Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
ဟားဗတ် University ရဲံ့ စာကြည့်တိုက်နံရံပေါ်မှ ဘ၀လမ်းညွှန် စာပေ
$
0
0
(၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင် ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာရှိချင်မှရှိလိမ့်မည်။အောင်မြင်မှုမှာတော့ ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေး ကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
(၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
Credit- Original Writer
G.talk ပြတင်းတံခါးလေး၏ ဖွင်ဟဝန်ခံချက်............။
$
0
0
G-talk  ပြတင်းတံခါး‌လေး ၏…
ဖွင့်ဟဝန်ခံချက်
ပျင်း..ရိငြီးငွေဘွယ်ကောင်းတဲ့…..အခန်းတံခါးတစ်ခု့ရဲ့…ပြတင်းတံခါးဖြစ်ရတာ….ကျုပ်စိတ်ကုန်တယ်ဗျာ…….
အမှန်ဆိုရင်…..လန်းဆန်းတက်ကြွနေတဲ့..အခန်းတစ်ခန်းရဲ့..ပြတင်းတံခါးလေးဖြစ်ရမှာ………။
တစ်ချို့…ပြတင်းတံခါးတွေများဗျာ…………ပျော်ဖို့ကောင်းလိုက်တာ..။သူတို့နဲ့များဆုံရင်……ကျုပ်ဖြင့်ရှက်လိုက်တာ….သူတို့အချင်း ချင်းပြောတဲ့…စကားတွေများ..တစ်ချို့ဆို…ကျုပ်နားမလည်ခဲ့ ဘူး……….။ဒါကြောင့်….ပြတင်းတံခါး လောကမှာ..ကျုပ်က.လူရာမဝင်သလို..အဲ….ဟုတ်ဘူး…….ပြ တင်းတံခါးအရာ..မဝင်သလိုပေါ့……။
ဒါကတော့.ဗျာ..ကျုပ်က..တရားရှိထားတဲ့သူဆိုတော့…တရားနဲ့..ဖြေရတာပေါ့…………။“လူပြည်မှာအက်တစ်စင်း….
ဗြဟ(မ)ာ(ဗြန်မာ့) ပြည်မှာအပ်တစ်စင်းထိချင်မှ ထိမှာ..လူတစ်ယောက် ဖြစ်ဖို့ခဲရင်းတယ်” ဆိုသလို… ကျုပ်တို့..ပြတင်းတံခါး… .ဆိုတာလဲ….ငရဲပြည်ဆီအိုးလုပ်ဖို့ သုံးတဲ့..လောင်စာဆီတွေ ….တွေသာလူ့ပြည်ကို.ရောက်လာပြီး…ဆီတွေပေါချင်ပေါမယ်....ကျုပ်လို..ပြတင်းတံခါး..ဘဝဖြစ်ဖို့ဆို..တာလွယ်တာမှတ်လို့… . (အဟဲ…လူပြည်မှာ…ဆီရှားသကိုးဗျ…အခုဆို…ထုတ်ဈေး… .၃၅၀၀ိ/- တဲ့လေ…)ဒီလိုမလွယ်တဲ့….ဘဝလေ…  ….တံခါး တစ်ချပ်ဖွင့်ဖို့..မလွယ်ဖူးမဟုတ်လား……။ဒါကြောင့်..ရခဲလှတဲ့ ရခဲလှတဲ့..ပြတင်းတံခါး ဘဝကို. .ပိုင်ဆိုင်ထားတဲ့….ကျုပ်က…. အတိပ်အကျိုးပေးခဲ့လို့ဘဲ….မှတ်ပါတယ်…….။
ကျုပ်ပြတင်းတံခါး ဘဝကို..ပိုင်ဆိုင်မိလိုက်တဲ့ အချိန်မှာ… သတိထား မိတာတစ်ခုက….ကျုပ်ရောက်နေတဲ့…နေရာက..တိတ်ဆိပ်မှောင်မဲနေတဲ့…အခန်းတစ်ခုဖြစ်နေတာရယ်….အဲဒီအခန်းကို..ပိုင်ဆိုင်ထားတဲ့….သူကလည်း….ရွှင်လန်းတက် ကြွမှုတွေ ကင်းဝေးပြီး… .တစ်နေကုန်တစ်နေခန်း… တကုတ်ကုတ်နဲ့ဗျာ… ….ညီးငွေဖို့ ကောင်း  လိုက်တာ…..
ကျုပ်ရောက်တာကြာပြီ…သူက..ယောင်လို့တောင်…ကျုပ်ကို..မဖွင့်ဘူးဗျာ….ကျုပ်ကို.ဖွင့်ပြီး….ဟိုဘက်အပြင်လောက.            .အ ကြောင်းကို. တစ်စေ့တစ်စောင်းကြည်စေချင်တာပေါ့….     ။ …အဲ လုံးလုံး…မဖွင့်ဘူးဆိုပေမဲ့… တစ်ခါတစ်ခါ…. ကျုပ်ပြတင်း ကို.. ဖွင့်…လိုက်တာဘဲရှိတယ်….ကျုပ်ရဲ့ ပြတင်းတံခါးကနေ… ငေးမော ရီဝေနေတဲ့… .ကျုပ်ပိုင်ရှင်…. ဖိုးညစ်စုတ်ကို… .အားမရဘူး.. ။       (ဟုတ်တယ်လေ..အဲလိုဘဲ..ခေါ်ချင်တယ်…သူ့အခန်းကိုက..ညစ်တီးညစ်စုတ်နဲ့..စိတ်ပျက်စရာ)
ကျုပ်လည်း…ဗျာ…ကျုပ်တို့ပြတင်းတံခါးတွေ..ဆုံတဲ့အခါပြော ချင်တာပေါ့….သူတို့ပြတင်းကနေ…ချစ်တဲ့အကြောင်းတွေ….  ကြားရတာတွေ….ပုံလှလှလေးတွေမြင်ရတာတွေ…သီချင်းအေး အေးလေးတွေကြားရတာတွေလေ….။အင်းပေါ့လေ….သူကိုယ်တိုင်….ကျုပ်လိုပြတင်းတံခါးကနေ..ဒီလိုအရာတွေ..ကို..သွင်းနိုင်တယ်ဆိုတာ….ဒီလူသိပုံမပေါ်ဘူးဗျ…။
အဲ..တစ်နေ့တော့……ဖိုးညစ်စုတ်တစ်ယောက်ပျော်ရွှင်နေတာကို ကျုပ် သတိထားမိလိုက်တယ်..။
အတူနေတဲ့သူဘဲဗျာ…….သူပျော်ရွှင်နေတာကိုတွေ့ရတော့ ကျုပ်လည်းပျော်ရွှင်မိတာပေါ့…………။ ဘာလဲ……..ရွှေမြိုတော်ဆိုတား………ဘာဆိုလား….သူသွားပြီး ပြန်လာကတဲက..တစ်ခုခု တွေ့လာတဲ့ပုံဘဲဗျာ…………
နောက်ရက်တွေကစပြီး ကျုပ်ကို ဖွင့်တော့တာပေါ့
…….အဲလိုလုပ်ပါဗျာ…… ……။ကျုပ်လည်း မဲမှောင်လှောင်ပိတ် နေတဲ့… ….အခန်းမြင်ကွင်းကနေ ပြင်ပကိုတော့ ကြည်ချင်သေးတာ ပေါ့ ဟုတ်တာမဟုတ် တာထားဗျာ… …..ကျုပ်တို့ ဘဝတူ ပြတင်းပေါက် တွေ. တွေ့တဲ့အခါ… တစ်ခုခုတော့ ပြောလို့ ရသေးတာပေါ့ဗျာ………..
နောက်ရက်တွေမှာ..ကျုပ်ရဲ့ ပြတင်းပေါ့ ဘဝတွေဟာအဓိပါယ်ရှိ လာရတယ်ဆိုပါတော့…………။ပျော်ရွှင်တက်ကြွနေတဲ့…….. ကျုပ်ပိုင်ရှင်ရယ်………….ကျုပ် ပြတင်းတံခါးကနေ ဝင်လာတဲ့… စကားသံလေးတွေရယ်……..အဲဘာတဲ့.     (သူပြောတာရှိပါသေးတယ်………) လေအေးနုနုလေး…….အဟား…….ဟုတ်တယ်…ဟုတ်တယ်…. .လေအေးနုနုလေး….ကျုပ်ပါလမ်းဆန်းတက်ကြွစေတဲ့လေအေးနုနုလေးပေါ့………….အဟဲ..ကျုပ်က..လေအေးနုနုလေးကိုဖန်တီးပေးနေတဲ့….ဖန်တီးရှင်ပေါ့ဗျာ……..ကျုပ်နဲ့ ဘဝတူ ပြတင်း တံတားတွေ…တွေနဲ့ ပြောလိုက်ရရင်ဘဲ…….ဒီကောင်တွေ…..ကျုပ်ရဲ့ စကားလုံးတွေအောင်မှ ..အငေးသားပေါ့..အဲဒီရက်မှာ ကျုပ်က…. မင်းသားပေါ့ဗျာ…ကျုပ်ရောက်ပြီ ဆို……… …ကျုပ် ပြောမဲ့  စကားသံကို. . စောင့်နားထောင်နေ …ကျတာပေါ့……..။ကျုပ်က စကားသိပ်ပြောကောင်းတဲ့သူတော့ မဟုတ်ပါဘူးဗျာ…….ဒါပေမဲ့ ကျုပ်ရဲ့…ပိုင်ရှင်..ဖိုးညစ်စုတ်.. (အဲ) ဒီအချိန်မှာသူကို ဒီလိုခေါ်လို့ မရတော့ဘူးဗျ…. .သန့်လို့ပြန်လို့ ဖြစ်နေပြီ..လေ… ဒီလိုဆိုတော့လည်း  ကျုပ် ပိုင်ရှင်က အချောသားဗျ (အချင်းချင်းမှ မမြောက်ရင် ဘယ်သူမှ မြောက်မှာ မဟုတ်ဖူး လေနော်..ဗျာ) ……………ဘာဘဲဖြစ်ဖြစ်…….ကျုပ်ရောကျုပ်ပိုင်ရှင်ကိုရော  .ဒီလိုရော ဘဝမျိုးရောက်အောင် ဖန်တီးပေးတဲ့ ရွှေမြို့တော်နဲ့ ………..လေအေးနုနုလေးကို ကျေးဇူးတင်ပါတယ်ဗျာ………..
ဟိုအရင်က…ကျုပ်ပြတင်းတံခါးကို.ယောင်လို့တောင် မကိုင်တဲ့ သူက. အမယ်…..ခုဆို………..မနက်ဖွင့် ညဖွင်…… …ကျုပ်ဘေး နားက ကို ခွာတယ်မရှိ သလောက် ဘဲ… ……..လေအေးနုနုလေး လာချိန်ကနည်းနည်း…သူနေတဲ့ အချိန်က များများလေ.။
 ကျုပ်တောင် စောင့်မကတ်လာတယ်…..အဟဲနောက်တာပါဗျာ……။ ကျုပ်ကျေနပ်တာပေါ့.ဗျ…….ရခဲလှတဲ့. ကျုပ်ရဲ့ ပြတင်းတံခါး ဘဝလေး မှာ…….လူသားတစ်ဦးအတွက်. အကျိုး တော်ဆောင် လေးဖြစ်ခဲ့ရတာကိုပါ.။ ကျုပ်ကျေနပ်ပါတယ်… .ကျုပ်ပြတင်း တံခါးကိုဖွင့်လိုက်တယ်ဆိုရင်ဘဲ…………လေအေးနုနုလေးတိုက်ခတ်မဲ့ ..သတင်းလေးတွေဝင်လာတာကိုး…….။
ဘာဘဲဖြစ်ဖြစ်ဗျာ……..ကျုပ်ကျေနပ်တယ်…………..
ကျုပ်ဝမ်းသာတယ်…။
ပြတင်းတံခါး တစ်ခုရဲ့ဘဝကို…ပိုင်ဆိုင်ထားရတဲ့……ကျုပ်ဘဝကို ကျုပ်ဂုဏ်ယူမိတာပေါ့………….ဒါတွေဟာ……….
ကျုပ်ပြတင်း တံခါးပေါက်ကနေ……….တိုက်ခတ်ပေးတဲ့…      လေအေးနုနုလေးရဲ့ကျေးဇူးကြောင့်ဆိုတာ မငြင်းနိုင်ဘူး လေ ..။
ဒါပေမဲ့.ဗျာ………..ကျုပ်ပိုင်ရှင် တင်စားသလို..လေအေးနုနုလေးဆိုတာ…………အချိန်ကာအပိုင်းအခြားနဲ့ တိုတ်ခတ်တတ်တာမဟုတ်လား…………..
ပြီးတော့…တိုက်ခတ်မှုဆိုတာ…လမ်းကြောင်းပြောင်းလဲသွားတတ် တာဘဲလေ……….။
အဲလိုများ…………..ဖြစ်သွားခဲ့ရင်…….
လေအေးနုနုလေးသာကျုပ်ပြတင်းတံခါးပေါက်ကမဝင်လာတော့ရင်
ကျုပ်ပြတင်းပေါက်ကလေး….ကို. ကျုပ်ပိုင်ရှင်က…  ….ပိတ် လိုက်မှာ   အမှန် ဆိုတာ.. ကျုပ်တွေးမိ နေတယ်………..
ဒါကြောင့်ကျုပ်အနေနဲ့ တစ်ခု ဆုတောင်းနေတာက……………..
”လေအေးနုနုလေးရယ်……………..ပြောင်းလဲမသွားပါနဲ့ ကွယ်…”
လို့လေ……………။
လ       မင်းရဲ့နတ်မိတ်မယ်လေ
$
0
0
လ       မင်းရဲ့နတ်မိတ်မယ်လေ
ကြိုက်လား        သူငယ်ချင်းတို့ရေ              
$
0
0
ကြိုက်လား        သူငယ်ချင်းတို့ရေ            …
သီတဂူကိုသိစေချင်၊ ဆူးလေအနီးမှာ အင်္ဂလိပ်မတိုင်ခင်ကတည်းက ဗလီတွေရှိခဲ့တယ် ======================================== ” ခရစ်သက္ကရစ် ၁၈၂၄ မှာရှိနေတဲ့ ဆူးလေစေတီတော် ရဲ့ တည်နေရာဟာ ကျွန်းငယ်လေးတစ်ခု ပေါ် မှာတည်ရှ…
$
0
0
သီတဂူကိုသိစေချင်၊ ဆူးလေအနီးမှာ အင်္ဂလိပ်မတိုင်ခင်ကတည်းက ဗလီတွေရှိခဲ့တယ်
========================================
” ခရစ်သက္ကရစ် ၁၈၂၄ မှာရှိနေတဲ့ ဆူးလေစေတီတော် ရဲ့ တည်နေရာဟာ ကျွန်းငယ်လေးတစ်ခု ပေါ် မှာတည်ရှိခဲ့တာဖြစ်ပါတယ်။ ဆူးလေစေတီ တည်ရှိရာ ဒီကျွန်းငယ်လေးနဲ့ ရန်ကုန်မြို့ဟောင်းဖက် ကို သစ်သားတံတားလေးတစ်ခုက ပေါင်းကူးဆက်သွယ်ပေးထားခဲ့ပါတယ်။ (ထိုအ ချိန်ကာလ တွင်ရန်ကုန်မြို့ဟောင်းသည် အင်္ဂလိပ်တို့၏ အုပ်ချူပ်မှုအောက် တွင် မရောက်သေး ပါ။)
၁၈၂၀ကျော် ကာလများက ရန်ကုန်မြို့တော်ဟောင်းဟာ အနီးစပ်ဆုံးအနေနဲ့ ယနေ့ ဆူးလေ ဘုရား လမ်းကနေ သိမ်ဖြူလမ်းအထိ ကျယ်ဝန်းပြီး အောက်ဖက်မှာဆို ယနေ့ ကမ်းနားလမ်း(Strand Road) ထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒီထဲမှာ မြို့ဝန်မင်းအိမ်၊ အကောက်ရုံး၊ ရိုမန် ကက်သလစ် နှင့် အာမေးနီးယန်း ခရစ်ယာန်သာသနာ ဘုရားကျောင်းများ၊ များစွာသော မွတ်စ လင်မ် ဗလီအတော်များများ၊ အစိုးရအရာထမ်းများရဲ့ နေအိမ်များ နှင့် နိုင်ငံခြားကုန်သည်များ ရဲ့ အိမ်ရာများ ရှိခဲ့ဘူးပါတယ်။
ခရစ်သက္ကရစ် ၁၈၅၀ ကျော်ကာလများ ( ထိုအချိန်တွင် ၁၈၅၆ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယ စစ်ပွဲတွင် အနိုင်ရရှိခဲ့သူ အင်္ဂလိပ်များက ရန်ကုန်မြို့တော်ကို အုပ်ချူပ်နေပြီဖြစ်သည်။) တွင်မူ အင်္ဂလိပ် မြို့ပြတည်ဆောက်ရေး အင်ဂျင်နီယာများက ယနေ့မြင်တွေ့နေရသည့် ဆူးလေဘုရား ကို ဗဟိုပြုတည်ထားသည့် ရန်ကုန်မြို့တော် စနစ်ပုံကို တည်ဆောက်ခဲ့ကြသည်။ “
Sule Pagoda c. 1824. The Sule Pagoda prior to British rule was on an island, connected to the ‘old town’ of Yangon by a wooden bridge.
The old town in the 1820s (running approximately from today’s Sule Pagoda Road to Theinbyu and down to Strand Road) included the Governor’s (Myowun) residence, a custom’s house, Roman Catholic and Armenian churches, several mosques, an the homes of government officials and foreign traders.
