အလွမ်းတွေလဲမဝေခဲ့ ပါဘူး
ပန်းတွေလဲမချွေခဲ့ ပါဘူး
ချစ်သူရေ.........
တကယ်တော့ နင်နဲ့ ငါဟာ
အလှမ်းတွေဝေးခဲ့ လို့ သာ
လွမ်းနေရတာပါ
ကျွမ်းနေတဲ့ ငါ့ အသည်းလည်း
ပန်းကလေးတွေလို
လန်းဆန်းမနေနိုင်တော့ ဘူး
နေစဉ်နဲ့ အမျှလွမ်းနေရလို့ 
နေမင်းကြီးကွယ်ပျောက်လေတိုင်း
လွမ်းမျက်ရည်တွေဝဲနေရတယ်
ညနက်တဲ့ ညတွေမှာ
အတွေးနယ်ချဲ့ ရင်း
ဝေးရမှာကိုတွေးကြောက်နေတဲ့ သူက
ငါပါ ချစ်သူရယ်
ပြန်မဆုံနိုင်တာသိပေမဲ့ 
မျှော်နေမိတာတော့ အမှန်ပါ
ရှိပါစေတော့  ချစ်သူရယ်
ချစ်မိသမျှ ၀ဋ်ကြွေးဆိုရင်လည်း
ဒီဘ၀မှာကျေအေးဖို့ အတွက်
ဘ၀ကိုလည်းစတေးလို့ 
နှလုံးသားကိုလည်းစတေးလိုပါတယ်
အထီးကျန်ဆန်နေတဲ့ ငါ့နှလုံးသားကို
အငြိုးမာန်ဖွဲ့ တဲ့ အမုန်းတရားတွေက
မင်းနဲ့ ငါ့ ကြားကလည်ကာခြားခဲ့ ပြီပေါ့ 
ချစ်သူရယ်............

_Battalion-Royal_Canadian_Regiment_of_Infantry.jpg)








