Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ ဒေါင်းယောင်ဆောင်သော ပဉ္စပါပီ ”

$
0
0

ကျွန်မကို လူတွေက ရုပ်ဆိုးလို့ ပဉ္စပါပီတဲ့ တစ်ချို့ကတော့ မယ်ကုဝဏ်တဲ့…. အမေကလည်း

ဘာဖြစ်လို့ ဒီလောက်တောင် ရုပ်ဆိုးဆိုးမွေးပါလိမ့်…… လူတွေမထိတထိပြောတိုင်း ကျွန်မအမေ့ကို

အပြစ်တင်မိပါတော့သည်။ ကျွန်မဒီလောက် အထီးကျန်ခြောက်သွေ့တဲ့

ပုံစံဟန်ပန်ရှိနေရတာလဲပေါ့…..။ ဒါကြောင့်လည်း ကျွန်မကိုကြိုက်တဲ့ သူမရှိတာထင်ပါရဲ့ …

ဘာတတ်နိုင်မလဲ…. ကိုယ့်ဘဝရဲ့ ရှေးကုသိုလ်ကံပေါ့…. အားငယ်ခြင်း

ဝမ်းနည်းခြင်း တွေမဖြစ်မိပါဘူး…. မလှတဲ့ကြားထဲ မျက်ရည်ကကျရင် လကမ္ဘာမှာ

မိုးရွာသလိုဖြစ်မှာစိုးလို့ပေါ့… တစ်ခါတစ်လေတော့ ကျွန်မစိတ်ညစ်ညစ် ဖြစ်မိပါတယ်… လှတဲ့သူတွေ

၊ ချောတဲ့သူတွေ ၊ ယဉ်တဲ့သူတွေ တွေ့ရင်အားကျမိပါရဲ့….။

          သူတို့မှာချစ်မဲ့သူ အဆင်သင့် ၊ မျက်နှာညိုးရင် အခစားဝင်မဲ့သူ အများအပြား ၊

ဟိုကစောင်းပြီး ချောင်းပြီးကြည့်ကြ ဒီကပြူးပြီးပြဲပြီး ကြည့်ကြနဲ့ ကံကောင်းလိုက်ကြတာ

… သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ ကျွန်မကြတော့ သူတို့မကြည့်ကြဘူး

သူတို့ကျောပြင်ကြည့်ပြီး အော်ပစ်လိုက်တယ် စိတ်ထဲမှာပါ….။ တကယ်မအော်ရဲပါဘူး ….

မလှပတဲ့ကြားထဲ အော်မိရင်ဝက်ကလေးလို စူတူတူဖြစ်နေတဲ့ ကျွန်မနှုတ်ခမ်းဟာ

ပိုရုပ်ဆိုးသွားမှာပေါ့… ရှပ်ရှင်ထဲက ပဉ္စပါပီကတော့ လင်ရပါတယ်…။ ကျွန်မမှာတော့

ချစ်သူတောင်မရပါလား။ သနားလို့ချစ်ချင် ချစ်မယ်… မြတ်နိုးလို့ ချစ်မဲ့သူမရှိဘူးလေ….။

ချစ်ခြင်းမေတ္တာတွေ ပြည့်နေတဲ့ မျက်လုံးအစား ဂရုဏာအံသြတဲ့ မျက်လုံးနဲ့ ကြည့်ပြီးချစ်တာ…

မျက်လုံးမှာတင် အချစ်တွေရပ်ကုန်ရော….။ ကဲဘာလုပ်ရမလဲ…..။


          ကျွန်မချစ်သူ ရှာရတော့မယ် …. ချစ်သူလေးတစ်ယောက်ရဖို့ မလှမပကျွန်မမှာ

ရှားလိုက်တာနော်… ကျွန်မသူငယ်ချင်းတွေ ကအကြံပေးတယ်…။ Online မှာဆိုဒ်တစ်ဆိုဒ်ရှာတဲ့….။

အဲ့ဒီဆိုဒ်မှာအဖွဲ့ဝင်ပြီး … ဘာဘာညာညာရေးထားပေါ့တဲ့…. ဒါဆိုရင်ရုပ်ဆိုးတဲ့ နင့်ပုံစံသူတို့

မမြင်ရဘူးတဲ့ နင်အရေးအသားမှာ သူတို့ပျော်နေမှာတဲ့ နင်ကလည်း သူတို့လက်ဆောင်

သူတို့မှတ်ချက်တွေမှာ ပျော်နေမှာတဲ့…။ နင်မျက်နှာတော့ မပြနဲ့နော်…. သူတို့အိပ်မပျော်

စားမဝင်ကျိန်စာ ထိနေအုံးမယ်တဲ့….။ ဒါနဲ့ကျွန်မလည်း ဟိုဆိုဒ်ဒီဆိုဒ်ရှာရင်းနဲ့ ဟောတွေ့ပါပြီ….