In the 1850s British planners drained the area and created the grid pattern of streets we have today with the Sule Pagoda at the centre
Sule Pagoda c. 1824. The Sule Pagoda prior to British rule was on an island, connected to the ‘old town’ of Yangon by a wooden bridge.
The old town in the 1820s (running approximately from today’s Sule Pagoda Road to Theinbyu and down to Strand Road) included the Governor’s (Myowun) residence, a custom’s house, Roman Catholic and Armenian churches, several mosques, an the homes of government officials and foreign traders.
In the 1850s British planners drained the area and created the grid pattern of streets we have today with the Sule Pagoda at the centre.
(ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချူပ်ဟောင်း ဦးသန့်၏ မြေးဖြစ်သူ နှင့် ယနေ့ Yangon Heritage Foundation ၏ အကြီးအကဲဖြစ်သူ သမိုင်းပါမောက္ခ၊ ဒေါက်တာသန့်မြင့်ဦး အင်္ဂလိပ် ဘာသာဖြင့် ရေးသား သည့် ဖေ့စ်ဘွတ်ခ်ပို့စ် အား ဆီလျော်အောင် မြန်မာမှု ပြုထားခြင်း ဖြစ်ပါ သည်။ ဒေါက်တာသန့်မြင့်ဦး ၏ ရေးသားချက်အရ အင်္ဂလိပ်များ ရန်ကုန်မြို့ကို မအုပ်ချူပ်ခဲ့ချိန် မြန်မာမင်းများလက်ထက်ကတည်းက ဆူးလေအနီးတစ်ဝိုက်တွင် မြန်မာမွတ်စလင်မ်များ၏ ဗလီ ၀တ်ကျောင်းတော်များ တည်ရှိခဲ့သည်ကို သမိုင်းအထောက်အထားအရ သိရမည်ဖြစ်ပါသည်။ အသေးစိတ်ကို ဒေါက်တာသန့်မြင့်ဦးထံသို့ ချဉ်းကပ်မေးမြန်းနိုင်ပါသည်။
မြန်မာမှုပြုရသည့် အကြောင်းအရင်းမှာ မကြာခင်က သီတဂူဆရာတော် ဦးဉာဏိဿရ ဆိုသူ က ဆူးလေစေတီတော်အနီးတစ်ဝိုက်ရှိ သိမ်ကြီးဈေးအား အင်္ဂလိပ်လက်ထက်တွင် မော်လမြိုင်ဈေး ကြီးကို တည်ဆောက်ခဲ့သည့် ဆူလ်တန်ဘရားသား ကုလားကုမ္ပဏီက တည်ဆောက်ခဲ့ရာတွင် အနီးရှိ ကျိုက်မြတ်သံချိုစသည့် ရှေးစေတီငယ်များအားဖြိုချခဲ့ပြီး ဗလီများတည်ခဲ့သည်ဟု သမိုင်း ကြောင်းအချက်အလက် မှားယွင်းမှုများဖြင့် မတရားလည်စယ် ပုတ်ခတ်ပြီး ယနေ့တွင်ဖြစ်နေ သည့် ဘာသာရေးတင်းမာမှုများအား ပိုမိုအရှိန်မြှင့်ရန် ကြိုးစားမှုအား အမှန်တရားတစ်ခုဖြင့် ဖွင့်ချ တင်ပြလိုခြင်းသာဖြစ်ပါသည်။
သမိုင်းပညာရှင် ပီအိပ်ခ်ျဒီ၊ ဒေါက်တာသန့်မြင့်ဦး၏ ရေးသားချက်အား ယခုလင့်တွင် သွား ရောက်လေ့လာနိုင်ပြီး သီတဂူဆရာတော် ပြောကြားခဲ့သည့် အချက်အလက်များမှာ မည်သည့် သမိုင်းအထောက်အထားကို ကိုးကားပြီး ပြောဆိုသည်ဆိုသည်ကိုတင်ပြနိုင်က တင်ပြပါရန်၊ ယခုပို့စ်ဖြင့် လေးစားစွာတောင်းဆိုအပ်ပါသည်။အထောက်အထားခိုင်လုံခြင်းမရှိသဖြင့် မတင်ပြနိုင်ပါ ကလည်း ရပါသည်။ သို့သော် နောင်တွင် ယခုကဲ့သို့ တရားမဲ့၊ အထောက်အထားမဲ့ စွပ်စွဲ ပြောဆိုနေခြင်းများကို ရှက်သင့်လှပါကြောင်း ပြောကြားလိုပါသည်။)
**********************
ချစ်ဦးမောင် (L.P.W)
“အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံသမိုင်းနှင့် ရှေးဟောင်းစေတီပုထိုးများ ပျောက်ကွယ်သွားရခြင်း အကြောင်း”
ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင်ပါရှိသော ၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် အနီးပတ်ဝန်းကျင်ရှိဘုန်းတော်ကြီးကျောင်းများ၏ ပုံပင် ဖြစ်ပါသည်။
ယနေ့ရန်ကုန်ဟုဖြစ်လာလတ္တံ့သော အရပ်ဒေသသည်
ခိုင်မာသောသမိုင်းကြောင်းများအရ အေဒီ၆ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက်ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန် ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊ မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက်လုပ်ခြင်း၊မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။
အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။ပိုမိုရှင်းလင်း လွယ်ကူအောင် ကြည့်ရှူလိုသူများ အနေဖြင့် ကျွန်တော်ရေးသားတင်ဆက်ပြီးဖြစ်သည့်ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ ပို့စ် တွင် ထိုခေတ်မြေပုံနှင့်တကွသွားရောက် ဖတ်ရှူနိုင်ပါသည်။
http://www.ateewarloneshay.com/2013/02/blog-post_2858.html
ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၂၄-၂၆)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ပွဲအပြီးတွင် အုပ်ချုပ်ရေး အာဏာကို မြန်မာ မင်းများလက်သို့ ပြန်လည်အပ်နှင်းခဲ့လေသည်။
ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ တစ်လုံးအား သိမ်းယူ၍ ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒ္နြား ဖရေဇာ၏ ဒီဇိုင်း ကို အခြေခံကာ ယနေ့ခေတ် ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုခေတ်ကာလမှရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်းတမ်းပြီး တောင်ကုန်း၊ စိမ့်စမ်း ရေထွက်များ ပေါများ၍ အချို့နေရာများတွင် ဒီရေ အတက်အကျနှင့် ပင်လယ်ရေ ဝင်ရောက်ပင် ဝင်ရောက်နိုင်လေ၏။ ဆူးလေစေတီတော် ၏ ပတ်ပတ်လည်သည် အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင် ရန်ကုန်မြစ်မှ တဆင့် စေတီတော်သို့ လှေ သင်္ဘောများဖြင့်ပင်တိုက်ရိုက် ဖူးမျှော်နိုင်လေသည်။ ဖရေဇာ Plan အရ တောင်ကုန်းများကိုဖြို၊အင်းအိုင်များကို မြေဖို့ရာမှ ပျောက်ကွယ်သွားခဲ့ရာယခု မဟာဗန္ဓုလ ပန်းခြံ အတွင်းရှိရေကန်ကြီးမှာ ထို အင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော အစိတ်အပိုင်းဖြစ်ပြီး ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးသည်။
ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်း အတိဖြစ်ကာ သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူး လာသူများသည် လူအုပ်စု အများဖြင့်သာ လာရောက်လေ့ရှိကြပြီး ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။ ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေရွာတွင် ရေကန် ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က အိုင်ကို ကန်တှောကလေးအိုင် (Kandawgalay Tank) လို့ ခှောပြီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခှောပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှောကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။
ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့် မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင် ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များ ကို ရန်ကုန်မြစ်အတွင်းသို့ရောက်အောင် စနစ်တကျ သွယ်တန်းခြင်း၊ လမ်းများကို ဖောက်လုပ်ခြင်း အစရှိသဖြင့် မြို့တော်သစ်ကို တည်ဆောက်ခဲ့ကြလေသည်။ ထိုသို့ တည်ဆောက်ရာတွင် လမ်းနှင့် မလွတ်၍ ၊ စီမံကိန်းနှင့် မကိုက်ညီ၍ ဘုရားစေတီပုထိုးများ၊ဗလီများကို ဖျက်ဆီးခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အများအပြားကို ရွှေ့ပြောင်းစေခဲ့လေသည်။
မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသား သည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။
“ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံ နေရာတွင် ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး ၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခှောများကြသည်။”
“ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတှောလမ်း ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတှောများ ခြသေဿင့ရုပ်များ ရှေးကရှိခဲ့ဖူးသည်။ ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။”
“ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်း ကို သစ်သားဖြင့် ကာရံထားသည်။ ၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။ ကျိုက်မဲသံကရော(ခ) ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟနဿတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များရှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက် ဘုရားကုန်းတှောကို တက်ရန်။ ဘုရားအရှေ့စောင်းတန်းလမ်း ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။ “
“ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင် ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီးဦးရွှန်း နေသည်။ ကျောင်းတှောတိုက် ခှောသည်။
“၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။ သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။”
မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ
ထိုခေတ်ကာလမှ ရန်ကုန်မြို့ ရှိ သာသနိက အဆောက် အအုံများ အကြောင်း တစွန်းတစ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်း အရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်း စေတီ ပုထိုး အတော်များများပါသွားကြောင်း သိသာထင်ရှားပါလေသည်။ ဆရာ သိန်းကြီးပြောသွားသည့် ကျိုက်မြတ်သံချို စေတီနှင့် သျှင်ပင်ရွှေကြိုး စေတီတို့မှာ အခြားမဟုတ်၊ လက်ရှိပုံထဲတွင် ဆူးလေ စေတီတော်၏ အနောက်နားခပ်ကျကျတွင် ဖူးတွေ့ရသော စေတီ နှစ်ဆူပင် ဖြစ်လေသည်။
ဒီနေရာ မှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်းတင်ပြပေးပါရစေ၊ကျွန်တော် ဟိုတလောက ဖတ်လိုက်ရသည့်ပို့စ် အချို့တွင် ”သိမ်ကြီးဈေး” မရှိစဉ်က အဲဒီနေရာမှာ ”ကျိုက်မြတ်သံချို”ဆိုတဲ့စေတီတော်ကြီး ရှိပြီး မွတ် စလင်တွေက ဈေးဆောက်ဖို့ တောင်းလို့ ပဲ ဖြိုချဖျက်ဆီးလိုက်သလိုလို၊ ဗလီ ပဲ ကျန်ခဲ့သလိုလို၊ ဆူးလေ စေတီတော်၏ ဝတ္တက မြေနေရာ မှာ ဗလီပဲ လာဆောက်လိုက် သယောင်ယောင် နှင့် ဟိုလိုလို ဒီလိုလို မသေချာ မရေရာ သောအထောက်အထားများနှင့် လုပ်ကြံဖန်တီး ရေးသားထားသည်ကို ဖတ်ရှူလိုက်ပါတယ်။ ဒါကြောင့် နှောင်းလူတို့ အမှတ် အမှား နိုင်ရန် အတွက် သမိုင်း အမှန်ကို ဒီနေရာမှာ တခါတည်းရှင်းလင်းတင်ပြအပ်ပါသည်။
မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့် သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်စီး ခံလိုက်ရခြင်းမှာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်သည်။ထို အရင် က အနီးအနားတွင် ဘာဗလီ မှ မရှိပါချေ။မည်သည့် စူလတန်ကုမ္ပဏီမှလဲ အင်္ဂလိပ် အစိုးရထံ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။ သမိုင်း အမှန်မှာထိုသို့ ဖြိုချဖျက်စီးခံလိုက်ရပြီး နှစ်နှစ် ကြာသော အခါတွင်မှ ၁၈၅၄ ခုနှစ်တွင် ယခု သိမ်ကြီးဈေး ဟုဖြစ်ပေါ်လာမည့်နေရာကို မော်လမြိုင် အခြေစိုက် “စူရတီဘရားဘဇားရ် ကုမ္ပဏီ
လီမိတက်”မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့် ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးဈေးသာဖြစ်သည်။၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနောက် ပိုင်းမှ အေ၊ဘီ၊စီ ရုံများကို နာရီစင်နှင့် တကွ ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သိမ်ကြီးဈေးရှိ ဗလီ ဆိုသည်မှာလည်း ၂၅လမ်းထဲရှိ ဘီရုံနှင့် ကပ်ရပ်ရှိနေသော ဗလီကိုသာ မှားယွင်းဆိုလိုခြင်းဖြစ်ဟန်တူသည်။ထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို ဖြိုပြီး ဗလီကိုချန်ကာ ဈေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို သက်သေပြအပ်ပါသည်။
အပြည့်အစုံကို ဖတ်ရှူလိုသူများ အတွက်http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false
ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက် အထား နောက်တစ်ခုမှာ အင်္ဂလိပ် အစိုးရ၏ စီမံကိန်းနှင့် မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်သိမ်ကြီးဈေးနှင့် ကပ်လျက်ရှိသော ရဟန္တာသိမ်တော်ကြီး အား ပြန်လည်နေရာ ချထားပေးပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်၏ Chapter Nine, Planning of Modern city စာမျက်နှာ ၁၉၅ တွင် ဤသို့ ဖော်ပြထားခြင်းဖြစ်ပေသည်။
A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a “Mogul Mosque” was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the “Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the “Thaingee” on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the “Foken Chinese temple”on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between “Mg Taw Lay” and 31st Streets.
ဒါကို ကြည့်ခြင်း အားဖြင့် အင်္ဂလိပ် အစိုးရဟာ ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ ပြန်လည် ရောင်းစားခဲ့သော်လည်း၊ ရဟန္တာ သိမ်တော်ကြီးနှင့် တကွ၊ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊တရုတ်ဘုံကျောင်းများ၊ ဟိန္နုဘုရားကျောင်းနှင့် ဂျူး ဘုရားကျောင်းတို့ အား အသီးသီး အခမဲ့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း ထင်ရှားစွာ သိနိုင်လေသည်။
ဆူးလေ စေတီတော်ကြီး ၏ ဝတ္တက မြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။
ထိုစဉ်က ဆူးလေစေတီတော်သည် ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ သာယာဝတီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ်သမုတ်ကာ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။
ထို့နောက် စီမံကိန်းနှင့်
မလွတ်ဟု အကြောင်း ပြကာစေတီ ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်(ယခု ဗိုလ်ချုပ်လမ်းပေါ်ရှိသရက်တော ကျောင်းတိုက်များ)တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် ဆူးလေစေတီကြီးအား ဆက်လက် ဖြိုဖျက်ရန် ကြိုးပန်းကြ၏။
သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်းဆူးလေစေတီတော် ၀တ္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။
တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေ အနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင်ဖြစ်ပါသည်။
ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးဖြစ်ပြီး ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ် မြန်မာစစ်ပြီးနောက် ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ်ကြသော ခေါင်းဦးရွှေမှိုင်းနှင့် ခေါင်းဦးရွှေသိုင်း တို့အား အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံ အတိုင်း ဝတ်ပြုရန် မြေနေရာ နှစ်နေရာ အား လှူဒါန်းပေးသနားတော်မူခဲ့လေသည်။ တစ်နေရာမှာ ယခု အောင်ဆန်းကွင်းဟုဖြစ်ပေါ်လာမည့်နေရာ အနီးရှိ တခြမ်းပဲ့ဗလီဖြစ်ပြီး နောက်တစ်နေရာမှာ မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ ပိန္နဲကုန်း ရခိုင် ဂျာမေ ဗလီ တို့ဖြစ်ကြသည်။၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် အင်္ဂလိပ်တို့မှ စီမံကိန်း အရ လမ်းဖောက်ခဲ့ ရာလမ်း နှင့်မ လွတ်၍ ဖဲ့ချခဲ့ရပြီး ဘီအေအေကွင်း(ယခု အောင်ဆန်းကွင်းဘေး)တွင် နေရာ အစားပြန်ပေးကာ တစ်ခြမ်းပဲ့ ဗလီဟူသော အမည်တွင် ခဲ့ခြင်းဖြစ်လေသည်။
ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့် အထဲတင် ပါသွား ကြလေသည်။
အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော အခြေခံ အဆောက်အအုံများဆောက်လုပ်ပေးခြင်း၊ပန်းခြံများ၊ရေကန်များ ဖန်တီးခြင်း၊ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ရန်ကုန်မြို့တော်ကို အလှဆင်ကာ အရှေ့တိုင်း၏ လှပသော ဥယျာဉ်မြို့တော် အဖြစ် နာမည်ကျော်ကြားခဲ့ဖူးလေသည်။ ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း လမ်းအမည်၊ပန်းခြံအမည်များကို ကိုလိုနီ အင်္ဂလိပ် အမည်များမှ မြန်မာ အမည်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့ကြသည်။၁၉၈၉ ခုနှစ်တွင်တော့ မြို့တော် ရန်ကုန် စာလုံးပေါင်းအား “Rangoon “မှ ” Yangon”သို့ ပြောင်းလဲ သတ်မှတ်ကာ အခြားသော အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြလေသည်။
နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်နယ်ချဲ့ဆိုသည်မှာ ကျူးကျော်ခံရသော နိုင်ငံ၏ သယံဇာတများကို အနည်းနဲ့ အများ ထုတ်ယူဖျက်ဆီးသွားကြသည်သာဖြစ်သည်။အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး နှစ်တစ်ရာကျော် အုပ်ချုပ်သွားသလို ကျွန်တော်တို့ မြန်မာလူမျိုးများသည်လည်း အင်အားကောင်းစဉ် အချိန်က အိမ်နီးချင်း အယု ဒ္ဓယမြို့ကို တိုက်ခိုက်ကာ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုရား ကျောင်းကန်များကို ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် ဖြစ်သော်ငြားလည်း ဖျက်စီးပြီး တမြို့လုံးကို မီးတင်ရှို့ခဲ့ဖူးသည့် သမိုင်းလည်း ရှိခဲ့ဖူးသည်။ ပဒေသရာဇ် စနစ်နှင့် ကိုလိုနီနယ်ချဲ့ စနစ်တို့၏ ဆိုးမွေများကို ခံစားလိုက်ရခြင်းပင်ဖြစ်သည်။
နိဂုံးချုပ်အနေနဲ့ပြောရရင်ဖြင့်
နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရှိတရား အတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက် ရမည်ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင် သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် များ ပေါ်ထွက်လာအောင် ပညာပေးရမည်သာဖြစ်ပါတယ်။
သို့သော်လည်း မိမိလူမျိုး၏ အမျိုး၊ဘာသာ၊သာသနာ ချစ်စိတ်ကို မဟုတ်၊ မမှန်သော နည်းလမ်းဖြင့် မြင့်တက်လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော် တဲ့ နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လဲကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ရပါတယ်။
သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟောပြောပြီး နားမလည်တဲ့ ပရိသတ်ကို ရမ်းရွှီးလိုက်ခြင်းမျိုးတော့ မဖြစ်သင့်သလို လက်လဲ လက်မခံနိုင်ပါ၊နှောင်းလူများ အမှတ်မှားနိုင်ပြီး ရှက်ဖွယ်လိလိသာဖြစ်ပါတော့သည်။
ချစ်ဦးမောင် (L.P.W)
Street Skater 3D v1.0.2 Mod Apk
$
0
0
Andriod ph တွေမှာ ဂိမ်းကစားချင်သူများအတွက် Street Skater 3D v1.0.2Apk
လေးတင်ပေးလိုက်ပါတယ် ဆော့လိုအရမ်းကောင်းပါတယ်နော်
ပုံလေးတွေ ကြည်လိုက်ပါအုံးနော် အလန်းလေးကစားရမှာနော်
လိုချင်ရင်တော့ အောက်မှာယူသွားလိုက်ပါနော်.....
