Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

မိန်းမတို့၏ ညို့ချက် (၈)ချက်

$
0
0

မိန်းမတို့၏ ညို့ချက် (၈)ချက်

1. တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါ
ယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ် "သိတံ"လို့ ခေါ်တယ်။
 

2. တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်
နံပါတ်နှစ် "ဟာသ"လို့ခေါ်တယ်။
 
3. တစ်ချို့မိန်းကလေးလေးတွေကျတော့ ယောင်္ကျားလေးတစ်ယောက်ရှေ့ရောက်
ရင်
ကြောက်ပြ၊ စိုးထိတ်ပြ တတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။
 
4. တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။
လျှာတစ်လစ်ထုတ်ပြ တတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်လေး "လဇ္ဇ"လို့ခေါ်တယ်။
 
5. တစ်ချို့မိန်းကလေးတွေကျတော့ စကားကို
မကြားတစ်ကြားဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက်နံပါတ်ငါး
"မန္ဓ၀ါစာ"လို့ခေါ်တယ်။
 
6. မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။
 
7. မျက်ရည်ကျပြတာက ခုနှစ် "ရုဒါ"တဲ့။
 
8. မခံချင်အောင် စကားနာထိုးတာက ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။
( တို့ယောကျာ်းလေး တွေသိထားသင့်မယ့် အချက်လေးပေါ့နော်....ယောကျာ်းလေးတွေ ဖွက်ထားရမယ့်အချိန်းရောက်
  တော့မယ်....ခိခိ)

တမ်းတလွမ်းနေစရာမလိုပါဘူး***************

$
0
0

သူငယ်ချင်း........

အပြစ်မရှိမပြစ်ရှာ
ထွက်သွားတဲ့သူအတွက်
ဝမ်းနည်းနေစရာမလိုသလို
တမ်းတလွမ်းနေစရာ
လည်းမလိုပါဘူး......

ဘယ်လောက်ချစ်ချစ် လူတိုင်းမှာ
သူ့မာန ကိုယ့်မာန
သူ့သိက္ခာ ကိုယ့်
သိက္ခာဆိုတာရှိတတ်ကြစမြဲပါ

သူငယ်ချင်း
နာကျင်မူတွေကိုထွေးပိုက်လို့
သူကြောင့်ဖြစ်တည်လာတဲ့ခံစားမူကိုဖျောက်ကာ
မေ့ပစ်ရင်းသူမပါတဲ့လမ်း
ပျော်အောင်ကြိုးစား
လျှောက်လိုက်ပါ သူငယ်ချင်း
သင်ပျော်လာပါလိမ့်မယ်

ပြောင်းလဲသွားသောအရာလေးများ

$
0
0

အချိန်လေးတွေ ပြောင်းလဲသွားတယ်

နေ့ရက်လေးတွေ ပြောင်းလဲသွားတယ်

အစားအသာက်လေးတွေ ပြောင်းလဲလာတယ်

အမူအကျင့်လေးတွေ ပြောင်းလဲလာတယ်

အဝတ်အစားလေးတွေ ပြောင်းလဲလာတယ်

စိတ်ကူးလေးတွေ ပြောင်းလဲလာတယ်

ငါအပေါ်မင်းထားတဲ့ အချစ်တွေ ပြောင်းလဲလာတယ်

ငါမသိလိုက်တဲ့ ပြောင်းလဲခြင်းတွေက

ငါ့အတွက်သင်ခန်းစာတစ်ခုရလာစေတယ်

ငါ့အချစ်ရယ်မင်းထားတဲ့အချစ်ကယနေ့ထက်တိုင်

မပြောင်းလဲသေးတာငါသိလိုက်ရတဲ့အချိန်မှာ

ပြောင်းလဲခြင်းတွေအားလုံးကိုကျေကျေနပ်နပ်လက်ခံလာမိတယ်

ဘုရားရေချစ်ခြင်းမေတ္တာကိုငါယုံကြည်လာမိတော့တာပဲ.....

