သိပ်မကြာခင်လေးက ကျွန်တော်ကျင်လည်နေကျ အွန်လိုင်းနယ်ပယ်တစ်ခုမှာ
အကြောင်းတစ်ခုကြောင့်..စကားအခြေအတင်ပြောလိုက်ကြရပါတယ်..
အွန်လိုင်းဆိုတာက..ဘယ်သူဘယ်သူမှ မြင်ဘူးကြတာလဲမဟုတ်..
ခင်ရာဆွေမျိုး..မြိန်ရာဟင်းကောင်းဆိုသလို..ဆက်ဆံနေကြရတာပါ..။
သဘောမတွေ့လို့ ..ပြောကြပြီဆိုရင်လဲ..
အထောက်အညာသိပ်ရှိတတ်ကြတာမှမဟုတ်တာ..။
ဖြစ်စမှာတော့..သူပြော..ကိုယ်ပြော..အနိုင်အထက်ပေါ့..
အဆုံးသတ်တော့..မမြင်ဘူးတဲ့ မျက်နှာတွေပဲပျက်ကြရပါတယ်..။
အကြောင်းတစ်ခုကို..ဖက်နှစ်ဖက်အားပြိုင်ပြီဆိုရင်..
(၁) အနိုင်ရယ်
(၂) အရှုံးရယ်
(၃) သရေပွဲရယ်…ဒီသုံးမျိုးပဲရှိတတ်ပါတယ် ။
ဒါပေမဲ့..ကျွန်တော်နဲ့စကားအခြေတင် အဖြစ်အပျက်မှာတော့
သူတို့လည်းရှုံး..ကျွန်တော်လည်းရှုံး ဘာအမြတ်ထွက်လည်းဆိုတော့..
နှစ်ဖက်စလုံးရှုံးတာပဲအဖတ်တင်ပါတယ်..။
(ဇာတ်ကြောင်းကိုတော့..မလှန်တော့ပါ)
ကိုယ်လည်းရှုံး..သူလည်းရှုံးတာ သိလိုက်တော့
လောကကြီးမှာ နှစ်ဖက်စလုံးအမြတ်ရတဲ့ ပြိုင်ပွဲရောရှိနိုင်ပါသလား..
ဟုတ်ကဲ့..တကယ်ရှိခဲ့ဘူးပါတယ်..ဖြစ်ရပ်မှန်မို့..ဗွီဒီယိုတောင်ရိုက်ထားပါတယ်..။
တော်တော်များများကြည့်ဘူးကြမယ်ထင်ပါတယ်..
ဘိသိက်ပြိုင်ပွဲ…ဆိုတဲ့ဇာတ်လမ်းတိုလေးပါ..။
စစ်ကြိုခေတ်..စစ်ကိုင်းနယ်မှာ..ဖြစ်ခဲ့တာပါ။
ဆိုင်းဆရာကြီးစိန်တင်ဟန်က..သူ့ကိုယ်တွေ့ကို သဘင်မဂ္ဂဇင်းမှာ ရေးခဲ့ပြီး..
ဇာတ်ညွှန်းကို ဆရာချစ်ဦးညိုက ရေးပါတယ်..ဒါရိုက်တာက ညာဏတင်စိုးပါ
အဓိကဇာတ်ဆောင်တွေက အကယ်ဒမီ မိုးဒိ ၊ ဇော်ဝင်းနိုင်(မန်း) တို့ပါ။
ဆိုင်းက မန္တလေးစိန်တင့်လွင်ပါ။
စစ်ကိုင်းနယ်ကငွေကြေးတတ်နိုင်တဲ့မိသားစုရဲ့ ရှင်ပြုနားသ အလှူပွဲအတွက်..
ဘိသိက်ပေးဖို့ ဘိသိက်ဆရာနှစ်ယောက်ငှားပါတယ်..ဘိသိက်ပြိုင်ပါ..
တစ်ဦးက တောဘိသိက်ဆရာ ဆားတောင်သောင်း(အကယ်ဒမီ..မိုးဒိ)
ကျန်တစ်ဦးက မြို့ဘိသိက်ဆရာ..ဒဂုံဆရာလှိုင်( ဇော်ဝင်းနိုင်..မန်း).တို့ပါ။
ဆတောင်သောင်းက..လူရိုးကြီး..မာနမရှိ၊ ညနေစောင်းရင် တစ်ခွက်တစ်ဖလားတော့ချတတ်သူ..၊
ဒဂုံဆရာလှိုင်က လူရည်သန့်..ပညာမာနထားသူ၊ တစ်ဖက်သားကို နှိမ်ချတတ်သူ
မြင်လိုက်ရုံနဲ့ လူအထင်ကြီးအောင် ၀တ်စားတတ်သူ..။
ဘိသိက်ကို..ဒဂုံဆရာလှိုင်က..စဖွင့်ပါတယ် ။
ထုံးတန်းစဉ်လာ ရွတ်ဖတ်ပြီးတယ်ဆိုရင်ပဲ..
အ၀တ်စားနွမ်းဖတ်ဖတ်..မောင့်ကြက်သရေခေါင်းပေါင်း ဆီစွန်းကြီးနဲ့ ထိုင်နေတဲ့
တောဘိသိက်ဆရာ ဆတောင်သောင်းကို..ရွံရှာသလိုအကြည့်နဲ့ ကြည့်တဲ့ပြီး..
