Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ထာဝရ ရှင်သန်နေသော အချစ်”

$
0
0
အချစ်မှာ သေလွန်ခဲ့သူနဲ့
ရှင်လျှက် သေမတတ် ခံစားရသူ
ဒီနှစ်ဦးမှာ...
ဒုတိယလူက ၀ဋ်ဒုက္ခ ပိုတတ်တယ်။ ။

“မောင်” ရဲ ထာဝရ လဲလျောင်းအိပ်စက်ရာ နေရာလေးရှေ့ ကျွန်မ ငြိမ်သက်စွာ ရပ်နေမိတယ်။ သူရလင်း (အသက်-၂၅) ဆိုတဲ့ အုတ်ဂူလေးကတော့ ကျွန်မရဲ့ ဂရုစိုက်မှုအောက် အရောင်တွေ သစ်လွင်နေတုန်းပဲ။ ဆယ်ငါးနှစ်သက်တမ်း ရှိပြီဖြစ်တဲ့ မောင့်ရဲ့ အုတ်ဂူလေးဟာ ဒီသင်္ချိုင်းမှာတော့ စံပြအုတ်ဂူလေး ဖြစ်နေခဲ့ပါတယ်။
ဒီအုတ်ဂူလေးက စံပြအုတ်ဂူလေး ဖြစ်နေခဲ့သလို ကွှန်မရဲ့ ရင်ထဲက အချစ်တွေကလည်း မောင့်အတွက် စံပြအချစ် ဖြစ်စေခဲ့ပါတယ်။ နှစ်ပရိစ္ဆေ္တဒ ဘယ်လောက်ပဲ ရှည်ကြာညောင်းပါစေ။ မောင့်အပေါ်ထားတဲ့ ကျွန်မရဲ့ ချစ်ခြင်းကို အချိန်ကလည်း မတိုက်စားနိုင်ပါဘူး။ မောင် ကျွန်မကို လက်ဆောင်ပေးခဲ့တဲ့ စာအုပ်ထဲက စာသားလေးလိုပါပဲ။ “စစ်မှန်သော ချစ်ခြင်း မေတ္တာကို ဘယ်အရာမျိုးကမှ မဖျက်ဆီးနိုင်ဘူး” ဆိုတာလေ။ သိပ်မှန်တာပါပဲ...မောင်။ အခုတော့ ဒီစာကြောင်းလေးဟာ ကျွန်မရဲ့ ဘ၀မှာ အချစ်တွေ အပေါ် ထပ်တူညီနေခဲ့ပါတယ်။
အချိန်တွေလည်း လည်ပတ်ခြင်းတရားအောက် နှစ်တွေကြာလွန်ခဲ့ပါတယ်..မောင်။ အဲ့ဒီ အချိန်တွေအောက် ပြည်သူအများစုကမောင့်ကို မေ့ဖျောက်ထားကြေပေမဲ့ မောင်ပေးခဲ့တဲ့ အသက်နဲ့ ဆက်ရှင်ခွင်ရသူ အချို့ကတော့ မောင့်ကို သူတို့ သေသည်အထိ အမှတ်ရသွားကြမှာပါ။ မောင်ဟာ သူတိုရဲ့ အသက်သခင်ကျေးဇူရှင် ဖြစ်သလို၊ စံပြသူရဲကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ သူတို့တွေ အတွက် မောင်ဟာ အသက်ကို စွန့်ဝံ့ခဲ့တယ်။ ကျွန်မ ဂုဏ်ယူပါတယ်...မောင်။ မောင်ဟာ သူရဲကောင်းစိတ်ဓာတ်ဖြင့် အများအတွက် အသက်ပေးဝံ့တဲ့ သတ္တိမျိုးကိုပေါ့။