DOWNLOAD LINK
အလည်တစ်ခေါက်လောက်လာလည်စေချင်ပါတယ်
FB မှပိုများကိုတိုက်ရိုက်ရယူရန် ဒီကနေဝင် လာခဲ့ပါနော်
Android ကီးဘုတ်များစုစဉ်းမှူ့
$
0
0
Android ဖုန်းကိုင်ဆောင်သူများ ဆောင်ထားသင့်တဲ့ ကီးဘုတ်တွေ တင်းပေးလိုက်ပါတယ်
ဒါလေးကတော့ Pro Myamnar ကီးဘုတ်လေးပါ
ဒေါင်းရန်
ဒါလေးကတော့ MultiLing keyboard  လေးပါ
ဘာသာပေါင်းများစွာပါပါတယ် အဲ့ထဲကမြန်မာဘာသာလေးရွေးပေးလိုက်ရင် မြန်မာလိုရေးလို့ရပါပြီ
ဒီကောင်လေးကတော့iTextmm2 ကီးဘုတ်လေးဘဲဖြစ်ပါတယ်အောက်မှာယူလိုက်နော်
ဒါကတော့လူတိုင်းသိပါတယ်Frozen Zawgyi Keyboard လေးပါ
Logo Design by FlamingText.com
တစ်စုံတစ်ယောက်ကြောင့်
$
0
0
တစ်စုံတစ်ယောက်ကြောင့် သင်မျက်ရည်တွေ
ကျနေတတ်ပီဆိုရင်…………
တစ်စုံတစ်ယောက်ကို ပေးဆပ်နေရဖို့အတွက်
သင် ဝန်မလေးဘူးဆိုရင်………
တစ်စုံတစ်ယောက် ပျော်ရွှင်ဖို့အတွက်
သင့် ပျော်ရွှင်မှုကိုမေ့နေတတ်ပီဆိုရင်………
တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်မှုကသင့်အတွက်
အရေးပါနေခဲ့ပီဆိုရင်………
တစ်စုံတစ်ယောက်နဲ့ပါတ်သက်တဲ့ စိတ်ကူး အိမ်မက်တွေ
သင် ပိုင်ဆိုင်နေပီဆိုရင်………
တစ်စုံတစ်ယောက်အတွက်ဆိုတဲ့မျှော်လင့်ချက် နဲ့
အကောင်းဆုံးကြိုးစားနေတတ်ပီဆိုရင်……
အဲ့ဒီ့ တစ်စုံတစ်ယောက်က
သင့်အတွက် ဘယ်လောက်ထိအရေးပါနေခဲ့လဲဆိုရင်
သင့် ရဲ့ ဘဝတစ်ခုလိုပါပဲ…………
အလွမ်းလူသား (ဆူးလေး)
တခနအတွေးများ
$
0
0
အချိန်တိုင်းရင်ခုန်နေမိပါတယ်ဒါပေမဲ့အချစ်ကြောင့်မဟုတ်
စွတ်စွဲမှုတွေအောက်အမြဲတမ်းခေါင်းငုတ်ခဲ့ပါတယ်
သူစွတ်စွဲမှုတွေမှန်နေလို့ မဟုက်ပါဒါပေမဲ့
နိုင်းဝမ်းရဲ့သူတစ်ပါးစိတ်ချမ်းသာတော့ကုသိုလ်ပိုရတယ်ဆိုလို့ ပါ။
သူပျော်နေခဲ့ရတဲ့ချိန်တိုင်းငါငိုနေခဲ့ရဘူးပါတယ်
သူကြောင့်တော့မဟုက်ပါဘူးဒါပေမဲ့
ငါပေးဆပ်မှုကိုအသိမှတ်မပြုခဲ့လို့ ပါ
ပန်းရောင်ကဒ်ကိုင်ပြီး တရုတ်လိုသာ ရေးသားလက်မှတ်ထိုးတတ်တဲ့သူတွေ
$
0
0
မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ နယ်လုံဝန်ကြီးပြောတဲ့ကိစ္စကို တော်တော်အံ့သြသွားတယ်။ ၁ အချက်က ကျွန်တော်တို့ဆီမှာ နိုင်ငံခြားသားနဲ့ ပက်သက်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေက ၁၉၄၀ နဲ့ ၁၉၄၇ ခုနှစ်ရဲ့ ဥပဒေဖြစ်ပါတယ်။
တည်ငြိမ်ပြီး ပြောင်းလဲမှုသိပ်မရှိတဲ့ အနောက်နိုင်ငံတချို့မှာ ဒီလို ကာလကြာရှည်သုံးနေတဲ့ ဥပဒေမျိုးရှိချင်ရှိနိုင်တယ်။ ကျွန်တော်တို့ဆီင်္မှာကတော့ ဒီလိုမျိုးလုံးဝမဖြစ်သင့်ပါဘူး။ ဟိုတုန်းကကာလမှာ စစ်ပွဲပြီးကာစ ကိုယ့်နိုင်ငံလည်း ချမ်းသာတဲ့ နိုင်ငံထဲမှာ စာရင်းရှိတယ်။ ကိုယ့်ဘေးပတ်ပတ်လည်က အရမ်းဆင်းရဲပြီး ဒီမှာ လာချင်တဲ့သူက တပုံကြီး ။ အခုချိန်ရဲ့အခြေအနေက မတူတော့ဘူး။ နိုင်ငံအားလုံးက စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အဓိကဂရုစိုက်တယ်။ စီးပွားရေးအခွင့်အလမ်းများဖို့နဲ့ ရင်းနှီးမြုပ်နှံငွေစွဲဆောင်ဖို့ နိုင်ငံအချင်းချင်းကြားက တားဆီးမှုကို အများကြီးလျှော့ပေါ့တဲ့ကာလဖြစ်လာပြီ ။ အရှေ့တောင်အာရှနိုင်ငံအဖွဲ့ဆို ၂၀၁၇ နောက်ပိုင်းမှာ ဈေးကွက်ပေါင်းစည်းရေးအတွက် ဗီဇာစနစ်တောင် ဖျောက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုဥပဒေမျိုးကို ပြင်ရမယ်လို့ ယူဆပါတယ်။
၂ အချက်က မန္တလေးမှာ တရုတ်လူမျိုး ၅ သောင်းရှိတယ်။ FRC နဲ့နေတဲ့သူနဲ့ မှတ်ပုံတင်ထုတ်ထားပြီးသားမှာ တရုတ်လို့ရေးသားချက်ပါတဲ့သူကိုဆိုလိုတာဖြစ်မယ်။ ဒါပေမယ့် တရုတ်ရုပ်ပေါက်ပြီး တရုတ်စကားကျွမ်းကျင် ၊ မြန်မာလိုသိပ်မပီသတဲ့ မြစ်ကြီးနား ၊ ဗန်းမော် ၊ နမ့်ခမ်း ၊ လားရှိုး ၊ ကွတ်ခိုင် ၊ လောက်ကိုင် စတဲ့ မြို့တွေကလာတဲ့ ကချင် ၊ ကိုးကန့် ၊ ဝ လူမျိုး ၊ ရှမ်းတိုင်းရင်းသား နဲ့ သမိုင်းထဲကနိုင်ငံသားပြုခွင့်ပေးခဲ့ဘူးတဲ့ တရုတ်လူမျိုးတွေက အများစုဖြစ်ပါတယ်။ သိန်းဂဏန်းလောက်ရှိတယ်ထင်တယ်။ ဥပမာ အရင်တုန်းက ငြိမ်းချမ်းရေးယူခဲ့ဘူးတဲ့ ကချင်နဲ့ ကိုးကန့်တိုင်းရင်းသားတွေတောင် ၅ သောင်းမကရှိတယ်။ ဒီလိုသမိုင်းကြောင်း သိခဲ့ရင် မန္တလေးမြို့ပေါ်မှာ ခေတ်စားနေတဲ့ တရုတ်ဆန့်ကျင်ရေးအတွေးက အမှန်တကယ်ပြောရင် ကိုယ့်နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားနဲ့ နိုင်ငံသားကိုဆန့်ကျင်တဲ့ အတွေးဖြစ်ပါတယ်။
ဒီ ၂ ချက်စလုံးက ကျွန်တော်တို့နိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဆန့်ကျင်နေတဲ့ အချက်အလက်ဖြစ်ပါတယ်။ အခုလိုရေးသားချက်မျိုးကို တရုတ်လော်ဘီလို့မထင်ပါနဲ့ ။ ကိုယ့်တိုင်းပြည် ကိုယ့်လူထုကို ခေတ်နဲ့ လိုက်ညီပြီးတိုးတက်ဖို့အတွက်ပါ။ မုန်းတီးမှုထဲ အကြမ်းဖက်မှုထဲမှာ တိုးတက်ရေးဆိုတာ မှန်းလို့မရတဲ့ ကိစ္စပါ။
Ngaya Manအပန်းရောင်ကဒ်ကိုင်ပြီး တရုတ်လိုသာ
ရေးသားလက်မှတ်ထိုးတတ်တဲ့သူတွေ
ကို လက်တွေ့လက်ညိုးထိုးပြလို့ရတဲ့
သူတွေကိုဘယ်လိုလုပ်မလဲ။
မနက်စောစော ၃၈ လမ်းကျောက်ဝိုင်း
မှာ အရင်စစ်ဆေးကြည့်စမ်းပါ။
စစ်ကိုင်းဖက်မှာ ဗမာစကားမတတ်တဲ့
တရုတ်တွေ စုပြီးအိမ်ဌားနေကြတယ်။
စစ်ကိုင်းမနက်ကျောက်ဝိုင်းတွေမှာစီစစ်
ကြည့်ဖူးသလား။
မေးလိုက်စမ်းမယ် ဦးမြင့်ဆွေ တို့
ဦးသာအေးတို့ ရေ
Thein Htutအေးကွာပတ်ပို့မရှိဘဲခိုးဝင်ပြီးဘံကျောင်းတွေကတဆင့်တရားမဝင်နေနေတဲ့တရုတ်အစုတ်အပြတ်တွေ၊အာဏာရှိသူတွေနဲ့ပေါင်းပြီးနိုင်ငံသားလက်မှတ်ရအောင်ယူ၊နိုင်ငံစီးပွားရေးကိုလက်တဆုပ်စာအာဏာရူးအသိုင်းအဝိုင်းနဲ့ပေါင်းပြီးလူထုကိုမျက်ရည်ပေါက်ကြီးငယ်ကျအောင်နှိပ်စက်စော်ကားနေတဲ့တရုပ်အစုတ်အပြတ်တွေ၊လက်ရှိရန်ကုန်မြို့သစ်ကိစ္စမှအဓိကပါဝင်ပတ်သက်နေတဲ့တရုပ်အစုတ်အပြတ်တွေအဲဒါတွေကနိုင်ငံတိုးတက်အောင်လာကူညီနေတာလား။မြစ်ကြီးနားဗန်းမော်ဘက်ကနိုင်ငံပိုင်သစ်တောတွေခိုးထုတ်သွားတဲ့တရုတ်အစုတ်အပြတ်တွေကရောနိုင်ငံတိုးတက်အောင်ကူညီသွားတာလား။ဒီနေ့ခေတ်မှာဘယ်နိုင်ငံနဲ့မဆိုစီးအွားရေးအရ၊နိုင်ငံတိုးတက်ဘို့တွဲလုပ်ရမှာမှန်တယ်။ဒါပေမဲ့ကိုယ့်တိုင်းပြည်နဲ့လူမျိုးကိုချနင်းပြီးသူတို့ကောင်းစားရေးအတွက်လုပ်စားနေတဲ့ယုတ်မာမိုက်ရိုင်းကောက်ကျစ်တဲ့ဘယ်နိုင်ငံသားကိုမှပြည်သူတွေအနေနဲ့လက်ခံကြိုဆိုမှာမဟုတ်ဘူး။တရုတ်စုတ်ကြောင့်စစ်အစိုးရသက်ဆိုးရှည်ပြီးပြည်သူတွေကျွန်သက်ရှည်ခဲ့တာလို့ခံစားနေရသမျှကာလပတ်လုံးတရုတ်တွေအနေနဲ့ဒီနိုင်ငံမှာပြည်သူတွေရဲ့ယုံကြည်ချစ်ခင်မှုကိုရနိုင်မှာမဟုတ်ဘူး။အဲဒီထဲကမှဆက်ပြီးကောက်ကျစ်ယုတ်မာနေအုံးမယ်ဆိုရင်တော့ပိုပြီးမုံးကြမှာဘဲ။အစိုးရအဖွဲ့ဝင်တွေကသာတရုတ်ကိုကြောက်ရပါတယ်တို့တရုတ်ကကျေးဇူးရှင်ပါတို့ပြောတာနော်။အဲလိုပြောလေပြည်သူတွေကရွံလေဘဲ။
U Chit Sweလူကြီးမင်းဖြစခြင်တဲ့အဆင့်ကို ရောက်ဘို့က ဒီလိုအဆင့်တွေ တည်ဆောက်ပြီးဖြစ်ရပ့မယ်
၁* ရပ်ကွက်/မြု့နယ်/ခရိုင်/တိုင်း/ပြည်နယ်/ကိုယ်ပ်ုငိအုပ်ချုပ်ခွင့်ရဒေသ/နယ်စပ်ဒေသအုပ်ချိုပ်ရေး/ပြည်ထောင်စု အစိုးရ အဖွဲ့များကို သမတကြီး ဆန္ဒ အတိုင်းသန့်ရှင်းတဲ့အစိုးရတည်ဆောက်ကြီး
ပြီလား
၂*အဲဒီအဆင့်တွေမှာ သန့်ရှင်းတဲ့ ဝန်ထမ်းတွေခန့်ထားပြီးပြီလား
၃*အဲဒီအဆင့်ဆင့်သောဝန်ထမ်းတွေကိုအာရှအဆင့်မီလစာနဲ့ရိက္ဂာပေးနေပြီလား
၎*အဲဒီအဆင့်ဆင့်သောပုဂ္ဂိုလ်/ဝန်ထ်မ်းတွေအတွက်တိကျတဲ့စည်းကမ်းတွေရှိပါပြီလား ဆိုတဲ့စံ့ချိန်တွေ နဲ့တိုင်းတာရပါမယ် အဲဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ ဒုတိယအကြိမ် တရုပ်ပြေးမင်း အဖြစ်သမိုင်းမှတ်တမ်းတင်ခံရပ့လိမ့်မယ်
၅*အရှေ့တောင်အာရျှရဲ့ စံပြစင်ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့မည်သည့်နိုင်ငံခြားမျှ စင်ကာပူလူမျိုးကို ကျွန်ပြုလို့မရအောင်အစိုးရကလည်းကာကွယ်တယ် တပ်မတော်ကလည်းကာကွယ်တယ် ဝန်ထမ်းကလည်းကာကွယ်တယ် ဥပဒေကို စင်ကာပူမှာနေထိုင်သူအားလုံးကလေးစားလိုက်နာရတယ်
၆*မပြည့်စုံသေးတဲ့ကျွန်တော်တို့နိုင်ငံမှာ လူကြီးမင်းမျှော်မှန်းတာက တိုင်မထောင်ဘဲ အမိုးမိုးခြင်နေတာဖြစ်ပါတယ်
မင်း ရင် ခွင်ကောင်းပါတယ် တရုတ်မယားပါသားရယ် … မင်းပြောနေတဲ့ မန္တလေးမြို့ကြီး က အခုတောင် နေရာကောင်း တော်တော်များကို တရုတ်က သိမ်းပိုက်ထားတာ နောက် ၁၀ နှစ်ဆို မြန်မာတွေ မြို့ပြင်ထွက်ပီး တရုတ်က တစ်မြို့လုံးကို သိမ်းပိုက်ထားတော့မှာ မြင်ယောင်မိပါတယ် .. အခု ရန်ကုန်ဆို ရန်ကုန်မှာတောင် မြို့သစ်စီမံကိန်းကို ကြည့်လိုက်ဦးး အခုဒီပို့စ် ကိုတင်တဲ့ ကောငါမျိုးတွေကြောင့် ငါတို့မြန်မာတစ်နိုင်ငံလုံ ကျွန်ဘဝ ရောက်ရ မယ့် အဆင့်ဖြစ်တော့မယ် … စိတ်လေပါတယ်ကွာ .. တောက်! အလကားကောင်
သားသတ်လွတ် စားခိုင်းခဲ့တာ ဒေ၀ဒတ်-
$
0
0
မောင်ရင် အဘမသိလို့ မေးပါရစေ
သတ်ဖြတ်ခြင်းမှာ ဘိုသတ်ရင် ယဉ်ယဉ်ကျေးကျေးသတ်တာပါလို့ သတ်မှတ်သလည်း…….
