Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်

ရိုင်းတယ်ဆိုတာဆဲမှမဟုတ်ပါဘူး

$
0
0
ရိုင်းတယ်ဆိုတာ ဆဲမှမဟုတ်ပါဘူး။
ဆေးလိပ်သောက်တာ အပြစ်မဟုတ်ဘူး။
ဒါပေမယ့် ဘေးမှာ လူတွေအများကြီးရှိရဲ့သားနဲ့
သောက်တာတော့ တော်တော်လေးရိုင်းပါတယ်။
ရထားပေါ်မှာ Busကားပေါ်မှာ ၃ယောက်ခုံကို
၂ယောက်ထိုင်တာ အပြစ်မဟုတ်ဘူး။ ဘေးမှာ
လူတစ်ယောက်လုံးမတ်တပ်ရပ်နေရဲ့သားနဲ့ပေပြီး
နေရာလေးတောင် မဝေမျှချင်တာ လူသားမဆန်
တာပါ။
သက်တူရွယ်တူကောင်မလေးကို ဘတ်စကားပေါ်
မှာ နေရာဖယ်မပေးတာ အပြစ်မဟုတ်သေးဘူး။
အဘိုးအဘွားအရွယ်နဲ့ ကိုယ်ဝန်သည်ကိုတော့
နေရာဖယ်ပေးပါ။
Facebook သုံးတာ အပြစ်မဟုတ်ဘူး။ ဂိမ်းဆော့
တာလည်း အပြစ်မဟုတ်ဘူး။ ဒါပေမယ့် ဘေးမှာ
လူတစ်ယောက်လုံး သင့်ကိုစကားပြောနေတာကို
သင့်မျက်လုံးက ဖုန်းမှာပဲဆိုရင်တော့ အရမ်းရိုင်း
ပါတယ်။
ဒူးပေါ်ပေါင်ပေါ် စကတ်တိုဝတ်တာ မရိုင်းပါဘူး။
ဒါပေမယ့် သွားမယ့်နေရာ၊ တွေ့မယ့်သူအပေါ်မူ
တည်ပြီးတောာ့ ချင့်ချိန်ဝတ်ပါ။
ဒီမိုကရေစီဆိုတာ ဝါးလုံးတစ်လုံးကို လမ်းမှာကြိုက်
သလောက်ရမ်းသွား၊ သူများခေါင်းမထိသ၍ ဒီမို
ကရေစီပါ။ သူများခေါင်းထိရင်တော့ ဒီမိုကရေစီ
မဟုတ်တော့ပါဘူး။
ရိုင်းတယ်ဆိုတာ ဆဲမှမဟုတ်ပါဘူး။ ယဉ်ယဉ်
ကျေးကျေးနဲ့ လွတ်လပ်နိုင်ကြပါစေ

mobile ပြသနာ အဖြေရှာ

$
0
0
စမတ်ဖုန်းများမှာပါတဲ့ Storage ဟာ နည်းပါးတဲ့အတွက် ဖုန်းမှာ Apps နဲ့ ဂိမ်းများစွာ အသုံးပြုသူ၊ သီချင်း၊ ဗီဒီိယိုများ၊ Offline Map Data သိမ်းဆည်းထားသူများ အတွက် Storage ကုန်ဆုံးတဲ့ ပြဿနာကို ရဆငိုင်ကြရပါတယ်။ ဒီပြဿနာဟာ စမတ်ဖုန်း အသုံးပြုသူ အားလုံးအတွက် ဘုံပြဿနာတောင်ဖြစ်လာပါတယ်။ ဖုန်းမှာ Storage နည်းပါးခြင်းဟာ ဖုန်းကို နှေးကွေးစေသလို Apps များ Update ပြုလုပ်၍ မရခြင်း၊ ဓါတ်ပုံ ရိုက်၍ မရခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ အဲဒီအတွက် ဖုန်းမှာ Storage မကုန်စေဖို့ နည်းလမ်းကောင်း သုံးခုကို မျှဝေလိုက်ပါတယ်။

၁။ သင့်ရဲ့ Internal Storage ကို ရှင်းလင်းပါ။

ဖုန်းရဲ့ Internal Storage ကို အဓိက အသုံးပြုတဲ့ အရာ သုံးခုရှိပါတယ်။

App Data Cached Data (System Cache, App Cache ) User Data ( Music, Photos, Videos, etc )

ကံကောင်းတာက အဲဒီအရာသုံးခုစလုံးကို ထိန်းချုပ်နိုတင်ာဖြစ်ပါတယ်။ အသုံးမပြုတဲ့ Apps များကို Uninstall လုပ်ပါ။ Caches နဲ့ မလိုအပ်တဲ့ ဖိုမင်ျားကို ရှင်းလင်းပါ။ ဒီလိုအလုပ်တွေကို လွယ်ကူစွာ ပြုလုပ်ပေးနိုတင်ဲ့ Apps များကိုလည်း အသုံးပြုနိုပင်ါတယ်။ SD Maid က အဲဒီအလုပ်တွေကို အလိုအေလျှာက် ပြုလုပ်ပေးနိုပင်ါတယ်။ ES ES File Explorer က Android File System ကို အတွင်းကျကျ ထောက်လှမ်းနိုင်ပြီး Uninstall လုပ်လိုက်တဲ့ Apps များမှ ကျန်ခဲ့တဲ့ မလိုအပ်တဲ့ ဖိုမင်ျားကို ရှင်းလင်းဖို့ သင့်ကို ကူညီပေးနိုပင်ါတယ်။

ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုများပါတဲ့ User Data တွေကို အခြား Device များထံသို့ ကူးပြောင်းပါ။ ဥပမာအားဖြင့် DCIM , Music, Videos ဖိုဒါများကို သင့်ရဲ့ ကွန်ပြူတာထဲသို့ ကူးပြောင်းနိုပင်ါတယ်။ ဒီလိုလုပ်ဖို့ သင့်ရဲ့ ဖုန်းကို ကွန်ပြူတာနဲ့ USB Cable ကေန ချိတ်ဆက်ပါ။ ဖုန်းကို Unlock လုပ်ပြီး ဖုန်းမှာ မလိုအပ်တဲ့ ဖိုဒါနဲ့ ဖိုမင်ျားကို ကွန်ပြူတာထဲသို့ ပြောင်းရွှေ့ပါ။ WhatsApp, Viber , Facebook Messenger ဖိုဒါများမှာ သိမ်းဆည်းထားတဲ့ ဓါတ်ပုံများကိုလည်း ပြောင်းရွှေ့နိုပင်ါတယ်။

၂။ USB OTG သို့မဟုတ် microSD Card Adapter ကိုအသုံးပြုပါ။

Google က microSD Card အသုံးပြုမှုကို ကန့်သတ်ချင်ပေမယ့်လည်း microSD Card ကို စမတ်ဖုန်း ပိုရငှ်အင်ားလုံးနီးပါးက အသုံးပြုချင်ကြပါတယ်။ သင့်ဖုန်းမှာ microSD Card Slot မပါရင်တောင် microSD Card ကို အသုံးပြုနိုပင်ါသေးတယ်။

microSD Card Slot မပါတဲ့ ဖုန်းများမှာ USB OTG သို့မဟုတ် microSD Card Adapter ကို အ ထဲထည့်သွင်းပြီး ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုပင်ါတယ်။ Internal Storage မှ ဓါတ်ပုံ၊ ဗီဒီယို၊ သီချင်းများကို SD Card ထဲ ကူးပြောင်းသင့်ပါတယ်။ microSD Card Slot မပါတဲ့ ဖုန်းများမှာ Adapter ကေန တစ်ဆင့် Apps အချို့ကို microSD Card ထဲထည့်သွင်းနိုင်ပေမယ့် Sync လုပ်ဖို့အတွက်တော့ ပြဿနာရှိပါတယ်။

၃။ Cloud ကို အသုံးပြုပါ။

ဓါတ်ပုံနဲ့ သီချင်းများစွာဟာ သင့်ရဲ့ ဖုန်းမှာ နေရာယူထားရင်တော့ Cloud မှာ သိမ်းဆည်းပါ။ Google ရဲ့ Photos App အသစ်မှာ 16 MP နဲ့ အောက် ဓါတ်ပုံများကို အကန့်အသတ်မရှိ သိမ်းဆည်းခွင့်ပေးထားပါတယ်။ App က 1080p Full HD Video များကိုလည်း အခမဲ့ သိမ်းဆည်းခွင့်ပေးထားပါတယ်။ အခြား Cloud ၀န်ဆောမငှ်ုများစွာ ရှိပေမယ့် Photos ဟာ ရွေးချယ်စရာတစ်ခုပါ။ သီချင်းများအတွက် SoundCloud ကို အသုံးပြုနိုပင်ါတယ်။ SoundCloud မှာ အေကာင့်ဖွင့်ပြီး သီချင်းများ သိမ်းဆည်းထားနိုင်ပြီး Device များစွာကေန ဘယ်နေရာရောက်ရောက် နားဆင်နိုပင်ါတယ်။ Cloud ကို အသုံးပြုရင် သင့်ရဲ့ Mobile Data များစွာ ကုန်ကျမှာ ဖြစ်တဲ့အတွက် အခမဲ့ ၀ိုဖငိုမင်ျားရရှိမှသာ Upload ပြုလုပ်သင့်ပါတယ်။

