သူမျှော်နေတာ ဒီလိုနေ့လား
ဗျို့ ဆ၇ာ ဒီရွာက ကိုသာအေးကိုသိလားဗျ ။ ဟုတ်ကဲ့ သိပါတယ် ခင်ဗျ။ ဘာဖြစ်လို့လဲ ။ ကိုသာအေး ထီပေါက်လို့
လာအကြောင်းကြားတာပါဗျ။ သူ့အိမ်လေး လိုက်ပြပါလားဗျာ။ ဟုတ်ကဲ့ ၇ပါတယ်ဗျာ။ ဒီအိမ်ပဲဗျ။ ဗျို့ ကိုသာအေး
ဒီမှာခင်ဗျား ထီပေါက်လို့တဲ့ဗျ ။ ကိုသာအေးတို့တော့ ပွတာပဲဗျာ ။ ဟေ -ဘယ်လောက်ပေါက်တာတဲ့တုံးဟ။
သိန်း ၅၀၀ တဲ့ဗျာ ။အေး အဆင်ပြေတာပေါ့ကွာ ။
ကိုသာအေးမှာ နယ်စွန်ရွာလေးတစ်ရွာက ဘွဲ့ရပီး မိဘလက်ရင်း လယ်ယာအ
လုပ်ကို ဆက်လက်လုပ်ကိုင်နေခဲ့သည်။ရွာမှာ ပညာတတ်ရှားတော့ ကျောင်းမှာစာကူ
သင်ရင်း ရပ်ရေးရပ်ရွာကို ကူညီနေသူဖြစ်သည်။ သူထီပေါက်သည်ဆိုတော့ တစ်ရွာ
လုံးက ၀မ်းသာမဆုံးဖြစ်ကြသည်။ကိုသာအေးက ထီပေါက်သော်လည်း မိမိရွာကိုမ
စွန့်ပဲ ရတဲ့ငွေလေးရင်းနီးပီး အရောင်းအ၀ယ်လေးလုပ် ။နယ်တ၀ိုက်က စာကြိုးစား
ပီးကျောင်း ဆက်မနေနိုင်တဲ့ လူငယ်တွေကို သူတို့ မြို့မှာ အိမ်လေးတစ်လုံး ၀ယ်ထား
ပီး အဲဒိမှာ နေခိုင်းဆက်တက်ခိုင်း ။တက္ကသိုလ်ကျတော့ ယောကျာ်းလေးတွေကို
ဘုန်းကြီးကျောင်းမှာထား ကျောင်းစရိတ်ကို ပံ့ပိုးပေးနဲ့ တတ်နိုင်မျှကူညီခဲ့၇ှာသည်။
ဒီလိုနဲ့ ကိုသာအေးဟာ သူ့နယ်တစ်ဝိုက်မှာတော့ စိတ်ကောင်းရှိပီးလူငယ်တွေကို စိတ်ရော ကိုယ်ပါ
ကူညီနိုင်တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပီး လူသိများလာတယ်။
၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီးရောက်လာတော့ သူ့နယ်က လူတွေက ဗဟုသုတနည်းတဲ့အလျှောက်
ဘယ်ပါတီ ကောင်းလဲ ဘယ်ပါတီမဲပေးသင့်လဲ ဆိုတာတွေက ကိုသာအေးဆီ မေးခွန်းတွေ တစ်သီတန်းရောက်လာတာပါပဲ။
ကိုသာအေးကတော့ ဘယ်ပါတီတွေ ကောင်းတယ် ဆိုးတယ် မသိပေမယ့် နှစ်နစ်ဆယ်ကျော် ကာလမှာ အလုပ်နဲ့
အဆက်မပြတ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးကတော့ အကောင်းကြီးမဟုတ်တောင် လတ်တလောအခြေအနေကို ထိန်းထားနိုင်မယ်။
ကျန်တဲ့ပါတီတွေကတော့ အခုမှအသက်ထွက်လာတွေလည်းရှိတယ် သက်တမ်းကြာတဲ့ပါတီတွေကလည်း
ရုံးလုပ်ငန်းတွေနဲ့ ပြတ်နေတာကြာနေပီဆိုတော့ မထိန်းသိမ်းနိုင်ပဲ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်မှာစိုးရတယ်