သီပေါဆိုတဲ့ မင်း….မယားတရူးနေတုန်း(အမှန်တော့ sex အရူး တဏှာရူးပါ) သူ့မယားကြီးက အာဏာရူးပီး မောင်နှမဝမ်းကွဲ (အဖေတူအမေကွဲတောင်ပါသေး)….တွေကိုဆင်နင်းပီးသတ်တယ်ဆိုလား ဝါဆစ်ပိတ်နဲ့ရိုက်သတ်တယ်ဆိုလား…အဲ့ဒါယဉ်ကျေးသလား….ဟို…
.ြ ပည်မတရုပ်ထောက်ပံ့ခံကွန်မြူနစ် တွေ သေရဲသတ်ရဲအနိုင်ယူရဲ ရဲကြီးသုံးရဲလို့ကြွေးကြော်ြ ပီး ဟစ်တိုင်မှာဟစ် ဖောက်ပြန်သူတွေလို့သတ်မှတ်ခံရသူတွေရဲ့လည်မြိုကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်တာ ယဉ်ကျေးမှုရှိနေတာလား….ခေတ်အဆက်ဆက် အင်းစိန် အိုးဘို ရေကြည်အိုင်ဆိုလားဘာလား အဲ့ကပြန်လာတဲ့သူတွေ ထောက်(စခန်း)တွေက ခေါ်စစ် ပြန်လွတ်လာကြသူတွေ အသည်းမကောင်း ကျောက်ကပ်ပျက်ဆီး ကြောင်သလိုလို ရူးသလိုလိုဖြစ်ပီး သေတာကြရော ….သဗ္ဗေသတ္တာပဲလား ယဉ်ကျေးတာပဲလား….မြို့လည်ကောင်ခေါင်းဖြတ်ပီး ဗဲရီးဂွတ် ဗဲရီးဂွတ်လို့ အော် အဆိပ်ခပ်လို့ဆိုပြီး လူကြားထဲရိုက်သတ်…အဲ့လိုကယဉ်ကျေးလား…ညောင်ရမ်းခေတ် ရဟန်းစာပေပညာရှင်ထွန်းကားတုန်းက…ကဗျာလင်္ကာဝါသနာထုံတဲ့ ဆရာတော်ကို ပြက်ရယ်ပြုတဲ့ ကပ္ပိယကို လျှာဖြတ်ပီးသတ် အဲ့ဆရာတော်ရေးဖွဲ့တဲ့ ဘုန်းတော်ဘွဲ့ကဗျာကို ရွှေပုရပိုက်မှာ ရေး…ခေါင်းရင်းမှာထားအိပ်တဲ့ ဘုရင်က….ယဉ်ကျေးသေးလား….ပုဂံမင်းလက်ထက် ….ယောက်ဖတော် မောင်ကျောက်လုံးသွေးထိုးလို့….လူအရှင်ကိုစဥ့်အိုးထဲထည့် အလုံပိတ်ပီး မြစ်သောင်ပြင်မှာ မသေမချင်းလိမ့်ပီးသတ်တာကကြ…….ယဉ်ကျေးသေးသလား……၁၉၀၅-၁၉၂၀ ခုပတ်ဝန်းကျင်က ရှမ်းနီနယ်တဝိုက်က လူသားစားလူသတ်မှုတွေ…….၁၉၆၀မှ၁၉၉၀ လောက်ထိ လူသတ် ဓါးပြတိုက်တဲ့ ရခိုင်ရိုးမပေါ်ကလူတွေ …..ပဲခူးရိုးမတဝိုက်က ရွာလုံးကျွတ်လူသတ်ဓါးမြတိုက်တတ်တဲ့ရွာတွေ ဧရာဝတီမြစ်ဝကျွန်းပေါ်က ကျောက်ခဲဆွဲရေမြှုတ်ပစ်တဲ့ အလောင်းဖျောက်လူသတ်မှုတွေ ၁၉၉၂ ကလူသားစားလူသတ်သမား မြောက်ပိုင်း ABSDF ကကျောင်းသားအမည်ခံ လူသတ်သမားတွေ…..အဲ့လူသတ်မှုတွေကရော ယဉ်ကျေးနေသတဲ့လား….(ရေးစရာအခုတရာကျော်မကကျန်နေသေးတယ် )…..အဲ့လိုနေရာမျိုးမှာနှစ်ပေါင်း ရှစ်ရာကျော်အစဉ်အဆက်နေခဲ့လူတွေက အလှူလုပ်ဖို့ ဆင်းရဲသားတွေကို ဝေငှဖို့ နွားတွေဆိတ်တွေကို လည်ပင်းလှီးသတ်တာကြ ရိုင်းတယ်ပေါ့….ဟုတ်သလားမောင်ရင်…….မသေမရှင် ပုရစ်အကောင်ရာဂဏန်းလောက် ဆီပူထဲထည့်ကြော်တာကြ ယဉ်ကျေးလား…..ဝိနည်းလွတ်အောင်မျက်စိမှိတ်ပီးဝါးစားကြသလား…..အသက်ပေါင်းထောင်ဂဏန်းလောက်ပါတဲ့ ငပိပါမှ ထမင်းစားမြိန်တာကရိုးရာအမွေလား…No အကုသိုလ်ပေါ့…….မှိန်းနဲ့ထိုး ငယ်ထိပ်ခဲနဲ့ထု ပီးသေတဲ့အကောင်ကို တပိဿာချင်းဝယ်စားတာကြ မမြင်သားမကြားသားမို့လား….အကုသိုလ်ထရန်စစ်လုပ်တဲ့သဘောလား….အပြစ်တွေကို ဂျင်နရယ်ပါဝါလွှဲပေးလိုက်တာလား……သားသတ်လွတ်စားဖို့ ဘယ်ဘုရားမှမဟောခဲ့ဖူးမောင်ရင်ရဲ့….သားသတ်လွတ်စားဖို့ ပြောခဲ့တာ ဒေဝဒတ် ….မှတ်ထားမောင်ရင်ရဲ့……
-------------------------------------------------------------------------------------------------------
စစ်ဖိနပ် စီးသူတွေကသာ ကတ္တီပါ ဖိနပ်ပြောင်းစီးသွားတယ်ဆိုတာ သတိပြုပါ
စပ်ထီမီ ဆိုသည်မှာ ဆင်းရဲသားအသုံးအ
ဆောင်ဖြစ်သည်… ကွင်းလုံးပြည့် ဝယ်မဝတ် နိုင်သော ဆင်းရဲသားလူတန်း
စားများသာဝတ်ကြပါတယ် … အရောင်းအသွေးစုံလင်သောထိုစပ်ထီမီ
သည် အပြင်ပန်းကြည့်လျှင် အရောင်းအသွေးစုံ လင်သောငြားလည်းပဲ အတွင်းပိုင်း မှာတော့ ချုပ်ရိုးရာဗလပွဖြစ်နေပါတယ်…
ခုခောတ်မြန်မာနိုင်တော်ကြီးဟာလည်း
အဲ့ဒီ့စပ်ထီမီလိုပါပဲ ဟိုဝန်ကြီးပြောတာကို
ဒီဝန်ကြီး ဖာ လိုက် စပ်လိုက် ဒီဝန်ကြီး မှား တာကို ဟိုဝန်ကြီး က ဖာ လိုက်စပ်
လိုက်နဲ့ မြန်မာ့နိုင်ငံရေးလောက ကိုနိုင်ငံ
တကာက ကြည့်ရင်ကြည့်ရကောင်းသလောက် အတွင်းမှာတော့ လူမျိုးတုန်းသတ်ဖြတ်မှု
တွေ ဒုက္ခသည်စခန်းတွေ လူနည်းစု ပ ပြောက်ရေးတွေ နေရာလုပွဲတွေ ဘာသာရေး ပိဋိပခ တွေ ခွဲခြားဆက်ဆံ
ရေးတွေ စသဖြင့် (( ရေးရင်မကုန်မှာစိုးလို့ )) ချုပ်ရိုး တွေအများကြီးနဲ့ အဆင်းလှသော် လည်းအချင်း ပျောက်နေ
ပြီး ဆင်းရဲတဲ့ ပြည်သူပြည်သားတွေ
တိုင်းပြည်ရဲ့သံယံဇတတွေ ကို တဖြည်း
ဖြည်းလုံးပါးပါးပြီးကုန်နေတာကို တိုင်းပြည်ချမ်းသာသယောင်နဲ့ ဟန်ပြ
ကြွားဝါနေခြင်းများသည် လူထုအပေါ်
တွင်သာထိခိုက် ပါတယ် တိုင်းပြည်ကြိုက်
သလောက်အကြွေးတင် သူတို့ ကတော့
အချိန်တန် ဖုတ်ဘက်ခါပြီး ဆင်းသွားရင်
လည်း ပြည်သူတွေပဲခံကြရမှာပါ ((((စစ်ဖိနပ်
အောက်ကရုန်းထွက်တာမဟုတ်ပါဘူး…
စစ်ဖိနပ် စီးသူတွေကသာ ကတ္တီပါ ဖိနပ်ပြောင်းစီးသွားတယ်ဆိုတာ သတိပြုပါ ………………………)))))
ချစ်ဦးမောင် (L.P.W)
((( ဆရာကိုထွဋ်မြန်မာ၏စပ်ထီမီကိုခနငှားမိပါသည် )))
လူရောင် ဖန်စင်းသော ဂမုန်းအကြောင်း
$
0
0
ကျွန်တော် ဟိုရက်က ခရီးထွက်ခဲ့ပါတယ် ဧရာဝတီတိုင်း အနောက်ဖက် တစ်နေရာ တောကြီးရှိတဲ့ မြိုင်ဟေ၀န် မှာပေါ့ အဲမှာကျွန်တော်အကို့ က  တောလိုက်မုဆိုး တစ်ယောက်ပါ ကျွန်တော်အဲဒီက ရွာကို အလည်သွားခဲ့ပါတယ် ရွာနာမည်က ရေနောက်ကုန်း ကျေးရွာပါ အိမ်ခြေ ငါးဆယ်လောက်တော့ရှိတယ် သူတို့အသက်မွေးဝမ်းကျောင်းကတော့ တောလိုက် သားကောင်ပစ် အလုပ်ပဲရှိပါတယ် ကျွန်တော် အဲရွာရောက်တော့ နေ၀င်နေပြီပေါ့ တော်သေးတာပေါ့ ကျွန်တော် အကို ရွာရောက်သွားလို့ ဟိုရောက်တော့ ကျွန်တော် ထမင်းတွေဘာတွေ စားပြီးရှီသေးတယ် အကို ကမှောင်ပြီ ညီလေး အိပ်တော့ အကိုကလည်း မအိပ်ချင်သေးပါဘူး ကျွန်တော် ကမြို့ မှာဆို ညဆယ့်နှစ်နာရီမှ အိပ်တာအကိုရ  မဟုတ်ဘူးညီလေးရ မင်းလည်းခရီးပန်းနေပြီ နောက် အကို တို့ ရှိမှာက ညနေ ခြောက်နာရီဆို အားလုံး အိပ်ကြရတာကွ မင်းကခုမှ ရောက်တာဆိုတော့ ဘယ်သိဦးမှာလည်း နောက်တော့ သိမှာပေါ့  ဟုတ်ကဲ့အကို ဒါဆိုညီလေး အိပ်တော့မယ်  အေး အေး  ဆိုပြီး ကျွန်တော်အိပ်လိုက်ပါတယ် ဒါနဲ့မိုးလင်းရော ကျွန်တော်ဖို့ အကိုက ကောက်ညင်းပေါင်းနဲ့ အကြော်ထားခဲ့ပါတယ် အကိုကတော့ အရင်လိုပါပဲ သူကတော့ တောထဲသွားတာပေါ့  အကိုမိန်းမနဲ့ သူကလေးတွေနဲ့ ကျွန်တော် နေခဲ့တာပေါ့ နောက်နှစ်ရက်လောက်ထိ အကိုပြန်မလာဘူး ဒါနဲ့မေးလိုက်ပါတယ် အမ အကိုကပြန်မလာသေးဘူးလား  အေး ငါ့မောင်ရာ  အမယောကျာင်္း ကဒီလိုဘဲ တစ်ခေါက်သွားရင် လေးငါးရက်လောက်ကြာတယ်  မောင်လေးပျင်းရင် အမယောကျာင်္း ပြန်လာတော့ လိုက်သွားပေါ့ ဟုတ်အမ  နောက်တစ်ရက် အကိုပြန်လာတော့ အကို ဒီတစ်ခေါက် တောထဲ သွားရင် ကျွန်တော်  လိုက် လို့ရမလား ကျွန်တော်လိုက်ခဲ့ ချင်လို့ပါ တော ထဲမှာ ဆေးဘက်ဝင် ပစ္စည်းလေး နည်းနည်း လောက်ရှာ ချင်လို့ပါ  အေး တောဆိုတာက အရမ်းကြောက်ဖို့ ကောင်းတယ် ငါ့ ညီမင်းလိုက်မယ်ဆိုလည်း လိုက်ပေါ့ ဒါပေမဲ့ တောထဲသွားမယ်ဆို အကို ပြောတာနားထောင်နော် ဟုတ်အကို မနက်ဖြန်ပြန်သွားမယ် ညီလေးလိုက်မယ်ဆို လိုအပ်တာပြင်ထားလိုက် ဟုတ်အကို ဒါနဲ့ ကျွန်တော် တောထဲလိုက်ဖြစ်ခဲ့ပါတယ် တောထဲရောက်တော့ မှောင်နေပြီ အကို က သူ့ လူတွေနဲ့ အလုပ်ရှုပ် နေပါတယ်   ခဏ နေတော့ အကိုကျွန်တော်ကို ခေါ်ပါတယ် ညီလေး ဒီညအကိုတို့  ဒီမှာအိပ်ရမှာ ဟိုအပင်တွေလား ဟုတ်အကို တက်နှင့် အဲမှာကြိုးလှေကား ရှိတယ် အကို တို့ တွေ မီးဖိုပြီးတက်ခဲ့မယ် အပေါ်ရောက်ရင် သတိထားဦး ဘေးမှာအကာ မရှိဘူး ပြုတ်ကြမယ်နော် ညီလေး ဒါနဲ့ ကျွန်တော်အပေါ် ရောက်ခဲ့ ပြီ အကို တို့ ဘာတွေလုပ်နေလည်း ကျွန်တော် မသိတော့ပါဘူး အိပ်ပျော် သွားခဲ့ပါတယ် ည ဆယ်နှစ်နာရီလောက်ရောက်တော့ အသံတစ်ခု ကြာရတယ် ကျွန်တော်တို့ အိပ်တဲ့ အပင်ရဲ့ အောက်မှာ မီးပုံဘေးမှာ မိန်းကလေး တစ်ယောက် ရပ်နေတယ် ကယ်ကြပါကယ်ကြပါ နဲ့ အော်နေတယ် ကျွန်တော် ထလိုက်တော့ မုဆိုး လုပ်နေတဲ့အကို ရောသူလူတွေပါထရော အကို သူကဘာဖြစ်တာလည်း တောထဲ ဘယ်လိုရောက်နေတာလည်း ဘာမှ မဟုတ်ဘူးညီလေး အဲဒါသူယောင်မယ်တွေ ကွ အကိုယ်တို့က ညတိုင်းတွေနေရတာ မင်းမယုံ ရင်ဒီမှာကြည့် အောက်တော့မဆင်းနဲ့နော် အကို ပြောတာနားထောင် ကြားလားညီလေး ဟုတ် အကို သူသေနတ်ကြီးကို ယူလိုက်ပါတယ် ပြီးတော့အဲ ကောင်မလေးကို ပြစ် လိုက်ပါတယ် တည့်တည့် ကိုမှန်သွားတာဗျာ လုံး ၀ မလွဲဘူး ခွေခွေလေးလည်းသွားရော မိုးလင်းတော့ အကို တို့အောက်ရောက်နေပြီ ကျွန်တော်ဆင်းတော့ သူတို့ညွှတ် ကွင်းထဲမှာ သားကောင်နှစ်ကောင်နဲ့ အပင်တစ်ပင်တွေရတယ်  ကဲ ညီလေးနိုးပြီလား ဟုတ်  ညကမင်းတွေ့ တဲ့ ကောင်းမလေးဘယ်မှာလည်း မရှိတော့ဘူးမလား အင်း ဘယ်ရောက် သွားတာလည်း မသိဘူး အကိုပြော တယ်မလား သူယောင်မယ်ပါလို့ ဒီမှာတွေလား အဲဒါ အပင်ကြီးမလားအကိုရအေး အဲဒါ မင်းညကတွေလိုက်တဲ့ ကောင်မလေးဘဲ ဒီအပင် တွေကတောထဲ မှာ ဘယ်နေရာမဆို နေရာတိုင်းမှာ တွေ့ ရတတ်တယ်ညီလေးရမင်း လိုချင် ရင် ယူ ခဲ့လေ အိမ်ကြရင် စိုက်ပြမယ် မင်းယုံ အောင်လက်တွေပြမယ် ဟုတ်ပြီလား ကဲယူခဲ့ယူခဲ့ ပြန်ကြမယ် ဒီနေ့တော့ဒီလောက်ရ ရင်လောက်ပါပြီ ငါတို့ အဖွဲ့  ဒါနဲ့ ကျွန်တော် ရွာပြန်ရောက်တော့ အကိုယ်နောက်မှဆက်ရန် အားပေးသူများကိုကျေးဇူးတင်ပါတယ်            ရေးသားသူပေါပေါသွတ်
သီတဂူဆရာတော်ကြီးရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ကို တိုက်ရိုက်ပြောကြားခဲ့တဲ့ မိန့်ခွန်းအား ဝေဖန်ထောက်ပြ လျှောက်ထားချက်များ
$
0
0
သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၁)
အခုတလော နာမည်ကြီးနေတဲ့ သီတဂူဆရာတော်ကြီးရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် အမေရိကန်အဖွဲ့ကို တိုက်ရိုက်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို အင်္ဂလိပ်လို လေ့လာဖတ်ရှုခဲ့ပါတယ်။ http://thesitagu.org/index.php/news-info/announcement/444-2014-08-22-04-15-23
သီတဂူဆရာတော်ကြီးကို မေးမြန်းလျှောက်ထားချင်တဲ့ အချက်ကလေးတွေကို တွေ့ရပါတယ်။
((Therefore every religion has full responsibility for the removal of fear which is sticking on the mind of people. But, on the contrary, it is regrettable that a fearful religion and its followers emerged in the world.))
ဒီနေရာမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘာသာတရားတခုနဲ့ သူ့ရဲ့ နောက်လိုက်တွေ ကိုးကွယ်ယုံကြည်သူတွေလို့ အကုန်လုံးကို သိမ်းကျုံးပြီး ပြောသွားပါတယ်။ ဘယ်ဘာသာတရားကို ရည်ညွှန်းတယ်ဆိုတာ အောက်ဖက်မှာ ပါလာပါတယ်။ တပည့်တော် မေးချင်တာကတော့ ဒီလို အားလုံးကိုခြုံပြီး Hasty Generalization လုပ်သင့်ပါသလား အရှင်ဘုရား။ ဒီလိုလုပ်ခြင်းဟာရော အမုန်းပိုပွားစေမဲ့ အမုန်းစကား Hate Speech တခု ဖြစ်တယ်ဆိုတာ အရှင်ဘုရား လက်ခံပါသလား။
နောက် အောက်မှာ ဒီလို ပြောထားတာကို ထပ်တွေ့ပါတယ်။
((Buddhism appeared on the birth place of Hinduism and Jainism and peacefully coexisted with them for ages. There was no traceable history of bloodshed and conflict among them. Also there was no violence and quarrel even on the statement issued by the Hindus saying that the Buddha was an incarnation of God Vishnu))
ဗုဒ္ဓဘာသာဟာ ဟိန္ဒူတွေရဲ့မြေမှာ ပေါ်ခဲ့ပေမဲ့ ဒီ ဘာသာတရားတွေဟာ ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒီလိုဆိုရင် တပည့်တော် မေးစရာရှိတာက မောရိယမင်းဆက်တွေ နောက်တက်လာတဲ့ ဆုန်ဂမင်းဆက်တွေဟာ ဟိန္ဒူဘာသာကိုးကွယ်သူတွေ ဖြစ်ပြီးတော့ ဗုဒ္ဓရဟန်းတော်တွေ အများအပြားသတ်ဖြတ်ခဲ့တယ်ဆိုတာ အရှင်ဘုရား သိပါသလား။
နောက်ပြီးတော့ မိဟိရကုလ ခေါ်တဲ့ ဟုဏ်းလူမျိုး ဟိန္ဒူဘာသာဝင် ဘုရင်တပါးဟာ ဗုဒ္ဓဘာသာဝင် သန်းချီပြီးသတ်ဖြတ်ခဲ့ဖူးတာ သီဟိုဠ်မှာ ဒုဋ္ဌဂါမဏိမင်းကြီးက စောဠလူမျိုး ဟိန္ဒူတွေကို သန်းချီသတ်ခဲ့တာ ဒီနေ့ခေတ်အထိ ဆင်ဟာလိ တွေနဲ့ တမီလ် ဟိန္ဒူတွေရဲ့ သွေးမြေကျ တိုက်ပွဲတွေကို အရှင်ဘုရား မသိခဲ့တာပဲလား ဘုရား။
.................................................................
သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၂)
နောက်ပြီးတော့ အရှင်ဘုရားက အခုလို ဆက်မိန့်တော်မူပါတယ်။
((Christian missions tried to flourish their faith when they came to the East Asian countries such as India, Sri Lanka, Myanmar, Thailand, Korea and Japan. The people of those countries were non-Christians. But, even after the arrival of Christianity also there was peaceful coexistence between Christians and non-Christians. No history of conflict can be traced to any side. ))
အရှေ့အာရှနိုင်ငံတွေကို ခရစ်ယာန်တွေ ရောက်လာပေမဲ့ ခရစ်ယာန်တွေနဲ့ ခရစ်ယာန် မဟုတ်သူတွေဟာ အတူတူ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီအချက်ကရောဟုတ်ရဲ့လား မှန်ပါရဲ့လား အရှင်ဘုရား။
ဥပမာ= ၁၈၆၂ ခုနှစ်က သီဟိုဠ်မှာဖြစ်ခဲ့တဲ့ ပန်နဒူရ ဘာသာရေးတိုက်ပွဲအကြောင်း အရှင်ဘုရားလဲ ဖတ်ဖူးမှာပါ။ ဒီတိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ အရှင် ဂုဏနန္ဒ မထေရ်ကြီးက ခရစ်ယာန်ဆရာတွေနဲ့ ဘယ်လို ငြင်းခုန်တိုက်ခိုက်ခဲ့ရတာတွေကစလို့ မြန်မာပြည်မလဲ လယ်တီနဲ့ ရွှေချိန်ခွင်တိုက်ပွဲတွေ ရှင်ဥက္ကဋ္ဌရဲ့ ကျောက်ကွင်း အရေးတော်ပုံတွေကစလို့ အခုနောက်ပိုင်းကာလအထိ ချင်းနဲ့ ကချင် တောင်တန်းဒေသတွေမှာ ဖြစ်ပေါ်နေခဲ့တဲ့ ဘာသာရေးအားပြိုင်မှုတွေကို အရှင်ဘုရား မသိချင်ယောင်ဆောင်နေတယ်လို့ ထင်မိပါတယ်။ ဒီကိစ္စကို တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေက ပိုပြီးသိရှိမယ်လို့ ထင်ကြောင်း လျှောက်ထားပါရစေ အရှင်ဘုရား။
နောက်တခုကတော့ သမိုင်းအချက်အလက်လေးတခုပါ။ ကလေးတွေ အမှတ်မမှားစေဖို့ပါ။ အနောက်တိုင်းမှာ ခရူးဆိတ်စစ်ပွဲ က နှစ် ၄၀ ဖြစ်တယ်လို့ အရှင်ဘုရားက အခုလို မိန့်ကြားပါတယ်။
(( Look at the Crusade that prolonged about forty years. It was recorded in the history of the world.))
ဒါမမှန်ပါဘူး။ ပထမ ခရူးဆိတ်က အေဒီ ၁၀၉၅ မှာ စဖြစ်ပါတယ်။ န၀မ ခရူးဆိတ် က အေဒီ ၁၂၇၂ အထိ ဖြစ်ပါတယ်။ ဒီမှာတင် နှစ် တရာကျော်မက ဖြစ်နေပါပြီ။ ဒီနောက်မှာ လဲ ၁၄-၁၅ ရာစုထဲ အထိ ခရူးဆိတ်တွေ ဆက်ဖြစ်ပါတယ်။ အနှစ် (၄၀) မဟုတ်ပါ။ မွန် မြန်မာ အနှစ် ၄၀ စစ်ပွဲနဲ့ အရှင်ဘုရား ရောထွေးပြောမိလေသလားလို့ တပည့်တော် တွေးဆကြည့်မိပါတယ် အရှင်ဘုရား။
........................................................
သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၃)
နောက်တနေရာမှာတော့ အရှင်ဘုရားက အခုလို ဆက်ပြောပြန်ပါတယ်။
((There was a recorded history that in the thirteenth century A.D, a Muslim army marched from Turkey through India and destroyed Pala Buddhist dynasty and converted it into Islamic state. Pala Buddhist dynasty was none other than present Bangladesh.))
အေဒီ ၁၃ ရာစု မှာ တူရကီ မွတ်စလင် စစ်တပ်ကြီးကြောင့် ဗုဒ္ဓဘာသာဝင် ပါလ မင်းဆက် ပျက်သုဉ်းရတယ် အားလုံးကို အစ္စလာမ်ဘာသာနိုင်ငံ ဖြစ်အောင် လုပ်ပစ်တယ်လို့ အရှင်ဘုရားက ပြောပါတယ်။ ဒီမှာ တပည့်တော် ဟိုက်ကနဲကို ဖြစ်သွားရပါတယ်။
ပါလ မင်းဆက်တွေအကြောင်းကို တပည့်တော် သပ်သပ်ရေးပါဦးမယ်။ မဟာယာန ဗုဒ္ဓဘာသာသမိုင်းအတွက် အလွန်အရေးကြီးလို့ပါပဲ။ ဒါပေမဲ့ အရှင်ဘုရားသမိုင်းကို မကျေညက်တာ အတော်လေး ထင်ရှားလို့နေပါတယ်။ ဘင်္ဂလားဒေရှ်က အလယ်တန်းကျောင်းသားလေးတွေကို မေးရင်တောင် ပါလမင်းဆက် ဘယ်လိုပျက်သုဉ်းရသလဲဆိုတာ အရှင်ဘုရားကို သူတို့ ပြောပြပါလိမ့်မယ်။
ပါလမင်းဆက်တွေဟာ အေဒီ ၇၅၀ လောက်ကနေပြီးတော့ အေဒီ ၁၀၂၃ လောက်အထိ တောက်ပခဲ့ပါတယ်။ ပါလမင်းဆက် ပျက်သုဉ်းရတာဟာ တူရကီတွေကြောင့် မဟုတ်ပါဘူး။ တောင်ပိုင်းက စောဠဟိန္ဒူဘုရင်တွေ တိုက်ခိုက်လို့ ပါပဲ။ ၀ိကြမဒိတျ ဆိုတဲ့ ချာလုကျအင်ပိုင်ယာ မင်းဆက်ရဲ့ ထိုးနှက်မှုကြောင့် ပါလတွေ ဆုံးခန်းတိုင်ခဲ့တယ်။ သူတို့ နောက်မှာ သေန မင်းဆက်တွေ အုပ်စိုးတယ်။ သေနမင်းဆက်ကို ထူထောင်တဲ့ ဗီဂျေဆန် ဟာ နောက်ဆုံးပါလဘုရင် မာဒါနပါလ ကို အေဒီ-၁၁၆၂ ခုနှစ် မှာ ကွပ်မျက်ပြီးတော့မှ ဟိန္ဒူ သေန မင်းဆက်ကို တည်ထောင်ခဲ့တဲ့ အကြောင်း အရှင်ဘုရား သမိုင်းကို ပြန်လည်လေ့လာသုံးသပ်ဖို့ လျှောက်ထားပါရစေ အရှင်ဘုရား။ သမိုင်းအချက်အလက် အမှားတွေနဲ့ လူတွေ ရဲ့ အမုန်းမီးတောက်တွေကို သွေးမထိုးပေးစေချင်ပါဘူး အရှင်ဘုရား။
...........................................
သီတဂူဆရာတော်ကြီး ထံသို့ လျှောက်ထားချက် (၄)
အဲဒီနောက်မှာတော့ အစွန်းရောက် အစ္စလာမ် ဆိုသူတွေကို အရှင်ဘုရားက အခုလို ဝေဖန်ခဲ့ပါတယ်။
((Every religion, according to me, should perform its activities only for the good and welfare of the people. But, today, Islamic extremists are trying to establish Islamic states by waging war against non-Muslims. It is regrettable that they are performing the holy war (Jihad) on the name of God.))
ဒီကနေ့မှာ အိုင်ဆစ် (ISIS) လို အစွန်းရောက် အစ္စလာမ် ဆိုသူတွေကို အစ္စလာမ်ဘာသာဝင်တွေ အပါအ၀င် တကမ္ဘာလုံးက မျက်မုန်းကျိုးနေကြပါပြီ။ သူတို့ရဲ့ လူမဆန်တဲ့ အစ္စလာမ်တရားတော်နဲ့ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေအပေါ် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေလဲ နှစ်သက်လိမ့်မယ်လို့ တပည့်တော် မမြင်ပါဘူး။
ဒါပေမဲ့ ဒီ အစွန်းရောက် အစ္စလာမ်ဆိုသူတွေဟာ အစ္စလာမ် မဟုတ်သူတွေကိုတင် သတ်ဖြတ်နေတာ မဟုတ်ပါဘူး။ သူတို့နဲ့ သဘောမညီမျှတဲ့ အစ္စလာမ်ဘာသာဝင်တွေကိုလဲ သူတို့ သတ်နေတာပါပဲ။ ဒီလို ဘာသာရေးအစွန်းရောက်မှုမျိုးကိုတော့ ယဉ်ကျေးတဲ့လူသားတိုင်းလက်ခံ လိမ့်မယ်လို့ မထင်ပါဘူး။
အစွန်းရောက် အစ္စလာမ် ဆိုသူတွေကြောင့် အစ္စလာမ်ဘာသာဝင်မှန်ရင် အတူတူပဲ ကြောက်စရာကောင်းတယ်ဆိုတဲ့ ၀ါလုံးရှည်နဲ့ ရမ်းတဲ့ အမြင်မျိုးကို ပြည်သူတွေခေါင်းထဲ ထည့်မပေးချင်ပါဘူး အရှင်ဘုရား။
နောက် အရှင်ဘုရားက ကုလားမှန်ရင် အာဖရိက က ကျွန်တွေလိုကောင်တွေပဲလို့ အခုလို သွယ်ဝိုက်ပြီး ပြောဆိုပါတယ်။
((Many Africans were imported as slaves when the United States of America was established. In the same way, the English rulers illegally imported labourers from India and Bangladesh to Myanmar for the hard labour during their rule.))
ဒီနေရာမှာ အချက် ၂ ခု က မှားနေတယ်။ အင်္ဂလိပ်ခေတ်မှာ မြန်မာပြည်ကို ရောက်လာတဲ့ ကုလားတိုင်းဟာ အလုပ်သမားတွေချည်းပဲ မဟုတ်ပါဘူး။ လူတန်းစား အသီးသီးက ပါ ပါလိမ့်မယ်။ လယ်မြေဧက ၁၂ သန်းလောက်ကို ထုတ်ဖော်ခဲ့တဲ့ ဂျမား လို မွတ်စလင်ကုလားတွေ လယ်ပိုင်ရှင် ငွေတိုးချေးတဲ့ ချစ်တီး ကုလားတွေကအစ အခြား အတတ်ပညာရှင်နဲ့ အစိုးရ၀န်ထမ်းတွေလဲ များစွာ ပါ ပါလိမ့်မယ်။ မြန်မာပြည်ကို အရှေ့ အိန္ဒိယကုမ္မဏီ ကသိမ်းပိုက်ပြီး အိန္ဒိယတိုက်ငယ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်နေတာမို့ သူတို့ ရောက်လာတာဟာ တရားမ၀င်ရောက်လာတာ the English rulers illegally imported လို့ မပြောနိုင်ပါဘူး အရှင်ဘုရား။
...........................................................
သီတဂူဆရာတော်ကြီးထံသို့ လျှောက်ထားချက် (၅)
ဒီလိုနဲ့ တပည့်တော် အရှင်ဘုရားရဲ့ မိန့်ခွန်း ကို ဆက်ဖတ်ရင်း အောက်က စာပိုဒ်ကို တွေ့မြင်ရတော့ အသက်ရှုတောင်ရပ်သွားမတတ် ဖြစ်ရပါတယ် ဘုရား။
အရှင်ဘုရား လို ငြိမ်းချမ်းရေးကို တွင်တွင်ပြောဆိုနေတဲ့ သူတယောက်ရဲ့ နှုတ်ဖျားကထွက်တဲ့ စကားမှ ဟုတ်ပါလေစရယ်လို့ တပည့်တော် ခေါင်းနပမ်းကြီးမိပါတယ် ဘုရား။ ဒီစာပိုဒ်လေးပါပဲ ဖတ်ကြည့်တော်မူပါ။
((There is also another bad consequence caused by English colonial rule. During hundred years of British rule, Burmese nationals were not formed as an army. But it was ridiculous that the English rulers administered Myanmar forming different groups of indigenous minorities as an army. When the British rulers went back to England, the minority groups revolted against the Burmese government. We cannot solve those problems until today. These are the natural sufferings faced by the colonial countries.))