Credit - Myanmar Digital Life Magazine

မင်းဆက်​​ဝေ-မွန်​ဂိုလူမျိုးများ

$
0
0

ကျွန်​​တော်​၏ဘ​လော့များ
Blog -7
မွန်​ဂိုလူမျိုးများ
မွန်​ဂိုလူမျိုးများသည်​ တရုတ်​ပြည်​နှင့် ​မြေထဲပင်​လယ်​သို့ ဆက်​စပ်​​ပေး​သော Silk Road ​ခေါ်ကုန်းလမ်းမကြီးကို​ဖောက်​လုပ်​ခဲ့သူများ
ပင်​ဖြစ်​သည်​။ယင်းတို့သည်​ ခရစ်​နှစ်
၁၂၀၀အထိ ဆိုက်​​ဗေးရီးယားနှင့် တရုတ်​ပြည်​အကြား စတက်​ပ်​မြတ်​ခင်း​ဒေသ၌ လူရိုင်းများအဖြစ်​ ​နေထိုင်​ခဲ့ကြသည်။ယင်းတို့သည်​ ခရစ်သက္ကရာဇ်​၁၃ရာစု​လောက်​တွင်​ အာရှ
တိုက်​၏ အ​နောက်​ဘက်​အရပ်​​ဒေသများကို တိုက်​ခိုက်​သိမ်းပိုက်​နိုင်​ခဲ့ကြသည်​။ယင်းတို့သည်​ တိုက်​ခိုက်​ရရှိ​သော စည်းစိမ်​များကို အဝတ်​အစားများတွင်​ အသုံးချကြသည်​။အဝတ်​အစား
များကို ​ရွှေချည်​နှင့်ပိုးချည်​ ​ဖောက်​၍ရက်​လုပ်​​ကြပြီး အဖိုးတန်​သား​မွှေးများဖြင့် တန်​ဆာဆင်​ကြသည်​။သို့ရာတွင်​ ထိုအဝတ်
များကို ဘယ်​​တော့မှ မ​လျှော်​ဖွတ်​ကြ​ပေ။ယင်းမှာ အဝတ်​များကို မြစ်​​ရေဖြင့်​လျှော်​ဖွတ်​လျှင်​ မြစ်​​စောင့်နတ်​မကြိုက်​ဟု အယူ
သည်းကြ​သော​ကြောင့် ဖြစ်​သည်​။ထိုအတူ ​ရေလည်းမချိုကြ​ပေ။ထို​ကြောင့် ဥ​ရောပတိုက်​သားတို့က လွန်​စွာညစ်​ပတ်​​သော
လူမျိုးဟု​ခေါ်ကြသည်​။
မွန်​ဂိုလူမျိုးတို့သည်​ စစ်​တိုက်​ရာတွင်​ ဇွဲကြီး​သောသူများလည်းဖြစ်​သည်​။အ​ရေးတကြီးစစ်​တိုက်​စရာရှိလျှင်​ ဆယ်​ရက်​​လောက်​​ဝေး​သော ခရီးကိုပင်​ ထမင်းမစား ၊ဟင်းမစားဘဲ မြင်းနှင့်ချီတတ် တတ်ကြသည်။ဆာလာလျှင်မူ မြင်း၏ေ​​သွး
ကြောကို​ဖောက်၍စုတ်ေ​​သာက်ကြသည်။ထိုအတူ​​​ယင်း​တို့သည်​ဆန်​စပါးမစိုက်​ ပျိုးတတ်​ကြသဖြင့် ယင်းတို့​မွေးမြူထား​သော တိရိစ္ဆာန်​မှ နို့နှင့်အသားများကိုသာစား​သောက်​ကြသည်​။
မွန်​ဂိုလူမျိုးတို့သည်​ ဗုဒ္ဓဘာသာဝင်​များနှင့် ခရစ်​ယာန်​ဘာသာဝင်​များကဲ့သို့ပင်​ တန်​ခိုးဣဒ္ဓိပါဒ်​ရှိ​သော နတ်​များနှင့်ယုတ်​နိမ့်
သော ​တ​စ္ဆေ၊သရဲများကို ယုံကြည်​ကြ၏။ ယင်းတို့သည်​ တရုတ်​ပြည်​ကို ဂျင်​ဂျစ်​ခန်​လက်​ထက်​ ၁၂၃၂ ခုနှစ်​ကစ၍ တိုက်​ခိုက်​ကြရာ တရုတ်​တို့၏ တရားဝင်​ ဧကရာဇ်​ဘုရင်​၏ ခုခံမူကို အပြီးသတ်​​အောင်​မြင်​​သော ၁၂၇၆ ခုနှစ်​အထိ ကာလ​တောင်
တာရှည်​လျားကြာမြင့်​အောင်​ ဇွဲ​ကောင်း​ကောင်းနှင့် တိုက်​ခိုက်​ခဲ့ကြသည်​။သိမ်းပိုက်​ပြီး အစကဦးတွင်​ ဥ​ရောပမှာ ကျင့်သုံးသလိုပင်​ တရုတ်​များအ​ပေါ်တွင်​ ရက်​ရက်​စက်​စက်​သတ်​ဖြတ်​ညှင်းပန်းခဲ့ကြသည်​။ထို
ကြောင့်တရုတ်​တို့ကတရုတ်​ပြည်​တွင်​​ဘီးလူး၊သဘက်​ဟုသာယူဆခဲ့ကြသည်​ ။ယင်းတို့သည်​ သာမန်​အရပ်​သူအရပ်​သားများကိုပင်​အုပ်​လိုက်​သင်းလိုက်​ ​ထောင်​နှင့်ချီပြီ သတ်​ဖြတ်​ဖြစ်​ခဲ့​သော​ကြောင့် ယခင်​က လူဦး​​ရေ သန်း​ပေါ်င်း၁၀၀ခန့်ရှိ​သော တရုတ်​ပြည်​တွင်​ သန်း၆၀ခန့်သာ ကျန်​ရှိခဲ့ရသည်​။
မင်းဆက်​​ဝေ
ကိုးကား
ဦးလှဒင်​၏မာကိုပိုလို

✿ ✿✿ ချစ် သူ သို့ ( ၁၀ ) ✿ ✿ ✿

$
0
0




ဝေး မြေ ခြား လည်း
ဒီ ရင် ထဲ မှ
အ မြဲ တမ်း တ
သ တိ ရ နေ မည် သာ ...

ထာ ၀ ရ ထက် ပို
ဒီ တစ် သက် မ က
ချစ် လျက် ချစ် မြဲ သာ ...

နှ လုံး သား ရပ် ၀န်း
မေ တ္တာ နဲ့ ပျိုး
ချစ် ခြင်း တိုး မြဲ တိုး လျက် သာ ...

မုန်း မေ့ မ ရ နိုင်
နေ့ ရက် တိုင်း မှာ
ချိန် တိုင်း လွမ်း ဆွတ် နေ မိ တာ...

စိတ် ကူး ရင် ခွင်
ခို နား ချင် မို့
ညင် သာ ထွေး ပိုက်
မှေး စက် ခွင့် လေး ပေး လှဲ့ ပါ ...

တု နှိုင်း ရယ် မဲ့
ရ တု ဆက် ဆက်
မြတ် နိုး ရင်း သာ အ သက် ဆက် လျက် ပါ ...

မျှော် လင့် တစ် နေ့
အိမ် မက် သစ် သို့
အ ချစ် များ ခင်း ၍ လျှောက် ချင် မိ ...

ကြင် ဖော် လက် တွဲ
အိပ် မက် နန်း ဆီ
မျှော် မှန်း လျက် မို့
ကမ်း လက် တ စုံ နဲ့
ခေါ် ဆောင် လှဲ့ ပါ လားချစ် သူ ...


အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေ စံ ပယ်




✿ ✿✿ ချစ် သူ သို့ ( ၁၁ ) ✿ ✿ ✿

$
0
0



*** အ ဝေး က ချစ် သူ ***


  အ ဝေး က ချစ် သူရေ...
ငါ့ အ တွက်
အ လွမ်း တွေ ရစ် ၀ိုင်း နေ တဲ့
နေ ရာ မှန် သ မျှ ဟာ
နင် နဲ့ ဝေး နေ မျှ ပေါ့ ...

ဟိုး.....ဝေး ဝေး က
ကောင်း ကင် ပြာ ပြာ ရင် ခွင် မှာ
တိမ် တွေ ခို နား နေ တာ မြင် ရဲ့ လားချစ် သူ...
ဒါ တွေ ဟာ
တို့ နှစ် ဦး အ ချစ် မြစ် ရဲ့ မျက် ရည် တွေ ပေါ့
အ ငွေ့ ပျံ အ လွမ်း တွေ
ပြာ လွင် လွင် ကောင်း ကင် ပြင် ကျယ် မှာ
တမ်း တ စွာ နဲ့
ခို နား နေ လို့ ပေါ့ ကွယ်...

လွမ်း ရက် တွေ ကြာ ရှည် တဲ့ နေ့ တို့
တမ်း တ ချိန် ကြာ မြင့် တဲ့ နေ့ တို့
သ တိ ရ မှု တွေ အ ခါ ခါ ထပ် တဲ့ နေ့ တို့
လွမ်း ဆွတ် မှု တွေ များ ပြား လာ တဲ့ နေ့ တို့
ဒီ လို နေ့ တွေ
ပေါင်း စု များ ပြား လာ တဲ့ အ ခါ
ဒီ လွမ်း တိမ် တိုက် တွေ
ခံ နိုင် ပါ ဦး မည် တဲ့ လား...ချစ် သူ ရယ်...
ငါ တို့ နှစ် ဦး
ချစ် ခြင်း တွေ စ တည် ရာ
အ ချစ် မြစ် ဆီ ကို
ရွာ သွန်း ဖြိုး လာ မှာ ပဲ မ ဟုတ် လား ကွယ်...

ချစ် သူ ရေ...
ချစ် ခြင်း တွေ
သ တိ ရ ခြင်း တွေ
ရင် မှာ သို ၀ှက် လို့
လွမ်း မိုး တို့ ရင် မှာ ပြို ကာ ဆင်း လည်း
ကံ စေ ရာ တိုင်း
က ကြ မည့် သူ တွေ မို့
အ နာ ဂတ် အိမ် မက် လမ်း ဆီ
လျှောက် လှမ်း စို့ လား
ရင် ထဲ က အ ဝေး ရောက်ချစ် သူ ရေ....


အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေစံပယ်

14 July 2015

✿ ✿✿ ချစ် သူ သို့ ( ၁၂ ) ✿ ✿ ✿

$
0
0

*** ဒီ လို မျိုး ချစ် သူ တွေ***

*ချစ် သူ*
*တို့ နှစ် ဦး ဟာ....*

*ဝေး ဝေး နေ ရ ပေ မယ့်*
*စိတ် ချင်း နီး နေ တာ မို့*
*စိတ် ချင်း နီး ချစ် သူတွေ ပါ*

*၀င် သက် ထွက် သက် တိုင်း မှာ*
*တမ်း တ ရ သူ မို့*
*အ မြဲ ချစ် ရ တဲ့ ချစ် သူ တွေ ပါ*

*မေ့ ပစ် ဖို့ ဆို တာ*
*တို့ နှစ် ဦး ကြား က*
*အ သုံး မ ၀င် ဆုံး ဘာ သာ စကား မို့*
*မေ့ မ ရ တဲ့ ချစ် သူတွေ ပါ*

*နား လည် ခြင်း တွေ နဲ့*
*တည် ဆောက် ထား တဲ့ ချစ် ခြင်း တွေ မို့*
*ရင် ခုန် သံ ခြင်း ထပ် တူ ကျ နေ ကြ တဲ့ ချစ် သူတွေ ပါ*

*ပေး ဆပ် မှု တွေ သာ*
*တို့ နှစ် ဦး လက် ကိုင် ထား တာ မို့*
*နူး ညံ့ တဲ့ ချစ် ခြင်း ပိုင် ရှင် ချစ် သူတွေ ပါ*

*တ လော က လုံး နဲ့*
*ယှဉ် ၀ံ့ ပါ ရဲ့*
*တို့ တွေ ဟာ*
*အ ရမ်း ချစ် ကြ တဲ့ ချစ် သူတွေ လေ*

