ချစ်သူမရှိသော၊ ပြတ်သွားခဲ့သော၊ရှာဖွေနေသာ၊သူငယ်ချင်းတို့အတွက်နဲ့
ချစ်သူရှိတဲ့သူငယ်ချင်းတွေအတွက်ပါနော် ကျွန်တော်ရဲ့ခံစားချက်နဲ့လည်းအားလုံးတိုင်ဆိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
ချစ်သူရှတဲ့သူငယ်ချင်တွေကတော့မနက်ဖြန်မှာပျော်ကြပေါ့နော် ချောကလက်လေးတွေပေးကြ/ပန်းလေးတွေပေးကြနဲ့
ကိုယ့်ချစ်သူကို သူထက်ငါအပြိုင် အံသြပျော်ရွှင်အောင်ထူးဆန်းတာလေးတွေလုပ်ပေးခွင့်ရတဲ့နေလေးဆိုလဲမမှားပါဘူးနော်...
ချစ်သူမရှိတဲ့သူတွေကတော့ကျွန်တော်နဲ့အတူဒီစာသားလေးတွေနဲ့လိုက်ပါစီးမျှောရင်းခံစားကြည့်ကြဆို့လားဗျာ......
ကျွန်တော်ဒီနေ့Feb 13 ရက်နေ့မှာအပြင်သွားမိတယ် ပြင်လိုကရတဲ့မြင်ကွင်းတွေကရင်တစ်ခုလုံးကိုပူလောင်စေရတယ်
နေရာတိုင်လိုလိုမှာသူကိုတွေ့နေရတယ်ရှေ့မှာလဲတွေတယ်၊ဘေးမှာလဲတွေတယ်၊ကျွန်တော်လဲမြင်ချင်လို့ခေါင်မော်ထားမိတယ်
ဒါပေမဲ့ တွဲလောင်းခိုပြီလွင့်လူးလုပ်ခါနေတာကိုတွေရပြန်တယ်အဲဒါတွေက Happy Valentine ဆိုတဲ့စားသားတွေရေးထိုးထားတဲ့
ဆိုင်းပုဒ်တွေပါပဲ......
အခြားသူတွေအတွက်အဓိပ္ပါယ်တွေနဲ့ပြည့်နက်နေ နိုင်ပေမဲ့ကျွန်တော်အတွက်တော့ဝေါဟာရတစ်ခုပါပဲ...
ဒီဝေါဟာရကိုဘာသာပြန်ခွင့်မရသေးတဲ့ကျွန်တော့်အတွက်တော့ ဒီနေ့ဟာသာမန်ရက်ထက်ပိုပြီးမထူးဆန်းတောပါဘူး
သူပြောခဲ့တဲ့ ရင်ခုန်သံတွေထပ်တူကြမယ့်ဒီ Feb-14 ရက်နေ့မှာ စောင့်နေပါနော် တဲ့ဒီနေ့ကိုငါဘယ်လိုနားလည်ရမလဲ
သူပြောဒီလိုပြောပြီးတဲ့နေ့ကတည်းက ကျွန်တော့မျက်စိရှေ့ကနေဆိုင်းမဆင့်ဗုံမဆင့်ပျောက်သွားလိုက်တာ
ငါးနှစ်တောင်ကြာသွားပြီ၊ခြောက်နှစ်ပြည့်ဖို့အတွက်လဲ နာရီပိုင်းပဲလိုတော့တယ်
ဒီနေ့ငါစင်တာတွေနဲ့မားကတ်တွေတော်တော်များများငါသွားခဲ့တယ်Valentine နေ့ကိုကြိုဆိုပုံအမျိုးမျိုးကိုတွေခဲ့ရတယ်
ဒါတွေကကျွန်တော်နှလုံးသားကိုဆူးခတ်တစ်ခုနဲ့လွဲလွဲရိုက်နေသလိုပါပဲအရမ်းက်ုနာကျင်ခံစားရပါတယ်
ငါဒီလိုခံစားနေရတာတွေကိုဒီလိုရေးပြီဖြေသိမ့်နေရတာကိုမင်းသာသိခဲ့ရင်ငါ့ဆီကိုပြန်လာပါတော့ချစ်ရယ်.....
လာမယ်ဆိုရင်ပြောပါဟာနင့်အတွက်အမောပြေဖို့ရေအေးတစ်ခွက်ငါအသင့်ခပ်ပေးတာမယ်
ဖြေးဖြေးခြင်းလာပါပြေးမလာနဲ့နင်ချော်လဲလိုနာကျင်ရင် အခုခံစားရတာထက်နှစ်ဆငါခံစားရလိမ့်မယ်ချစ်သူရေ.......
သူငယ်ချင်းတိုရေဒါကအနော့်ဖြစ်ရပ်လေးပါတစ်ခါတစ်ခါဘ၀နဲ့ဆန္ဒနဲ့ကတထပ်ထဲမကြဘူးလေ.......ဒီလိုအဖြစ်မှကင်းဝေးကြပါစေနော်
ဒါကချစ်သူရှိတဲ့သူတွေအတွက်ပါနော်ခံစားပြီးရေးဖွဲ့ရင်းသတိလေးလဲပေးတာပါတယ်
Valentine နေ့မှာချစ်သူနဲ့အတူ
အမုန်းများကင်း ပြုံးဇာတ်ခင်း၍
ချစ်ခွန်းခြွေလျှက် ဒီနေ့ရက်တွင်
ပျော်ပျော်မြူးမြူး လွန်လွန်ကြူးသို့ 
မရောက်စေက ထိမ်းသိမ်းကြ၍
တကယ်မြတ်နိုး ချစ်မြတ်နိုးက
မြင်တွေ့ သမျှ မြင်ကွင်းများအား
ကြည်နူးလျှက်ဖြာ ရှိစေကာမှု
ကိုစည်းကိုစောင့် စည်းမဖောက်အောင်
ကိုယ်တိုင်စောင့်ထိမ်း စည်းစောင့်ကြ၍
မိမိချစ်သူ အကြင်သူအား
တကယ်မြတ်နိုး တန်ဖိုးထားက
အစဉ်ရှေးရှု ဂရုပြု၍
အပူအအေး မျှဝေပေးလျှက်
ယှက်ဖြာလက်ချင်း များစွာလှသော
သုခဒုက္ခ အသွယ်သွယ်ကို
ဖြတ်ကျော်ပါလျှင် ဝေဆာအပြူံး
ရှု့ မဆုံးတိုင် အစဉ်အမြဲ
........ရှိသည်သာတည့်.......
လေးလုံးစပ် ခေတ်ဆန်းလင်္ကာ (လရောင်ဦး)
ချစ်သောရဲရင့်သွေး(မူပိုင်)ကိုယ်တိုင်ရေးစပ်ပေးလိုက်ပါသည်။