ကိုယ်ရေးကိုယ်တာ စောင်းချိတ် ထိပါးပါတော့တယ်..။
အထူးသဖြင့်..ဘိသိက်ပေးမဲ့သူက..အရက်သမားဖြစ်ရင်
မင်္ဂလာပွဲဆိုတာ..မင်္ဂလာမရှိတဲ့အကြောင်း..အကျယ်ဖွင့်ဆိုပါတော့တယ်။
( ဆရာလှိုင်အဖြစ်သရုပ်ဆောင်တဲ့ ဇော်ဝင်းနိုင်(မန်း) ရဲ့
သရုပ်ဆောင်ချက်ကလည်း ပီပြင်လွန်းပါတယ် )
တောဘိသိက်ဆရာ..ဆတောင်သောင်းအလှည့်ရောက်လာပါပြီ..
ဒဂုံဆရာလှိုင်ရဲ့ပညာကို လေးစားမိပါကြောင်း..
မှတ်သားထိုက်သည်များကို..ပညာတစ်ခုဖြစ်ယူမိပါကြောင်း..ပြောဆိုပြီးတဲ့နောက်..
ပရိသတ်ကို ရယ်ရွှင်ဖွယ်လေးပြောရင်း..သူ့ဖက်ပါလာစေပါတယ်..။
ခွန်းထောက်လေး နှစ်ပုဒ် ဟစ်လိုက်တယ်ဆိုရင်ပဲ..စောစောက မြို့ဘိက်ဆရာဖက်ယိမ်းနေသူတွေ
ဆတောင်သောင်းကို ညွတ်ကျလာပါတော့တယ်..။ သနားချစ် ချစ်လာကြတာပါ။
နောက်တော့..ထုံးစံရှိတဲ့တိုင်း..ရွတ်ဖတ်ပါတယ်။
( မိုးဒိကြီးက..ဇာတ်လူထွက်မို့..ဇာတ်ဟန်ပါပါလေး..သရုပ်ဆောင်တာလည်း..ကောင်းချက်)
ဒဂုံဆရာလှိုင်ရဲ့ ဒုတိယအလည့်မှာတော့.. ဆတောင်သောင်း အရည်အချင်းကို
ဒဂုံဆရာလှိုင်က အသိမှတ်ပြု လက်ခံလိုက်ရပါတော့တယ်..။
ပရိသတ်ရှေ့မှာတင် အရှုံးပေးလိုက်ရပါတယ် ။
နောက်တော့ ဆတောင်သောင်းနဲ့ ဒဂုံဆရာလှိုင်တို့..ဘိသိက်ပြိုင်မဟုတ်တော့ပဲ..
အတူပူးတွဲ..ဘိသိက်ပေးကြပါတော့တယ်။
(နှစ်ယောက်လုံး..စာတွေရွတ်သွားလိုက်ကြတာ..ကောင်းချက်ပါ့ဗျာ)။
ဘိသိက်ပွဲကြီးအပြီးမှာ..
ဆရာလှိုင်က..သူ့ထက်ကြီးသူ ဆတောင်သောင်းကို နိမ်ချစော်ကားမိပါကြောင်း
ပရိသတ်ရှေ့မှာပဲ ၀န်ချတောင်းပန် ကန်တော့ပါတယ်။
ဆတောင်သောင်းကလည်း..ဆရာလှိုင် ထုတ်ဖေါ်ပြောပြလို့
ဘိသိက်ဆရာတစ်ယောက်အနေနဲ့..အသောက်အစား မရှိသင့်ကြောင်း သိလိုက်ရကြောင်း..
ဆရာလှိုင်က..ငယ်ရွယ်သူဖြစ်ပေမဲ့..
သူ့အကျင့်ဆိုးကိုချွတ်ပေးလို့ ကျေးဇူးရှင်ပါလို့..၀န်ခံပါတယ်။
ရှင်ပြုနားသလာ ပရိတ်သတ်က သူတို့နှစ်ဦးအဖြစ်ကိုကြည့်ပြီး ၀မ်းနည်းဝမ်းသာ ဖြစ်ကြရပါတယ်။
ကျွန်တော်ရလိုက်တဲ့..message..ကတော့ ဒီပြိုင်ပွဲမှာ..နှစ်ဦးလုံး မရှုံး..
နှစ်ဦးလုံး အနိုင်ရလိုက်ကြတာပါပဲ။ မကောင်းပါလားဗျာ ။
ပြိုင်ပွဲထုံးစံ
ရှုံးမခံလည်း
ဇာတ်မဆုံးဘူး
အမုန်းသံသရာလည်ကြပြီ..။
အမှန်ကိုမမြင်
အမှားပြင်မှ
ကင်းစင်မာန
အတ္တမပါ
သာယာအေးချမ်းရှိလေပြီ။
(မကြည့်ရသေးသူများ..ရှာဖွေကြည့်ပေးကြပါ..)
လက်ရှိ မြန်မာ့နိုင်ငံရေးကို..ဒီပုံစံလေးနဲ့လျှောက်လှန်းရင်ရော..ဘယ်လိုနေမလဲ။.
ကျွန်တော် အောင်ထက်..ဗွီဒီယို မတင်တတ်ကြောင်းပါ..ခင်ဗျာ။