*ချစ် သူရေ*
*တို့ တွေ ဟာ*
*ရင် ခုန် သံ အ ရင်း နှီး ဆုံး ချစ် သူတွေ မို့*
*အေး အ တူ ပူ အ မျှ*
*လက် ကို တွဲ ရင်း*
*အ နာ ဂတ် ခ ရီး ကို*
*တူ တူ လျှောက် ကြ ပါ စို့ လား နော်*


အနှိုင်းမဲ့ချစ်ခြင်းမေတ္တာများစွာဖြင့်
မေစံပယ်

အရိုးသားဆုံးသော လူသားများ

$
0
0

အရိုးသားဆုံးသော လူသားများ

အခါတစ်ပါးက ဘုရင်ကြီး တစ်ပါးဟာ သူ့ တိုင်းပြည်တွင်းက အခြေနေတွေ အားလုံးကို အနီးကပ်လေ့လာချင်တဲ့ အတွက်သူပုန်းစားယောင် ဆောင်ပြီး မြို့ ရွာ အနှံ့ လျှောက်သွားပါတယ်။

ဘုရင်ကြီးဆိုတော့ သူကိုင်တဲ့ ခွက်က ရွှေသားအစစ်နဲ့ လုပ်ထားတဲ့ ခွက်ပါတဲ့။ ဒါကို အပြင်ကနေ ရွှေခွက်မှန်းမသိအောင်ပွန်းညှက်တွေနဲ့ သုတ်လိမ်းထားပါသတဲ့။

ဒီလိုနဲ့  ဘုရင်ကြီးဟာ လမ်းဘေးလေးမှ ထိုင်ပြီး တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်တွေကို လေ့လာဖို့ အတွက် အ၀တ်စုတ်
လေးခင်း ခွက်ကလေးကို အ၀တ်လေးပေါ်တင်ကာ တင်ပါးခွေလေး ထိုင်ချလိုက်ပါတော့တယ်။

အချိန်အနည်းငယ်ကြာတော့ လယ်သမား မိသားတစ်စု သူ့ ရှေ့ က ဖြတ်သွားပါတယ်။ အဲ့ထဲက ကလေးတစ်ယောက်က ပြေးလာပြီး သူ့ အိတ်ထဲက အသပြာငွေလေး တစ်ကျပ် ခွက်ထဲကိုထည့်ပြီး သူ့ ကို ကြည့်ကာ ထွက်သွားပါတယ်။

ခဏကြတော့ သူဆင်းရဲ မိသားစုက ကလေးတစ်ယောက်ကလည်း ဘုရင်ကြီးဆီ ပြေးလာပြီး သူ့ မှာ ရှိတဲ့ မုန့် ဖိုးအသပြာငွေလေးတွေကို ခွက်ကလေးထဲ အကုန်ထည့်လိုက်ပြီး တစ်ချက်ကြည့်ကာ ပြေးထွက်သွားပါတယ်။

ထို့ နည်းတူ သူဌေး၊ သူကြွယ်တွေ၊ ကုန်သယ်တွေ မိသားစုတွေ ဖြတ်သွားတိုင်းလည်း ကလေးတွေက မုန့် ဖိုးငွေလေးတွေကိုလာထည့် သွားကြပြန်ပါတယ်။ လူကြီးတွေ အားလုံးကတော့ ရွှေခွက်နဲ့ တောင်းနေပြီး သူပုန်းစားဟန်ဆောင်ထားတဲ့ ဘုရင်ကြီးကို လှည့်လို့ တောင် မကြည့်ပါဘူးတဲ့။

ဘုရင်ကြီးလည်း ဒီမြင်ကွင်းတွေဟာ သူ့ အတွက် အတွေးတစ်ခုကို ဖြစ်စေပါတယ်။ လူ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရွယ်ရောက်ပြီးသော လူတွေအားလုံးသာ ယခုလို ချစ်စရာကောင်းတဲ့ ကလေးစိတ်တွေ မပျောက်ကြသေးရင် ကောင်းမှာပဲလို့  ဘုရင်ကြီးကတွေးမိလိုက်ပါတယ်။

ဘုရင်ကြီးဟာ သူ့ စိတ်တိုင်းကျတဲ့ အဖြေတစ်ခုကို ရသွားရင်ပဲ နန်းတော်ကိုပြန်သွားပါတယ်။ နောက်တစ်နေ့ မှာ နန်းတော် ခန်း
မဆောင်ကြီးမှာ အလှူတစ်ခုကို ထူးခြားစွာ ကျင်းပစေခဲ့ပါတယ်။ ခန်းမဆောင်ကြီးရဲ့ နဖူးစီးမှာ စာတန်းတစ်ခု ကပ်ထားပါတယ်။
ဒီစာတန်းကတော့ "အရိုးသားဆုံးသော လူသားများ "အတွက်ပါတဲ့လေ။

ဒီစာတန်းကြီးကို မြင်တော့ လူကြီးတွေက ဘယ်သူမှ မ၀င်ရဲကြပါဘူးတဲ့လေ။ သို့ သော် ကလေးတွေကတော့ အလှူဆိုတာနဲ့ 
ဒုန်းဆိုင်းပြေးလာကြပြီး မြိန်ရေ၊ယှက်ရေ ၀င်ရောက် စားကြပါသတဲ့။

ကလေးတွေဟာ သူတို့ တွေ့ တဲ့သူဟာ ပြည့်အရှင် ဘုရင်လို့ လည်း မသိကြပါဘူး။ သူတို့ ထည့်တဲ့ ခွက်က ရွှေခွက်ဆိုတာလည်းမသိကြပါဘူး။ ဒါပေမယ့် သူတို့ ရဲ့ ဖြူစင်တဲ့ စိတ်ထား၊ လောကပေါ် ရိုးသားစွာ မြင်တဲ့ အမြင်တွေက အတုယူဖွယ်ပါ။ လူသားတိုင်းရိုးသားကြတဲ့ ကလေးစိတ်လေးတွေ ရှိနေကြပါစေလို့ ဆုတောင်ပါတယ်...

Minsetwai=နတ်​အစွဲများ

$
0
0

ကျွန်​​တော်​၏ဘ​လော့များ
Blog-8
နတ်​အစွဲများ
အဂ်​လန်​နိုင်​ငံရှိ ​မြေတွင်းများတွင်​ ​နော့ကာ(knocker)
ဟု​ခေါ်​သော အဒိဋ္ဌိ​လောကသားတို့ရှိ​နေ​ချေသည်​။ထို​နော့ကာများကို
ဂေါ်ပလင်​ (​ခေါ်)နတ်​​ပေတစာရင်းတွင်​ သွင်းထားကြသည်​။ထို​နော့ကာ
တို့သည်​ သတ္တူတွင်းများထဲတွင်​ ​ခေါ်က်​သံ​ပေး၍ သတ္တူ​ကြောကို လမ်း
ညွှန်​​ပေးတတ်​ကြသည်​။ထို​နော့ကာများရှိ​သော သတ္တူတွင်းများထဲသို့ ​လေချွန်​ပြီးဝင်​​သွားလို့မရ​ချေ။လေချွန်​သံသည်​ သူတို့ကိုစိတ်​အ​နှောင့်
အယှတ်​ဖြစ်​​စေ​သော​ကြောင့် ​လေချွန်​​သောသူအား ပြန်​လည်​တုန့်ပြန်
တတ်​ကြသည်​။အဂ်​လန်​တွင်​ ​နောက်​ထပ်​ ဘ​ရောင်​နီ(Bronie)ဆို
သော နတ်​တစ်​မျိုးလည်းရှိပြန်​သည်​။ထိုနတ်​ကို အဂ်​လိပ်​တို့က မိတ်​​ဆွေ
ကောင်​က​လေး(သို့)​ရော်​ဘင်​ဂွတ်​ဖဲလိုးဟု ​ခေါ်ကြသည်​။ထိုနတ်​သည်
လူတို့နှင့်အတူ​နေထိုင်​ပြီး ညဘက်​​ရောက်​လျှင်​ အိမ်​ရှင်​တို့၏ ဗာဟီရများ
ကို ကူညီ​ဆောင်​ရွတ်​​ပေးတတ်​သည်​ဟူ၏။ထို​ကြောင့် စ​ကော့တလန်​နိုင်
ငံတွင်​ ထိုဘ​ရောင်​နီနတ်​များအတွတ်​ နတ်​ကွန်းများ ​ဆောက်​လုပ်​​ပေး
ထားသည်​ကိုမြင်​ရခြင်းဖြစ်​သည်​။
နတ်​သူငယ်​များထဲမှာ လတ်​ပရာချွန်း(leprachaun)ဟု
ခေါ်​သော နတ်​သူငယ်​ကိုမူ အ​နောက်​တိုင်းက အ​တော်​ယုံကြည်​ကြပြန်
သည်​။ထိုနတ်​သည်​ ​နောက်​​ပြောင်​တတ်​​သော​ကြောင့် ရံဖန်​ရံခါတွင်​ လူ
တို့၏ပစ္စည်းအချို့ကို ဝှတ်​ထားခြင်း၊က​လေးသူငယ်​များအား ဝှတ်​ထား
ခြင်းများကို ပြုလုပ်​တတ်​သည်​။သို့​သော်​ သူတို့နှင့်အလွန်​ရင်းနှီးသွား
လျှင်​ သူတို့၏ ကူညီ​စောင့်​ရှောက်​မူ များစွာရရှိနိုင်​သည်​။ထို​ကြောင့် အိုင်း
ရစ်​လူမျိုးများသည်​ လတ်​ပရာချွန်းအရုပ်​က​လေးများကို အ​ဆောင်​လက်​ဖွဲ့
လုပ်​ပြီး​ဆောင်​ထားတတ်​ကြသည်​။ထိုအတူပင်​ ကျွန်​​တော်​တို့ ​မြန်​မာနိုင်​ငံ
မှာလည်း ​လေချွန်​နတ်​ဆို​သော နတ်​သူငယ်​တစ်​ပါးရှိပါသည်​။ထိုနတ်​ကို
မြန်​မာတို့က ဝိညာဉ်​​မေးရာတွင်​အသုံးချကြသည်​။မည်​သို့အသုံးချသနည်း
ဆိုလျှင်​ နတ်​​မေးလိုသူသည်​ နတ်​​မေး​သောအိမ်​သို့ ညအခါတွင်​သွားကြ
ရသည်​။အိမ်​​ရောက်​လှင်​ နတ်​​မေးလိုသူက မိမိ​မေးလိုသူ၏ အမည်​၊အ
သက်​၊​သေဆုံး​သော​နေ့ရက်​၊အ​လောင်းကိုသဂြိုလ်​မြှပ်​နှံသည့်သချိုင်းတို့
ကို​ပြောပြရသည်​။ထို​နောက်​ "ရွီး"ဆို​သောအသံနှင့်အတူ ​လေချွန်​နတ်
ထွက်​သွား​သောအသံကို ကြားရလိမ့်မည်​။ထို​လေချွန်​နတ်​သည်​ ​သေဆုံး
သူသဂြိုလ်​ခဲ့​သော သချိုင်းသို့သွား၍ ဘဝ​ပြောင်းသွား​သော ဝိနိပါတိက
နတ်​ကို ရှာ​ဖွေကာ ​ခေါ်လာခဲ့၏။ ထိုသို့​ခေါ်လာလျှင်​ "ရွီး"ဆို​သောအသံ
ဖြင့်အိမ်​ထဲပြန်​ဝင်​လာသည်​ကို ကြားရ​ပေလိမ့်မည်​။များ​သောအားဖြင့် ​လေချွန်​နတ်​သည်​ တစ်​ခဏအတွင်းပြန်​​ရောက်​လာတတ်​​သောလည်း
တစ်​ခါတစ်​ရံတွင်​မူ သက်​ဆိုင်​ရာဝိညာဉ်​ကို လိုက်​ရှာရခက်​​နေ​သော
ကြောင့် မီနစ်​အနည်းငယ်​ကြာတတ်​​ချေသည်​။စွယ်​စုံကျမ်းတွင်​ ကျီသဲ
လေးထပ်​ဆရာ​တော်​က ထို​လေချွန်​နတ်​ကို နတ်​ပြိတ္တာစာရင်းသွင်းထား
ပြီး ထိုနတ်​သည်​ စကားကို​​ကောင်းစွာမ​ပြောနိုင်​ ​လေချွန်​သကဲ့သို့ အသံ
ငယ်​သာထွက်​​သော​ကြောင့် ​လေချွန်​နတ်​ဟု​ခေါ်သည်​ဟူ၏။
Api 5.2015
Minsetwai