လို့ပဲသူ့အမြင်ကိုပြောပြခဲ့တယ်။ ရွာသားတွေကတော့ ထုံးစံအတိုင်းပဲ သူတို့အားကိုးတဲ့ ကိုသာအေးကိုပဲ
-ဒါဆို ကိုသာအေး ပြည်ခိုင်ဖြိုးက နေအုပ်စုအတွက်ဝင်ပြိုင်ဗျာ လို့အတင်းတိုက်တွန်းကြပြန်ရော ။ ကိုသာအေးဟာ
အေးဆေးနေရပ်တည်ချင်ပေမယ့် ရွာသွားတွေရဲ့ဆန္ဒကြောင့် -ဒီလိုလုပ်လို့ ဖြစ်ခဲ့ရင်လည်း ကျန်တဲ့သူတွေကိုပါ
တတ်နိုင်သလောက် ကူညီလို့ရတာပဲဆိုတဲ့အတွေးနဲ့ရွေးကောက်ပွဲ ၀င်ခဲ့တယ်။ဒီလိုပဲ ကိုသာအေးဟာ သူတာဝန်ယူရတဲ့နယ်တွေအ
တွက် အစစအ၇ာ၇ာ တတ်နိုင်သမျှကူညီဖြေရှင်းပေးရင်း လူချစ်လူခင်ပေါပီး နာမည်ရလာတယ်။ နောက်ဆုံးတော့ သူရဲ့ အများအပေါ်
ကူညီတတ်တဲ့ စိတ်ရင်းခံနဲ့ ကြိုးစားမှုတွေကြောင့် သမ္မတ တစ်ယောက်ဖြစ်လာခဲ့တယ်။
နှစ်တွေကြာလာတာနဲ့အမျှ တိုင်းပြည်က တိုးတက်သင့်သလောက်တိုးတက်
ဖွံ့ဖြိုးခဲ့ပေမယ့် တိုင်းရင်းသား လက်နဲ့ကိုင်တွေနဲ့တော့ အပစ်ရပ်လိုက် ပြန်တိုက်လိုက်
နဲ့ အဆုံးမသတ်နိုင်ခဲ့ကြပါဘူး။ ဒသခံပြည်သူတွေကလည်း ငြိမ်းချမ်းတဲ့နေရာကိုေ၇ွ့
ပီးနေတဲ့သူတွေကနေ ၊ ဒေသကမခွါနိုင်တဲ့သူတွေကလည်း ပြေးလိုက်လွားလိုက်ပါပဲ။
လက်နက်ကိုင်တပ်တွေနဲ့ အပြန်အလှန် တိုက်နေကြတဲ့အချိန်မှာပဲ ကိုသာအေး သမ္မတ ဖြစ်လာခဲ့တယ်။ သူဖြစ်ပီးတစ်လအကြာမှာပဲ
ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်။ ဒီလိုနဲ့ သမိုင်းမှာ မှတ်တမ်းတင်၇မယ့် နေ့တစ်နေ့ကိုေ၇ာက်
လာပါတယ်။ သတင်းစာတွေ -သတင်းစာတွေ သတင်းထူးတွေပါတယ် ” နိုင်ငံတော်
သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိပ်တိုက်ဆွေးနွေးတော့မည် ” ။ ဦးကျော်မင်းအောင် (စက်မှုဝန်ကြီးဌာန အထက်
တန်းအရာရှိ)-” ဗျို့ ဦးမင်းကျော်ခေါင် (လွတ်တော်ကိုယ်စလှယ်) ၊ သတင်းစာဖတ်ပီး
ပီလားဗျ။ ညီညွတ်ရေးအစည်းအဝေးက မနက်ဖြန် ညနေ ၄:၃၀ ၊ ညနေစာစားအပီး
ဆိုပါလားဗျ။ နည်းနည်းတော့ထူးဆန်းသလိုပဲဗျို့။ ဟုတ်တယ်ဗျို့ ။ ကျွှန်တော်လည်း
အဲဒါကိုစည်းစားနေတာ ၊ စောင့်ကြည့်ရမှာပေါ့ဗျာ ။ အောင်မြင်ပါစေ ဆုတောင်းပါရဲ့
ဗျာ။ ”
