ကျွန်တော်နိုင်ငံခြားတွင်အလုပ်နေရင်း သင်္ကြန်ပွဲတော်ကိုမြန်မာပြည်တွင်
နွှဲပျော်ချင်သဖြင့် မြန်မာပြည်သို့ ပြန်လာခဲ့ပါသည် ။ အိမ်ကိုပြန်ရောက်တော့ အမေ
ကကျွန်တော့်ကိုပြန်မသွားစေချင်သဖြင့် ။
။။ သားရယ်ပြန်မသွားပါနဲ့ တော့လား သားလည်းပညာတတ်တစ်ယောက်ပဲ သား
ဝါသနာပါတဲ့အလုပ်တစ်ခုခုရွေးချယ်ပြီး ဒီမှာပဲလုပ်ကိုင်ပါလား ။။
။။ သား ဒီကိုလာလည်တာပါအမေ လာလည်တဲ့အခိုက် အေးအေးဆေးဆေးနေ
ပါရစေအမေရယ် ။။
အမေကို ကျွန်တောက်ဟိုမှာအလုပ်လုပ်ရင်း ကိုယ့်ဟာကိုယ်ထမင်း ဟင်းချက်
အ၀တ်လျှော် လုပ်တာတွေပြောပြတော့ အမေက အဖေ့ကိုအပြစ်တင်ပါသည် ။
။။ ရှင်လုပ်လို့  ငယ်ငယ်ကတည်းကအမေချက်ကြွေးတဲ့ထမင်းစား အမေလျှော်ဖွတ်
ပေးတဲ့အ၀တ်ကို အဆင်သင့်ဝတ်လာတာ အခုတော့သူများနိုင်ငံမှာအလုပ်သွားလုပ်
တော့မှပဲ ကျွန်မသားလေးပင်ပမ်းရတယ် ။။
အဖေကတော့ဘာမှပြန်မပြော အမေ့ကိုသာပြုံးပြီးကြည့်နေပါသည် ။
။။ အမေကလည်း အဖေ့ကိုအပြစ်မတင်ပါနဲ့  သားကအဖေ့ကို နိုင်ငံခြားမှာအလုပ်
သွားလုပ်ခိုင်းလို့ ကျေးဇူးတောင်တင်နေတာ ။။
။။ ဘုရားရေ စိတ်ပူနေတဲ့အမေလုပ်သူကိုတော့ကျေးဇူးမတင်ပဲ သားလုပ်တဲ့သူကို
ခိုင်းစားတဲ့ အဖေကိုကျေးဇူးတင်သတဲ့ မပြောချင်တော့ဘူးဟင်းး ။။
။။ အမေစဉ်းစားကြည့်လေ သားသာဒီမှာနေရင် ဘာမှသိမှာတတ်မှာမလုပ်ဘူး ။
အမေ့စီမံခန့် ခွဲမှုအောက်မှာပဲ ကျော့ကျော့လေးနေမိမှာ ။။
။။ အဲ့ဒါမကောင်းဘူးလား သားသက်သက်သာသာနေ နေရတာလေ ။။
။။ မကောင်းဘူးအမေ အဲ့လိုအမေ့ကိုအားကိုးနေတော့ သားမှာရှိတဲ့အရည်အချင်း
တွေကိုဘာမှမသုံးတတ်ခဲ့ဘူး ။ အမေကိုမှီခိုနေတဲ့ လူပျင်းတစ်ယောက်ပဲဖြစ်နေခဲ့
ရတယ် ။ နိုင်ငံခြားမှာအလုပ်သွားလုပ်လိုက်တော့ သားပညာအသစ်တွေ တတ်ခဲ့
တယ် ။ သားရဲ့အစွမ်းအစတွေကိုလည်း ထုတ်ပြီးသုံးခွင့်ရခဲ့တယ် ။။
။။ ဘာ ပညာအသစ်တွေလည်း သားကဘာတွေတတ်ခဲ့လို့ လဲ ။။
။။ ကောင်းပါပြီ အမေသိအောင်သားပြောပြပါ့မယ် ။ ပထမရောက်ရောက်ချင်း အ
လုပ်ရှင်ကနေစရာအိမ်ပေးထားတော့ သားတို့ သူငယ်ချင်းတွေ ထမင်းစုပြီးချက်စား
ကြတယ် ။ ဟင်းချက်တတ်တဲ့သူကဟင်းချက်ပေါ့ ။ ထမင်းကပေါင်းအိုးနဲ့ ချက်တာ
ဆိုတော့ပြသနာမရှိပေမဲ့ ဟင်းချက်တာက ပြသနာရှိလာတယ် ။ သားကဟင်းမ
ချက်တတ်တော့ ထမင်းပဲဒိုင်ခံချက်ရတယ် ။ ကျန်တဲ့သူတွေက ဟင်းချက်ပေါ့ ။
သားကငယ်ငယ်ကတည်းက အမေချက်ကြွေးတာစားလာခဲ့တာဆိုတော့ ဘယ်ချက်
တတ်မလဲ ။ သူတို့ ကဟင်းမချက်တတ်တဲ့သားကို ၀ိုင်းစကြတာပေါ့ ။