ကိုလိုနီ အင်္ဂလိပ်တွေရဲ့ လက်အောက်မှာ တိုင်းရင်းသား ((ခရစ်ယာန်တွေ)) ကို စစ်တပ်ဖွဲ့ပေးတယ် လက်နက်တပ်ဆင်ပေးတယ်။ ဗမာ ((ဗုဒ္ဓဘာသာဝင်တွေ)) ကိုတော့ တပ်ဖွဲ့ခွင့်မပေးခဲ့ဘူး။ ဒါကြောင့် အုပ်စိုးသူ အင်္ဂလိပ်တွေ မရှိတော့တဲ့အခါ လူနည်းစုတိုင်းရင်းသားတွေက ဗမာအစိုးရကို လက်နက်ကိုင် ပုန်ကန်တယ် ဒီနေ့အထိ ဒီပြသနာကို ရှင်းလို့ မပြီးသေးဘူးလို့ ဆိုလိုပါတယ်။
အရှင်ဘုရားရဲ့ မူရင်းစကားထဲမှာ ခရစ်ယာန်လို့ မပါပေမဲ့ မြန်မာဘာသာပြန်ထဲမှာတော့ ပါလာခဲ့တယ်။ ဒီတော့ ရှေ့က ပြောခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာဝင်တွေ မြန်မာပြည်မှာ ငြိမ်းချမ်းစွာ အတူနေကြတယ်ဆိုတဲ့ အရှင်ဘုရားရဲ့ အဆိုကို ပြန်ပြီး နင်းချေဖျက်ထားတာ ရှေ့နောက် ယုတ္တိ မညီတာကို တပည့်တော် တွေ့မြင်ရပါတယ် ဘုရား။
ဒါတွေက သမိုင်း အမှန်တရားတွေပါ။ တိုင်းရင်းသားတွေ ဖက်ကလဲ ပြောစရာတွေ များစွာ ရှိနေပါလိမ့်မယ်။ ပြသနာက အခု မြန်မာနိုင်ငံတခုလုံးဟာ သီပေါမင်းလက်အောက်မှာ မရှိခဲ့ ကုန်းဘောင်မင်းတွေအောက်မှာ မရှိခဲ့ပဲ အင်္ဂလိပ်က သီးခြား စစ်နိုင်စာချုပ်တွေနဲ့ နေမ၀င်အင်ပါယာထဲ သိမ်းသွင်းခဲ့ရလို့ ပါပဲ။ ပင်လုံစာချုပ်နဲ့ လွတ်လပ်ရေးယူပြီးတဲ့ နောက် တန်းတူအခွင့်အရေးမရလို့ တိုက်ကြတာပါပဲ။
ဒါကို ဘာသာရေး ဇောင်းဖက်ဆွဲပြီး အရှင်ဘုရား မိန့်ကြားခဲ့တာကတော့ တိုင်းရင်းသားတွေအကြား အမုန်းတရားတွေ ပိုလို့ပွားစေမဲ့စကားလို့ တပည့်တော် သတိပေးလျှောက်ထားပါရစေ ဘုရား။
ထေရ၀ါဒ ဗုဒ္ဓဘာသာဘုန်းကြီးတပါးအနေနဲ့ မိမိ ဘာသာတရားကို ဗဟိုပြုပြီးစဉ်းစားတာ တိုးတက်စေချင်တာ အပြစ်မဆိုသာပေမဲ့ အတိတ်သမိုင်း သမိုင်းနောက်ကြောင်းလှန်ပြီး ရန်တွေကို အသစ်ဖြစ်အောင် မဆွစေချင်ပါဘူး အရှင်ဘုရား။ ဒီလိုသာ လှန်ကြစတမ်းဆို ရခိုင်တွေ မွန်တွေ ရှမ်းတွေအတွက်လဲ ပြောစရာတွေ အများကြီး ရှိလာပါလိမ့်မယ်။
နောက်ပိုင်းမှာ အရှင်ဘုရား ဆက်လက်မိန့်ကြားတာတွေ ကတော့ အစ္စလာမ်ဘာသာကို ပစ်မှတ်ထားပြီးတော့ အစ္စလာမ်ကမ္ဘာက မီဒီယာတွေကို ငွေနဲ့ပေါက် ၀ယ်ယူပြီးတော့ မြန်မာပြည်ကို အပုပ်ချနေတဲ့ အကြောင်းတွေပါပဲ။ ဒါတွေက မှန်ချင် မှန်ပါလိမ့်မယ်။ တပည့်တော်ရဲ့ အမြင်ကတော့ ဒီအတွက်တော့ ဒီအချက်ကိုထောက်ပြီး ပြည်တွင်းနေ ဘာသာဝင်တွေ အချင်းချင်း မုန်းဖို့အတွက်တော့ နှပ်ကြောင်းမပေးစေချင်ပါဘူး။ အရှင်ဘုရားမိန့်ခဲ့သလိုပဲ တပည့်တော်တို့ တိုင်းပြည်က နုနု မှာ ဘာသာရေးပဋိပက္ခတွေရဲ့ မုန်တိုင်းတွေက ထန်ထန်မို့ ဘာသာရေး အစွဲမဖက်ဘဲ နိုင်ငံသူ နိုင်ငံသားအားလုံး ဘာသာလူမျိုး မခွဲခြားဘဲ မေတ္တာတရားနဲ့ တည်ဆောက်ကြမှသာ အရာရာ အေးချမ်းအောင်မြင်ပါလိမ့်မယ်လို့ တပည့်တော် လျှောက်ထား ပါရစေ အရှင်မြတ်ဘုရား။
.....................................................................
သီတဂူဆရာတော်ကြီးထံ လျှောက်ထားချက်တွေကို ကျွန်တော် ရေးသားတဲ့အခါ ထောက်ခံကြိုဆိုတဲ့သူတွေ Like and Share လုပ်တဲ့ သူတွေ အတော်များများ ရှိပါတယ်။ အဲဒီ မိတ်ဆွေ တွေ အားလုံးကို ကျွန်တော် လေးစားစွာဖြင့် ကျေးဇူးတင်ပါတယ်။ ကိုယ့်တင်ပြချက်ကို အားပေးထောက်ခံမှုရတဲ့ အခါ ကျေနပ်နှစ်သက်တတ်တာ သာမန်လူသားတွေရဲ့ သဘာဝမို့ သာမန်လူသားတယောက်မျှသာ ဖြစ်တဲ့ ကျွန်တော်လဲ ကျေနပ်မှုဖြစ်တာ မဆန်းပါ။
ဒီလို တင်ပြချက် ကို မနှစ်သက်တဲ့ သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေလဲ ရှိပါတယ်။ ဒါလဲ လူ့ သဘာဝမို့ ဆန်းတယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဝေဖန်ချက်တွေ က အကြောင်းအရာအပေါ် ဝေဖန်တာထက် ဒီလူ ဘာပဲ ညာပဲ ဆိုတာမျိုး ပြောတာတွေက များပါတယ်။
ဝေဖန်ချင်တဲ့ မိတ်ဆွေတွေကို ကျွန်တော် ထောက်ပြချင်တာကတော့ ကျွန်တော့် ဝေဖန်ချက် တင်ပြလျှောက်ထားချက်ဟာ သီတဂူဆရာတော်ကြီးကို ဝေဖန်တာ မဟုတ်ပါဘူး။ သီတဂူဆရာတော်ကြီးရဲ့ မိန့်ခွန်းနဲ့ ပြောဆိုချက်တွေထဲမှာ ပါဝင်နေတဲ့ အကြောင်းအရာတွေကို ဝေဖန်တာပဲ ဖြစ်ပါတယ်။ ဒီလို အကြောင်းအရာမျိုးကို သီတဂူဆရာတော် မဆိုထားနဲ့ ရှင်တော်ဗုဒ္ဓကိုယ်တိုင် ကြွလာပြီး ဒီလိုအတိုင်း ပြောတယ်ဆိုရင်လဲ ဒါတွေကို ဝေဖန်ဆန်းစစ်ထောက်ပြရမှာ ပါပဲ။ ဗုဒ္ဓဘာသာဟာ ဝေဖန်ဆန်းစစ်မှုကို အထွဋ်အမြတ်ထားတဲ့ ဘာသာတရားဖြစ်လို့ ကျွန်တော်ကိုယ်တိုင်ကလဲ ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လို့ပါပဲ။
တချို့ ကလဲ ထင်ကြတယ်။ ကျွန်တော်က ထေရ၀ါဒီတွေအပေါ်မှာ အမြင်မကြည်လင်လို့ ဒီလို ရေးတယ်လို့ ဆိုချင်ကြတယ်။ သူတို့ကို ကျွန်တော် မေးချင်ပါတယ်။ အထင်ကရ ဆရာတော်ကြီးတွေဖြစ်တဲ့ မဟာဗောဓိမြိုင် သာမညဆရာတော် အရှင်ဆန္ဓာဓိက ဦးဇောတိက စတဲ့ ဆရာတော်တွေကို ကျွန်တော် ဝေဖန်ပြောဆိုဖူးပါသလား။ ကိုယ့် တရားနဲ့ ကိုယ် အေးချမ်းစွာနေကြတဲ့ သူတော်ကောင်းတွေကို ကျွန်တော် တိုက်ခိုက်မောင်းမဲဖူးပါသလား။ ကျွန်တော်ဟာ ဂိုဏ်းဂဏ အစွဲ မထားတဲ့ ရိုးရိုးဗုဒ္ဓဘာသာဝင်တယောက်သာ ဖြစ်လို့ ဗုဒ္ဓဘာသာသူတော်စင်တိုင်းကို လေးစားပါတယ်။ ဘာသာရေး ဗဟုဝါဒီတယောက်မို့ မိမိနဲ့ ကိုးကွယ်ယုံကြည်မှုမတူတဲ့ အခြားဘာသာတရားတွေကိုလဲ တန်းတူတန်ဖိုးထားလေးစားပါတယ် ဆိုတာ ပြောပါရစေ။
သီတဂူဆရာတော်ကြီးထံ လျှောက်ထားချက်တွေကို ရေးတာဟာ ဆရာတော်ရဲ့ ဘာသာရေးယုံကြည်ချက် ဂိုဏ်းဂဏ ရပ်တည်ချက်တွေနဲ့ မဆိုင်ပါဘူး။ ဆရာတော်ရဲ့မိန့်ခွန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့ အမုန်းစကား Hate Speech ဖြစ်နေတဲ့ အတွက် တင်ပြလျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဘာသာမတူသူတွေ အချင်းချင်း တိုင်းရင်းသားလူမျိုးကွဲတွေ အချင်းချင်း ပိုလို့ ရန်မီးပွားစေနိုင်တဲ့ စကားတွေမို့ပါပဲ။ ၂၀၁၃ နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမီးတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ အနာတောင်မကျက်သေးပါဘူး။ ဒါကြောင့် ပညာရှိသော်လည်း သတိဖြစ်ခဲ ပြောမိရင်လဲ ပြန်လည်သုံးသပ်နိုင်ဖို့ လျှောက်ထားရခြင်းပဲ ဖြစ်ပါတယ်။
နောက်တချက်က လူတွေ အထူးသဖြင့် လူငယ်တွေကို နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ပြောစကားနဲ့ ပါးစပ်မှာတင် လမ်းဆုံးမနေဘဲ ကိုယ်တိုင် အမှန်တရားကို ရှာဖွေ စေချင်တယ်။ နိုင်ငံခြား ဘာသာစကားတွေကို သင်ယူလေ့လာပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သုတေသန လုပ်စေချင်တယ်။ ဘာသာရေးနဲ့ ပတ်သက်လာရင် ဘုန်းကြီးပြောသမျှ မော်လ၀ီဆရာပြောသမျှ ခေါင်းညိမ့်လက်ခံရတဲ့ ခေတ်မျိုးက ကုန်ခဲ့ပြီလို့ ထင်ပါတယ်။ လူငယ်တွေ ကြိုးစားကြပါ။ သုံးသပ်ဝေဖန်ဆန်းစစ်ကြပါ။ ဒီအတွက် ဦးတည်ချက်နဲ့ပဲ ကျွန်တော် ရေးခဲ့တာပါ။
သီတဂူဆရာတော်ကြီးကို ပုဂ္ဂိုလ်ရေးအရ ကျွန်တော် အလွန်ကြည်ညိုပါတယ်။ ဗုဒ္ဓဘာသာပညာရေးကို တခေတ်ဆန်းခဲ့တဲ့သူ ပရဟိတလုပ်ငန်းတွေကို အောင်မြင်စွာဦးဆောင်နေသူ သီလဂုဏ် သမာဓိဂုဏ် ကြီးမားတဲ့ မြန်မာဆရာတော်ကြီးတပါးအဖြစ်နဲ့ ကျွန်တော် အမြဲ လေးစားဂုဏ်ယူလျှက်ပါ။ ဆရာတော်ကြီးကို တန်ဖိုးထားမိတဲ့အတွက်လဲ ဒီလျှောက်ထားချက်တွေကို ရေးခဲ့ရခြင်းဖြစ်တယ်ဆိုတာကို တင်ပြပါရစေ ခင်ဗျား။
ပစ္စုပ္ပန်
$
0
0
မ​နေ့ကဆိုတဲ့ အတိတ်ကာလ​မှာ
နေ့ရက်​​တွေအများကြီးရှိတယ်​။
မနက်​ဖန်​ဆိုတဲ့ အနာဂတ်​ကာလ​မှာ
နေ့ရက်​​တွေအများကြီးရှိတယ်​။
ဒါ​ပေမဲ့
ဒိ​နေ့ဆိုတဲ့ ပစ္စုပ္ပန်​ မှာ
ဒီ​နေ့တရက်​တည်းပဲ။
အဲဒီတရက်​တည်းကိုပဲ
အ​ကောင်းဆုံးဖြစ်​​အောင်​လုပ်​ရမည်​။
မှားသွားရင်​ အစားပြန်​မရဘူးဆိုတာ နားလည်​ပါ။
လပြည့် ညရဲ့ ပိတောက်ပင်အောက်……...