~*~ လောကဓံရဲ့ကောင်းခြင်းဆိုးခြင်း ~*~

$
0
0

~~*~ အကောင်းဆုံးတွေကိုမျော်လင့်ထားပါတယ်
ဒါပေမယ်..
အဆိုးဆုံးတွေဖြစ်လာမယ်ဆိုရင်ဆိုရင်လည်း
ရင်ဆိုင်ဖို့အင်အားတွေမွေးထားရလိမ့်မယ်

လောကဓံရဲ့ကောင်းခြင်းဆိုးခြင်း
ရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်နိုင်မယ်ဆိုရင်
မင်းလောက်အေးချမ်းတဲ့သူ ရှိမှာမဟုတ်ဘူး 
ဟုတ်တယ်မှတ်လားလောကကြီးရယ်..*~

ကြုံရာကျပန်းခံစားချက်(၁)

$
0
0

အော်
တခါတခါတော့လဲငါထထအော်မိပါရဲ့
မွန်းကြပ်နေတဲဒဏ်ရာတွေနဲ့လူလို့
ဘေးကတော့ကြည့်မှာပေါ့
ငါလည်း နှလုံးသားနဲ့လူတစ်ယောက်
အကြင်နာဆိုတာသေချာမသိခဲ့ပေမယ့်
ငါကိုယ်တိုင်ကကြင်နာတတ်တဲ့လူတစ်ယောက်
နှလုံးသားကိုဆူးနဲ့ထိုးခဲ့ပေမယ့်
အပြူံးမပျက်ပဲတုံပြန်နိုင်ခဲ့တယ်
နောက်ဆုံးတော့လည်းကိုယ့်လမ်းကိုသွားကြမှာပဲလေ
ဘာလို့အမုန်းပွားနေအုံးမှာလဲ
အားလုံးကိုခွင့်လွတ်ထားတယ်
ငါအသက်ရှိသမျှပဲ..........

အမြင့်ဆုံးရောက်အောင်ကြိုးစားလိုက်ပါနော် ..................

$
0
0

ဆင်းရဲသား ကောင်လေး တစ်ယောက်က
ချမ်းသာတဲ့ကောင်မလေး တစ်ယောက်ကို ချစ်နေမိခဲ့တယ်။
အဲဒါနဲ့တနေ့မှာ သူဟာ ထိုကောင်မလေးကိုချစ်ခွင့်ပန်ခဲ့တယ်။

အဲဒီအခါ ကောင်မလေးက...
"နင်နားထောင်စမ်း။
နင့်ရဲ့ တစ်လစာ ကငါ့ရဲ့ တစ်ရက် အသုံးစရိတ်ဘဲရှိတယ်။
အဲဒါ နင်နဲ့ငါ ဘယ်လိုလက်တွဲလို့ 
ရမလဲဆိုတာ နင်မစဉ်းစားကြည့်ဖူးလား။
ငါကတော့နင့်ကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး။
ငါ့ကိုမေ့ပြီး နင်နဲ့ အဆင့်အတန်းချင်း တူတဲ့ ကောင်မလေး တစ်ယောက်နဲ့သာ လက်ထပ် လိုက်ပါတော့ ဟာ။ "

ဒါပေမဲ့လည်း ကောင်လေးက သူမကို လွယ်လွယ်နဲ့မမေ့နိုင်ခဲ့ပါဘူး။

ဆယ်နှစ်ကြာပြီးတဲ့နောက်

Shopping Mall တစ်ခုမှာ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် ပြန်တွေ့ကြတော့ ကောင်မလေးက

"ဟေး နေကောင်းလား။
ငါလက်ထပ်လိုက်ပြီ သိလား။
အခုငါ့ရဲ့အမျိုးသား တစ်လဝင်ငွေ
ဘယ်လောက်ရှိလဲသိလား။
ဒေါ်လာ ၅၀၀၀ တောင်။
နင်အဲဒါမျိုး စိတ်ကူးမိရဲ့လား။
နောက်ပြီး သူက အရမ်း Smartကျတဲ့လူတစ်ယောက်ဘဲ။

သူမပြောတဲ့စကားကို ကြားပြီးတဲ့နောက်မှာ ထိုကောင်လေးရဲ့မျက်ဝန်းမှမျက်ရည်တွေ ဝဲလာခဲ့တယ်။

သိပ်မကြာခင်မှာဘဲ သူမအမျိုးသား ရောက်လာတော့ သူမ ဘာမှမပြောခင်
သူမအမျိုးသားက ထိုကောင်လေးကိုကြည့်ပြီး

"ဆရာ ဒီရောက်နေတာလား။
ဒါကျနော့်အမျိုးသမီးလေ။ "