နှင်းဆီ

$
0
0

အလှမောကြွား လောကတလွှားမှာ

ငါသသည်သာအလှဆုံး

မာန်ဟုန်ပြင်းပြင်း

အဆူးခတ်ရံတဲ့

မာနသခင် နှင်းဆီရှင်

အိပ်စက်မရ ညပေါင်း တထောင်မက နှစ်ထောင် လွမ်းခြင်းနိုပ်စက် အသဲကွဲအခန်းမှာ စာသားမလှ ကာရံမညီတဲ့ တေးသွားပေါင်းခြင်းကသုံည ရောင်ရင်းကဘယ်ကလည်းမေးတော့ ငါရောက်နေတာ စိတ်ကျန်းရေးဆေးရုံမှာပါလား.......

$
0
0

အိပ်စက်မရ ညပေါင်း

တထောင်မက နှစ်ထောင်

လွမ်းခြင်းနိုပ်စက်

အသဲကွဲအခန်းမှာ

စာသားမလှ ကာရံမညီတဲ့

တေးသွားပေါင်းခြင်းကသုံည

ရောင်ရင်းကဘယ်ကလည်းမေးတော့

ငါရောက်နေတာ စိတ်ကျန်းရေးဆေးရုံမှာပါလား.......

ခွေးဟောင်သံကြားတိုင်း ထကြည့်ဖြစ်နေတုန်းပဲ

$
0
0
မငိုတတ်ဘူးလို့ ဘယ်လိုပဲပြောပြော
ခေါင်းအုံးတွေရဲ့ ကောင်းကင်မှာ
နေရာကွက်ကြား မိုးထစ်ချူ န်းတယ်။

အချစ်ကို လောင်းကြစားကြကစားကြ
ဖွတ်ဖွတ်ကြေနေတဲ့ စကားလုံးအတုတွေကိုပဲ
ရွံတယ်။

ဘယ်နေရာသွားမှာလဲ
သူ့အလိုလိုလှပနေတဲ့ ဆပ်ပြာပူဖောင်းလေးတွေကိုတောင်
လက်ညှိုးနဲ့ ထိုးချင်ကြတယ်။

နေရိပ်လိုချင်လို့ ကိုယ့်သစ်ပင် ကိုယ်ပျိုး
မိုးစက်တွေ မရွာကျလည်း
ကိုယ့်အိပ်မက်နဲ့ကို ဗွက်ပေါက်ပစ်လိုက်တယ်။

အခက်တွေချိုးကြ အပွင့်တွေပန်ကြ
သစ်ပင်နဲ့စကားမပြောတတ်တော့လည်း
လူတွေဟာ လည်မလိုနဲ့ သူ့အလိုလို
ဘာသာမဲ့တယ်။

အိပ်ရေးပျက်ခဲ့တဲ့ ညတွေမှာ
ခွေးတွေအူကြတယ် လူတွေက အသံဆိတ်တယ် ဟောင်လွန်းတဲ့ခွေး
လူမလေးပေမယ့် ကိုက်လွန်းတဲ့ခွေး
ခဲနဲ့အပစ်ခံရတယ်
အင်းးးးငါလည်း ခဲနဲ့အပစ်ခံရမှာထက်စာရင်
ကိုယ့်ရင်ဘတ်နဲ့ကိုယ်
ဟောင်နေတာပဲ ကောင်းတယ်။

အလွမ်းတွေက အချစ်ကြောင့်လှပ
အိပ်မက်တွေထဲ ဘာသာမဲ့နေတဲ့လူတွေကို
လိုက်ဟောင်ကြည့်မယ်။

အမှောင်တွေထဲမှာ တစ်ယောက်တည်း
ဘယ်လောကနီတိထဲမှာမှ မရှိသေးတဲ့
စကားအတိုင်း ငါ နင့်ကိုလွမ်းတယ်။

ရကောက်

Minsetwai=မာယာလူမျိုးများ

$
0
0

မာယာလူမျိုးများ
ကျွန်​​တော်​၏ဘ​လော့များ
Blog-9
မာယာလူမျိုးများ
ယ​နေ့​ခေတ်​အတ္တလန္တိတ်​ သမုဒ္ဒရာကြီးသည်
လွန်​ခဲ့​သောနှစ်​​ပေါ်င်းတစ်​​သိန်း​လောက်​က ကုန်း​မြေကြီး
ဖြစ်​ခဲ့ဖူးသည်​။ထိုအချိန်​က ထို
ဒေသတွင်​ လူများ​နေထိုင်​ကြပြီး ကြီးကျယ်​ခမ်းနား​သော ယဉ်​​ကျေးမူများ
ပေါ်ထွန်းခဲ့သည်​။ထိုယဉ်​​ကျေးမူမှာ မာယာလူမျိုးများမှ စတင်​ခဲ့ခြင်းဖြစ်
သည်​။ မာယာယဉ်​​ကျေးမူသည်​ နှစ်​​ပေါ်င်း ၁၅၀၀ ခန့် ထွန်းကားခဲ့သည်​။
ထိုမာယာလူမျိုးများ​ကြောင့် သိပ္ပံပညာနှင့် သချာ်​ပညာများ ထွန်းကားပျံနှံ
ခဲ့ရသည်​ဆိုလျှင်​လည်းမမှား​ချေ။ထိုအပြင်​ မာယာလူမျိုးတို့သည်​ ပြက္ခဒိန်
ကိုလည်း တီထွင်​နိုင်​ခဲ့ပြီး ကြယ်​တာရာများကို ​လေ့လာကြည်​ရူကာ
မြေပုံများ​ရေးဆွဲပြီး ပီရမစ်​များတည်​​ဆောက်​ခဲ့ကြသည်​။ထိုအတူ
တောင်​တန်း​ဒေသများတွင်​ ​ကျောက်​တုံးများဖြင့်
မြို့ကြီးများတည်​​ဆောက်​ခဲ့ကြသည်​။
မာယာယဉ်​​ကျေးမူအစတွင်​ မိုးနတ်​မင်းဆီမှ ကီဇာကုတ်​ဆို​သောပုဂ္ဂိုလ်
လူပြည်​သို့ဆင်းလာသည်​ဟုဆိုသည်​။ထိုသူမှာ
ဘုရား၏တမန်​​တော်​ဖြစ်​​သော​ကြောင့် အရာအားလုံးကို တတ်​သိသည်​ဟူ၏။ ထို
ကြောင့်သူသည်​ မာယာလူမျိုးများကို စိုက်​ပျိုး​ရေးပညာ၊မိုး​လေဝသပညာ၊
နက္ခတ်​ပညာတို့ကို သင်​ကြား​​ပေးခဲ့သည်​။ထို​ကြောင့်
မာယာလူမျိုးများတည်​​ဆောက်​ခဲ့ကြ​သော
နန်း​တော်​၊မြို့​တော်​၊ဘုရား​ကျောင်းနှင့် အ
ဆောက်​အဦးဗိသုကာပုံစံတို့မှာ အလွန်​ဆန်းပြား​သော​ကြောင့် သိပ္ပံပညာ
ရှင်​တို့ မယုံနိုင်​ဖြစ်​ခဲ့ကြရသည်​။ထိုအပြင်​ မာယာလူမျိုးတို့သည်​ ​ဆေးပ
ညာကို တတ်​ကျွမ်းကျပြန်​ရာ ယင်းတို့ပြုလုပ်​ထား​သော သွားအတုကို
ပညာရှင်​တို့ ​လေ့လာ​တွေ့ရှိရခြင်း​ကြောင့် ​ဆေးပညာထွန်းကားခဲ့​ကြောင်း
သက်​​သေခံ​နေ​ချေသည်​။ထိုအတူ မာယာ​ခေတ်​က​ရေးခဲ့​သော ​ကျောက်
ဂူပန်းချီများ ၊ပန်းပုများမှာလည်း အံသြဖွယ်​​ကောင်းလှသလို ဓာတု​ဗေဒ
ဘက်​တွင်​လည်း ​နောက်​ကျခြင်းမရှိ​ကြောင်း ​တွေ့ရပြန်​သည်​။အဘယ်
ကြောင့်ဆိုလျှင်​ မာယာ​ခေတ်​ကအသုံးပြုခဲ့​သော လတ်​ဝတ်​ရတနာပ
စ္စည်းများမှာ ​ရွှေရည်​စိမ်​ထားသည်​ကို​တွေ့ရ​သော​ကြောင့်ဖြစ်​သည်​။မာယာ
လူမျိုးတို့သည်​ ​လောကီပညာများဖြစ်​​သော အင်း၊အိုင်​၊နက္ခတ်​အတတ်​ပ
ညာများအပြင်​ ​ဗေဒင်​ပညာများကိုပါ တတ်​ကျွမ်း​နေကြပြန်​သည်​။ထို
ကြောင့် မာယာလူမျိုးတို့မှာ သိပ္ပံပညာရှင်​တို့အတွတ်​ ထူးခြား​သောပုစ္ဆာ
တစ်​ပုဒ်​ဖြစ်​​နေသည်​။ဆိုရလျှင်​ ထို​ခေတ်​အခါက သိပ္ပံပညာမထွန်းကား
သေးပါဘဲနှင့် မာယာလူမျိုးတို့သည်​ သိပ္ပံပညာနှင့်ဆိုင်​​သော အတတ်​ပ
ညာ​ပေါ်င်းများစွာကို တတ်​ကျွမ်း​နေကြ​သော​ကြောင့်ပင်​ဖြစ်​သည်​။
Api.15.2015
Minsetwai