$
0
0
ကျွန်မဘ၀ရဲ့ မမေ့နိုင်တဲ့ အဖြစ်ကလေးတစ်ခု ရယ်ပါ။
မှတ်မှတ်ရရ ပြော ရရင်ကျွန်မ (၈) တန်းနှစ်ကပေါ့။ ကျွန်မ မိဘတွေနဲ့ အတူမနေရပါဘူး။ ဘာ ဖြစ်လို့ လဲဆိုတော့
ကျွန်မ မိဘတွေက ရန်ကုန်မှာ စီးပွားရှာနေတဲ့အချိန်မို့ပါ။ ကျွန်မ အဒေါ်တွေအိမ်မှာ နေပြီးကျောင်းတက်ရတယ်။
ကျွန်မအဖွားရဲ့ အိမ်ခြေရင်းဘက် ဒေါ်သန်းသန်းတို့ အိမ်ရှေ့ မှာ ပိတောက်ပင်တစ်ပင် ရှိပါတယ်။ အပင်က ပုပုလေးနဲ့
အပွင့် ပွင့် ရင် အရမ်းလှလွန်းလို့ ပန်းပွင့်တဲ့ နေ့ဆိုရင် ကျွန်မ အိမ်မပြန်တော့ဘဲ ပိတောက်ပင်ပေါ်တက်၊ အသာထိုင်ပြီး
ပန်းပွင့်တွေငေးရင်း ၊ပိတောက်နံ့ မွှေးမွှေးလေးကို တစ်ဝကြီး ရူရှိုက်တတ်ပါတယ်………။ (ဟိ…...….ဟိ ကျွန်မငယ်ငယ်က
မျောက်ရှုံးအောင်ကဲပါသည်။)
ဒီလိုခံစားမှုမျိုးကိုကျွန်မ အရမ်းသဘောကျပါတယ်..( သူငယ်ချင်းတို့ခံစားချင်ရင်သင်္ကြန်ရောက်ရင်ဆက်သွယ်နိုင်ပါတယ်)
ဝါ၀င်းလတ်ဆတ်နေတဲ့ ပိတောက်တွေရဲ့ ကြားမှာထိုင်ရင်းမွှေးနေတဲ့ ပိတောက်နံ့ကို တ၀ကြီးခံစားနေတဲ့ ကျွန်မကို
အမေက အိမ်ကနေလှမ်းခေါ်တဲ့ အခါကျွန်မ စိတ်အရမ်းညစ်တာပဲ။ဒီလို အပင်ပေါ်တက်နေပြီဆိုလျှင် ကျွန်မ
အားလုံးကို မေ့နေတယ်။ ကျွန်မအကြောင်းသိတဲ့ သူတွေကတော့ မသိချင်ယောင်ဆောင်နေတတ်ကြပါတယ်။(သူတို့
ပြောလို့ မရမှန်း သိ၍မပြော ကြခြင်းသာ ဖြစ်မယ်ထင်ပါသည်။) ပိတောက်ပွင့်တဲ့ နေ့ဆို
ကျွန်မ အ၀တ် လေးစုံ၊ ငါးစုံလောက် အနည်းဆုံးလဲရပါတယ်။အော် …….. ပြောရင်းနဲ့ လိုရင်းမရောက်တော့ဘူး။
နောက်မှ တစ်ဝကြီး ကျွန်မကဲလွန်းလို့ ဖြစ်ခဲ့ ရတဲ့ ရယ်စရာဒုက္ခတွေ အကြောင်းပြောမယ်နော်။
အဲ …… တစ်ညနေပေါ့
မိုးလေးတစ်ပြိုက်နှစ်ပြိုက်လောက် ရွာတာနဲ့ ကျွန်မချစ်လှစွာသော ပိတောက်ပင်က ပွင့်ဖို့ အားပြုလာပြီ။
( ကျွန်မတို့ အိမ်နားက………. ဟို ကောင်မလေးလိုပေါ့။ သူလှချင်တာ ပြောတာနော်)
အဲဒီညနေကတည်းက ကျွန်မ ၀ါးလုံးသေးသေးတစ်ချောင်းရှာထားပါတယ်။ ထိပ်ဂွကိုလဲ ခွဲလို့ ပန်းခူးဖို့ တံချုပေါ့။
စိတ်ထဲမှာလဲ ငါသူများထက်ဦးအောင်ခူးရမယ်။ အစောကြီးထပြီး သူများလို တံချုရှာစရာမလိုဘူး။
အင်း ….. ဒေါ်သန်းသန်းသား က မျောက်လွှဲကျော်( ကျွန်မသည် မျောက်ရှုံးအောင်ကဲ ခြင်းသာဖြစ်ပါသည်၊)
သူစောစောထခူးရင် ငါ နောက်ကျနေမယ်။ မနက်အ စော ကြီးငါထမယ်။ တွေးလွန်းလို့ ခါတိုင်းလို မဟုတ် နောက်ကျမှ အိပ်
ပျော်သွားပါတယ်။ ဥာဏ်ကြီးရှင် ကျွန်မက အိမ်အပေါ်ထပ်မှာ ပြူတင်းပေါက်ဖွင့်ထားတယ်။ မိုးလင်းခါနီးမသိမှာ စိုးလို့။
ကျွန်မမျက်နှာမှာ အလင်းရောင်မြင်ချိန်မှာတော့ ဟိုက် ……မိုးလင်းပါပေါ့လား။
ကျွန်မအိပ်ရာက ဒရောသောပါးထပြီး လက်စွဲတော် တံချူကိုကိုင်စွဲလို့ ပန်းခူးရေးဗျူဟာ စပါတော့တယ်။အံမာ ဒီနေ့မှ ငါ့အဒေါ်တို့
တယ်အိပ်ပါလား။ သူတို့ ငါထတာသိတောင်မသိ။ တွေးရင်းနဲ့ လသာသာမှာ တစ်ယောက်တည်း လက်စွဲတော်နဲ့အတူတူပါ။
ပိတောက်ပင်အောက်ရောက်တော့ အတော်လေးမှောင်နေပါတယ်။အင်း…. ခဏတော့ ထိုင်စောင့်မှပဲ။မိနစ်၂၀ လောက်ကြာတော့
အူဝဲ ……အူဝဲ …… အူဝဲ
သြော်…… ဒေါ်သန်းကလေး ၀ီရိယ တွေ ငါနဲ့ အပြိုင်ကောင်းနေပါလား ။ အတော်ပဲ အပင်အောက်မှာ နာရီက မမြင်ရတာနဲ့
မီး အလင်းနဲ့ သွားကြည့် မှ။ ကျွန်မ ဒေါ်သန်းကို အသံ ခပ်တိုးတိုးပဲ ခေါ်လိုက်ပါတယ်။
"ဒေါ်ကြီး ၊ ဒေါ်ကြီး "အိပ်ချင်မူးတူးအသံနဲ့ "ဟေ…….ဘယ်သူတုန်း"
"သမီးပါ ""နင် ဘာလုပ်နေတာလဲ ကောင်မလေး""ဘာမှ မလုပ်ပါဘူး"
ပြောပြောဆိုဆို ကျွန်မရဲ့လက်က နာရီလေးကို မာန်ပါပါ မြှောက်ကြည့် လိုက်ပါတယ်။
အားပါးပါး………….. ၁နာရီခွဲ တဲ့။
ကျွန်မ လမင်းကြီးကို မော့ ကြည့် ရင်း……… ခပ်ရှက်ရှက်နဲ့ လက်စွဲတော် တံချူလေးကိုင်လို့အိမ် ပြန်အိပ်ခဲ့ ရပါတယ်…။
(ဒီနေ့ အထိ ဒေါ်ကြီးသန်း မသိရှိသေးပါ။ သူငယ်ချင်းများကိုသာ အသိပေးခြင်းဖြစ်ပါသည်။)
အားလုံးပဲ ပျော်ရွှင်ကြပါစေ။
တကယ်တော့အချစ်ဆိုတာလက်ချောင်းလေးတစ်ချောင်းလို့ပဲကျွန်တော်ထင်တယ်
$
0
0
သူငယ်ချင်းတို့ရေအချစ်ဆိုတာတကယ်သာရှိမယ်ဆိုရင်လက်ချောင်းလေးတစ်ချောင်းသာဖြစ်ပါလိမ့်မယ်။ ဘ၀ကိုတည်ဆောက်တဲ့နေရာမှာလက်ချောင်းကလေးတစ်ချောင်းထဲနဲ့မတည်ဆောက်နိုင်သလို့လက်ချောင်းတစ်ချောင်းမရှိပင်မဲ.ကျန်လက်လေးချောင်းနဲတော့ဘ၀ကိုဆက်ပြီးတည်ဆောက်လို့ရလိမ့်မယ်လို့တို.ထင်တယ်။အသဲကွဲနေတဲသူငယ်ချင်းလေးရေးမင်းရဲကျန်တဲဘ၀ကိုကျန်သေးတဲလက်ကလေး   ၄ချောင်းနဲဆက်တည်ဆောက်ပါလို့တို့အကျန်ပြုပါရစေ။  အမြဲနင့်ကိုခင်နေမဲ့သူဇာ
ဥာဏ်ကောင်းနည်း...
$
0
0
လေ့ လာတွေ့ ရှိချက်အသစ်တစ်ခုက ဆိုပါတယ်...
ညာဖက်လက်ဖြင့် ဘောလုံးကဲ့ သို့ အရာမျိုးကို ချိန်ဆဆုပ်ကိုင်ပြီး ကျနသေချာ၊အင်အားဖြင့် စွာဖြစ်ညှစ်
ပေးခြင်းဟာ သင့် ဦးနှောက်ကိုသန်စွမ်းစေကာမှတ်မိလွယ်စေမှာဖြစ်တယ်လို့ သုတေသီများက အကြံပြု
ပြောကြားခဲ့ ကြပါတယ်...
မှတ်သားထားတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ပြန်လည်စဉ်းစားသိရှိလိုတယ်ဆိုယင်တော့ 
လိုက်ပါလေ....
နေရာကို နှိုးဆွစေပြီး သိရှိမှတ်မိစေလိုတဲ့ အကြောင်းအရာများကို ပိုမိုမှတ်သားပြီး ပြန်လည်မှတ်မိစေနိုင်
တဲ့ ကြွက်သားတွေကို အားပေးသန်မာစေတာလည်းဖြစ်တယ်လို့ ယူဆကြပါတယ်....
စာနဲ့ ရေးပြီးမှတ်သားကျင့် မရှိသူ၊ ရေးမှတ်မသွားချင်သူတွေအနေနဲ့ ဈေးဝယ်ထွက်တဲ့ အခါလိုအပ်တဲ့ ပစ္စည်း
စာရင်းနဲ့ ဖုံးနံပါတ်လိုကိန်းဂဏာန်းအချက်အလက်တွေကို ဦးနှောက်နဲ့ မှတ်သားထားလိုသူတွေအတွက် ယ
ခုတင်ပြတဲ့လေ့ ကျင့် ခန်းနဲ့ သင့် တော်ပါတယ်လို့ အမေရိကန်သုတေသီများက ညွှန်းဆိုကြပါတယ်...
လေ့ လာစမ်းစစ်ချက်အရ စမ်းသပ်မယ့် သူတွေကို စကားလုံး ၇၂ လုံးကိုအလွတ်မကျက်ခင် ရာဘာဘော
ဘောလုံးတစ်ခုပေးပြီး တတ်နိုင်သလောက်အားစိုက်ဖြစ်ညှစ်စေခဲ့ ပါတယ်....
မိနစ်အနည်းငယ်အကြာမှာတော့ မှတ်ထားတာတွေပြန်မရွတ်ခင် ဘောလုံးကိုနောက်တစ်ခါထပ်ပြီးညှစ်စေ
ခဲ့ပါတယ်....
အုပ်စုတစ်ခုကတော့လေ့ ကျင့် ခန်းလုပ်တဲ့ အကြိမ်တိုင်း ညာဖက်လက်ကိုအသုံးပြုပြီးဖြစ်ညှစ်ကြပြီး နောက်
တစ်စုကတော့ဘယ်ဖက်လက်ကိုသာအသုံးပြုကြပါတယ်...
တတိယအုပ်စုကတော့ အလွတ်မကျက်ခင် ညာလက်နဲ့ ဆုပ်ကိုင်ဖြစ်ညှစ်ပြီး အလွတ်မရွတ်ဆိုမှီ ဘယ်  လက်နဲ့ ညှစ်ကြပါတယ်.... နောက်စတုတ္တအုပ်စုကတော့ သူတို့ နဲ့ ပြောင်းပြန် ဘယ်နဲ့ အယင်ညှစ်ပြီး မှ
ညာနဲ့ နောက်ပြန်တစ်ခါထပ်ညှစ်ကြပါသတဲ့ ....
ပဉ္စမအုပ်စုကတော့ ဘောလုံးကလေးကို ကိုင်ရုံသာကိုင်ထားကြပါတယ်... မညှစ်ကြပါဘူး...အားလုံးတို့ ရဲ့
ခြုံငုံသုံးသပ်ချက်အရ ပထမဦးဆုံးညာလက်နဲ့ ညှစ်ပြီး ဘယ်လက်ပြောင်းကာ ထပ်ညှစ်တဲ့ အုပ်စုက စကား
လုံး၊ အချက်အလက်တွေကို အမှတ်မိဆုံးဖြစ်နေတာပါပဲ...
ဒုတိယမြောက်မှတ်ဥာဏ်အကောင်းဆုံးအုပ်စုကတော့ ညာဖက်လက်ချည်းအသုံးပြုဖြစ်ညှစ်ကြသူတွေဖြစ်
ပြီး ကိုင်ရုံတင်ကိုင်ထားသူတွေကတော့ ဘယ်လက်နဲ့ ချည်းသုံးသူတွေထက် ပိုမှတ်မိကြပါတယ်...
နေရာကို နှိုးဆွစေပြီး ဘယ်လက်နဲ့ ဆုပ်ကိုင်တဲ့ လေ့ ကျင့် ခန်းလုပ်တာကတော့ သိုမှီးသိမ်းဆည်းထားတဲ့ 
အချက်အလက်တွေကိုပြန်လည်စဉ်းစား သိရှိစေတဲ့ နေရာကို နှိုးဆွအားကောင်းစေတယ်လို့ သိရှိရတာဖြစ်
ပါတယ်....
မှုတွေကိုပြောင်းလဲစေပြီး မှတ်ဥာဏ်ကိုပိုမိုကောင်းမွန်စေနိုင်တာဖြစ်ပါတယ်..."လို့ သုတေသနအဖွဲ့ ခေါင်း
ဆောင် ဒေါက်တာရုတ်ပရောပါ ကဆိုပါတယ်...
တစ်ခြားသောမှတ်မိသိရှိနိုင်မှုတွေကိုလည်းဘယ်လိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မလဲဆိုတာ
နဲ့ ဘယ်သန်သမားတွေအတွက်လည်း မည်ကဲ့ သို့ အကျိုးရှိအောင်လေ့ ကျင့် နိုင်မလဲဆိုတာတွေကိုတော့ 
ဆက်လက်လေ့ လာဖို့ လိုနေပါသေးတယ်....
ခွဲခွာချိန်
$
0
0
ခွဲခွာချိန်တိုင်း၊လွဲနေချိန်တိုင်း
ပိုင်ဆိုင်ထားတဲ့  ကံရေ........
တကယ်လို့  သူနဲ့ ငါကို..
ခုချိန်မှာတော့ ချစ်သူဖြစ်ခွင့်ပေးပြီး
ဘယ်အချိန်ဘယ်နေရာမှာ
ငါတို့ ကိုခွဲသွားမယ်ဆိုတာ မင်းသိပါတယ်လေ.......
ပြောပြလို့ ရပေမယ့်
မင်းရဲ့ ရက်စက်ခြင်းတွေကြောင့်
ငါတို့ ရဲ့ အချစ်များက ပြန်စလို့ မရတော့ တဲ့ 
ဘ၀တစ်ခုလို အမှောင်ကျခဲ့ရပါပြီ
မင်းကျေနပ်ပါလို့  ငါပြောချင်မိတယ်
အချိန်ခဏတာအတွင်းမှာ
ကျဆုံးခဲ့ တာကိုမင်းမြင်ရင် ကျေနပ်ပါစေလို့ 
ဆုတောင်းရင် အဝေးကချစ်သူကိုချစ်နေဆဲပါဆိုတာ
မင်းပြောပြပေးပါလားကွာ.........။
ဝေးကွာချင်းမနက်ဖြန်
$
0
0
ငါတို့နှစ်ယောက် ဝေးကွာသွားစေတဲ့ အကြောင်းရင်း သိချင်လိုက်တာ
တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ လမ်းခွဲခဲ့ရတဲ့ငါ့ရင်မှာ
ဘယ်လောက်ခံစားနေရမယ်ဆိုတာ တွေးမိရဲ့လား
နင်စိတ်ချမ်းသာအောင် အဝေးမှာ နေပေးခဲ့ပေမယ့်
ငါ့ရင်ထဲမှာ နင့်ကို ချစ်နေသေးတယ်ဆိုတာ သိစေချင်လိုက်တာ
အရာရာကို သတိရ တမ်းတမိတဲ့အခါ...
ဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူးလို့
ဆင်ခြင်မိတဲ့အခါ... ပိုပြီး ကြေကွဲခံစားရပါတယ်
နင့်ရဲ့သတင်းတွေကို အဝေးတစ်နေရာကနေ နားစွင့်နေဆဲပါ
ငါ့ရဲ့ဘ၀မှာ ငါ့အချစ်ဆုံး မိန်းမတစ်ယောက်ဟာ နင်ပဲလို့
သိလိုက်ရတဲ့ အချိန်မှာ နင် ငါ့ကို စွန့်ပစ်ထားရစ်သွားခဲ့ပြီနော်
ဘာကြောင့်များလဲ...တကယ်ဆို လမ်းခွဲစကားကို
နင်ကိုယ်တိုင် ပြောသင့်ပါတယ်...
ငါ့ရင်ထဲက ဒဏ်ရာတွေ ပျောက်ကင်းဖို့အတွက် မလွန်ဆန်နိုင်တဲ့
သက္ကရာဇ်များစွာကို ကျော်ဖြတ်ရဦးမှာပါ...
နင်မရှိတော့မယ့် မနက်ဖြန်များစွာကို ငါ မုန်းလိုက်တာ
နင့်ရင်ထဲမှာ ငါ မရှိတော့ပေမယ့် ငါ့ရင်ထဲမှာ အမြဲတမ်း နင် ရှိနေဦးမှာပါ
ဘာပဲဖြစ်ဖြစ် ငါ ကျေနပ်ပါတယ်...
နင့်ဆီက အချစ်ကို မရတော့ပေမယ့်
နင့်ဆီက အမုန်းတွေကို ပိုင်ဆိုင်ခွင့်ရနေတဲ့အတွက် ငါကျေနပ်ပါတယ်
ဘာမှမရတာထက်စာရင် တခုခုပြန်ရနေတာကိုပဲ ငါကျေနပ်ပါတယ်
!! အချစ်နှင့် ဂုဏ် !!
$
0
0
မိုးလေကင်းစင်ပြီး နေမပူမိုးမရွာ တဲ့ နေ့လေးတစ်နေ့ပေါ့..။
မြို့ရဲ့ နေရာတိုင်းမှာ အမြင်ကတ်စရာကောင်းလောက်အောင်ကို တွေ့နေရတဲ့ စုံတွဲလေးတစ်တွဲ..။
လက်ချင်းချိတ်..။ စကားလေးတစ်ပြောပြောနဲ့ အချိန်တွေကုန်လို့ကုန်မှန်းမသိကုန်။
ပန်းခြံရောက်တိုင်းလည်း ဓာတ်ပုံဆရာ ပုံခေါ်ရိုက်.။ မကြိုက်ပြန်ဖျက် ပြန်ရိုက်. ။ ဓာတ်ပုံဆရာဆို ဒေါကိုပွလို့..။Shopping Centre ဆိုလည်း တစ်မြို့လုံးနှံ့နေတာပေါ့။(ဘာမှမ၀ယ်တဲ့ shopping လေ) ဟီး .။
ညနေ နေမင်းကြီးက အိပ်တန်းဝင်ဖို့ လက်ပြနှုတ်ဆက်ချိန် ..။သူ့မအိမ်ရှေ့လမ်းထိပ်နားထိ လိုက်ပို့ပေးခဲ့တယ်..။
ကောင်မလေး : နင် ပျော်လားဟင်။ ငါတော့ အရမ်းပျော်တာပဲ သိလား..။
အမြဲတန်း ဒီလိုနေရရင် သိပ်ကောင်းမှာပဲနော်..
ကောင်လေး : (ခေါင်းလေးကို ဖွဖွထုရင်း) ပျော်တာပေါ့..ချစ်ရ။
ကမ္ဘာ မှာ အပျော်ဆုံးအချိန်ဆိုတာ နင်နဲ့ တူတူရှိနေတဲ့အချိန်ပဲ..။သိလား
ကောင်မလေး : နင်နဲ့ငါ အတူတူ ရှိနေရင် အချိန်က ကုန်တာမြန်လိုက်တာနော်..။
ငါသာ တန်ခိုးရှိရင် အချိန်တွေကို ရပ်ထားပစ်လိုက်ချင်တယ်..။
ကောင်လေး : သေချာပြီ.။ နင်ဆေးမသောက်ထားဘူးမလား..။မှန်မှန်ပြော..။
ကောင်မလေး : ဟီးးး နင့်ကိုတွေ့ချင်ဇောကြောင့် ဆေးသောက်ဖို့တောင် မေ့သွား
တာပါဟာ...