ဆက်ပြီး သူမကိုပြောတယ်။

"ဆရာ့ရဲ့ Project တခုမှာ ငါကလက်ထောက်လေ။
သူအခုလုပ်နေတာက ဒေါ်လာ 
သန်း ၄၀တန်တဲ့စီမံကိန်းတခုဘဲ။
ဆရာ က ဟိုးအရင်က ကောင်မလေးတစ်ယောက်ကို
ချစ်ခဲ့ဖူးတယ်။ဒါပေမယ့် သူမရခဲ့ဘူး။
အဲဒါကြောင့် ဆရာ ဒီနေ့ထိ အိမ်ထောင်မပြုသေးဘူး။
အဲဒီမိန်းကလေးက ဘယ်လောက်ကံကောင်းမလဲနော်။
ဆရာ့လိုချစ်နိုင်မယ့်အချစ်မျိုးက 
ဒီနေ့လိုနေ့မျိုးမှာ ဘယ်မှာမှမရှိနိုင်
အောင်ပါဘဲဟာ။"

ထိုကောင်မလေး ဘာမှပြန်မပြောနိုင် အောင်
ဆွံ့အ သွားခဲ့တယ်....

The End.

ဘဝ ဆိုတာက အရမ်းလည်း မတိုတောင်းပါဘူး။
သူများတွေကိုအားကျနေမယ့်အစား ကျန်နေသေးတဲ့ဘဝသက်တမ်းမှာ အမြင့်ဆုံးရောက်အောင်ကြိုးစားလိုက်ပါ။

✿ ✿✿ ချစ် သူ သို့ (၅) ✿ ✿ ✿

$
0
0



ပြင်း ရှ ရှ ၀ိုင် တ ခွက် လို
အ ချစ် က ယစ် မူး စေ ခဲ့ ပြီ လား
မင်း အ ချစ် တွေ ကြား မှာ
မ ရုန်း ထွက် ချင် လောက် အောင်
ငါ နစ် မျော နေ မိ ပြီ...
အ ချိန် ပြည့် မင်း ကို တမ်း တ မှု ကြား မှာ
ဆက် သွယ် မှု ပြင် ပ ဖြစ် စေ တဲ့
အ ခိုက် အ တန့် တွေ က
ငါ အ ရူး အ မူး ခံ စား နေ ရ ပြီ...
ကောင်း သော ည ပါ ချစ် သူ ဆို တဲ့
ဒီ နေ့ တာ အ တွက် နှုတ် ဆက် စ ကား က
နောက် နေ့ ရက် များ စွာ အ တွက်
ခွန် အား တွေ ပါ ချစ် သူ...
အ ဆိပ် သင့် နေ တဲ့
လျစ် လျူ ရှု မှု တွေ က
င့ါ ရဲ့ တ ည တာ လုံး
ခြောက် ခြား စ ရာ တွေ အ တိ နဲ့ ပါ ချစ် သူ...
တမ်း တ တိုင်း သ တိ ရ မိ တဲ့ စိတ် တွေ ကို
မင်း ရှိ ရာ အ ရပ် ဆီ မှန်း ပြီး
ပြေး ပြေး လာ ပါ ရ စေ ချစ် သူ...
အ ရာ ရာ အ ဆင် ပြေ ပါ စေ ချစ် သူ လို့
နှစ် လို လက် ရ ဆု တောင်း ပေး ရင်း
ဝေး နေ ကြ ချိန်
လွမ်း မိ တဲ့ ည တွေ တိုင်း
မြတ် မြတ် နိုး နိုး ချစ် ရ တဲ့ချစ် သူ ရေ
အိမ် မက် က မ္ဘာ ထဲ
အ မြဲ လာ ပေး ပါ နော်...


အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေ စံ ပယ်

ဇာတိပိ ဒုက္ခာ

$
0
0
"ဇာတိပိ ဒုက္ခာ"