***ဒိုင်ယာရီဟောင်းလေး***:)

$
0
0
***ဒိုင်ယာရီဟောင်းလေး***:)h
လွန်ခဲ့တဲ့တစ်နှစ်တုန်းကပေါ့
ကျမဒိုင်ယာရီလေးထဲမှာ
ဒီစာကြောင်းလေးရေးခဲ့ဘူးတယ်
*နှလုံးသားတံခါးပေါက်*
*မည်သူမှဝင်ရောက်ခြင်းမပြုရ*
အဲ့ဒီနောက်
အချစ်ဆိုတာကြီးကတံခါးမခေါက်ဝင်ရောက်လာတယ်
လှောင်ပြောင်ပြီးပြောသွားပါသေးတယ်
ကမ္ဘာကြီးရဲ့မည်သည့်နေရာမဆိုငါလွတ်လပ်စွာသွားလာနိုင်သည်တဲ့
အမှတ်တမဲ့တွေနဲ့အချစ်က
အမှတ်တရဖြစ်ဖို့ထိုက်တန်ဆုံးလား
မိုးရေစက်တွေကသာအချစ်ဆိုခဲ့ရင်.
ကျမဘဝတစ်ခုလုံးစိုစိုရွဲသွားပြီထင်ပါရဲ့
အငိုက်မိသွားတဲ့ချစ်ခြင်းတစ်ခုအတွက်
သတိရလို့ ရင်ဘတ်ကိုငုံ့ကြည့်မိမှ
နမော်နမဲ့ နိုင်တဲ့နှလုံးသားက
သူ့လက်ခုပ်ထဲကအကျဉ်းသား
******
အခုတော့
ကျမဒိုင်ယာရီလေးမှာ
ဒီစာတစ်ကြောင်းထပ်ရေးထားတယ်
**မိန်းကလေးတစ်ယောက်အသဲကွဲနေသည်**
######

သူငယ်ချင်းတို့ ကွန်ပျူတာ အမြဲပေါ့ပါးသွက်လက်စေရန် ပြုလုပ်မယ်

$
0
0
မင်္ဂလာပါ

ကျွန်တော် ပို့စ်မရေး ဖြစ်တာတောင် ကြာသွားတယ် ဖုန်းဘေက မရှိတော့။ ဒီတစ်ခါ ကျွန်တော်ပြောပြမှာက သူငယ်ချင်းတို့ ကွန်ပျူတာကို အမြဲပေါ့ပါး သွက်လက်စေရန် လုပ်ဆောင်နည်းလေးတွေ တင်ပြပေးမှာပါ။ ကျွန်တော် ကွန်ပျူတာ သင်တန်းတတ်စဉ်က အတွေ့အကြုံလေးပါ

ကွန်ပျူတာကို အမြဲပေါ့ပါး သွက်လက်အောင် လုပ်မယ်

- ကွန်ပျူတာ အောက်ခြေက Start ကို နှိပ်ပါ

- ပြီးရင် Run box ကို ဖွင့်ပါ။ Run box မဖွင့်တတ်ရင် ( Window + R ) ကို နှိပ်ပါ

*** Run box ရရင် Run box မှာ ***

- temp ဟု ရိုက်ထည့်ပါ

- ပြီးရင် Select All ( Ctrl +A ) လုပ်ပါ

- Shift + Delete  နဲ့ တွဲနှိပ်ကာ ဖျက်ပြစ်လိုက်ပါ

*     *     *     *     *     *     *

- %temp% ဟု ရိုက်ထည့်ပါ

- ပြီးရင် Select All ( Ctrl +A ) လုပ်ပါ

- Shift + Delete  နဲ့ တွဲနှိပ်ကာ ဖျက်ပြစ်လိုက်ပါ

*     *     *     *     *     *     *

- prefetch ဟု ရိုက်ထည့်ပါ

- ပြီးရင် Select All ( Ctrl +A ) လုပ်ပါ

- Shift + Delete နဲ့ တွဲနှိပ်ကာ ဖျက်ပြစ်လိုက်ပါ

*     *     *     *     *     *     *

- recent ဟု ရိုက်ထည့်ပါ

- ပြီးရင် Select All ( Ctrl +A ) လုပ်ပါ

- Shift + Delete  နဲ့ တွဲနှိပ်ကာ ဖျက်ပြစ်လိုက်ပါ

*     *     *     *     *     *     *

- cookies ဟု ရိုက်ထည့်ပါ

- ပြီးရင် Select All ( Ctrl +A ) လုပ်ပါ

- Shift + Delete  နဲ့ တွဲနှိပ်ကာ ဖျက်ပြစ်လိုက်ပါ

*     *     *     *     *     *     *

- Ctrl + A က file တွေ Select All ပေးတာပါ

- Window + R က Run box ခေါ်တာပါ

- Delete က ဖျက်ပြစ်တာပါ
( မှတ်ချက် - file တွေကို Delete တစ်ခုထဲနဲ့ ဖျက်ရင် ကွန်ပျူတာက Recycle Bin ဖိုင်မှာ ပြန်ရှာလို့ ရပါတယ် )

- Shift + Delete က အပြီးဖျက်ပြစ်တာပါ



သူငယ်ချင်းတို့ ကွန်ပျူတာ ပိတ်ခါနီးတိုင်း  ယခု ဖော်ပြပါ နည်းလေးကို ပုံမှန်လုပ်ပေးလိုက်ပါ ကွန်ပျူတာ ပေါ့ပါးသွက်လက်နေပါလိမ့်မယ်

ပို့စ်ရေးစရာ မရှိလို့ သင်တန်းမှာ သင်ခဲ့တာလေး လက်တွေ့အသုံးချနေတာ အဆင်ပြေလို့ ပြန်လည်ဝေမျှလိုက်ပါတယ်

အဆင်ပြေပါစေ
ကျောက်ဆည်သားလေး ( နည်းပညာ )

Shwe Myo Taw က Software မတင်တော့ဘူးလားဗျာ။ ရှာမတွေ့တော့လို့ပါ။ အရင်က ကူးနေကြ အခုမတွေ့တော့လို့

$
0
0

Shwe Myo Taw က Software မတင်တော့ဘူးလားဗျာ။

ရှာမတွေ့တော့လို့ပါ။ အရင်က ကူးနေကြ အခုမတွေ့တော့လို့


ကျေနပ်ပါတယ်……ချစ်သူ***********

$
0
0

မနက်ခင်းတိုင်းmorningဆိုတဲ့ဝတ္တရားဆန်ဆန်
messageတွေလဲရောက်မလာတော့ဘူး

နေမကောင်းဖြစ်တိုင်းဆေးသောက်ပါဆိုတဲ့
ဝတ္တရားဆန်ဆန်ဂရုစိုက်မှုတွေလဲမရှိတော့ဘူး

လိုင်းပေါ်တက်တိုင်းလဲဝတ္တရားဆန်ဆန်
နှုတ်ဆက်မှုတွေလဲမရတော့ဘူး

ဝတ္တရားဆန်ဆန်ပေးလာမဲ့ဂရုစိုက်မှုတွေထက်
အခုလိုဥပေက္ခာပြုပေးမှုတွေကငါ့ဝမ်းနည်းမှုတွေကို
လျော့ပါးစေပါတယ်…………။

ပြန်လည်မျဝေသည်

$
0
0
ဘာကြောင့် ကျွန်တော်တို့ တစ်တွေ ကိုယ့်ရဲ့  ဖုန်းထဲမှာ ROM ထည့်သွင်းချင်ရတာလဲ ? တစ်ကယ်ရော လိုအပ်ပါရဲ့ လား
<><><><><><><><><><><><><><><><><><><><><<br />
ROM ထည့်သွင်းချင်ရသည့် အကြောင်းအရင်းများ
——————————————————-

၁။ များသောအားဖြင့် ဖုန်း ထုတ်လုပ်တဲ့ company တွေဟာ သူတို့ ထုတ်လုပ်ခဲ့တဲ့ phone model တစ်ခု တိုင်းအတွက် အမြဲတမ်း update to date ဖြစ်နေအောင် support မပေးကြလို့  ဖြစ်ပါတယ်။ အသုံးပြုသူ customers တွေက နောက်ဆုံး ဗားရှင်း (latest version) ကို အသုံးပြုလိုကြပေမယ့် သက်ဆိုင်ရာ company က နောက်တစ်ဆင့် ထပ်မမြှင့်ပေးကြတဲ့အတွက် အခုလို ပညာရှင်တွေ ဖန်တီးပေးတဲ့ ROM တွေကို ထည့်သွင်းကြတာဖြစ်ပါတယ်။

တစ်ကယ်လို့  အသုံးပြုသူဟာ Google nexus phone အမျိုးအစား သုံးနေတယ်ဆိုရင်တော့ ROM ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာ တစ်ခု ဖြစ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google ဟာ Nexus အတွက် အမြဲတမ်း update ပေးနေလို့ ဖြစ်ပါတယ်။

၂။ မိမိတို့  ဖုန်းထဲမှာပါတဲ့ မူရင်း ဒီဇိုင်းဖွဲ့ စည်းပုံ (Skin) ကို နောက်ဆုံး Version ရဲ့  Skin နဲ့  အစားထိုးချင်လို့  လည်း ထည့်သွင်းကြပါတယ်။ ဒါဆို .. Launcher သုံးရင်ကော အတူတူပဲ မဟုတ်ဘူးလား လို့  မေးစရာ ရှိပါတယ်။ တစ်ကယ်တော့ မတူပါဘူး။ Launcher ဟာ မူလ ရှိနေတဲ့ Android kernel အပေါ်မှာပဲ ဒီဇိုင်းပိုင်းဆိုင်ရာ ထပ်ဆောင်းပေးထားတာဖြစ်ပါတယ်။ အကယ်၍ ROM ထည့်သွင်းလိုက်မယ်ဆိုရင်တော့ System ရဲ့  UI (User Interface) တွေက အစ နောက်ဆုံးထွက်တဲ့ ဗားရှင်း ထဲက အတိုင်း တွေ့ မြင်၊ ခံစား အသုံးချနိုင်ကြမှာ ဖြစ်ပါတယ်။

၃။ မူလက ပါလာခဲ့တဲ့ အသုံးမလိုတဲ့ ဆော့ဖ်ဝဲတွေ ကို ပယ်ဖျက်ချင်လို့ လည်း သုံးကြပါတယ်။ မြန်မာပြည်မှာတော့ အရမ်း မသိသာပါဘူး။ ဒါပေမယ့်လည်း တရုတ်ဖုန်းတွေမှာတော့ China telecom ရဲ့  default apps တွေကို မြင်ကြရမှာပါ။ အင်္ဂလိပ်လိုတော့ (Bloatware) တွေလို့ ခေါ်ကြပါတယ်။