ဟန်ကျပန်ကျရေးလို့ ရမဲ့ရွှေမြို့တော်ဆိုပါလား ချစ်သူမြို့တော်ဆိုပါလား… ချစ်သူအရှာထွက်တာနဲ့

အတော်ဘည်း… ကျွန်မရုပ်ဆိုးမတွက် နားခိုစရာလေး

တစ်နေရာရပြီပေါ့…..။ ပျော်လိုက်သည့်ဖြစ်ချင်း…. အကြံပေးတဲ့

သူငယ်ချင်းတွေလည်း ကျေးဇူးတင်လိုက်တာ …။ သူယ်ချင်းရေ…. အာဝါး…. ညာစားနော် …။

            ကျွန်မပျော်တာ ကြည့်ပြီး သူငယ်ချင်းတွေက သနားလွန်းလို. မျက်ရည်တွေဝဲလို့ ၊

မပျော်နဲ့ဦး ဒီမှာသူများတွေ ဓာတ်ပုံထည့်ထားတယ်…..။ ဘာလုပ်ရမလဲ စဉ်းစားစမ်းပါဦး….။

ငါ့ရုပ်ကလည်း… ပဉ္စပါပီဆိုတော့ ရွှေမြို့တော်က အချောအလှတွေကြား ဘယ်လိုလုပ်ရပါ့…. ဒါများ

ပူမနေပါနဲ့ဟာ နင့်အတွက်ငါ Logo တစ်ခုယူလာတယ်….။ “ ပြစမ်း ”

ဟယ်…. နှင်းဆီအဝါပုံလေးနော်….။ ဟုတ်ကဲ့နှင်းဆီ

အဝါဆိုတာ ငြိမ်းချမ်းခြင်းနိမိတ်တဲ့…။ နှင်းဆီအဝါ( ၉ ) ပွင့်အိမ်မှာ လှူရင်အဲ့ဒီအိမ်ဟာ ငြိမ်းချမ်းခြင်း

၊ အေးချမ်းခြင်း ၊ သူများပြုစားလို့ မရဘူးတဲ့ ငြိမ်ချမ်းရေး သင်္ကေတပန်းဟာ နှင်းဆီအဝါဘည်း…။

ကဲ….. ဒါဆိုရင် ဟန်ကျတာပေါ့ အဲ့ဒီနှင်းဆီအဝါကို Logo လုပ်လိုက်မယ်လေ ပြီးတာဘည်း…

ဒါနဲ့ဘည်း ပဉ္စပါပီရွှေမြို့တော်ထဲ လူပျိုလေးများရှိရာ အိမ်တွေမထိတထိ သွားချောင်းကြည့်

ပါတော့တယ်…။ လအနည်းငယ် ကြာတော့ သူငယ်ချင်းတွေက ဘာထူးလဲလို့မေးတယ်…။

ထူးတယ်ထူးတယ် ငါကိုပပဝတီထင်ပြီး အဟင့်အဟင့် လာလုပ်တယ်….. ။


နင်တို့ပါးစပ်လုံနော်…. ငါပဉ္စပါပီဆိုတာ မသိစေနဲဟ။ သူတို့ကပေးတဲ့ပုံတွေ၊ သူတို့ပြောတဲ့

မှတ်ချက်တွေ ငါရတော့ ပျော်လိုက်တာဟာ…။

ချစ်သူမရရင်နေပါစေ…..။ အပေါင်းအသင်း တိုးတာပေါ့….။

ကျွန်မရဲ့ကတုန်ကရီ ပျော်မြူးနေတဲ့ ပုံစံကိုသူငယ်ချင်းတွေ ကြည့်ရင်းသနားနေရှာတယ်…။

အဲ့ဒါ…ငါပေးတဲ့ အကြံနော် ကောင်မစုတ်လေး…

အေးပါ…အေးပါ….