စာသစ်​စာကျက်​ 
အောက်​ထက်​ဝန်းရံ
ပုပ်​နံညှီ​လှောင်း
ကျဉ်း​မြောင်းမည်းမိုက်
မိဝမ်းတိုက်​ဝယ်​..
ကျောကိုဝမ်းပြု
ဒူးနှစ်​ခုကြား
ဦး​ခေါင်းထားလျက်​ 
မေးကြားလက်​ဆုပ်
သစ်​ခွတိုမှာ 
မျောက်​အိုကုပ်​သည့်​နှယ်
မလှုပ်​မယှက်​ 
သေ​သောက်​လက်​ဝယ်
ဆိတ်​သူငယ်​လို
အလမ္ပာယ်​မိ 
မြွေငယ်​ချိသို့
အမိစပ်​ခါး
ပူ​အေးစားလည်း
ကိုယ်​သားဆတ်​ဆတ်
သက်​ပြတ်​တ​စေ
ဆယ်​လ​နေ၍ 
လေကမ္မဇ
ဦး​ဆောက်​ချသား
မဂ်​ဝ သို့​ရောက်
သံ​ကောက်​​ပေါက်​က
ဆွဲ​မြှောက်​ဆင်​​​ပြောင်
သံ​တောင်​ကျိတ်​​ခြေ
ပုံ​နေရယိက
ပြင်​သို့ကျလည်း
အပ်​ဆွသည့်​ဟန်
ကြီးပြန်​ဒုက္ခ
ပြစ်​များလှသည်
လက်​စဇာတိ ဖြစ်​ရင်းတည်း။

အရှင်​ဇနကာဘိဝံသ-ကိုယ်​ကျင့်​အဘိဓမ္မာမှ 

"ဖြည့်​စွက်​ချက်​"

အားလုံး နေခဲ့ကြရပါတယ်​။
ကြုံ​တွေ့ခဲ့ကြရပါတယ်​။
ဒါ​ပေမယ့်
အခုချိန်​မှာ က​လေးဘဝက
အဖြစ်​အပျက်​​အ​ကြောင်းအရာများကို 
သတိမရ​ကြ​တော့ဘဲ​မေ့​လျော့သွားတတ်​ကြ​သလို
မေ့​လျော့သွားကြပါပြီ။မမှတ်​မိကြ​တော့ပါ။
အဲ့ဒီအချိန်​တုန်းက​တော့
အမှန်​ပင်​ ဆင်းရဲခဲ့ကြရပါ​ကြောင်း။ ။

ချစ်အယူခံ

$
0
0

သက်ဆုံးတိုင်း ချစ်ခိုင်ခိုင်မြဲလို့

ရွှေလက်ကို ပိုင်ပိုင်ဆွဲ

ရှင်မကွဲ သေအတူ

မငြူစူ စိတ်ထား

ကြားစကား နားမယောင်

မမှားအောင် သည်မောင်ထိန်းပါ့မရ်

စိမ်းပါနဲ့လား ........//////

ဖိတ်စာ

$
0
0

အမည်

နေရပ်လိပ်စာ

မှတ်ချက်

FM-အချစ်တော်

မွန်ပြည်နယ်

 

Rose

နေပြည်တော်

 

မမေ

-

 

Dk

ရန်ကုန်

 

ဖြိုးစည်သူ

ရန်ကုန်

 

ကိုဇင်ကို

ရန်ကုန်

 

 

 

 

လေးစားအပ်ပါသော မန်ဘာများနှင့် Admin များခင်ဗျ ရွေမြို့တော် မန်ဘာများနှင့် Adminတွေ့ဆုံပွဲ

ကျင်းပရန် လူစရင်းအတည်ပြုပါသည်။ ရန်ကုန်မြို့ရှိ မန်ဘာနှင့် Admin အကို အမများ လာရောက်

စုံစမ်နိုင်ရန်နှင့် စရင်ပေးသွင်နိုင်ရန် ထပ်မံဖိတ်ကြားအပ်ပါသည်။

စဉ် အချိန် ဆွေးနွေးမည့်အကြောင်းအရာ   ဦးဆောင်ဆွေးနေသူ မှတ်ချတ် ၁။ 10:00 – 11:00 တွေ့ဆုံမိတ်ဆက်မှု၊ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်၊ရှေဆက်လုပ်ဆောင်မည် အကြောင်ရာများတင်ပြဆွေးနွေးမှု       11:00 –…

$
0
0

စဉ်

အချိန်

ဆွေးနွေးမည့်အကြောင်းအရာ

 

ဦးဆောင်ဆွေးနေသူ

မှတ်ချတ်

၁။

10:00 – 11:00

တွေ့ဆုံမိတ်ဆက်မှု၊ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်၊ရှေဆက်လုပ်ဆောင်မည်

အကြောင်ရာများတင်ပြဆွေးနွေးမှု

 

 

 

11:00 – 12:00

Online သွေးအလှူရှင်အဖွဲ့ပြန်လည်ဖွဲ့စည်းနိုင်ရေအတွက်ဆွေးနွေးမှု

 

