တယ်။

- ရယ်မောဖို့ ဘယ်တော့မှမမေ့နဲ့။ ငိုကြွေးဖို့လည်း ရှက်မနေနဲ့။ ဒီနှစ်ခုကို လုပ်နေခြင်းကြောင့် ဘ၀ဟာ ကျေ နပ်စရာ အကောင်းဆုံး ဖြစ်နေရတာပဲ။ (Nancye Sims)

သင့်အိပ်မက်များရဲ့ ခရီးလမ်းမှာ-
ဘ၀ခရီးလမ်းအကြောင်း၊ သင်ကိုယ်တိုင်ရဲ့အကြောင်း၊ သင် ဘာဖြစ်ချင်သလဲဆိုတဲ့အကြောင်း သိပါစေ။

လူပေါင်းများစွာကို တွေ့ရလိမ့်မယ်-
လူတစ်ဦးစီအပေါ်မှာ၊ ကြင်နာမှု၊ လေးစားမှုနဲ့အတူ သင့်ကို သူများက ဆက်ဆံစေချင်တဲ့အတိုင်း ဆက်ဆံနိုင် ပါစေ။

မိတ်ဆွေသစ်တွေလည်း ရလိမ့်မယ်-
သင့်အပေါ်မှာ များစွာချစ်ခင်ကြတဲ့ မိတ်ဆွေဟောင်းတွေနဲ့ အဆက်မပြတ်ဖို့လည်း သတိရနိုင်ပါစေ။

ပြဿနာပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ ရလိမ့်မယ်-
“ဘ၀ဆိုတာ မလွယ်ပါလား”ဆိုတာကို လက်ခံလာနိုင်ပါစေ။ ကြံ့ခိုင်ပြီး လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ပါလေ။

အမှားတွေ ကျူးလွန်မိလိမ့်မယ်-
အမှားတွေဆီက သင်္ခန်းစာယူပြီး ရင့်ကျက်လာပါစေ။ ပြီးတော့ ပိုကြံ့ခိုင်တဲ့၊ ပိုအသိဥာဏ်ရှိတဲ့သူအဖြစ် ခရီး ဆက်ပါလေ။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ရလိမ့်မယ်-
သင့်ကိုယ်သင်သိပြီး သင့်အတွက် အကောင်းဆုံးဖြစ်တာကို ရွေးချယ်နိုင်ပါစေ။ တကယ်လို့ စိတ်ရှုပ်ထွေး
နောက်ကျိလာခဲ့ရင် သင့်နှလုံးသားရဲ့အသံကိုသာ နားဆင်လိုက်ပါလေ။

သင့်ဘ၀အတွက် ရည်မှန်းချက်တွေ ချမှတ်ရလိမ့်မယ်-
သင့်အိပ်မက်တွေ အကောင်အထည်ပေါ်လာပြီး သူငယ်ချင်းတို့ ဖြစ်ချင်တဲ့ဘ၀အတိုင်း ဖြစ်လာစေအောင်လုပ်ဖို့အတွက် သူငယ်ချင်းမှာ သတ္တိရှိပါစေ။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>