ညီညွတ်ရေးအစည်းအဝေး
သမ္မတ - ကြွရောက်လာကြတဲ့ ကိုယ်စားလှယ် အားလုံးမင်္ဂလာပါ။ အခုအစည်းအ
ဝေးကတော့ အားလုံးသိပြီးတဲ့အတိုင်း ” လက်ရှိပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်
ခိုက်မှုတွေကို ၊ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ” ပဲဖြစ်ပါတယ်။ အမှန်တကယ် အဆုံး
သတ်နိုင်ဖို့ မိမိတို့ရဲ့ ဂုဏ်ပုဒ်တွေ ဖယ်ထားပီး မိတ်ဆွေအချင်းချင်း မိမိလုပ်ငန်းအ
တွက် ဆွေးနွေးတယ်လို့ သဘောထားပီး ဆွေးနွေးပေးဖို့ ဆန္ဒပြုပါတယ် ။ ဆွေးနွေး
တဲ့အချိန်မှာလည်း တစ်ခုခုကိုစိုးရိမ်ပီး စကားချန်ထားတာမျိုးမရှိပဲ မိတ်ဆွေရင်းခြာ
တွေလိုသဘောထားပီး ရင်ထဲမှာ ရှိသည့်အတိုင်း လိုချင်တာကို ရဲရဲဝံ့ဝံ့ ပြောစေချင် ပါတယ် ။ ကျွှန်တော်ကိုယ်တိုင်လည်း
အမှန်တကယ်မြင်သည့်အတိုင်း ရင်ထဲမှာရှိ သည့်အတိုင်း ပြောမှာဖြစ်ပါတယ် ။ ဒီလောက်ပါပဲ ။
-ပထမအနေနဲ့ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်က စတင်ဆွေးနွေးပေးပါ။
ဦးစိုင်းထွန်းနေ - ကျွှန်တော်တို့အနေနဲ့ တောင်းဆိုတဲ့အချက်တွေကို လက်ခံ၇င် ငြိမ်း
ချမ်းရေးကိုကြိုဆိုမှာဖြစ်ပါတယ်။ တောင်းဆိုချင်တာကတော့ တိုင်းရင်းသားတန်းတူ
ညီတူ အခွင့်အရေးရှိရေး ၊ ဖွံဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ပေးေ၇း………………...
…………………………………… တို့ဖြစ်ပါတယ်။
ဦးစောလှဘွယ် - ကျွှန်တော်တို့အနေနဲ့လည်း တစ်ဖက်နဲ့တစ်ဖက်ပြစ်ခတ်တိုက်ခိုက်
မှုကြောင့် ပြေးလွှားသေဆုံး နေရတဲ့ ဒေသခံတွေရဲ့ ဘ၀ကိုမကြည့်ရက်ပါဘူး။ အခု
လိုငြိမ်းချမ်းရေးမျိုးကို ကြိုဆိုပါတယ်။ဒါပေမယ့် အမှန်တကယ် ငြိမ်းချမ်းရေးအတွက်
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေထားနိုင်ဖို့လိုအပ်ပါတယ်။ နှစ်ဦးနှစ်ဖက်ကြား ယုံ
ကြည်နိုင်ဖို့အတွက် …………………… တွေဆောင်ရွက်ပေးဖို့ ၊ …………………….တွေ
ထားရှိဖို့လိုအပ်ပါတယ်။
ဦးအယ်ခွန်ချို - ကျွှန်တော်တို့အနေနဲ့ကတော့ တို်င်းရင်းသားတန်းတူညီတူအခွင့်အ
ရေးရရှိရေး ၊ ဒေသတွင်းဖွင့်ဖြိုးတိုးတက်ရေးကို ကိုယ်တိုင်ဆောင်ရွက်နိုင်ရေး ၊…….