ငါနည်းနည်းထပ်ပြီး အချိန်ပေးရင် ငါ့ပဉ္စပါပီလည်း စွံမှာပါဟ……..

          ဒီနေ့တော့ ကျွန်မရင်ခုန်နေတယ်… ကောင်လေးတစ်ယောက်နဲ့ တွေ့လို့ပေါ့

သူကကျွန်မကို ပပဝတီထင်နေတာ သူကရုပ်ဆိုးတယ်တဲ့ သူ့နာမည်က မင်းသားတဲ့ …

ခင်ပါရစေ… ဘော်ဘော်ဖြစ်ပါရစေ…. အပေါ်ယံ အရေပြားမကြည့်ပါနဲ့ အတွင်းစိတ်က

မိုးကောင်းကင်ကြီးလို ရှင်းသန့်ပြီး ရေပြင်ကြီးလို အေးမြလို့ ကမ္ဘာမြေကြီးလို

ဘယ်သူတွေသွေးထိုးထိုး အမြဲတည်ရှိနေမဲ့ မြေကြီးလိုခင်မဲ့သူပါတဲ့….။ ပဉ္စပါပီက ချစ်သူအရှာ….

မင်းသားလေးက အလာဟန်ကျတဲ့ ကျွန်မဘဝပါဘည်း… ကျွန်မသူ့ကို ဖိတ်ခေါ်လိုက်မယ်….

ကျွန်မစာမျက်နှာလေး … လာခဲ့ဖို့….. ဘာဘာညာညာ Well

Come ပေါ့…. ဟေး…….. လောကကြီးရေ…… ပဉ္စပါပီရုပ်ဆိုးလို့ မစွံဘူးဆို … အခုတော့

မင်းသားလေးက ခင်ပါရစေတဲ့ ကျွန်မPage ထဲ ပန်းလေးပို့ စာလေးပို့ ဘာပို့ညာပို့နဲ့ မမြင်ဘူးပေမဲ့

အရူးအမူး ဖြစ်နေတာ ကျွန်မပဉ္စပါပီပါဘည်း… သူ့ကိုယ်သူမင်းသားပြောမှ

ကျွန်မထက်တော့ ချောမှာသေချာတယ် သူရေးတဲ့အရေး… သူပေးတဲ့လက်ဆောင်….

သူပြောတဲ့မှတ်ချက်….အားပါး … စိတ်ကူးယဉ်စရာပါလား…..။ အခုမှအိမ်မက်

လှလှနဲ့အိပ်နိုင်တော့တယ်…

ကျေးဇူးပါဘည်း… သူငယ်ချင်း…တစ်စုရယ်…..။

ကျေးဇူးပါဘည်း… Online ရယ်…….။

ကျေးဇူးပါဘည်း… ရွှေမြို့တော် ဆိုဒ်ရယ်…..။

ကျေးဇူးပါဘည်း… မင်းသားလေးရယ်…..။

ကျွန်မကို သနားလို့ဖြစ်ဖြစ်…။ ပပဝတီထင်ပြီး ပုံမှားရိုက်တာဘည်းဖြစ်ဖြစ်…

ကျွန်မအခုမှ ပျော်ဖူးတာ….။ မပျော်ရတာကြာပြီဖြစ်တဲ့… ကျွန်မရင်ထဲမှာ အခုမှ ကြယ်တွေစုံတဲ့ည ၊

ဌက်ကလေးတွေ ပျံကာမြူးတဲ့နေ့ တွေ့ရတော့တယ်…။

ကျွန်မအကြောင်း သိတဲ့သူတွေက ကျွန်မပဉ္စပါပီဆိုတာ မင်းသားကို မပြောပါနဲ့

သူကသူ့ဘဝအမှန်ပြောပေမဲ့ ကျွန်မကပပဝတီ ယောင်ဆောင်နေတဲ့ ဒေါင်းယောင်ဆောင်နေတဲ့

ကျီးမိုက်မလေးပါနော်….။

         သူကပကတိဖြူစင်ပေမဲ့ ကျွန်မကဒေါင်းယောင်ဆောင် ပဉ္စပါပီလေ…။

သူကလိမ်တာမကြိုက်ဘူး… ကျွန်မကလိမ်ပြီး ခင်တာရုပ်ဆိုးမလေးလည်း ချစ်ကြည့်ချင်ပါတယ်

ချစ်တတ်ပါတယ်.. အသည်းကွဲတာလည်း ခံချင်ပါတယ်… နွေးနွေးထွေးထွေး လေးဆက်ဆံတဲ့

မင်းသားရဲ့ဝိညာဉ်လေးကိုလည်း မျော်နေမိပါတယ်….။ ဒါကြောင့်သူငယ်ချင်းတွေက ပြောတာOnline