ကျွန်မရဲ့ ချစ်သောမောင်ဟာ တိုင်းပြည်အတွက် အလဟဿ သေဆုံးခဲ့တာ မဟုတ်ဘူး။ လူအများစုရဲ့ အသက်ကို သူတစ်ယောက်အသက်နဲ့ လဲယူခဲ့တဲ့ အာဇာနည်တစ်ယောက်အဖြစ် ဆုံးပါးသွားခဲ့တာပါ။ တကယ့်ကို မြင့်မြတ်တဲ့ မီးသတ်သူရဲကောင်း တစ်ယောက်။ မောင်ဟာ မီးသတ်ဋ္ဌာနရဲ့ သာမန်ဝန်ထမ်းလေး တစ်ဦးဖြစ်ခဲ့ပေမဲ့ သူရဲ့ လုပ်ဆောင်ချက်ကတော့ အာဂသူရဲကောင်းဂုဏ်နဲ့ ပြည့်စုံခဲ့ပါတယ်။
အဲ့ဒီဂုဏ်သတ္တိတွေ ထွန်းပြောင်စေတဲ့နေလေးကတော့ လူကုန်ထံရက်ကွက်မှာရှိတဲ့ စက်ရုံကြီးတစ်ခု မီးလောင်ချိန်ပေါ့။ တိတ်ဆိတ်နေတဲ့ ညည့်၁၂နာရီ အချိန်မှာ ၀ါယာရှော့ခ်ကြောင့် ထတောက်ခဲ့တဲ့ မီးဟာ ပတ်ဝန်းကျင်ကို ဆူညံသွားစေခဲ့ပါတယ်။ ချောဆီနဲ့ လည်ပတ်နေတဲ့ စက်ရုံကြောင့် တဟုန်ထိုး ထတောက်နေတဲ့ မီးဟာ အလျှံတငြီးငြီးဖြင့် ကြောက်ဖက်ဖွယ်ပါပဲ။ မီးခိုးလုံးကြီးတွေကလည်း အလိပ်လိုက်တပ်လျှက် လောင်စာမှန်သမျှ လောင်မြိုက်လိုက်ပုံက အသံတွေက တ၀ုန်ဝုန်း တဒိုင်းဒိုင်းနဲ့ ဆူညံနေတော့တာ။
အဲ့ဒီ အသံတွေကြောင့်ပဲ အိပ်မောကျနေတဲ့ စက်ရုံအလုပ်သမားများနဲ့ ပတ်ဝန်းကျင်ရှိ လူအားလုံးဟာ လန့်နိုးကုန်ကြတယ်။ အတွေ့အကြုံရှိသူတွေကတော့ မီးသတ်ဋ္ဌာနကို လှမ်းဖုန်းဆက်ကြပါတယ်။ တချို့ စက်ရုံဝန်ထမ်းရဲ့ အိမ်ယာဟာ ပေါက်ကွဲမှုဇုန်ထဲ ရှိသောကြောင့် မီးက ၀ိုင်းထားသလို ဖြစ်နေတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ “ကူပါအုံး၊ ကယ်ပါအုံး” အသံတွေကလည်း ညကို ဖောက်ထွက်လာပါတယ်။ ဒါပေမဲ့ သွေးလန့်နေတဲ့ အချိန်မှာမို့ မည်သူကမှလည်း မီးတောက်ထဲ စွန့်စားပြီး ၀င်မကယ်ရဲကြဘူး။ မီးဘေးမှ ကိုယ်လွတ်ဖို့ပဲ ကိုယ်လုပ်နေကျတာချည်းကိုး။
သိပ်မကြာတဲ့ အချိန်မှာပဲ မီးသတ်ကားများဟာ ဥသြစွဲသံပေးလို့ စက်ရုံဆီသို့ ရောက်ရှိလာပါတယ်။ ရောက်ရောက်ချင်းပဲ မီးသတ်သမားများက ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာဖြင့် ရေပိုက်လုံးကြီးများယူကာ မီးကို ငြိမ်းသက်ကြတယ်။ လူတွေကို ကယ်ထုတ်တဲ့သူက ကယ်ထုတ်။ မီးငြိမ်းတဲ့သူက ငြိမ်းနဲ့ တက်တက်ကြွကြွ လှုပ်ရှားနေကြပါတယ်။