ဥပမာ – NASCAR app, TV apps, content apps အစရှိတဲ့ ဆော့ဖ်ဝဲတွေကို ဆော့ဖ်ဝဲရဲ့  စံနစ်ဖိုင်ထဲမှာ ထည့်ပေးလိုက်ထာဖြစ်ပါတယ်။ ဒါတွေကို Root တောင် လုပ်စရာမလိုပဲ ဖျက်ပြစ်လို့  တော့ ရပါတယ်။ တစ်ကယ်တော့ ပျက်မသွားကြပါဘူး။ စံနစ်ထဲမှာ ရှိနေကြဆဲပါ။ မယုံရင် Factory data reset ချကြည့်ပါ။ ပြန်ထွက်လာကြပါလိမ့်မယ်။ လုံးဝ ရှင်းလင်းချင်တယ်ဆိုရင်တော့ ROM တင်လိုက်တာဟာ အဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။

၎။ အသစ် ထပ်ဖြည့်ထားတဲ့ လုပ်ဆောင်ချက်တွေနဲ့  စံနစ်ပိုင်းဆိုင်ရာ ပြုပြင်ဖန်တီးထားမှုတွေကို အသုံးပြုနိုင်တာလည်း ROM တင်ချင်းရဲ့  အားသာချက်တစ်ခုဖြစ်ပါတယ်။ သာမန် အသုံးပြုသူတွေအတွက် အန္တရာယ် ရှိနိုင်ပေမယ့် အသုံးချတက်မယ်ဆိုရင် သုံးလို့ ကောင်းတဲ့ (System tweak) တွေ ထည့်အသုံးပြုနိုင်ပါတယ်။ ဥပမာ – CPU ကို Overclock လုပ်တာ။ Bottom navigation bar ကိုဖျောက်ထားချင်တာ။ စသဖြင့် စံနစ်ပိုင်းကို စိတ်ကြိုက် ဖန်တီးသုံးစွဲခွင့် ရမှာဖြစ်ပါတယ်။

၅။ အထူးအားသာတဲ့ အချက်တစ်ချက်ကတော့ Applications တွေရဲ့  permissions တွေကို ပြောင်းလဲ ပြစ်လို့ ရတာပဲ ဖြစ်ပါတယ်။ ဥပမာ . Facebook က ကိုယ့်ရဲ့  တည်နေရာ GPS ကို မပေးပဲ ပိတ်သုံးတာမျိုး။ ပြီးတော့ Android games တွေကို ဆော့တဲ့ အခါ ကိုယ့်ရဲ့  ဖုန်းနံပါတ်နဲ့  ကိုယ်ရေးအချက်အလက်တွေကို ဆော့ဖ်ဝဲက တောင်းဆိုမှုကနေ ဖယ်ရှားနိုင်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ နောက်တစ်ချက်က ROM တင်မယ်ဆိုရင် ဖုန်းရဲ့  ROOT ACCESS ကိုလည်း တစ်ခါတည်းရပြီးသားဖြစ်ပါလိမ့်မယ်။

ဒါဆို ROM ဆိုတာ တစ်ကယ် အသုံးတည့်တာပေါ့။ ထည့်သင့်တာပေါ့လို့ လည်း မထင်ကြပါနဲ့ ဦး။

ROM မတင်သင့်သည့် အကြောင်းအရင်းများ
====================
ROM တင်ခြင်းအားဖြင့် ဖြစ်နိုင်တဲ့ ပြသနာတွေကတော့ –
၁။ ဘထ္ထရီ သက်တမ်း တိုနိုင်ပါတယ်။ ROM ရေးတဲ့သူတွေဟာ ဖုန်းရဲ့  စွမ်းအင်ခြွေတာရေးကို ထည့်သွင်းတွက်ချက်ခဲ့မယ်လို့ သေချာပေါက် ပြောလို့ မရပါဘူ။

၂။ Hard ware မကိုက်ညီမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ မူလ original မှာလို camera ရုပ်ထွက် သိပ်မကောင်းတော့တာမျိုးတွေ ကြုံရနိုင်ပါတယ်။

၃။ ROM တွေဟာ မိုဘိုင်းဖုန်းထုတ်လုပ်သူတွေ၊ ဆားဗစ် (ဖုန်းလိုင်း) တွေနဲ့  ချိန်ညှိပြီး သေချာထုတ်ထားတာ မဟုတ်တဲ့အတွက် အခန့် မသင့်ရင် စက် ဟန်းတာ၊ force close ဖြစ်တာအပြင် အလိုအလျှောက် စက်ပြန်ပိတ်တာမျိုးတွေလည်း ကြုံနိုင်ပါတယ်။

၎။ မူလ ပါရှိခဲ့တဲ့ စံနစ် ဟာ သူ့ ရဲ့  hard ware များ အသုံးပြုနိုင်မှုများနဲ့  ချိန်ညှိထုတ်လုပ်ထားတာဖြစ်ပြီး ROM မှာတော့ ဒီလို တိကျတဲ့ ချိန်ညှိချက် ရှိချင်မှ ရှိမှာဖြစ်ပါတယ်။

၅။ တစ်ခါတစ်ရံမှာကျတော့ ROM ရေးသားတဲ့သူတွေဟာ ဖုန်းထဲမှာ spy ware လိုမျိုး သူလျှို ဆော့ဖ်ဝဲတွေ ထည့်ပေးလိုက်တက်ကြတာမျိုးတွေလည်း ရှိတက်ပါတယ်။

ဒါတွေကတော့ ROM မတင်သင့်တဲ့ အကြောင်း အချို့ ဖြစ်ပါတယ်။

Credit https://myanmarmobileroms.wordpress.com/

အားလုံးကိုကျေးဇူးတင်ပါတယ်

Double Credit: ဇူးနစ် (နည်းပညာ) website မှ ကူးယူမျှဝေပါသည်။

အဖေဆိုတာ

$
0
0

နွေရာသီလား ပူပါစေ

မိုးရာသီလား စိုပါစေ

ဆောင်းရာသီ အေးပါစေ

နွေမိုးဆောင်း အဖေက စောင်တထည်ပါ

သားသမီးတို့ 

နွေရာသီမှာပူနေရင်

အဖေမေတ္တာနဲအေးချမ်းစေမယ်

မိုးရာသီမှာစိုစွတ်နေပါစေ

အဖေမေတ္တာနဲနွေးထွေးစေမယ်

ဆောင်းရာသီမှာအေးစိမ့်နေပါစေ

အဖေမေတ္တာနဲ နွေးထွေးပါစေ

အဖေအရိပ်အောက်မှာ ငါသားသမီးတွေ

မဲ့တပေါက်တောင်မစွန်းပါစေနဲ.......... အဖေ....မေတ္တာ

အွန်လိုင်းအချစ်

$
0
0
အွန်လိုင်းအချစ်**

မီးညှိခံထားရတဲ့
စီးကရက်တစ်လိပ်
အချိန်တန်ရင်
ပြာအဖြစ်နဲ့ကွယ်ပျောက်
အော်
အွန်လိုင်းအချစ်ဆိုတာလည်း
စီးကရက် အဆီခံတစ်ခုလိုပါပဲ။

အားလုံးကိုမပြောပါပုနော် ။။ကို့အတွေးနဲ့ကိုယ်ပေါ့း)

Minsetwai=ဖ​လော့ရင့်နိုက်​တင်​​ဂေး

$
0
0

ဖ​လော့ရင့်နိုက်​တင်​​ဂေး
ကျွန်​​တော်​၏ဘ​လော့များ
Blog-10
ဖ​လော့ရင့်နိုက်​တင်​​ဂေး(၁၈၂၀_၁၉၁၀)
ဖ​လော့ရင့်နိုက်​တင်​​ဂေးသည်​ ​ခေတ်​မှီ​သော သူနာပြုနည်း
တို့ကို စတင်​တီထွင်​အသုံးပြု၍ ကရိုင်​မီးယားစစ်​အတွင်း စစ်​​မြေပြင်​သူနာ
ပြုလုပ်​ငန်းတွင်​ အသိအမှတ်​ပြုခြင်းခံရ​သော အဂ်​လိပ်​အမျိုးသမီးသူနာပြု
ဆရာမတစ်​​ယောက်​ပင်​ဖြစ်​သည်​။သူမကို ၁၈၂၀တွင်​ အီတလီပြည်​ ဖ
လော့ရင့်မြို့မှာ ​မွေးဖွားခဲ့ပြီး မိဘများလုပ်​ငန်းရှိရာ အဂ်​လန်​ပြည်
ဒါမီရှိုင်း
ယားမြို့မှာကြီးပြင်းခဲ့သည်​။သူမသည်​ က​လေးဘဝကပင်​ ​ခြေကျိုးသွား
သော ​ခွေးက​လေးတစ်​​ကောင်​ကို အရိုးဆက်​​ပေးခြင်းနှင့်ကျပ်​စည်း​ပေး
ခြင်းများပြုလုပ်​​ပေးခဲ့သည်​။ထို​နောက်​ ရွာတွင်းရှိ ဆင်းရဲနွမ်းပါး​သော သူ
အိုသူနာများအား အိမ်​တိုင်​ရာ​ရောက်​ ​ဆေး​ပေးမီးယူ ပြုလုပ်​​ပေးခဲ့သည်​။
ထိုသို့ဖြင့် သူမသည်​ သူနာပြုလုပ်​ငန်းကို ထိထိ​ရောက်​​ရောက်​လုပ်​ကိုင်
လို​သော ဆန္ဒများ ပြင်းထန်​လို့လာခဲ့သည်​။သူမိဘများကမူ သူနာပြုလုပ်
ငန်းကို လုပ်​ကိုင်​​စေလိုခြင်း မရှိခဲ့​ပေ။ထို​ကြောင့် သူမကို စိတ်​​ပြောင်းသွား
အောင်​ အီဂျစ်​ပြည်​သို့ ၁၅၄၉ ခုနှစ်​တွင်​ အလည်​အပတ်​သွားခိုင်းခဲ့သည်​။
သို့​သော်​ သူမသည်​ အီဂျစ်​ပြည်​​ရောက်​လျှင်​ အက်​လတ်​ဇီးယားရှိ သီလရှင်
ကျောင်းများနှင့် ​ဆေးရုံများသို့ သွား​ရောက်​​လေ့လာသည်​။တစ်​ဖန်​ ထိုမျှ
နှင့် အားမရ​သော​ကြောင့် ဂျာမနီနိုင်​ငံရှိသူနာပြုအတတ်​သင်​​ကျောင်းသို့
သွားကာ စနစ်​တကျ​လေ့လာသင်​ယူပြန်​၏။ထိုအပြင်​ လန်​ဒန်​နှင့် အက်
ဒင်​ဗာရာမြို့ရှိ ​ဆေးရုံများတွင်​ သူနာပြုအတတ်​ကို ထပ်​မံသင်​ကြားပြီး
၁၈၅၃ခုနှစ်​တွင်​ ပြင်​သစ်​နိုင်​ငံပဲရစ်​မြို့၌ သူနာပြုအဖွဲ့ ဖွဲ့စည်းတည်​​ထောင်
ရေးတွင်​ ပါဝင်​ခဲ့သည်​။ထို​နောက်​ အဂ်​လန်​ပြည်​သို့ပြန်​လာကာ လန်​ဒန်
မြို့၊ချန်​ဒိုလမ်းရှိ အမျိုးသမီး​ဆေးရုံတွင်​ ​ဆေးရုံအုပ်​အဖြစ်
ဝင်​လုပ်​ကိုင်​ခဲ့
သည်​။ထိုအချိန်​တွင်​ သူမ၏အသက်​မှာ ၃၃နှစ်​အရွယ်​ရှိပြီဖြစ်​သည်​။ထို
ဆေးရုံတွင်​ တစ်​နှစ်​မျှ လုပ်​ကိုင်​ပြီး​နောက်​ ဥ​ရောပတိုက်​တွင်​ ကရိုင်​မီယန်
စစ်​ပွဲ ဖြစ်​ဟွး​လေရာ ဒဏ်​ရာရရှိ​သော စစ်​သားများအား ကြိုးပမ်းကုသ
ပေးခဲ့သည်​။ ထိုသို့စစ်​အတွင်း ကူညီထမ်း​ဆောင်​​ပေးခဲ့သည်​ကို အသိအ
မှတ်​ပြု​သောအားဖြင့် တိုင်းပြည်​မှ သူမကို ​ရွှေဒဂါး​ပေါ်င်းငါး​သောင်းခန့် ချီ
မြှင့်ခဲ့သည်​။ ထို​ငွေများကို သူမသည်​ ကိုယ်​ကျိုးအတွတ်​ အသုံးမပြုဘဲ နိုင်
တင်​​ဂေးဟူ​သောအမည်​ဖြင့် သူနာပြုဌာနတစ်​ခုကို ဖွင့်လှစ်​​ပေးခဲ့သည်​။
ထို​နောက်​ သူမသည်​ ၁၉၁၀ခုနှစ်​ သြဂုတ်​ ၁၃ရက်​​နေ့တွင်​ ကွယ်​လွန်
သွားခဲ့ရှာသည်​။
ကိုးကား=မြန်​မာစွယ်​စုံကျမ်း
Apil16.2015
Minsetwai