 

 

12:00 -  13:00

နေ့လယ်စာ စားချိန်

 

 

 

13:00 – 14:00

လုပ်ငန်းတာဝန်ခွဲဝေမှုများ

 

 

 

14:00 – 15:00

အထွေထွေဆွေးနွေးမှုများ

 

 

 

15:00 – 16:00

တစ်နေ့တာဆွေးနွေးမှု့များကို ပြန်လည်သုံးသက်ခြင်း

 

 

 

16:00

ဆွေးနွေးပွဲပြီးဆုံးခြင်း

 

 

                                                                  

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆွေးနွေးမည့်အကြောင်းအရာ

စဉ်

အချိန်

 

ရုပ်လှစရာမလို အနေလှဖို့သာလိုသည်

$
0
0

ရုပ်လှစရာမလို အနေလှဖို့သာလိုသည် ********************************** မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘ၀မှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။ တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ "ရေ"ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။ မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။ မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။ မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။ မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။ မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။ ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်းဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘ၀ခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။ မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။ မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာ အလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧ၀ကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘ၀မှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။ မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။ တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ၀တာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ၀တယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။ နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။ အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။ စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။ ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။ စိတ်ကြီးမ၀င်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။ သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။ အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။ အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။ မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘ၀ကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။

အကူအညီ

✿ ✿✿ ချစ် သူ သို့ (၆) ✿ ✿ ✿

$
0
0



ကံ ကြ မ္မာ ရိုင်း တွေ ကြား
ကို့ ရဲ့ ကူ ညီ ဖေး မ မှု က
အား တစ် ခု ပါ ချစ် သူ ...

မ ပြေ လည် တဲ့ အ တား အ ဆီး ကြား
ကို့ ရဲ့ လက် တွဲ ခေါ် ဆောင် မှု က
အား တစ် ခု ပါ ချစ် သူ ...

အ ဆင် မ ပြေ မှု တွေ နဲ့
လွှမ်း ခြုံ ထား တဲ့ နေ့ ရက် တွေ မှာ
ကို့ ရဲ့ အား ပေး ထောက် ပံ့ မှု က
အား တစ် ခု ပါ ချစ် သူ ...

မ ညီ ညာ တဲ့ အ မြင် တွေ ကြား
ကို့ ရဲ့ နား လည် ပေး မှု က
အား တစ် ခု ပါ ချစ် သူ ...

ချစ် သူ ...
အ မှောင် မှာ လျှောက် လှမ်း နေ တုန်း
လ မင်း ပ မာ လမ်း ပြ သူ မို့
ကျေး ဇူး ပါ ... ကို ...

ချစ် သူ ...
ဘ ၀ ခ ရီး မှာ ပင် ပန်း စွာ လျှောက် လှမ်း နေ တုန်း
အို အေ စစ် ပ မာ အ မော ပြေ စေ တာ မို့
ကျေး ဇူး ပါ ...ကို...

ချစ် သူ ...
လှိုင်း ကြမ်း ဘ ၀ ရေ ခ ရီး လမ်း မှာ
ပဲ့ ကိုင် ရှင် ပ မာ ထိန်း ကျောင်း ဖေး ကူ ပေး တာ မို့
ကျေး ဇူး ပါ ... ကို ...

ချစ် သူ ...
အ ရာ ရာ နား လည် ပေး တာ မို့
အ တိုင်း ထက် မ က ချစ် တယ် ...

ချစ် သူ ...
ပေး ဆပ် ချစ် ခြင်း နဲ့ ချစ် နေ သူ မို့
ထာ ၀ ရ ချစ် တယ် ...

ချစ် သူ ...
အ ရိပ် တ ကြည့် ကြည့် နဲ့
စောင့် ရှောက် ပေး တတ် သူ မို့
အ နှိုင်း မဲ့ စွာ ချစ် တယ်...


အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေ စံ ပယ်

ဝင်ကစွပ်များ

$
0
0
  • ဟန်ဆောင်ကောင်းတဲ့လူက   လူအထင်ကြီးခံရတတ်တယ်
  • မုသားသုံးတဲ့လူက  လူချစ်လူခင် ပေါများကြတယ်
  • တကိုယ်ကောင်းဆန်တဲ့ လူက အောင်မြင်နေကြတယ်
  • မှန်တာပြောတဲ့လူက လူမုန်းများကြတယ်
  • ရိုးသားတဲ့လူက လူလိမ်ခံရတယ်
  • အားနာတတ်တဲ့လူက အနိုင်ကျင့်တာခံရတယ်

minsetwai-နီယန်​ဒါတယ်​လူ

$
0
0

ကျွန်​​တော်​၏ဘ​လော့များ
Blog_4
နီယန်​ဒါတယ်​လူ
ရှေးဦးလူသတ္တဝါများ၏တတိယကွင်း
ဆက်​ဖြစ်​​သော သတ္တဝါမှာ စတုတ္ထ​ရေခဲ​ခေတ်​နှင့် တတိယ​ရေခဲ​ခေတ်​အကြား ​ရှေးနှစ်​​ပေါ်င်း
တစ်​သိန်း​လေး​သောင်းခန့်က​ပေါ်ထွန်းခဲ့​သော လူလိုလိုသတ္တဝါကို နီယန်​ဒါတယ်​(Neanderthal man)ဟု​ခေါ်သည်​။ထိုသတ္တဝါတို့၏ အရိုးစုများကို ဂျာမနီပြည်​ နီအန်​ဒါတယ်​အနီးရှိ ဂူများအတွင်းမှာ စတင်​​တွေ့ရှိခဲ့ကြခြင်းဖြစ်​သည်​။ယင်းတို့သည်​ အင်​ဒိုနီးရှား၊အာရှအလယ်​ပိုင်း​ဒေသများ၊အာဖရိကတိုက်​နှင့်ဥ​ရောပတိုက်​ များသို့ လှည့်လည်​​နေထိုင်​ခဲ့ကြ
ပြီး ​ကျောက်​​ခေတ်​ဦးဒုတိယပိုင်းကိုပျိုး​ထောင်​ခဲ့သည်​။
ပညာရှင်​များကမူ နီအန်​ဒါတယ်​တို့သည်​အ​အေးကြိုက်
သော သတ္တဝါတစ်​မျိုးဖြစ်​ပြီးအ​အေးဓာတ်​ကုန်​ဆုံး
သွား​သောအခါ ယင်းတို့လည်း ​ပျောက်​ကွယ်​သွား
ရသည်​ဟုခန့်မှန်းကြသည်​။နီယန်​ဒါတယ်​တို့သည်​ ​ရှေး​ကျောက်​​ခေတ်ဦးအစ၌ ထွန်းကားခဲ့ေ​သာ လူတို့၏ အသုံးအ​​ဆောင်ပစ္စည်းများထက်ယင်းတို့ကပိုပြီးသုံးစွဲခဲ့သည်ကိုလည်း တွေ့ရှိခဲ့ကြသည်။ယင်းတို့သည်
ကျောက်တုံး ကျောက်ခဲများကိုထုခွဲပြီးကျောက်လက်
နတ်များဖြစ်သောလှံသွားများ ကျောက်ဓါးများကို ပြုလုပ်ခဲ့ကြသည်။ထိုလက်နတ်များဖြင့်
ယင်းတို့သည် ဆင်ရိုင်းကြီးများနှင့် အမွှေးထူးသော ကြံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။သို့သော် ထိုကြီးမားသောသတ္တဝါတို့ကို ဖမ်းဆီး
ရန်မှာ တစ်မိသားစုအင်အားနှင့်မဖြစ်နိုင်ချေ။ထိုကြောင့် ယင်းတို့သည်အဖွဲ့အစည်းဖြင့် နေထိုင်ကြသည်မှာ ထင်ရှားပေသည်။ထိုသို့ ဖွဲ့စည်း​​နေထိုင်ခြင်းအားဖြင့် ဘာသာေ​​​ရးဆိုင်ရာ ယဉ်ေ​​ကျးမူများကိုလည်း စတင်ခဲ့
ကြသည်။ယင်းတို့သည်လူေ​​​​​သများကိုလည်းအထူးတလည် တူးထားေ​သာကျင်းများတွင်မြှပ်နှံေ​​​လ့ရှိကြသလို မျိုးတူသတ္တဝါများကို သတ်ဖြတ်၍ ယဇ်ပူဇော်ခြင်း နှင့် စားသုံးခြင်းများလည်းပြုလုပ်တတ်ကြပြန်သည်။ယင်းတို့နှင့် ပတ်သတ်ပြီး ထူးထူးခြားခြားတွေ့ရှိခဲ့ရသည်မှာ
ရောမမြို့တောင်ဘက် ဆာစီ(circe)တောင်ရှိ ဂူအတွင်းတွင်လူသေအလောင်းကိုတမူထူးစွာမြှပ်နှံထားခြင်းပင်ဖြစ်သည်။ထိုဂူထဲတွင်သတ္တဝါတို့၏အရိုးများကို ဖြန့်ခင်းထား၏။ဂူ၏အလယ်တွင် ကျောက်တုံး
များကို ဘဲဥပုံစံစီထားပြီးလျှင် ထိုအထဲမှာပင် ဦးခေါ်င်းခွံတစ်ခုကိုနေသားတကျထားထားလေသည်။ယင်းကိုထောက်ကြည့်ခြင်းအားဖြင့်
နီယန်ဒါတယ်တို့သည် ရေခဲခေတ်မကုန်ဆုံးမီကပင် ဘာသာရေးအစွဲအလမ်းကြီးခဲ့ကြသည်ကို ညွှန်ပြနေပေတော့သည်။
minsetwai