အဲ့ဒီအချိန်မှာပဲ လူတွေကို အန္တရာယ်ကင်းတဲ့ နေရာ ပို့ဆောင်ရန် တာဝန်ထမ်းနေတဲ့မောင်က မီးဝိုင်းထားတဲ့ နေရာကို အမှတ်တမဲ့ လှမ်းတွေ့လိုက်တယ်။ စတေတွ့တွေ့ချင်းမှာပဲ မောင်ဟာ သူ့သူငယ်ချင်းနှစ်ယောက်ကိုပါ အပါခေါ်လျှက် အဲ့ဒီမီးဝိုင်းတဲ့နေရာကို အကူအညီပေးရန် အလို့ငှာ အပြေားအလွှားသွားပါတယ်။
သူတို့ရဲ့ မီးသတ်အတွေ့အကြုံအရ အဲ့ဒီနေရာဟာ အန္တရာယ်အရှိဆုံး နေရာလည်း ဖြစ်တယ်။ မီးကလည်း အရှိန်ပြင်းစွာဖြင့် အိမ်ကို ၀ါးမြို့ဖို့ တဖြည်းဖြည်း နီးကပ်လာပါတယ်။ အဲ့ဒီအတွက် သူတို့ သုံးယောက်ဟာ ခေါင်းချင်ဆိုင် တိုင်ပင်ပြီး ၀င်ကယ်ကြဖို့ အစီအစဉ်ဆွဲတယ်။ ဟန့်တားထားတဲ့ မီးထဲကို “သူဝင်မယ်၊ ငါဝင်မယ်” နှစ်ယောက်က ငြင်းခုန်နေတုန်းမှာပဲ လက်တွေ့ဆန်လွန်းတဲ့ မောင်က မီးတောထဲသို့စောင်ကို ရေစွတ်လျှက် ခြုံပြီး ၀င်သွားတယ်။
သူတို့နှစ်ယောက် သိလိုက်တဲ့ အချိန်မှာပဲ မောင်ဟာ အန္တရာယ်ကင်းစွာဖြင့် အိမ်ထဲသို့ ရောက်ရှိသွားပါတယ်။ အပြင်က မောင့်သူငယ်ချင်းနှစ်ယောက်ကလည်း သူတို့ မောင်ကို အကူအညီပေးဖို့ ကြိုးပမ်းကြပါတယ်။ မောင်က အိမ်ထဲက လူတွေကို စိတ်အေးအေးထားဖို့ ပြောပြီး လူအားလုံးကို မီးလွှတ်ရာသို့ ပို့ဆောင်ပေးနိုင်မည့်အကြောင်း အားပေးတယ်။ ယောက်ျားတွေကိုတော့ အိမ်ထဲမှ စောင်ကို ရှာခိုင်းပြီး စောင်ကို ရေစွတ်ခြုံလျှက် မီးတောထဲမှ ဖြတ်သန်းဖို့ကို မကြောက်ရန်ပြောလျှက် ညွန်ကြားတယ်။ ယောက်ျားတွေလည်း မောင်ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး အပြင်ဘက်ကို ရောက်ကုန်ကြပါတယ်။ ရဲရင့်တဲ့မိန်းမတွေကလည်း ဤနည်းအတိုင်းပဲ လွတ်မြောက်ကုန်ပါတယ်။ အကြောက်လွန်နေတဲ့ မိန်းမကြီးနဲ့ ကလေးအချို့ကိုတော့ မောင်က တစ်မျိုးစီစဉ်ပြန်တယ်။
အရင်ဆုံး ကလေးတွေကို မောင်ကယ်ဖို့ ဆုံး ဖြတ်လိုက်တယ်။ မောင်က မီး အပြင်ဘက်မှာ ရှိတဲ့ သူငယ်ချင်းတွေနဲ့ ယောက်ျားအများစုကို ကလေးတွေ အားလုံး မီးလက်မှ လွတ်အောင် လှမ်းပစ်ပေးမည့်အကြောင်း လက်ဟန်၊ ခြေဟန်နဲ့ ရှင်းပြတယ်။ သူငယ်ချင်းတွေကလည်း သူတို့ ဖမ်းရမယ်ဆိုတာ သဘောပေါက်တဲ့အကြောင်း ပြန်အချက်ပြပါတယ်။ အဲ့ဒီလို အပေးယူမျှမျှနဲ့ ကယ်ဆယ်ရေးလုပ်လိုက်တာ ကလေးတွေလည်း ကုန်သွားပါပြီ။
