ချစ်သူများနေ့
ချစ်သူရှိတဲ့ ချစ်သူစုံတွဲလေးတွေကတော့ ကိုယ်စီ လက်တွဲလို့ တစ်ခိခိနဲ့ ကြည်နူးသာယာနေချိန် ထိုနေ့လေးမှာ မပျော်နိုင်သူတွေကတော့ မည်သူရှိမည်နည်း..။
ထိုသူတို့ထံမှ တစ်စွန်းတစ်စ ပွင့်အံထွက်လာသော ရင်ဖွင့်သံများကို နားဆင်အုံးလော့......။
“မင်းဆက် မင်းချီးစားကြည့် ဒါဖြစ်သင့်လား”
“ကျွန်တော် ချီးမစားရပါစေနဲ့ အစ်ကိုမထသရယ်”
“မင်းကို သေချာ ချီးစားခိုင်းတာကွ”
“မစားပါဘူးလို့ ပြောတာ သေချာ စားခိုင်းနေရလား”
“မင်းဘာတွေ တွေးနေပြန်ပြီးလဲ ငါပြောတာ သေသေချာချာ မင်းဦးနှောက်နဲ့ ချီးစားခိုင်းတာကွ”
သူ့ခေါင်းကို လက်ညှိုးတစ်ထိုးထိုးနဲ့ မပီကလား ပီကလားစကားပြောနေသော ကလေးတစ္ဆေ မထသအားကြည့်ရင်း အတူနေ ခန့်ချောလေးက ချက်ချင်းသဘောပေါက်ကာ မင်းဆက်အား လက်တို့၍
“ဟရောင် သူ မင်းကို ချီးစားခိုင်းနေတာ မဟုတ်ဘူး ။ စဉ်းစားခိုင်းနေတာ”
“အဲ့လို အစောထဲက ပြောပါလားဗျာ။ ကျွန်တော်က ကျွန်တော့်ကို အတင်းကြီးချီးစားခိုင်းနေတာ ထင်ပြီး ရင်တောင် နင့်တယ်ဗျ”
“မင်းကလဲ မထသ သူငယ်နာမစင်ပဲ စကားမပီတာ အစထဲက သိထားတာကို သေချာတွေးပြီးနားထောင်ပေါ့”
ထိုနှစ်ယောက် တိုးတိုးကြိတ်ကြိတ် ပြောဆိုနေတုန်းမှာပဲ မထသ မင်းသားရဲ့ ကျယ်လောင်သော အသံက
“မင်းတို့ကို ငါပြောနေတယ်လေ ဒါဖြစ်သင့်သလားလို့”
“ဟုတ်တယ် အစ်ကို မထသ ဒါ မဖြစ်သင့်ဘူး ၊ လုံးဝကို မဖြစ်သင့်တာ”
“အေး ဟုတ်တယ် မဖြစ်သင့်ဘူး ၊ မင်းတို့ ဘယ်လိုသဘောရလဲ”
“အစ်ကို မထသကရော ဘာလုပ်ချင်လဲ”
“အင်းးးးးးးးးး ဘာလုပ်ရမလဲဆိုတော့ လာကွာ မြို့တော်ရုံးသွားမယ် ၊မြို့တော်ရုံးမှာ သွားတိုင်မယ်”
ထိုသိုနှင့်ပဲ (၃)ယောက်သား တက်ညီလက်ညီနှင့် မြို့တော် ရုံးသို့ ချီတက်လာခဲ့ကြပါတော့သည်..။
မြို့တော်ရုံးတွင် မြို့တော်ဝန် ဆိတ်မှိုင်းနှင့် အကြံပေးကိုရင်ကျော်တို့နှစ်ယောက်က အလုပ်များရှုပ်နေကြပါသည်..။ အကြောင်းမှာ ချစ်သူများနေ့မှာ သူများတွေလို လက်တွဲစရာလက်တစ်စုံ မရှိသောကြောင့် လမ်းဘေးမှ ကောက်လာသော ကျောက်စရစ်ခဲများကို အဖော်လုပ် ကျားပြေးနေရသောကြောင့် ဖြစ်ပါတော့သည်..။
