Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
ကောင်မလေးဖတ်ဖို့ စာ
$
0
0
ကောင်မလေးရေ 
ချစ်သူများနေ့ အမှတ်တရအဖြစ်ဒီစာကိုရေးလိုက်တာပါ ။
ကိုယ်ပြောတာတွေကိုအားလုံးနားမထောင်ရင်တောင်မှ
တချို့ တ၀က်ကိုမင်းနားထောင်ရင် ကိုယ်ကျေနပ်ပါပြီ ။
ကောင်မလေးရေ
သိုယ်နေတဲ့ နိုင်ငံမှာ ကောင်မလေးတွေဟာ သူတို့ ကိုယ်သူတို့ လှဖို့ အတွက်အလှပြင်ဆိုင်တွေမှာ
ငွေကြေးအကုန်အကျခံပြီးပြင်ကြတယ် ။မျက်တောင်တုတွေတပ် မိတ်ကပ်တွေလိမ်း ။
နှုပ်ခမ်းနီတွေဆိုး  ပြီးတော့  လက်သဲ ခြေသဲတွေမှာလဲ စတေကာတွေကပ်ကြ ။
အိုးရှုပ်ရှက်ကိုခတ်နေတာပါပဲ ။
ရုပ်ရျင်တွေထဲမှာစာစောင်တွေထဲမှာဝတ္ထုစာအုပ်တွေထဲမှာ အဲဒီလိုအလှပြင်ရတယ်ဆိုတာတွေ
မင်းဖတ်မိလို့  သိခဲ့ရင်တောင်  တခြားသူတွေလုပ်ပါစေ မင်းမသိချင်ယောင်ဆောင်ပေးပါကွာဘာဖြစ်လို့ လဲဆိုတော့ ။
ဘယ်သွားသွား ဘယ်လာလာ  သနပ်ခါးပါးကွက်ကြား ကွက်ပြီး သွားတတ်တဲ့ မင်းအလှလေး
ပျောက်ကွယ်သွားမှာစိုးလို့ ပါ ။ကိုယ်နဲ့ တွေ့ တိုင်း  ကိုယ်နဲ့ တွေ့ တိုင်းမင်းဆီကရတဲ့   သနပ်ခါးနံ့ မွှေးမွှးလေးကို
ကိုယ်အရမ်းလွမ်းနေမိလို့ ပါ ။။
ကောင်မလေးရေ
တစ်ခုရှိသေးတယ်  ဒီနိုင်ငံမှာ ကောင်မလေးတွေဟာ ဆံပင်အဖြောင့်တွေကိုကောက်လိုက်
အကောက်တွေကိုဖြောင့်လိုက် ဆံပင်အရှည်တွေကိုတိုလိုက်  အရောင်တွေကိုဆိုးလိုက်
တချို့ ဆိုရင် တစ်ခေါင်းလုံးအရောင်စုံပါပဲကွာ  ။ အဲဒီလိုလုပ်တာ ပိုက်ဆံအများကြီးပေးရတယ်ဆိုပဲ ။
အင်းရင်မောစရာ  ။ ကိုယ်ကတော့အဲဒါမျိုးတွေမြင်တိုင်း  မင်းဆံပင်လေးကို အုန်းဆီလေးလိမ်း
သပ်သပ်ရပ်ရပ် ဖြီးပြီး ကျစ်ဆံမြီးလေး ကျစ်ထားတတ်တဲ့ မင်းဆံပင်ရှည်လေး ကိုပဲ မြင်ယောင်နေမိတယ်ကွာ ။
မင်းဆံပင်လေးကိုလည်း သူများတွေစကားနားယောင်ပြီး  အသွင်မပြောင်းလိုက်ပါနဲ့ နော်။။
ကောင်မလေးရေ
ခုခောတ်မှာကောင်လေးတွေကလုံလုံ ခြုံခြုံ ၀တ်ပြီး ကောင်မလေးတွေက မလုံ့ တလုံ ၀တ်လာကြတာ
ဖက်ရှင်တခုလိုဖြစ်လာနေကြပြီ  မြန်မာမိတ်းကလေးတွေရဲ့ မိရိုးဖလာဝတ်စားဆင်ယင်မှုကို ဥပက္ခာပြုပြီး
ဟိုး ရှေးမြန်မာအမျိုးသမီးများလိုဝတ်ပါလို့ ပြောတာမဟုတ်ဘူးနော်အိနြေ္ဒသိက္ခာ ပြည့်စုံတဲ့ မြန်မာမိန်းကလေးတွေ