အဲ့ဒီမှာ ကျန်တာဆိုလို့ အကြောက်လွန်တဲ့ မိန်းမကြီး ခြောက်ယောက်နဲ့ မောင်တစ်ယောက်ရယ်ပါ့။ မီးတောက်ကလည်း တဖြည်းဖြည်းနဲ့ အိမ်တံစက်မြိတ်အောက် ရောက်ရှိလာပါတယ်။ အားလုံးကလည်း မီးခိုးငွေ့တွေကြောင့် အသက်ရှူကျပ်မတတ် ခံစားနေရတယ်။ အဲ့ဒါကို ဂရုမစိုက်နိုင်တဲ့မောင်ကတော့ မိန်းမကြီးခြောက်ယောက်ကို ဒီနေရာကနေ မရ၊ ရအောင် ကယ်ဖို့ စဉ်စားနေပါတယ်။
နောက်ဆုံးမှာတော့ မောင်ဟာ မီးတောက်တွေကို ကျော်လွန်ပြီး ဖြတ်သန်းနိုင်ဖို့ အကြံတစ်ခု ရသွားတယ်။ အဲ့ဒီအကြံက အိမ်ထဲမှာရှိတဲ့ ပစ္စည်းသယ်တဲ့ လက်တွန်းလှည်းနှစ်စီးကို အသုံးချလိုက်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ မောင့်အကြံက တစ်စီးကို သုံးယောက်ပူး ကျပ်ကျပ်တည်းတည်း ထိုင်စေပြီး အပေါ်မှ စောင်စိုကို အုပ်လျှက် သူ့က အားကုန်ထုတ် အပြင်သို့ တွန်းထုတ် လိုက်ဖို့ပါပဲ။ အဲ့ဒီအတွက် စောင်များကို ရှာတာ သူများတွေ ယူသုံးကျလို့ စောင်တစ်ထည်ပဲ ကျန်တော့တယ်။ ဒီတော့ မောင် အကြပ်ရိုပ်နေတုန်းမှာပဲ သူခြုံထားတဲ့စောင်စိုကို သွားသတိရမိတယ်။ အဲ့ဒီတော့မှ ကိုယ်ပေါ်မှ စောင်ကို လှည်းပေါ်သို့ ခြုံလွှမ်းပေးပြီး တစ်စီးပြီး တစ်စီး တွန်းထုတ်လိုက်ပါတော့တယ်။ အားလုံးလည်း အိုကေပါပဲ။ မောင်စီစဉ်တဲ့အတိုင်း အိမ်ထဲရှိ လူအားလုံးက အိမ်ပြင်သို့ အန္တရာယ်ကင်းစွာ ရောက်ရှိသွားကျတယ်။
အိမ်ထဲမှာ လက်ရှိကျန်ခဲ့တာ ဆိုလို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မောင်တစ်ယောက်တည်းပဲပေါ့။ အားလုံးအဆင်ပြေသွားလို့ မောင်သက်ပြင်းချပြီး ပြုံးလိုက်တုန်းမှာပဲ မီးတောက်မီးလျှံများဟာ အိမ်ထဲကို ကူးဝင်လာပါတယ်။ မီးသတ်ကားများကလည်း အပြင်ဘက်ခြမ်းကို