“မြို့တော်ဝန် ကျွန်တော်တို့ရဲ့ အခက်အခဲကို ဖြေရှင်းပေးပါ”
“ဘယ်လိုများဖြေရှင်းပေးရမှာပါလိမ့်..ဘာတွေ အခက်အခဲရှိလဲဆိုတာ သေချာပြောပြ ခင်ဗျာ”
“ဘာတွေ အခက်အခဲရှိလဲ ဒါတောင် မသိဘူးလားဗျ”
“မသိလို့ မေးတာပေါ့ဗျ”
“ဒီမှာမြို့တော်ဝန် ဒီနေ့ ဘာနေ့လဲ”
“ဒီနေ့ အင်းးးးးးးးးးး ကိုကျော် ဒီနေ့ ဘာနေ့လဲဗျ”
“ဖေဖော်ဝါရီ (၁၄)ပါ ”
“ဟုတ်တယ် ဖေဖော်ဝါ (၁၄)..အဲ့ဒီ ဖေဖော်ဝါရီ (၁၄)ဖြစ်လို့ကို ကျွန်တော်တို့ မကျေနပ်တာ”
“ဘာလို့လဲဗျ”
“ဘာလို့ရမလဲ..ချစ်သူများနေ့မှာ ကျွန်တော်တို့အတွက် တွဲစရာ လက်တစ်စုံ မရှိဘူး၊ပန်းစည်းပေးစရာကောင်မလေးမရှိဘူး၊ကျွန်တော်တို့အတွက် ချော့ကလက်လာပေးမဲ့ ကောင်မလေးမရှိဘူး..အဆိုးဆုံးကတော့ဗျာ အာဝါး ပေးစရာကောင်မလေးကိုမရှိတာဗျာ”
“မင်းတို့ဘာသာ မင်းတို့ အသုံးမကျလို့ မစွံတဲ့ ကိစ္စကို မြို့တော် တရားရုံးမှာ လာတိုင်ရာလားကွ”
“ကျွန်တော်တို့ မစံွံတာ မဟုတ်ဘူးဗျ..ဒီမြို့တော်ထဲက အပျိုကြီးတွေ လက်ချက်ကြောင့် ကောက်မလေးတွေက ကျွန်တော်တို့ကို ပြန်မကြိုက်ရဲတာဗျ”
“နေပါအုံး အပျိုကြီးတွေက မင်းတို့ကို ဘာလုပ်ထားလို့တုန်း..မတော်တမတရား အနိုင်ထက်စီးနင်းလုပ်ရင်တော့ အပျိုကြီးတွေကို ပညာပေးရမယ်..။ ဒီနေရာမှာ မင်းတို့ (၃)ယောက်နဲ့ ငါတို့ (၂)ယောက်က ဘဝတူတွေရည်းစားမရှိတာ အပျိုကြီးတွေ လက်ချက်ဆို ဒီအပျိုကြီးတွေကို ကောင်းကောင်း ပညာပေးရလိမ့်မယ်”
“သူတို့ လက်ချက်ဆိုတာ သေချာတာပေါ့ဗျ..ကြည့်လေ ချစ်သူများနေ့ မရောက်ခင်ကတည်းကနေ တင်လိုက်တဲ့ စာတွေ မိမိချစ်သူကို အစွမ်းကုန် အလိုမလိုက်သင့်ကြောင်း ၊အပျိုစင်ဘဝလေးကို တန်ဖိုးထားသင့်ကြောင်း ၊ချစ်သူဆိုတာ ချစ်သူပဲမို့ တစ်ဘဝစာလုံးစာထိ ပုံမအပ်သင့်ကြောင်းတွေ အပြိုင်အဆိုင် သတိပေးနေကြလို့ ဘယ်ကောင်မလေးမှ ကျွန်တော်တို့ကို မယုံရဲတော့တာဗျ”
“အဖြစ်က ဒီလိုလား..ကဲ ကိုကျော် မြို့တော်က အပျိုကြီးများ အဖွဲ့ကို ရုံးတော် ခေါ်စေဗျာ..သူတို့ကြောင့် ကျွန်တော်တို့ လက်တစ်ဖက်ပြတ်နေရတာ”
“ဟုတ်ကဲ့ ဆရာဆိတ်..ခုချက်ချင်းကို ခေါ်လိုက်ပါ့မယ်”