ရှိသေးတယ်ဆိုတာ နိုင်ငံခြားသားတွေလာရင်  သိသွားစေချင်လို့ ပါ ။ဒါကြောင့် ကိုယ့်ယဉ်ကျေး မှု ၀တ်စားဆင်ယင်မှုကို
ထိမ်းသိမ်းတဲ့အနေနဲ့  ကောင်မလေးရေ တခြားသူတွေလုပ်ချင်လုပ်ပါစေ မင်းမပါ စေနဲ့ နော် ။
ကောင်မလေးရေ
ခောတ်မှီအောင်လိုက်ခောတ်နောက်မကျစေနဲ့ ဆိုတဲ့စကားအတိုင်း မင်းကွန်ပျူတာပညာရပ်တွေကိုဝါသနာပါတာကိုယ်သိပါတယ်
အင်တာနက်ဆိုင်မှာ တစ်နာရီထိုင်လို့  ကုန်ကျသွားတဲ့ငွေနဲ့ ညီမျှတဲ့ပညာတစ်ခုခုကိုရအောင်ယူပါကွာ။
တယောက်နဲ့ တယောက်သူဘဲအကျိုးမရှိ ကိုယ်လဲအကျိုးမရှိစကားတွေပြောပြီး အချိန်နဲ့ ငွေကို ဖြုံးတာကျိုးတော့ရှောင်ပါကွာ
အွန်လိုင်းပေါ်မှာ တကယ်အသိပညာအတတ်ပညာပေးတဲ့ဝက်ဆိုက်တွေကိုရှာပြီးပညာယူပါ ။
မင်းဘ၀တိုးတက်မှု အတွက်ကျိုးစားပါကွာ ။
ကောင်မလေးရေ
နောက်ဆုံးပြောချင်တာကတော့  လိမ္မာယဉ်ကျေးအောင်နေပါ ။ ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ ။ကိုယ့်ရဲ့ ကျိုးစားနိုင်စွမ်းကို
ကိုယ့်ဟာကို အသိအမှတ်ပြူပါ ။ကံတရားကို အကောင်းဆုံးစိတ်ထားနဲ့ ရင်ဆိုင်နိုင်ဖို့ ကြိုးစားပါ   ။
သူများအထင်ကြီးဖို့ လဲမလုပ်ပါနဲ့  ။အထင်သေးမဲ့ကိစ္စမျိုးလဲ မလုပ်မိပါစေနဲ့  ။ ကိုယ့်ကိုယ်ကိုနဲနဲ ထက်ထက်မြက်မြက်ရှိပါစေ။
တကယ်လို့  ၀မ်းနဲစရာတခုခု ကြုံလာခဲ့ရင်။စိတ်မကောင်းစရာတခုခု ဖြစ်လာခဲ့ရင် တခြားသူမသိပါစေနဲ့ ။
ဘယ်သူမှမရှိတဲ့ မြစ်ကမ်းပါး။ အရိပ်ကောင်းတဲ့သစ်ပင်အောက် ။ဒါမှမဟုတ် ခြင်ထောင်ထဲမှာ အားရပါးရ ငိုလိုက်ပါ ။
ငိုပြီးလို့ စိတ်လက်ပေါ့ပါးသွားရင် နောက်နေ့ သစ်တွေကို ပျော်ရွှင်စွာနဲ့ဖြတ်သန်းပါ ။
တစ်ခါတစ်ခါမှာ စိတ်ပျက်တာမျိုးရှိတတ်ပါတယ် ။ဒါပေမဲ့မျှော်လင့်ချက်တော့ မမဲ့စေနဲ့ ။ရည်မှန်းချက်တော့မပျောက်စေနဲ့ ။
မင်းကိုယ်မင်း မြတ်နိုးပါ ။မှန်ကန်စွာတွေးခေါ် လုပ်ကိုင်တတ်သူဖြစ်ပါစေ ။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါကောင်မလေးရယ်ချစ်သူများနေ့ အမှတ်တရမင်းကိုပြေချင်တာကတော့ ။။။
                        သူငယ်ချင်း အားလုံးကို
                       ချစ်ခင်လေးစားလျှက်
                      ကိုမောင်မောင်
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>