***မေ့မရသော အတိတ်*****

$
0
0

မေ့မရသော အတိတ်းးးးး
ဟိုးးးးးးးးအရင် ငယ်ငယ်ကပေါ့
ကျေးတောက နှမပျို
ပညာနို့ချို သောက်စို့လို၍
မြို့တော် မဟာရောက်၍လာခဲ့
မိတ်ပေါင်းစုံလင် ပန်းဥယာဉ်ဝယ်
လိပ်ပြာပေါင်းစုံ ရနံ့ခြုံတဲ့
ကြည်နူးပျော်ရွှင်ပညာသင်ရာ
ပညာသင်းပြီး ပြန်ခါနီးတွင်
မခွဲနိုင်ပါ သစ္စာရှိစွာ ချစ်ပါမည်ဟု
ခယတောင်းပန် ချစ်ခွင့်ပန်
အနေဝေး၍ သွေးအေးတဲ့ထဲ
မကြာမကြာ စာလာပါလဲ
နောက်ဆုံးစာလွှာ ပေးပို့လာသည်
အုပ်ထိန်းသူထံ လွန်ဆန်မရ ချစ်နှမတွက်းးး
သြော်းးးးးးရာသီတွေပြောင်း
ချိန်ခါညောင်းလဲ မေ့ချစ်ဦးမို့
သတိရနေဆဲးးးးးးးလွမ်းနေဆဲးးးးးးးးးးးးးးး

မိဘချွေးဖြင့် ခြေမဆေးမိပါစေနဲ့

$
0
0

ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ခြေဆေးနေကြသလိုဖြစ်နေတယ်။
အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေပါပဲ။မိဘတွေက ကိုယ့်သားသမီးတွေပညာတတ်ပြီးဘဝမှာလူတန်းစေ့နေနိုင်အောင် နေပူမိုးရွာမရှောင်ရုန်းကန်ရှာဖွေပြီးကျောင်းထားကြရတာများပါတယ်။

ဒါပေမယ့်သားသမီးတွေကတော့မိဘတွေကိုမငဲ့ညှာဘဲအသိမဲ့စွာအပျော်အပါးမှာပဲနစ်မွန်းနေကြတယ်။တက္ကသိုလ်ဟာခေတ်လူငယ်တွေအတွက်ပညာရှာရာမဟုတ်ဘဲပျက်စီးရာနေရာဖြစ်နေပါပြီ။

ဦးဇင်းရဲ့တပည့်မလေးတစ်ယောက်ဟာ၁၀ တန်းအထိအလွန်လိမ္မာသိတတ်ပါတယ်။ဒါပေမယ့်တက္ကသိုလ်ဒုတိယနှစ်လဲရောက်ရောအပေါင်းသင်းမှားပြီးပျက်စီးပါတော့တယ်။အဲဒီနှစမှာပဲကောင်လေးနဲ့ထွက်ပြေးပြီးအိမ်ထောင်ကျသွားတာအခုဘဝကိုဆင်းဆင်းရဲရဲရုန်းကန်နေရပြီးဒုက္ခရောက်နေပါတယ်။