မြို့တော်တွင်းမှ အပျိုကြီးများ ရုံးတော်သို့ အမြန်ဆုံးနည်းနဲ့ ရေမြင်းစီးပြီး လာစေ”
“ကိုကျော် အပျိုကြီးတွေကို ဘယ်နှယ့်လုပ် ရေမြင်းစီးခိုင်းရတာလဲဗျ”
“ကျွန်တော်က ရေမြင်းစီးပြီးလာစေလို့ မပြောရင် ဒီအပျိုကြီးတွေ မိချောင်းစီးလာမျဗျ..နဂိုကမှ လျှာရျည်ကြတဲ့ အပျိုကြီးတွေ မိချောင်းသာစီးရင် ဆရာသမားတွေ ပြောမနိုင်မှန်းသိလို့ လျှာတိုတဲ့ ရေမြင်း စီးလာခိုင်းတာဗျ”
“အင်း ကွက်ကျော်မြင်တတ်တဲ့ ကိုကျော်ပါလားနော် ဟော ပြောရင်းဆိုရင် အပျိုကြီးတွေ လာပြီးဗျ”
အုပ်စုတောင့်လှတဲ့ အပျိုကြီးများအဖွဲ့မှာ နယက မ.မက ထိပ်ဆုံးမှ ချီတက်လာကာ.နောက်လိုက်များအဖြစ်.အပျိုကြီးဥက္ကဌ မေသဇင်၊ အတွင်းရေးမှု ရှင်းသန့်မေ၊ တွဲဖက်အတွင်းရေးမှူးသိမ့် ၊အကြံပေးအရာရှိနေခြည်သစ်နွယ်၊ အပျိုတော်ထိန်းရွေမြို့သူနှင့် မှုံနံ့သာဖြူ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သဇင်လေး နှင့် အပျိုကြီးများအဖွဲ့ နောက်လိုက်နောက်ပါများ တပ်ရင်းမှ အင်တိုက်အားတိုက် ချီတက်လို့ လာပါပြီ ။
“အစ်ကို မထသ ဖြစ်ပါ့မလား အပျိုကြီးအုပ်စုက လူများတယ်ဟ..ချစ်သူမြို့တော်မှာ အပျိုကြီးတွေ ဒီလောက်များမှန်း ခုမှ သိတယ် ရေများရေနိုင်နော်”
“ခန့်ချော ငါတို့ ဒီမှာ စကားစပြောနေတုန်း မင်းအနောက်က အသာလေးလျှိုထွက်ပြီး မြို့တော်က ရည်းစားမရှိသူကိုကိုတွေကို လူစုပြီးခေါ်လာခဲ့ချေ..ချစ်သူများနေ့မှာ ရည်းစားရစေရမယ်လို့ အာမခံပြီးခေါ်ခဲ့”
“ဟ တကယ်မရရင်ဘယ်နှယ့်လုပ်မလဲ အစ်ကို မထသ ညီမပေးမလို့လား”
“မင်းကွာ ငါ့ညီမက ခုမှ ၅ နှစ်သမီးပဲရှိသေးတာ..အပျိုကြီး တပ်ရင်းက အရွယ်ကောင်းအပျိုလေးတွေလဲ ချစ်သူလိုချင်မှာပဲကွ..ဒီအပျိုကြီးတွေ ရှေ့က ကန့်လန့် ကန့်လန့် လုပ်နေလို့”
ထိုအချိန်မှာပဲ မြို့တော်ဝန်ဆိတ်မှိုင်း၏ အသံက ဟိန်းလျှက်
“အပျိုးကြီးများ မြို့တော်ထဲက ကျွန်တော်တို့လို လူချောလူလှတွေ ချစ်သူမရတဲ့ ကိစ္စမှာ အပျိုကြီးများ တာဝန်ရှိလား မရှိလား ဖြေပါ”
“မရှိပါ”
“ဘာကြောင့် မရှိဘူးလို့ ပြောရတာလဲ လူပျိုကြီးများအဖွဲ့ လူပျိုကြီးဖြစ်ရခြင်းမှာ အပျိုကြီးများ၏ တားဆီးပိတ်ပင်မှု များရခြင်းကြောင့် ဖြစ်တာ..ဒီကိစ္စကို မြို့တော်က လူပျိုကြိးများအဖွဲ့က မကျေနပ်ဘူး”