ဆိုတာဝိညာဉ် တိုင်းပြည်တဲ့ သူ့မမြင်ဘူး ငါ့မမြင်ဘူး ၊ သူ့အထီးမသိ  ငါအမမသိ ၊ သူ့ပိုင်ရှင်ရှိမသိ

ငါ့ပိုင်ရှင်ရှိမသိ ၊ ဝိညာဉ်တွေပျော်ပါးရာ ကစားကွင်းတဲ့ နင့်လိုရုပ်ဆိုးတဲ့ ပဉ္စပါပီအပြင်မှာ

ချစ်သူရဖို့ဝေးရောတဲ့ ပုံစံကဒုန်းပျံနေတာ ဘယ်နေရာကြည့်ကြည့် ၊ လူပျိုချောတွေ ထမင်းစားပျက်

မဲ့ပုံတဲ့ကြည့်စမ်း ခုတော့ Online ကစားကွင်းမှာ နင်ဝိညာဉ်တစ်ကောင် ဘဝနဲ့ပျော်လို့

နင့်အပြုံးအခုမှမြင်ရတယ်တဲ့  ကျွန်မကတော့ ဆုတောင်းနေမှာ ကမ္ဘာကြီးပျက်ချင်ပျက်

Internet ခေတ်မပျက်နဲ့ Online မပျက်နဲ့။ ရွှေမြို့တော်ဆိုဒ်ကြီး မပျောက်စေနဲ့….။ အို….Gtalk

…. Gmail…. Vzo …. Skype…OovOo…QQ… Facebook … အဲ့ဒီအရာတွေ မပျောက်စေနဲ့….။

အဲ့ဒါတွေပျောက်ကုန်ရင် ပဉ္စပါပီလူ့ဘဝမှာ ပျော်စရာမရှိတော့ဘူး… လေထဲကကစားကွင်းကြီးမှာ

ပဉ္စပါပီအချစ်ခံချင်သလို အသဲလည်းအားရပါးရ ကွဲချင်တယ်…။ ဟိုလူအော် ဒီလူအော် ဟိုလူချီးကျူး

ဒီလူချီးကျူး ဟိုလိုစိတ်မပါလည်းခေါ် ဒီလိုစိတ်မပါလည်းခေါ်…. လေလှိုင်းထဲက Online ကစားကွင်းမှာ

ဟန်ဆောင်ပန်ဆောင် ပပဝတီယောင်ဆောင်ပြီး ပျော်ရတာ ကျွန်မပဉ္စပါပီကြိုက်မှ

ကြိုက်ပါဘည်း….။ ဒေါင်းယောင်ဆောင်တဲ့ ကျီးမိုက်ပဉ္စပါပီကတော့ အပြင်ဘန်းမှာ

လူပျိုတကာပစ်ပြေးရမဲ့ အပြစ်မျိုးစုံထင် နေတဲ့သူလေး အခုတော့ Online

ကမ္ဘာမှာသူငယ်ချင်း တွေများစွာနဲ့ ဝေလေလေလုပ်လိုက် တူတူရေဝါးလုပ်လိုက်

အာဝါးညာစားလုပ်လိုက်နဲ့ ဘေးမဲ့တောက မျောက်တစ်ကောင်

ထက်တောင်ခုန်ပေါက် ပျော်မြူးနေတာ ဘယ်သူသိပါ့မလဲနော်… ။ သူငယ်ချင်းတို့လည်း

ပဉ္စပါပီအကြောင်းသိရင် ဒေါင်းယောင်ဆောင်နေတဲ့ ပဉ္စပါပီပါလို့ မင်းသားလေးကို မပြောပါနဲ့