သားလည်းနဲနဲရှက်လာတော့ ဟင်းချက်တတ်တဲ့အကိုကြီးဆီမှာဟင်းချက်သင်ရ
တော့တာပေါ့ ။ ဟင်းချက်သင်ရတာတော်တော်စိတ်ဝင်စားဖို့ ကောင်းတယ် အမေ။
အမေ့ကိုလည်းတွေးပြီး သနားမိတယ် ။ ဘာလို့ လည်းဆိုတော့ ဟင်းမချက်ခင်
ငါးကိုင်တဲ့နည်း ကြက်သားခုတ်တဲ့နည်း တွေကိုသေသေခြာခြာသင်ခဲ့ရတယ်အမေ။
ငါးတို့ ကြက်သားတို့ ကိုကိုင်ရင် ဘယ်လိုဒါးမျိုးသုံးရမယ် ။ ကြက်သွန်နီအာလူးလှီးရင်
ဘယ်လိုဒါးမျိုးတွေသုံးရတယ်ဆိုတာကအစ အသေး စိတ်သင်ခဲ့ရလို့  ပဲအမေ ။
အိမ်မှာအမေ အသုံးပြုတဲ့ ဒါးအကြီးအသေးတွေကိုတောင်မျက်စိထဲပြန်ပြီးမြင်
ယောင်လာတယ် ။ ဟင်းကိုဆီသတ်ပြီးချက်တဲ့နည်း အသား ငရုပ်သီး
ကြက်သွန်ရောပြီး လုံးချက်တဲ့နည်းတွေကအစသင်ခဲ့ရတယ်အမေ ။
ပြီးတော့အ၀တ်လျှော်မယ်ဆိုရင် ဆပ်ပြာမှုံ့ နဲ့ ရောစိမ်ထားပြီး ဘယ်
လိုလျှော်ရမယ်ဆိုတာကအစ အဲ့ဒီအကိုကြီးကသားကိုသင်ပေးတယ် ။ ကိုယ့်ဟာ
ကိုယ်လုပ်တော့မှပဲ ထမင်းချက် ဟင်းချက် အ၀တ်လျှော်အလုပ်တွေဟာ ဘယ်
လောက်ပင်ပမ်းတယ်ဆိုတာ သားကိုယ်တွေ့ သိခဲ့ရတယ် ။ မိသားစုအားလုံးအတွက်
အမေလုပ်ပေးခဲ့တာ ဘယ်လောက်ပင်ပမ်းခဲ့သလဲဆိုတာ သားတွေးပြီး စိတ်မ
ကောင်းဖြစ်ခဲ့ရတယ်အမေ ။
ရွယ်တူသူငယ်ချင်းတွေပေါင်းမိတော့မှပဲ လူတွေရဲ့ စိတ်တွေကိုလည်း
သတိထားမိလေ့လာမိတော့တယ်အမေ ။ တယောက်နဲ့ တယောက်လူချင်း
တူပေမဲ့အသက်ရှုချင်းမတူဘူးလို့  အဖေပြောခဲ့တဲ့စကား သူတို့ တွေနဲ့ 
ပေါင်းမိတော့မှသိလာရတယ် ။
ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ။ တစ်ကိုယ်ကောင်းစိတ်ရှိတဲ့သူ
တစ်ဖက်သားကိုကူညီတတ်သူ ။ ကိုယ်ကျိုးသာကြည့်တဲ့သူ
တစ်ဖက်သားကိုတင်စီးတတ်တဲ့သူ။ တစ်ဖက်သားကို
မကောင်းပြောပြီး ချောက်တွန်းပြီး အခွင့်အရေးယူတတ်တဲ့သူ ။ မူးယစ်ဆေး အရက်
တွေကိုသုံးပြီးကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့သူ ။ ကိုယ်ရတဲ့ပိုက်ဆံကိုသူဌေး
သားလိုထင်သလိုသုံးပြီး မိဘအကြွေးတွေကို ဥပက္ခာပြုနေတဲ့သူ ။ တကယ့်လူမျိုး
စုံရဲ့ စိတ်တွေကို လေ့လာခွင့်ရခဲ့တယ် ။
အလုပ်ထဲမှာလည်းအလုပ်ကိုလေးလေးစားစားတန်ဖိုးထားလုပ်တဲ့သူနဲ့ 
ပေါ့ပေါ့ ဆဆလုပ်တဲ့သူတွေရဲ့ ကွာခြားချက်ကိုလည်း သိခဲ့ရတယ် ။ အလုပ်ကို
လေးလေးစားစားတန်ဖိုးထားပြီးလုပ်ရင် အလုပ်ရှင်သူဌေးကကိုယ့်ကိုဘယ်လိုအခွင့်
အရေးတွေပေးလာတတ်သလဲဆိုတာသိလာခဲ့ရတယ် ။ အလုပ်ဆိုတာပိုက်ဆံရရုံ
တင်မဟုတ်ဘူး အလုပ်အပေါ်မှာထားတဲ့စိတ်ထားကြောင့် အလုပ်ကိုကျွမ်းကျင်
