Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျွန်တော် သူ့ ကို မြတ်မြတ်နိုးနိုး ချစ်တယ်ဗျာ (သစ္စာထိုက်တဲ့အချစ်)

$
0
0

Give and Take ဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခုထဲက Give ဆိုတဲ့ ပေးဆပ်မှုနဲ့ မြတ်မြတ်နိုးနိုးချစ်ခဲ့တာပါ...Take ဆိုတဲ့ ရယူမှု တစ်ကယ်မပါခဲ့ပါဘူး...True Love ဆိုတဲ့ အချစ်စစ် အချစ်မှန်...ပါဠိလို မေတ္တာချစ်နဲ့ ...White Colour ဖြူစင်သန့် ရှင်းတဲ့ အရောင်လေး...သုခုမ...အသိမ်မွေ့ ဆုံးအချစ်နဲ့ (ကမ္ဘာလောကမှာ...သုခုမ လောက်သိမ်မွေ့ တာ မရှိတော့ပါဘူး..)..ကျွန်တော့ရဲ့ ရုပ်နာမ်ကို ဇီဝိတဒါန..(အသက်လှူ)အဖြစ်နဲ့ ပေးလှူပါတယ်...ဒသက မယ်သီတာရဲ့ ဓတ်ပုံလေးကို ကြည့်ပြီး မယ်သီတာကို ပိုင်ဆိုင်ဖို့ အခက်အခဲပေါင်း မြောက်များစွာနဲ့ ကြိုးစားခဲ့လို့ အချစ်ရှုံးသမား ဒသဂီရိ ဆိုတဲ့ဘွဲ့ ကို ပိုင်ဆိုင်ခဲ့တာပါ...ကျွန်တော်က ချစ်သူမြို့ တော် သူ့ ရဲ့ အိမ်မှာ တင်ထားတဲ့ ဓတ်ပုံလေးကို ကြည့်ပြီး ချစ်ခဲ့ရတာပါ...အသေးဆုံးအကောင်လေး ပုရွက်ဆိပ်ကလေးတောင် အဆိပ်ရှိပါတယ်...မာန ဆိုတဲ့ အဆိပ်ကလေးပေါ့နော်...သူ့ ရဲ့ မာနအဆိပ်ကလေးကို ခ၀ါချပြီး ဖြူစင်သန့် ရှင်းစွာနဲ့ သူငယ်ချင်းအဖြစ် ကမ်းလှမ်းခဲ့တဲ့ ချစ်သူမြို့ တော်ရဲ့ တစ်ဦးတည်းသော...My Best Friend..လည်းဖြစ်ခဲ့ပါတယ်...Respect..လေးစားမှု ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပါပဲ...တစ်ဦးနဲ့ တစ်ဦး သူ့ အိမ်မှာ ကိုယ်က လက်ဆောင်လေးတွေ သွားပေးသလို...ကျွန်တော့ရဲ့ အိမ်ကလေးကိုလည်း လက်ဆောင်လာပေးခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်...Special Friend တစ်ယောက်ပါ...ကျွန်တော်ရေးသားတဲ့ ဘလော့လေးကို ဖတ်ပြီး ကြိုက်တယ် မှတ်ချက်ပေးခဲ့တဲ့Favorite Friend တစ်ယောက်ပါ...ကျွန်တော့ကို အမြဲတမ်း နှစ်သိမ့်ဆွေးနွေးပေးတဲ့...Master Counseller တစ်ယောက်ပါ...မိခင်က သားငယ်လေး အန္တရယ်တွေ့ မှာစိုးလို့ ကာကွယ်စောင့်ရှောက်ပေးတဲ့ ၅၂၈ သွယ်သော မေတ္တာနဲ့ ချစ်ခဲ့ပြီး...မောင်ချစ်နှမချစ် နှလုံးသားလေးကို ပိုင်ဆိုင်ခဲ့တဲ့ သူတစ်ယောက်ပါ...သစ္စာလေးချက် တည်သောအခါ သြဇာလေးမြတ် နွယ်မြတ် သစ်ပင်တောင် ဆေးဖက်ဝင်သလို ....ကျွန်တော် သူ့ ကို မြတ်မြတ်နိုးနိုး ချစ်တယ်ဆိုတာ သစ္စာဆိုလိုက်ပါတယ်.........။လှပချောမွေ့ တဲ့ မျက်နှာ အဆင်းကလေးကို မြင်တတ်တဲ့ မျက်စိနဲ့ ချစ်ခဲ့တာ မဟုတ်သလို...ယောက်ျားတို့ သတ်မှတ်တဲ့....ကြိုက်နှစ်သက်တဲ့...ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပြီး ချစ်ခဲ့တာလည်း မဟုတ်ခဲ့ပါဘူး...ပြည့်စုံကြွယ်ဝချမ်းသာမှုဆိုတဲ့စီးပွားရေး ပေတံနဲ့ တိုင်းတာပြီး ချစ်ရအောင်လည်း သူ့ နာမည်လေးတောင် မသိခဲ့ရပါဘူး...နိုင်ငံခြားမှာ နေတယ်ဆိုတာ သိခဲ့ရပြီး....နိုင်ငံခြား ဂျီတော့ အကောင့်ကို ခွဲခြားသိနိုင်လောက်တဲ့ နည်းပညာလည်း မကြွယ်ဝပဲနဲ့ ချစ်ခဲ့တာပါ.......။ဒီဘလော့လေး ရေးလိုက်ရတာလည်း နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ ရှိတဲ့ အသိမ်မွေ့ ဆုံးအချစ်နဲ့ ချစ်တယ်လို့ ပြောခဲ့တာပါဆိုတာ သူတစ်ယောက်သိရင် ကျေနပ်ပါပြီ.......သူပြန်ချစ်ပါစေဆိုတဲ့ မျှော်လင့်ချက် ကင်းစွာနဲ့  ရေးဖွဲ့ လိုက်တာပါဆိုတာလည်း သူလေးနားလည်နိုင်ပါစေ.....................................။ချစ်သူမြို့ တော်မှ Admin များနဲ့ Menber များကို လေးစားတဲ့......Aung Moe Hein............./


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>