……………………. ရဖို့အတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒါတွေ ရရှိမယ်ဆိုရင်
ငြိမ်းချမ်းရေးကိုလက်ကမ်းကြိုဆိုမှာဖြစ်ပါတယ်။
အခြားကိုယ်စားလှယ်များ - …………………………………………. ။
ကာကွယ်ရေးဦးစီးချုပ် - ကျွှန်တော်တို့တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ဖို့ တာ
ဝန်ထမ်းဆောင်နေရတာ ဖြစ်သည့်အလျှောက် နိုင်ငံကို အန္တရယ်ပြုရင်ကာကွယ်ရ
မယ့်တာဝန်အပြည့်၇ှိပါတယ် ။ အခုလို တိုင်း၇င်းသားချင်းလက်နက်ကိုင် သတ်ဖြတ်
နေ၇တာဟာ စစ်သည်တွေအတွက်ကော ပြည်သူတွေအတွက်ပါ စိတ်မကောင်းစ၇ာ
မို့ ထာ၀၇ ငြိမ်းချမ်းေ၇းကိုမျှော်လင့်ပါတယ်။
သမ္မတ - ကောင်းပြီ ။ ဒါဆို၇င် ကျွှန်တော်တို့ ၇င်ဆိုင်နေ၇တဲ့ပြသသနာဟာ လိုလား
ချက်တွေကြောင့်မဟုတ်ပဲ လက်နက်တွေ၇ဲ့ပြသသနာကြောင့်လို့ ကျွှန်တော်ကောက်
ချက်ချပါတယ်။ ဘာဖြစ်လို့အခုလိုပြော၇သလဲဆို၇င် ကျွှန်တော်တို့အားလုံး၇ဲ့ လိုလား
ချက်ဟာ တစ်ခုတည်းဖြစ်တာကြောင့်ပဲ ။ အားလုံးမျှော်မှန်းတဲ့ အဲဒီလိုလားချက်ကို
တော့ ကျွှန်တော့်တို့အမိအရဆုပ်ကိုင်မိဖို့ လိုလိမ့်မယ်။ ကျွှန်တော်ဟာ အမတန်ငြိမ်း
ချမ်းတဲ့နေ၇ာမှာ ကြီးပြင်းလာပီး ငြိမ်းချမ်းချင်း၇ဲ့အ၇သာကို ကောင်းကောင်းခံစားခဲ့ဖူး
သူဖြစ်တယ်။ အဲဒီလိုပဲ ဒီနိုင်ငံတွင်းမှာ ၇ှိတဲ့တိုင်း၇င်းသားအားလုံးကိုလည်း ငြိမ်းချမ်း
မှုတွေခံစားစေချင်တယ် ။အိပ်ချိန်မှာ အပူအပင်ကင်းစွာအိပ်နိုင်ပီး စားချိန်မှာ စိတ်
အေးလက်အေး စားနိုင်ဖို့ အတွက် ကျွှန်တော်တို့အားလုံးလိုလားတဲ့ ထာ၀၇ငြိမ်းချမ်း
ေ၇းကို ဒီနေ၇ာမှာ အ၇ယူဖို့ ကျွှန်ုပ်ဆုံးဖြတ်လိုက်ပီ ။ အပစ်အခတ်၇ပ်စဲေ၇းမဟုတ်ပဲ ပြီးပြည့်စုံတဲ့ငြိမ်းချမ်းေ၇းမ၇မချင်း
ဒီနေ၇ာက နေကျွှန်ုပ်တို့ ဒီခန်းမထဲက ထွက်ခွါမည်မဟုတ်။ ဒါကြောင့် ဒီညကို ဒီမှာပဲ ကျွှန်တော်နှင့်အတူ ငြိမ်းချမ်းစွာအိပ်စက်
အနားယူဖို့ ကိုယ်စားလှယ်လောင်းအားလုံးကို တောင်းဆိုပါတယ်။အစည်းအဝေးကို ဒီမှာတင်၇ပ်နားပါတယ် ။
နောက်တစ်၇က် နံနက် ၈:၀၀ နာ၇ီ
သမ္မတ - အဆက်အနေနဲ့ပြော၇၇င် ကိုယ်စားလှယ်များ၇ဲ့ ဆန္ဒဟာ ကျွှန်ုပ်တို့ ပြည်သူ
အားလုံး၇ဲ့ဆန္ဒဖြစ်တာ ကြောင့် သဘောတူလိုက်လျှောပါမည် ။ ဆက်လက်ပြီးကျွှန်
တော် လိုအပ်ချက်များကို တောင်းဆိုပါမည် ။ ယမန်နေ့က ပြောခဲ့သိအတိုင်း ပြသသ
နာ၏ အ၇င်းခံသည် လက်နက်များဖြစ်တာကြောင့် တိုင်း၇င်းသားလက်နက်ကိုင်တပ်
အားလုံးဖျက်သိမ်း၇မည် ။ လက်နက်ကိုင်တပ်များ ဖျက်သိမ်း၇ခြင်းကြောင့် မိမိတို့