အခြားတပည့်လေးတစ်ယောက်ကတော့တက္ကသိုလ်ဘွဲ့တော့မရဘဲအရက်အတွက်ဘဝကိုပေးဆပ်နေရတဲ့လူပေလူတေလေးဖြစ်နေပါတယ်။

၁၀ တန်းမှာဂုဏ်ထူး ၄ ဘာသာပါတဲ့နည်းပညာတက္ကသိုလ်ကတပည့်တစ်ယောက်လည်း ဂိမ်းနှိပ် ရည်စားထားအပေါင်းသင်းတွေနဲ့သောက်စားပျော်ပါးနေလို့ ၂ နှစ်ဆက်တိုက်ကျပြီးလမ်းဘေးရောက်သွားပါတယ်။

အဲဒါကြောင့် ကျောင်းသားလူငယ်လေးတွေမိဘချွေးနဲ့ခြေမဆေးမိကြပါစေနဲ့။အဲလိုမိုက်မိရင်တော့ ဒီဘဝမှာဘဲဒုက္ခရောက်ကြလိမ့်မယ်လို့
သတိပေးချင်လို့ခုလိုတင်ပြလိုက်တာပါ။

(သုခဝိဟာရီ အရှင်ဓမ္မာစာရ)

အချစ်

$
0
0

လူတစ်ယောက်ကို ..ပိုင်ဆိုင်ရဖို့ ခွန်အားမဲ့လာရင် လက်လွှတ်တတ်ဖို့ကြိုးစားပါ... ........................................... ကိုယ်ကချစ်လွန်းလို့ ..ပေးဆပ်နေပေမယ့် ကိုယ့်ရဲ့ပေးဆပ်မှုတွေက အရာမထင်တဲ့အခါ ပြန်ပြီး ရုတ်သိမ်းနိုင်ဖို့အတွက်ကြိုးစားပါ... ... ပြန်မလာနိုင်တော့တဲ့ .လူတစ်ယောက်ကို ဘဝတစ်ခုလုံးနဲ့ရင်းပြီး ..မျှော်လင့်ဖို့မကြိုးစားပါနဲ့ မေ့ပစ်သင့်ရင်မေ့ပစ်နိုင်အောင် .ကြိုးစားလိုက်ပါ... ... အချစ်ဆိုတာမျိုးက အတင်းလုပ်ယူနေလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး သင့်ကိုတကယ်ချစ်တဲ့လူဆိုရင် ဘယ်လိုသောအကြောင်းပြချက်နဲ့မှ အနားကထွက်ခွါသွားမှာမဟုတ်ပါဘူး... .. မဖြစ်နိုင်မှန်းသိတဲ့အရာတစ်ခုကို ရူးမိုက်စွာ ဖက်တွယ်နေခြင်းဟာ ကိုယ့်ကိုကိုယ် ဒါဏ်ရာပေးနေသလိုပါပဲ...

“ရှိခိုးဦးချပုံ ဦးချနည်း”

$
0
0

ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက်
“နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး
လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။

လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။
ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို 
ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။

“ရှိခိုးခြင်း သုံးမျိုး”
--------*------------
(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယ၀န္ဒနာ)၊

(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (၀စီဝန္ဒနာ)၊

(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။

“ထိခြင်းငါးပါး ရှိခိုးခြင်း”
--------*------------
ဒူးနှစ်ဘက်၊ လက်နှစ်ဘက်၊ နဖူးတို့ကို မြေ၌ သို့မဟုတ် ကြမ်းပြင်၌ ထိစေ၍ ရှိခိုးခြင်းသည် ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည် မည်၏။

ဆောင်ပုဒ် ။ ။ ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး မြေထိစေ။

“ရပ်လျက်ရှိခိုးခြင်း”
--------*------------
လမ်းတွင် ရဟန်းသံဃာတော်တို့ကို တွေ့ဆုံသောအခါ 
ဦးထုပ် ဖိနပ်ချွတ်၍ ခြေစုံရပ်ကာ လက်အုပ်ကို 
ဦးထိပ်၌တင်လျက် ကိုယ်ကို ရှေ့သို့ ညွတ်ကာ ရှိခိုးရမည်။

“ထိုင်လျက် ရှိခိုးခြင်း”
--------*------------
အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့်ထိုင်လျက်၊ 
အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်လျက် ထိခြင်းငါးပါးနှင့် အညီ 
တုပ်ဝပ်လျက် ရှိခိုးရမည်။

Viewing all 9878 articles
Browse latest View live