ဦးစားပေးနေရတာကြောင့် အတွင်းဘက်ကို မရောက်လာနိုင်သေးဘူး။ ဘယ်လောက်မှ မကြာလိုက်ပါဘူး။ ကျယ်လောင်တဲ့ ပေါက်ကွယ်သံကြီးနဲ့အတူ မောင်ရှိနေတဲ့ အိမ်ကြီးတစ်ခုလုံးဟာ မောင်အပါအ၀င် အရာဝတ္ထုအားလုံးကို မီးက ပြင်းထန်းစွာ ၀ါးမြိုသွားပါတယ်။ ၀ုန်ဒိုင်းကြဲ ကျယ်လောင်စူးရှ အော်မြည်နေတဲ့ ငရဲမီးအသံနဲ့အတူ လွင့်ပျံလာသော အရာဝတ္ထုများကြောင့် ဘယ်သူမှလည်း အနားမကပ်ရဲကြဘူး။ ဒါကြောင့် ဘေးလွတ်ရာမှ ရှိနေတဲ့ မီးသတ်သူငယ်ချင်းတွေနဲ့ စက်ရုံဝန်ထမ်းများဟာ မောင့်အတွက် မချိတင်ကဲ ယူကြုံးမရဖြစ်လျှက် ၀မ်းနည်းကုန်ကြတယ်။
အဲ့ဒီ မီးလောင်မှုဟာ တစ်ညနဲ့ တစ်မနက်ခင်းအထိ မီးသတ်ကားများက ငြိမ်းသက်ရပါတယ်။ မြို့ထဲမှာတော့ ဒီမီးလောင်မှုနဲ့အတူ မြို့လုံးကျွတ်နီးပါး တက်ရောက်ချီးမြှင့်ကြတဲ့ မောင်ရဲ့ အသုဘ အခမ်းအနားကြီးဟာ ရက်အတော်ကြာတဲ့အထိ ပြောစမှတ်တွင်ခဲ့ပါတယ်။ ခုတော့လည်း ဒါတွေဟာ ၁၅နှစ်ကြာတဲ့နောက် မေ့တဲ့သူတွေလည်း မေ့ကုန်ကြပါပြီ။
ကျွန်မ ဘယ်လောက်တောင် အတွေးလွန်သွားတယ် မသိ။ ခြေထောက်က စစ်.....ခနဲ့ နာကျင်လိုက်တဲ့ အသိရမှ အတိတ်က မောင့်အကြောင်း တွေးနေတာ ပစ္စုပ္ပန်ပြန်ရောက်သွားတယ်။ အော်...ကျွန်မ ဒီမှာ မနက်ခင်းတည်းက ရပ်နေမိတာ နေတောင် မြင့်လာပါရောလား။ ခွဲခွာခါနီးနောက်ဆုံးနှုတ်ဆက်ခြင်းဖြင့် မောင့်ရဲ့ အုတ်ဂူလေးကို ကျွန်မ ဖွဖွလေး နမ်းလိုက်ပါတယ်။
အခြားသူတွေ အမြင်မှာတော့ မောင်ဟာ ထွက်သက် ၀င်သက် တိုင်းတာခြင်းအရ လူလောကထဲမှာ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့ ရင်ထဲမှာတော့ ရှင်သန်နေတဲ့ အချစ်တွေနဲ့မောင်ဟာ ဘယ်တော့မှ မသေဆုံးခဲ့ဘူး။ မောင်ဟာ ထာဝရ ရှင်သန်ခြင်းမျိုးဖြင့် ကျွန်မကို သစ္စာတရားတွေ ခိုင်မြဲနေတုန်းပဲဆိုတာ...။ ။
စေတနာဖြင့်...
စေပိုင်ထွဋ်(ပုသိမ်)
(အချစ်ဇာတ်လမ်းလေး မရေးရတာကြာလို့ ရေးကြည့်မိတာ ဖတ်ရတာ အဆင်မပြေလည်း ခွင့်လွှတ်)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>