တောင်းဆိုချက်များကို ပျက်ပြားစေမည်ဟု ကိုယ်စားလှယ်များမှ လွှဲမှား ယူဆနိုင်
သည့် အတွက် ၇ှင်းလင်းတင်ပြပါမည်။ နိုင်ငံတော်ကို ကာကွယ်စောက်ေ၇ှာက်သော
တပ်မတော်သည် တိုင်း၇င်းသား အားလုံးပါဝင်ထမ်းဆောင်သည့်တပ်မတော်ဖြစ်
သည့် အလျှောက် ကိုယ်စားလှယ်များ၏မျိုးဆက်များလည်း ၄င်းနေ၇ာကိုေ၇ာက်၇ှိ
နိုင်သည် ။ထို့အတွက် တပ်မတော်သည် မည်သည့် တိုင်း၇င်းသားကိုမှ ဖိနိပ်မှု၇ှိလာ
မည်မဟုတ် ။အစိုး၇အနေနဲ့လည်း တိုင်း၇င်းသားပေါင်းစုံ ဖွဲ့စည်းထားသည့်အတွက်
ကျွှန်တော်ထိုင်နေသော နေ၇ာသည် မည်သည့်တိုင်း၇င်းသားမဆိုေ၇ာက်၇ှိနိုင်သော
နေ၇ာဖြစ်သည်။ ထို့ကြောင့် အစိုး၇အနေဖြင့်လည်း ထိုကိစ္စမျိုးဖြစ်လာဖွယ်၇ာမ၇ှိပေ။
ထိုယုံကြည်ချက်များဖြင့် တိုင်း၇င်းသားချင်း တိုက်ခိုက်မှုများ ထာ၀၇ ၇ပ်တန့်နိုင်ဖို့
အတွက် တိုင်း၇င်းသားလက်နက်ကိုင်တပ်များ အားလုံးဖျက်သိမ်းပြီး ၊ တိုင်း၇င်းသား
အားလုံးပါဝင်ထမ်းဆောင်သော တစ်ခုတည်းသော တပ်မတော်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ေ၇ှာက်ဖို့
ကျွှန်ုပ်တောင်းဆိုအပ်ပါသည်။ ဖျက်သိမ်းသော တိုင်း၇င်းသား လက်နက်ကိုင်တပ်သားများ အဆင်ပြေ၇ပ်တည်နိုင်ေ၇းအတွက်
ဒေသဆိုင်၇ာများမှ နေ၇ာချပေးပြီး ၊ …………၇က်နေ့မှ …………..၇က်နေ့အထိ ထောက်ပံ့ကြေး
များ ကို တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် ချင့်ချိန်၇ု ထောက်ပံ့ပေးသွားပါမည်။
ကိုယ်စားလှယ်လောင်းများ လက်ခံသဘောတူနိုင်ပါသလား ???????????????????
ကိုယ်စားလှယ်လောင်းများ ……လက်ခံသဘောတူပါသည်။
အစည်းအဝေးပြီးဆုံးကြောင်းကြေငြာအပ်ပါသည်ခင်ဗျာ။
အစည်းအဝေးပြီးဆုံးချိန် နေ့လည် ၁၂:၀၀ နာ၇ီ
နေ့လည် ၁း၀၀ နာ၇ီသတင်း
စည်း၇ုံးေ၇းအစည်းအဝေးမှ တိုင်း၇င်းသားကိုယ်စားလှယ်များက တိုင်း၇င်းသား လက်နက်ကိုင် တပ်များအားလုံးကို ဖျက်သိမ်း၇ု ငြိမ်းချမ်းေ၇းကို သဘောတူ လက်မှတ်ထိုးလိုက်ကြောင်း ကြေငြာအပ်ပါသည်ခင်ဗျား ။
ပြည်သူအားလုံး - ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ၊ ဟူ၇ု ပျော်မြူးကြလေသည်။
(အိမ်မက်)
မှတ်ချက်။ ။၎င်း စာစောင်မှာ ငြိမ်းချမ်းရေးအတွက် စိတ်ကူးယဉ်ဆန်ဆန်ေ၇းမိခြင်း
ဖြစ်ပါသည်။မည်သူကိုမျှ နှိမ်ချပုတ်ခတ်ခြင်းမဟုတ်ပါ။စာစောင်တွင် လိုအပ်ချက်များ
စွာနဲ့ အမှားပေါင်း ၁၆၀၀၀ ပါ၇ှိနေမှန်းသိသော်လည်း ပထမဆုံးအကြိမ် စိတ်ကူးယဉ်
ေ၇းသားမိခြင်းအတွက် ဖတ်မိသူများအားလုံး နားလည်ခွင့်လွတ်ပီး အမှားများပြင်
ပေးဖို့ မျှော်လင့်မိပါသည်။