ချစ်သူ

$
0
0

တခြားတစ်ယောက်ရဲ့ ရင်ထဲမှာ....

နင်စိတ်ချမ်းသာမှာ သေချာလား.....

သေချာတယ်ဆိုရင် သွားပါ......

ငါကနင့်ကို ပိုင်ဆိုင်ချင်တာထက်

နင်စိတ်ချမ်းသာတာကိုပဲ မြင်ချင်ခဲ့တာပါ ချစ်သူ.....

လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့က အဓိကကျပါတယ် ချစ်သူ.....

ချစ်သူ

$
0
0

တခြားတစ်ယောက်ရဲ့ ရင်ထဲမှာ....

နင်စိတ်ချမ်းသာမှာ သေချာလား.....

သေချာတယ်ဆိုရင် သွားပါ......

ငါကနင့်ကို ပိုင်ဆိုင်ချင်တာထက်

နင်စိတ်ချမ်းသာတာကိုပဲ မြင်ချင်ခဲ့တာပါ ချစ်သူ.....

လူချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့က အဓိကကျပါတယ် ချစ်သူ.....


အသုံးတော်ခံနှလုံးသား

$
0
0

ရင်တွေကွဲလုမတတ်

လွမ်းရက်တွေရှည်ကြာ

ဘယ်ဆီမှာနင်ခိုနား

နင်ပြန်လာမလားမျှော်လင့်ချက်နဲ့

အသက်ဆက်ကာရှင်သန်ရ...

တဆစ်ဆစ်နာနေတဲ့ဒီနှလုံး

နင့်ကိုပဲတမ်းတမဆုံး

အစကတည်းကရှုံးနေတာသိရက်နဲ့

ဇွတ်တိုးခဲ့မိတာ

အမှားလို့မဆိုချင်ပါ...

နင်ပျော်ဖို့တွက်ဆိုငါ့နှလုံး

နင့်အသုံးတော်ခံယူဖို့

ငါ့ရင်တွေခွဲကာပေးနေဦးမည်သာ...

အချစ်ဆိုတဲ့စိတ်ကလေးတစ်ခုနဲ့

တုံ့ပြန်ခြင်းတွေလမ်းကြောင်းမရှိလည်း

ငါ့ဆီကနေသာ

နင့်ကိုပေးဆပ်ချစ်နေဦးမည်သာ....

ခွန်းချိုနှင်းဆီမေ (တောင်ကြီး)

အချိုးဆုံးနဲ့ ရင်နားစေသော

$
0
0

နင်လိုရာ ဖြစ်စေခြင်းတဲ့ ငါ့လို လူတစ်ယောက်ကို

အပေါ်ရမ်းကြည့်ပြီ ဆုံးဖြတ်ခဲ့တဲ့ နင့်ရဲ့စိတ်လေ

အမုန်းမရှိတတ်လို ဟန်းဆောင်နိုင်ပေးမယ့်

ငါ့လောက်နင့်အချစ်ကချိုးနေပေးမယ့်

တကယ့်လက်တွေ့ဘ၀ မဟုတ်တာ

ငါ့ကို အချိုးသတ် အမုန်းမရှိဘဲနဲ့

အဆုံးလမ်းစ တစ်ခု စတင်လို့

နင်ဖန်းဆင်း ပြီမှ ကျဆုံးချိန်

ငါ့နှလုံးသားကို အချိုးဆုံးအမုန်းများ

လတ်နက်တစ်ခုနဲ့ကျန်းရစ်ခဲ့ရ

အပေါ်ရမ်းသွားကို ကြည့်ပြီ

နင်ဆုံးဖြတ်ခဲ့တဲ့ ငါ့ရင်ခွင်းက

အခုချိန်ဒီ ရင်ခွင်းတစ်ခုက နင့်အတွက်ပါဘဲ

ချစ်သူ............နောက်ဆုံးစကားလေးရဲ့ အသံလေးကတော့

နင့်တစ်ယောက်ကို လွမ်းများကျန်းရစ်နေအုန်းမယ်ဆိုတာပါ

ချစ်တယ်...

$
0
0

ချစ်တယ်...ဆိုတဲ့စကားလုံးဟာ...
ကလေးကအစ လူတိုင်းသိခဲ့ကြပေမယ့်

ချစ်တယ်...ဆိုတဲ့စကားလုံးဟာ...
အဓိပ္ပါယ်နဲ့ခံစားချက် အချစ်ရဲ့စွမ်းအား ဘယ်လောက်ပါတယ်ဆိုတာ
ကလေးကအစ လူတိုင်းမသိခဲ့ကြပါဘူး...

ချစ်တယ်...ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်နဲ့ခံစားချက် အချစ်ရဲ့စွမ်းအားကတော့...
တကယ့်ရင်ထဲကနေ နှစ်နှစ်ကာကာနဲ့ ချစ်ခဲ့ဖူးသူတွေပဲ သိကြမှာပါ...