ကောင်လေး : နင်တော်တော် အပြောတတ်... သိလား.။
ကောင်မလေး : အပြောတတ်တာမဟုတ်ပါဘူးဟာ... ရင်ထဲက အချစ်ကြောင့် အဲဒီ
စကားတွေက အလိုလို ထွက်လာတာပါဟာ..။
ကောင်လေးမျက်ဝန်းမှာ မျက်ရည်တွေ ၀ဲလာတယ်..။ စိုးရိမ်ပူပန်စိတ်တို့က အပြည့်..။
ဒါပေမယ့် ချက်ချင်း ပြန်ထိန်းလိုက်နိုင်ခဲ့တယ်..။ ကောင်မလေး သတိမထားမိခဲ့...။
အိမ်နားကိုရောက်တော့...
ကောင်လေး : ဒီနေ့ဓာတ်ပုံတွေအားလုံးငါပဲ ယူထားမယ်နော်..။ရတယ်ဟုတ်.။
ကောင်မလေး : အင်း... ရပါတယ်.။
ကောင်လေး :ပြီးတော့ ရော့..။ဒီစာ သေချာဖတ်ပေးနော်..။ခံစားချက်အပြည့်နဲ့ရေး
ထားတာပါ...။အပေါ်ရောက်မှဖတ်နော်..။
ကောင်မလေး : အမယ်..။ ချစ်သူတွေဖြစ်ပီးမှ စာတွေဘာတွေပေးလို့တဲ့..ခိခိ။အင်းပါ.။
မျက်လုံးခဏမှိတ်
ကောင်လေး : ဟင် ။ ဘာလုပ်မလို့လည်း။
ကောင်မလေး :မှိတ်ဆိုမှိတ်လို့....စိတ်ဆိုးမှာနော်..။
ကောင်လေး : အင်းအင်း...
ကောင်မလေး : အာဘွားးးးး.... အရမ်းချစ်တယ်သိလားး.
တာ့တာ..
ကျွန်တော် ဘာမှပြန်မပြောနိုင်ခင် သူမ အိမ်ထဲ ပြေးဝင်သွားခဲ့တယ်..။ကျွန်တော် ထိန်းထားတဲ့ကြားက မျက်ရည်တွေ စီးကျလာခဲ့တယ်..။တစ်လောကလုံး အမှောင်ကျသွားသလိုပဲ. ခံစားလိုက်ရတယ်..။ပြီး ကျွန်တော့်ရင်ထဲကနေ တိုးတိုးလေးညည်းလိုက်တယ်...
''ငါလည်း နင့်ကို အရမ်းချစ်ခဲ့ပါတယ်ဟာ... '''
သို့/
ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ နင်ဘယ်တော့မှတွေးထားမှာမဟုတ်မှန်း ငါသိပါတယ်..။ အဲလိုပါဘဲ..။ငါလည်း တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ဒါပေမယ့်ဟာ
သေချာစဉ်းစားကြည့်မိတော့ ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေဟာ လေထဲ တိုက်အိမ်ဆောက်နေသလိုပဲ။ နင်က ခေတ်ပညာတတ်။ငွေကြေးဆိုလည်း ပူပန်စရာလုံးဝမရှိ။ အပူအပင်ကင်းမဲ့တဲ့ဘ၀လေး။ ငါ အားလုံးကို ပြန်ဆန်းစစ်ကြည့်လိုက်တော့ ငါ့မှာ နင့်အတွက် ပေးဆပ်နိုင်တာဆိုလို့ အချစ်တစ်ခုတည်းရယ်..။ဟင့်အင်း.. ငါ ဘယ်လိုနည်းနဲ့မှ နင့်ရဲ့ အေးချမ်းပြည့်စုံလှတဲ့ ဘ၀လေးကို မဖျက်စီးပစ်နိုင်ဘူး..။ တကယ်တော့ အချစ်ဆိုတာ အလကားပါ.။ နင် မကိုးကွယ်ပါနဲ့တော့ဟာ..။ နင့်ရဲ့ အသိုင်းအ၀ိုင်းကလည်း ငါ့ကိုဆို အမြဲတမ်း ရှုပ်ချနေခဲ့တယ်ဟာ..။ အဲဒါတွေ ငါ မခံစားနိုင်ဘူး။ငါနဲ့ပတ်သက်ပြီး နင်အိမ်မှာ အမြဲ ပြသနာ တက်နေတာ, အမြဲစိတ်ညစ်ပြီး ငိုနေရတာမျိုးဆို ငါ ပိုပြီးတော့တောင်မလိုချင်ဆုံးပဲဟာ..။နင့်ရဲ့ မျက်နှာလှလှလေးပေါ် မျက်ရည်စက်ကလေးတွေ ကျနေတာကို ငါ မမြင်ရက်ဘူးဟာ..။မခံစားနိုင်ဘူး။ ငါ အဲဒါတွေကို အဆုံးသတ်ပါရစေ.။ နင် ငါ့ကို အခုချိန် တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောမလား..။ရက်စက်တယ်ပဲ ပြောမလား..။ငါခံယူပါရစေ.။ နင် ငါ့ကို မေ့လိုက်ပါဟာ..။ မလွယ်ကူမှန်းသိပေမယ့် အချိန်က ကုစားသွားမှာပါ..။တစ်ချိန် ငါ့ထက်သာတဲ့လူနဲ့ တွေ့တဲ့ အခါ နင် ငါ့ကိုမေ့သွားမှာပါ..။ နင်ငါ့ကို လာလည်းမရှာပါနဲ့တော့..။ဖုန်းလည်းမဆက်ပါနဲ့တော့.။ ငါ ဒီမြို့လေးကနေ ဒီညပဲ ထွက်သွားပြီမို့ပါ..။ငါ့ရင်ထဲမှာလည်း နာကျင်ခြင်းတွေ အပြည့်နဲ့ပါဟာ..။
နောက်ဆုံး ငါ နင့်ကို အရမ်းချစ်ခဲ့ပါတယ်...။...။
တစ်လကြာပြီးနောက်...,
ကြေကွဲလွမ်းမောစရာ မြို့လေးကို ပြန်ရောက်ခဲ့တယ်..။ အမှတ်တရတွေ ၇ှိခဲ့ဖူးတဲ့နေရာလေးတွေရောက်တိုင်း အသည်းထဲ တစ်ဆစ်ဆစ် နာကျင်နေရင်းနဲ့ပေါ့..။ခံစားရခက်တဲ့ ဝေဒနာတွေ ရလိမ့်မယ်ဆိုတာ သိပေမယ့်လည်း ဒီမြို့လေးကို ပြန်ရောက်လာတဲ့ရည်ရွယ်ချက်က သူမလေးကို အဝေးကနေဖြစ်ဖြစ် မြင်ချင်လို့ပါ...။
'''ငါ့ရဲ့ အသဲနှလုံးနေရာတိုင်းမှာ နင် အမြဲရှိနေတယ်ဆိုတာ နင်သိပါစေကွာ '''
ကျွန်တော်အိမ်ကို အရင်တန်းဝင်လိုက်တယ်..။ အိမ်ထဲရောက်တာနဲ့ သူငယ်ချင်းက အသင့်ထိုင်နေတာ တွေ့ရတယ်..။ ကျွန်တော့်ကိုပြုံးပြတယ်.။ပြီး ကျွန်တော့်ပါးကို ပြေးလာထိုးတယ်..။ရုတ်တရက်မို့ ကျွန်တော်လည်း အံ့အားသင့်သွားတယ်.။(နှုတ်ခမ်းထောင့်စွန်းတစ်နေရာမှာ သွေးစအချို့ ထွက်လို့)
ပြီး ကန်ဘောင်ဖတ်သွားမယ် ဆိုပြီး သူခေါ်တာနဲ့ လိုက်ထွက်လာခဲ့တယ်..။
ကန်ဘောင်လည်းရောက်ရော သူ ကျွန်တော့်ကို စာတစ်စောင် ထုတ်ပေးတယ်..။
''မင်းကောင်မလေး ပေးခဲ့တာ..။သူမင်းကို နေ့တိုင်းဖုန်းတွေဆက် ။ အတူသွားဖူးတဲ့နေရာတွေလိုက်ရှာ။ စားမ၀င် အိပ်မပျော်ဖြစ် နဲ့။ မင်းကတော့ ကွာ..... ''
ပေးခဲ့တာတဲ့လား။။ သူဘာတွေများ ဖြစ်လို့ပါလိမ့်။ သူ ဘာမှမဖြစ်ပါစေနဲ့.။ စိုးရိမ်ခြင်းများစွာနဲ့ စာကို ဖောက်ဖတ်လိုက်တယ်..။
ကျွန်တော်သိပ်ကြိုက်တဲ့ ရေမွေးနံ့လေး စာအိတ်ပေါ် သင်းလို့...။
သို့/
နင်သိပ်ရက်စက်တာပဲဟာ...။ငါ့စိတ်ထဲ ထူးဆန်းသလို ထင်မိပါတယ်..။ ငါ သွားချင်တဲ့ နေရာတိုင်း နင်လိုက်ပို့နေတာ တစ်ချက်တောင်မညည်းပဲနဲ့လေ..။ဒါတွေအားလုံးဟာ ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေရပ်တန့်စေဖို့ နိမိတ်ဆိုတာ ငါ တကယ်မသိခဲ့မိဘူး..။ ငါတို့ ချစ်သူတွေ ဖြစ်နေကြတဲ့ အခိုက်အတန့်လေးမှာ ငါ နင့်ကို စိတ်ပျက်စကားတစ်ခွန်းလေးတောင် မပြောခဲ့ပါဘူးဟာ..။ အဲဒါတွေက နင် ဒီလိုစကားလုံးတွေပြောမှာကို ငါ ကြိုသိနေလို့ပါ..။ ဂုဏ်တွေ ပကာသနတွေဆိုတာ တကယ်တော့ ငါ့အတွက် အလကားပါဟာ..။နင့်ရဲ့ အချစ်တွေကြားမှာ ကြင်နာမှုတွေအောက်မှာ နေရတာကိုသာ ငါတကယ် မြတ်နိုးတာပါ ။ငါတကယ်တန်ဖိုးထားတယ်။ ခုတော့ နင်က တစ်ကိုယ်ကောင်းဆန်ပြီး ပစ်သွားပြီပေါ့..။နင့် သိပ်ရက်စက်လွန်းတယ်..။ဘာတဲ့..။ အချိန်တွေကြာလာရင် ကုစားသွားမှာပါ.. မေ့ပျောက်သွားမှာပါတဲ့လား..။ဟင့်အင်း။ နင့်အတွေးတွေ သိပ်ကို ရူးကြောင်ကြောင်နိုင်လွန်းတယ်..။ငါတို့ ချစ်ခဲ့ပြီဆိုကတည်းကိုက လမ်းခွဲဖို့ ချစ်ခဲ့ကြတာမှမဟုတ်တာ..။ ဘယ်တော့မှမခွဲဘူးဆိုတဲ့ ဂတိတွေကကော ဘယ်ရောက်သွားပြီလည်း.။ အချစ်သာ စစ်ခဲ့ရင်ဘယ်အရာကိုပဲ မဆို ကျော်ဖြတ်သွားနိုင်ပါတယ်ဆို..။ အခုတော့.. အခုတော့. နင်လေ...။ ဟင့်အင်း
ငါ အပြစ်မတင်ပါဘူး..။ ငါတကယ်နင့်ကို အပြစ်မတင်ရက်ပါဘူး.။ ငါနင့်ကို သိပ်ချစ်တယ်.။ ငါ့ဘ၀ထက်ကို နင့်ကိုချစ်ခဲ့တယ်.။ငါ့ဘ၀ကံကြမ္မာကပဲ ဆိုးတာပါဟာ.။ငါ သိပ်ခံစားရတယ်။ နင့်ကို အတူသွားခဲ့ဖူးတဲ့နေရာတွေတိုင်းမှာ ငါ လိုက်ရှာကြည့်ပါသေးတယ်.။နင်သာ ရှိခဲ့မယ်ဆိုရင် ငါ နင်နဲ့အတူ တစ်ဘ၀လုံးစာ အချစ်တွေ ပုံအပ်လိုက်တော့မယ်လို့ပေါ့..။ ဒါပေမယ့် နင်...... နင် ရှိမနေခဲ့ပါဘူး.။
ငါ့တို့ဘ၀တွေကသာ ဆိုးတာပါဟာ..။ ငါ့ရင်ထဲ သိပ်ကို မွန်းကျပ်လွန်းနေပြီ..။ငါလေ အားရပါးရကို အော်ဟစ်ပစ်လိုက်ချင်တယ်...။ငါရဲ့ စစ်မှန်တဲ့ ချစ်ခြင်းတွေကြောင့် တောင်းဆုတစ်ခုသာ ပြုခွင့်ရခဲ့မယ်ဆိုရင် နောင်ဘ၀မှာ နင်နဲ့ ပြန်ဆုံနိုင်ဖို့ကို ဆုတောင်းနေမှာပါ..။ ငါ နင့်ကို မမုန်းပစ်နိုင်လို့ပါ..။
ငါ နင့်ကို အရမ်းချစ်တယ် ဆိုတာကို ငါ့နှုတ်ဖျားက ကိုယ်တိုင် ပြောချင်ပေမယ့်လည်းဟာ ခုတော့ ဒီထဲကပဲ ငါပြောလိုက်ပါတော့မယ်..။
နင့်ကိုငါ အရမ်းချစ်တယ်ဟာ.....
အာဘွားးးးးးးးးးးးးး
ကျွန်တော် ဘာကိုမှ မမြင် မကြားမိတော့ဘူး.။ အရာရာအားလုံးဟာ ဆိတ်သုန်းသွားခဲ့ပြီ..။ အရာရာအားလုံးကို ဆုံးရှုံးသွားခဲ့ပြီ..။သူမ.. သူမ ။ဟုတ်ပြီ...။ငါ သူ့ဆီသွားရမယ်....။ငါ ပြောခဲ့ လုပ်ခဲ့မိတာတွေ အားလုံးကို သူ ကျေနပ်လာခဲ့အထိ တောင်းပန်မယ်..။ အရင်လို ပြန်ချစ်ခွင့်လေးတောင်းမယ်..။ကျွန်တော်ပျော်သွားတယ်.။ ကျွန်တော် သူမဆီ ပြေးသွားမယ်အလုပ် ကျွန်တော့်သူငယ်ချင်းက
'''သူ ဆုံးသွားတာ ၂ ပတ်လောက်ရှိပါပြီ... '''ဆိုပီး သူ ယပ်တောင်လေး
ထုတ်ပေးတယ်..။ယပ်တောင်ပေါ် ကြည့်လိုက်တော့ သူမနာမည်လေး....
ကျွန်တော်ဘာမှမသိတော့..။
ကျွန်တော် အမှောင်ချောက်ကမ်းပါးနက်နက်ထဲ ထိုးကျသွားခဲ့တယ်...။
ဘာဆိုဘာမှမသိတော့...။မျက်ရည်တွေလည်း မကျနိုင်တော့..။
အရာရာ အားလုံး.......................
ထထထထထထထထထထထထထထထထထထထထထထထထ
တစ်ပတ်ခန့်ကြာသော်....
သင်္ချိုင်း ဆိုသော်လည်း အမြဲသန့်ရှင်းကာ နေချင်စဖွယ် သပ်ရပ်လှပနေလေသှ်.။ အုတ်ဂူများမှာလည်း မှေးမှိန်နေသော အုတ်ဂူဟူရ်ျ မရှိ.။ ထိုသချိင်္ုင်းတွင်းသို့ နေ့စဉ်လာသော အမျိုးသားတစ်ဦးရှိလေသှ်.။ ထိုအမျိုးသားမှာ အုတ်ဂူဖြူလေးရှေ့ဝယ် ထိုင်တာ အမြဲစကားပြောလေ့၇ှိဧ။်.။နေ့စဉ်
အ၀တ်အထည်, စားစရာများနှင့် အလှပြင်စရာများ မရိုးအီနိုင်အောင်
ဝယ်လာဧ။်..
မြင်ရသူအပေါင်းမှာ စုတ်တသပ်သပ်နှင့်...
တစ်ခုသော ချမ်းအေးလှသော ဆောင်းရာသီမနက်ခင်းဝယ်..
ထိုအုတ်ဂူဆီသို့ နေ့စဉ် လာနေသော အမျိုးသားမှာ
ထို အုတ်ဂူဖြူလေးနံဘေးတွင် မပွင့်သော အပြုံးတစ်ချို့ဖြင့် ထာဝရ
အိပ်စက်သွားလေပြီဖြစ်သည်..။.။။
### Emc Juni ###
ဖတ်ရှုအားပေးသူများအားလုံး ကျေးဇူးတင်ပါသှ်..
အီ ၀ထ္ထုတိုလေးနှင့်အတူ အားလုံးအားလုံးကို အပြီးတိုင် နှုတ်ဆက်လိုက်ပါပြီ..။
အီ ရွေမြို့တော်တွင်းတွင် ကျွန်ုပ် ချာတိတ်လေး မရှိနေတော့ပါ...။
Thank you all :)
Viewing all 9878 articles
Browse latest View live