လာပြီး ရရှိလာတဲ့အခွင့်အရေးတွေကြောင့် အလုပ်လုပ်ရတာပိုပျော်လာတယ် ။။
လူအမျိုးမျိုးနဲ့ တွေ့ ပြီး ကောင်းတာကိုယူ မကောင်းတာကိုပယ် နဲ့ သားလည်း
ပညာတွေဗဟုသုတတွေ သင်ယူခဲ့ရတယ်အမေ ။
။။ အင်း သားပြောတော့လည်းဟုတ်သလိုလိုပဲ ။။
သားတွေးမိတာကတော့ သားတို့ လိုလူငယ်တွေဟာ ပြည်တွင်းမှာပြဲဖစ်ဖြစ်
ပြည်ပမှာပဲ ဖြစ်ဖြစ် မိဘနဲ့ ခွဲပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးဝါသနာပါတဲ့
အလုပ်တွေကိုစွန့် စွန့် စားစား သွားလုပ်သင့်တယ် ။ဒါမှ ပတ်ဝန်းကျင်ကသင်ပေး
တဲ့အတတ်ပညာတွေကို သင်ခွင့်ရမယ် ။ အဲ့ဒီလို သိသွားတတ်သွား တော့
ဘာဖြစ်လာသလဲဆိုရင် ကိုယ်ဘယ်လိုပညာမျိုးတွေတတ်လာတယ် ။ဘယ်လို
ပညာတွေကို မတတ်သေးဘူး ဆိုတာ ကအစပေါ့ အမေ ။
စိတ်ဝင်စားတဲ့ပညာတွေကို ဘယ်လိုသင်သင့်တယ်ဆိုတာတွေးမိလာတယ် ။
ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုရှိလာတယ် ။ လူတစ်ယောက်ဟာ ငါဒီတစ်ခုကို
သေသေခြာခြာသိ သေသေခြာခြာတတ်ပြီလို့  သိလိုက်လို့ ခံစားလိုက်ရတဲ့ ခံ
စားမှုဟာ တစ်ခြားလူမသိပေမဲ့ ကိုယ့်အတွက်တော့ မဟာအောင်မြင်မှုအဖြစ်
ကျေနပ်မှုပျော်ရွှင်မှုကိုဖြစ်စေတယ်အမေ ။ တိုးတက်ချင်စိတ်ရှိတဲ့လူငယ်တိုင်းဟာ
မိမိဘ၀အတွက် လိုအပ်တဲ့ အတတ်ပညာအသစ်တွေကို သင်ယူနေရင်းပဲ ပျော်
နေတော့တာပဲ ။ တစ်ချို့ ဆိုရင် ပညာရပ်တစ်ခုနောက်ကို ထမင်းမေ့ဟင်းမေ့လိုက်
တတ်ကြတယ်လို့ တောင်ကြားဘူးတယ် ။ အဲ့လိုလူတွေဟာ သူဝါသနာပါတဲ့
ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပြီး ဆရာတစ်ဆူအဖြစ်
ရောက်သွားတော့တာပဲ ။
။။ အင်း ငါ့သားလေးတောင် အရင်ကနဲ့ မတူတော့ဘူး တော်တော်ပြောင်းလဲ
သွားတာပဲ ။။
။။ ဟုတ်တယ်အမေ အဲ့ဒါအဖေ့ကျေးဇူးတွေကြောင့် သားဟာကိုယ်ခြေထောက်
ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ရတာ ။ သားသင်ခဲ့ရတဲ့ပညာ
တွေဟာ တစ်ခြားသူတွေအတွက်တော့ မလိုအပ်ဘူးလို့ ထင်ချင်ထင်မယ်အမေ
မိဘအရိပ်ကိုခိုနေပြီး လူပျင်းတစ်ယောက်ဖြစ်နေတဲ့သားအတွက်ကတော့ တ
ကယ့်ကိုလိုအပ်တဲ့ ဘ၀သင်္ခန်းစာတွေပါအမေ ။ ကျောင်းမှာသင်ခွင့်မရခဲ့တဲ့ ဘ၀ထဲ
ကသင်္ခန်းစာတွေပါအမေရယ် ။
ကျွန်တော့်စကားတွေကြောင့်အမေက အဖေ့ကိုမျက်စောင်းထိုးပြီးထသွားပါ
တော့သည်။ အဖေကတော့အမေ့ကိုကြည့်ပြီးကျွန်တော့်ကိုလှည့်ကြည့်ကာ တစ်
ဟား ဟား နှင့်ရယ်မောနေပါတော့သည် ။။။။။။။။။
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှ က်
ကိုမောင်မောင်