သူထင်နေတဲ့ ပပဝတီအဖြစ် ခဏလေးလောက် ခံယူပါရစေ…။


သူ့ရဲ့အိမ်မက်တွေ ၊ သူရဲ့အနာဂတ်တွေ ၊ သူရဲ့ပန်းတိုင်တွေကို ပဉ္စပါပီကြောင့်

စိတ်မဆင်းရဲ စေချင်ဘူး ဒေါင်းဟာဒေါင်းပါ ၊ ကျီးဟာကျီးပါ ၊ ပပဝတီဟာ ပပဝတီပါ ၊ ပဉ္စပါပီဟာ

ပဉ္စပါပီပါဘည်း … သိသိကြီးနဲ့ မိုက်တွင်းနက်ရဲတာ ကတော့ပဉ္စပါပီလို

ရုပ်ဆိုးမလေးမှာ ပျော်စရာမရှိလို့ Online ထဲမှာပျော်ချင်လို့ပါ။

        ပဉ္စပါပီကိုမင်းသားလေး အပြင်မှာတွေ့ဖို့ကလည်း မဖြစ်ပါဘူး…။ တွေ့လိုက်ရင်မင်းသား..

မူးမေ့လဲသွားမယ်… ရုပ်ရှင်ထဲက ပဉ္စပါပီကိုမြင်ရတာ တော်သေးရဲ့ ၊ စာတွေ့ထက်

ငါတွေ့တွေ့လိုက်ရတာ သေရောလို့မင်းသား ညည်းတွားမှာကို

ကျွန်မပဉ္စပါပီ မြင်ယောင်ကြည့်မိပါတယ်….။

 ဟေး…. Online … ရေ … ဒီပဉ္စပါပီကို ငါတွေ့….တွေ့လိုက်ရတာ ငါလောက်ကံဆိုးတာ

မရှိပါလား… တော်ပါပြီ Online ရယ် နောက်များတော့ ပဉ္စပါပီအရိပ်မြင် တာနဲ့ Busy ပါဘဲ… Busy

…နော်… ခင်ပါတယ်ဆိုတဲ့ ငါ့အရေးငါ့အတွေးဟာလေ တော်တော်ဦးနှောက်သေးပါလား

ကြည့်ပါဦးပဉ္စပါပီကိုမှ ခင်မိဘော်ဘော်ထားမိပါရဲ့ … တော်ပါပြီ ပဉ္စပါပီနဲ့ ဆုံရမှာကြောက်လို့

Online ကိုလည်းမုန်းတယ် ပြေးပြီဟေ့ ပဉ္စပါပီရေ…….

လို့အော်ပြီး… ကျွန်မကိုမြင်ရင် တစ်ချိုးထဲ သူပြေးပါလေတော့သည်…..။

          အော်….. လူပျိုမင်းသားလေးတစ်ယောက် … ခင်တာကိုတောင်မရတဲ့ ပဉ္စပါပီရုပ်ဆိုးမလေး…

ကျွန်မဘဝပါလားနော် ရှေးဘဝကံကလည်းနည်း ယခုဘဝကံကလည်းနည်း

တဲ့အတွက်ကံတွေကောင်းအောင် ရိပ်သာမှာ အပြီးပြောင်း တရားအားထုတ်ပြီး

သာနေလိုက်ပါတော့မည်…။ Online ကိုကျောခိုင်းပြီး သွားပါပြီ….။ မင်းသားလေးရေ

လွတ်လပ်စွာ ပျော်ပျော်ရွှင်ရွှင် နေရစ်ပါတော့…။ ကံဆုံရင်ပြန်တွေ့ကြတာပေါ့……..ကွာ……။

             

ကိုယ်တိုင်ဝန်ခံချက်။        ။“ ဒေါင်းယောင်ဆောင်သော ပဉ္စပါပီ ”  ဘလော့ပို(စ်)သည်

မိုးမခကိုယ်တိုင်ရေး အတွေးပုံရိပ်တစ်ခု ဖြစ်ပါသည်။ မည်သည့်နေရာတွင်မှ ပါဝင်ဖော်ပြခဲ့ခြင်း

မရှိသော ဘလော့ပို့(စ်) ဖြစ်ပါသည်။

 

 

( တိုက်ဆိုင်မှု ရှိပါက ခွင့်လွတ်ပါရန်….။)

 

 

 



Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>