“အပျိုကြီးများအဖွဲ့မှ ရည်းစားမထားရဘူးလို့ ဘယ် အပျိုလေးတွေကိုမှ မပြောပါခဲ့ပါဘူး.. ချစ်သူကိုယုံပြီး မပုံအပ်ဖို့ ချစ်သူခေါ်တဲ့ နေရာတိုင်း မလိုက်ဖို့ကိုပဲ ပြောခဲ့တာပါ”
“ကျွန်တော်တို့လို အလိမ္မာတုံးလေးတွေကို မယုံဘူးလားဗျ”
“ဒါကတော့ မြို့တော်ဝန်ရယ် ချဉ်သီးနဲ့ဆား လို ဖိုနဲ့မ ထိတွေ့ရင် ဓာတ်တွေက လျှပ်စ်စီးသလို ဖျတ်ဖျတ်လူးတော့ ခေါ်တိုင်းလိုက်တဲ့ မေ့ညီမတွေကို ဆိတ်ကွယ်ရာမှာ ကြိတ်ကာတွယ်သွားမှာဖြစ် ဘယ်နှယ့်လုပ်မတုန်း.. ဒီတော့ မဖြစ်ခင်သူတို့လေးတွေ ကြိုတင် အသိ သတိကပ်အောင် သတိပေးထားရတာပါ..”
“တယ် ဒီအပျိုကြီးဥက္ကဌကိုတော့ အမှန်ပြောမှုနဲ့ တရားဆွဲလိုက်ရတော့မယ်ထင်တယ်..နေပါအုံး ခုလို သတိပေးတာကို ရည်းစားမရှိတဲ့ အပျိုပေါက်စနလေးတွေက လိုက်နာတယ်ထားအုံး ရည်းစားရှိတဲ့ အပျိုလေးတွေကရော ဒီနေ့ သူတို့ချစ်သူလေးတွေနဲ့ အပြင်ထွက်ကြတာ မမမေ ပြောသလိုပဲ သူတို့ချစ်သူတွေက ဆိတ်ကွယ်ရာ ကြိတ်တွယ်သွားရင် ဘယ်နှယ့်လုပ်မတုန်းဗျ”
“အဲ့ဒီအတွက်ကို မပူပါနဲ့ရှင့်..ချစ်သူနဲ့ အပြင်ထွက်တဲ့ ညီမလေးတွေကို ဒီကနေ့ အပြင်ထွက်ခါနီး တွယ်ချိတ်တွေ အများကြိးထည့်ပေးလိုက်ပါတယ်..ချစ်သူကောင်လေး ကြိတ်တွယ်ရင် ကောင်မလေးတွေလဲ လက်မနှေးပဲ အမြန်ဆုံး တွယ်ချိန်ဖွင့်ပြီး ပြန်လည်ကြိတ်တွယ်ဖို့ အထူးသင်တန်းပေးထားပါတယ်..”
“ဟူးးးးးးးးးးး အူးးးး တယ်လာတဲ့ အပျိုကြီးတွေပါလား”
“မဖြစ်ဘူး မဖြစ်ဘူး မြို့တော်ထဲက ချစ်သူရှိတဲ့ ကိုကိုတွေကို သတိပေးမှ တွယ်ချိတ်ရန်ကရှောင်လို့”
“အကြံပေးအရာရှိကိုကျော်ရေ မြို့တော်ထဲက ကိုကိုတွေကို သတိပေးလိုက်ပါဗျို”
ချစ်သူများနေ့မှာ ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်လို့
ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်
ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်
ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်
*~* *~* *~* မေသဇင် *~* *~* *~* *~*