Minsetwai-ဗိဿနိုးမြို့

$
0
0

Minsetwai-ဗိဿနိုးမြို့
ကျွန်​​တော်​၏ဘ​လော့များ
Blog-11
ဗိဿနိုးမြို့
သု​တေသန အ​ထောက်​အထားများအရ ဗိဿနိုးမြို့ဟူသည်​ မြန်
မာနိုင်​ငံ၏ အ​စောဆုံးမြို့ပြနိုင်​ငံတစ်​ခုပင်​ဖြစ်​သည်​။ဗိဿနိုးယဉ်​​ကျေးမူ
ထွန်းကားသည့်ကာလကို သက္ကရာဇ်​အတိအကျ ညွှန်​ပြသည့် ကမ္ဗည်း
ကျောက်​စာနှင့် အ​ရေးအသားများမ​တွေ့ရ​သော်​လည်း မည့်သည့်ရာစုနှစ်
အတွင်း ကျ​ရောက်​ခဲ့သည်ဆိုသည့် ကိုးကားခန့်မှန်းချက်​ အ​ထောက်​အထားများ​တော့ ရှိ​ပေသည်​။ထိုအ​ထောက်​အထားများအရ ဗိဿနိုးမြို့သည်​ ​အေဒီ ၁ ရာစုခန့်မှ စတင်​ပြီး ​အေဒီ ၄ရာစုမှ ၅ရာစု
အတွင်း ကုန်​ဆုံးခဲ့ကာ အိမ်​​ထောင်​စု တစ်​သိန်း​ကျော်​ခန့်ရှိခဲ့သည်​ဟူ၏
ဗိဿနိုးမြို့၏ ပထမမင်းဆက်​မှာ နန်းခမ်းဖြစ်​သည်​။ဒုတိယ မင်းဆက်​မှာ စန္ဒာဓိကာရာမ၊တတိယမင်းဆက်​မှာ ​စော​ဒေဝရာဇာ၊စတု
တ္ထမင်းဆက်​မှာ ​စောထိပ်​တင်​နှင့် ပဉ္စမမင်းဆက်​မှာ ပန်​ထွာဘုရင်​မတို့
ပင်​ဖြစ်​သည်​။ထိုဗိဿနိုးမြို့ဖြစ်​ပုံလာပုံကို ​လေ့လာမိ​သောအခါ ​ဂေါတမ မြတ်​စွာဘုရား ပရိနိဗ္ဗာန်​စံလွန်​​တော်​မူပြီး​နောက်​ သာသနာသက္ကရာဇ်
၅၉ခုနှစ်​အ​ရောက်​တွင်​ဖြစ်​​ချေသည်​။
သင်းတွဲပြည်​ကြီးမှ မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ မည်​​သော မင်းသားနှစ်​ပါးအား မျတ်​စိမမြင်​​သော​ကြောင့် ​ဖောင်​​ပေါ်တွင်
စားဖွယ်​အပြည့်အစုံတင်​၍ ​ရေ​မျှောလိုက်​ကြသည်​။ထိုအခါ ဧရာဝတီ မြစ်
ကြီးအတွင်းမှ စစ်​ကိုင်းအရပ်​ရှိ ​ရွှေနံကိုင်​အမည်​ရ​သော ဘီလူးမသည်​ ညီ​နောင်​နှစ်​ပါး ပွဲ​တော်​တည်​​နေစဉ်​ ဝင်​​ရောက်​ခိုးစားရန်​အားထုတ်​သည်
ဟူ၏။သို့​သော်​ ထိုဘီးလူးမအား မင်းသားနှစ်​ပါးမှ လက်​ရဖမ်းဆီးမိ​လေ
သည်​။ထို​နောက်​ မင်းသားတို့သည်​ ဘီးလူးမ​ပေါ်တွင်​ သာယာစိတ်​ဖြစ်
ပေါ်ကာ ကျူးလွန်​မိကြကုန်​၏ ထိုမှတစ်​ဆင့် ဘီးလူးမတွင်​ ပဋိသ​န္ဓေ
တည်​​လေရာ ဘီးလူးမသည်​ ကြင်​နာ​သောအားဖြင့် မင်းသားနှစ်​ပါးအား
မျတ်​စိအလင်းရ​အောင်​ ကုသ​ပေးခဲ့သည်​။
ဘီးလူးမသည်​ ​တောင်​တွင်းကြီးမြို့ အ​နောက်​ဘက်​ ၅မိုင်​ခန့် အကွာရှိ ​တောအရပ်​သို့ ​ရောက်​လျှင်​ ကမ္ဗဇလ လှုပ်​ပြီး သမီးငယ်
တစ်​ပါးဖွားမြင်​ခဲ့သည်​။ထို​တောအရပ်​မှာပင်​ တစ်​ဦးတည်း​တောမှီ၍ ကမ္မဋ္ဌာန်းတရားစီးဖြန်းကာ သီတင်းသုံး​နေ​သော ရ​သေ့တစ်​ပါးလည်းရှိ
နေ​လေသည်​။ထိုရ​သေ့သည်​ ​နေ့စွမ်းအလိုဌာ သစ်​သီးများရှာ​ဖွေရန်​ ကြွ
တော်​မူ​လေရာ ဘီးလူးမသားအမိကိုမြင်​လျှင်​ထိုဘီလူးမသည်​ သူများသားသမီးအား ခိုးယူစား​သောက်​သည်​ ထင်​မှတ်​ပြီး မန္တန်​ရွတ်​ဖတ်
ခြောက်​လှန့်လွှတ်​​လေသည်​။ထို​နောက်​ ထိုရ​သေ့သည်​ ထိုသမီးငယ်​အား
ကျွေး​မွေး​စောင့်​ရှောက်​ခဲ့၏။
သမီးငယ်​​လေးသည်​ အရွယ်​​ရောက်​ကာ မိန်းမပျို​လေးဖြစ်
လာပါသည်​။ထို​ကြောင့် ရ​သေ့သည်​ မာတုကာမနှင့် အတူ​နေထိုင်​ခြင်းဌာ
မသင့်​လျော်​​လေ​သော​ကြောင့် မိန်းမပျို​လေးကို စွန့်ပစ်​ခဲ့သည်​။မိန်းမပျို
လေသည်​ ဝမ်းနည်းလွန်း​သော​ကြောင့် ​တော​စောင့်နတ်​၊​တောင်​​စောင့်
နတ်​များကို တိုင်​တည်​ငို​ကြွေး​လေသည်​။ထိုအခါ ယခင်​ဘဝမှ မိန်းမပျို
လေးနှင့် ​မောင်​နှမအရင်း​တော်​စပ်​ခဲ့ဖူး​သော ဗိဿနိုးနတ်​မင်းကြီး ​ရောက်​လာခဲ့သည်​။ထိုဗိဿနိုးနတ်​မင်းကြီးသည်​ ထိုအရပ်​တွင်​ စတုရန်း
တာ ၄​ထောင်​ပမာဏ ကျယ်​ဝန်း​သော မြို့ထီးနန်း၊ပြဿဒ်​၊မြို့ရိုး၊ကျူံး
မြောင်းများဖြင့် တည်​​ဆောက်​ထား​သော ဗိဿနိုးမြို့ကို ဖန်​ဆင်း​ပေး
ကာ မိန်းမပျို​လေးကိုအုပ်​ချုပ်​​စေခဲ့သည်​။ထို ဗိဿနိုးနတ်​မင်းကြီးမှ ဖန်​ဆင်း​ပေး​သော​ကြောင့် ထိုမြို့အား ဗိဿနိုးမြို့ဟု ​ခေါ်ထွင်​​စေခဲ့သည်​။
Aug3.15
Minsetwai

ကိုယ်​အချစ်​က...ဒီလိုမျိုး​နော်

$
0
0
ချစ်​သူ......
ကိုယ်​နှလုံးသားဟာ
မိုးသားလိုဖြူစင်​ပြီး
ပိုးသားလိုသိပ်​ကိုနူးညံ့သိမ်​​မွှေ့လှ​ပေမဲ့
အဲဒီနှလုံးသားနုနု​လေးက
တစိမ့်​စိမ့်​ထွက်​ကျလာတဲ့
ချစ်​ခြင်းစွမ်းအား​တွေက​တော့
သံမဏိ တံတိုင်းကြီး​တွေနဲ့
ဟန့်​တားနိုင်​စွမ်းမရှိ​အောင်
သိပ်​ကိုသန်​စွမ်းခိုင်​မာတယ်​​နော်​......
အာကာစိုး

***လွမ်းတဲ့လမ်း***

$
0
0
**လွမ်းတဲ့လမ်း**

လွမ်းတဲ့လမ်းမှာ

ပန်းလည်းမပွင့်

ရင်နင့်စရာ။

လွမ်းတဲ့လမ်းမှာ

ရွက်သစ်မကြွေ

ရွက်ခြောက်တွေဝဲ

ကြေကွဲစရာ။

လွမ်းတဲ့လမ်းမှာ

စမ်းလည်းမစီး

ဝမ်းနည်းကြီးမား

သီးခြားကမ္ဘာ။

လွမ်းတဲ့လမ်းမှာ

ချစ်သူကိုမတွေ့

မပျော်မွေ့ဘူး

ရင်မှာဆူးလျက်

ရူးချင်စရာ။ ။

Minsetwai-သမိုင်းထဲက ​ဗယ်​ဗီလုန်း

$
0
0

မင်း​ဆက်​​ဝေ =ဗယ်​ဗီလုန်း
ကျွန်​​တော်​၏ဘ​လော့များ
Blog-12
သမိုင်းထဲက ​ဗယ်​ဗီလုန်း
ဗယ်​ဗီလုန်းနီးယားနိုင်​ငံကို ဘီစီ ၁၈ ရာစုတွင်​ ဟမ်​မူရာဗီ​ခေတ်​က
(Hammurabi)ဘုရင်​မှ ပြိုင်​ဘက်​အိမ်​နီးချင်းနိုင်​ငံများအား သိမ်းယူ
နိုင်​ခဲ့ပြီး​နောက်​ ဗယ်​ဗီလုန်းအင်​ပါယာအဖြစ်​ တည်​​ထောင်​ခဲ့ခြင်း
ဖြစ်​သည်​။ ထိုသို့ အင်​ပါယာ ထူ​ထောင်​နိုင်​ခဲ့ခြင်း​ကြောင့် ဟမ်​မူရာဗီမှာ
ဗယ်​ဗီလုန်းသမိုင်းတွင်​ အ​ပြောင်​​မြောက်​ဆုံးဘုရင်​တစ်​ပါး ဖြစ်​ခဲ့သည်​။
ဗယ်​ဗီလုန်းနီးယားယဉ်​​ကျေးမူနှင့် ပတ်​သတ်​ပြီး ဟမ်​မူရာဗီ​ခေတ်​က ကျန်
ရစ်​ခဲ့​သော ရွံပြားစာ​ပေနှင့် ​ကျောက်​စာများကို ပညာရှင်​များ ​လေ့လာကြည့်ခဲ့ကြရာ ဗယ်​ဗီလုန်းနီးယားတို့၏ ယဉ်​​ကျေးမူသည်​ ဆူမာ
ရီယန်​ လူမျိုးများထံမှ အ​မွေရခဲ့ခြင်းသာဖြစ်​ပြီး ယင်းတို့၏ယဉ်​​ကျေးမူ လက်​ရာများမှာ ကုန်​သွယ်​မူပညာ၊စာ​ပေပညာ၊သိပ္ပံပညာ၊အနုပညာများ
ပင်​ဖြစ်​သည်​။
ဗယ်​ဗီလုန်းနီးယန်းတို့သည်​ နတ်​ဘုရားအမျိုးမျိုးကို ကိုးကွယ်
ကြသည်​။ ထိုနတ်​ဘုရားများသည်​ လူတို့၏စိတ်​ထဲတွင်​ ခံစား​နေရ​သော
ဝေဒနာများကို သိရှိနိုင်​ပြီး လူသားတို့ကို ကူညီ​စောင်​မ​ပေးနိုင်​သည်​ဟု
ယင်းတို့က ယုံကြည်​ခဲ့ကြသည်​။ထိုအထဲမှ မြို့​စောင့်နတ်​ဆို​သော မာဒွတ်​(MARDUK)ကို ပိုပြီးအထူးတလည်​ ကိုးကွယ်​ကြသည်​။ဗယ်​ဗီ
လုန်းမှ နတ်​ဆရာများကလည်း မာဒွတ်​၏ တန်​ခိုးကြီးမားပုံကို ​ဖော်​ထုတ်
ဟော​ပြောကြသည်​။ထို​ကြောင့်ပင်​ ​​​ဗယ်​​ဗီလုန်းရှိ နတ်​နန်းများမှာ ​ရှေးဆူမာရီယန်​​ခေတ်​နတ်​ကွန်းများထက်​ အ​ဆောင်​အ​ယောင်​ပိုများလာခဲ့
သည်​။ထိုသို့များလာသည်​နှင့်အမျှ ပူ​ဇော်​ပသမူလုပ်​ငန်းများလည်း ကျယ်
ဝန်းလာကာ ဘာသာ​ရေးအသင်းတစ်​ခုကဲ့သို့ဖြစ်​လာခဲ့သည်​။ယင်းတို့၏
နတ်​များကို ပူေ​ဇာ်​ပသ​ရေးတွင်​လည်း ဒူး​နေရာ​ဒူး၊ ​တော်​​နေရာ​တော်​ ခွဲခြားထားလာခဲ့သည်။ပူ​ဇော်​ပသ သူများအား ခွဲခြားပြီး ဝင်​ခွင့်ပြု၏။သ
မိုင်း​ကြောင်းတွင်​ ဗယ်​​ဗီလုန်းနီယန်းတို့အတွတ်​ အမှတ်​ရ​စေသည်​မှာဘာ
ဘယ်​ရဲတိုက်​​မျှော်​စင်​ပင်​ဖြစ်​သည်​။ယင်းတို့သည်​ ထို​မျှော်​စင်​ကို အတ္တီမီနန်​ကီဟု ​ခေါ်ခဲ့ကြ၏။ထိုအမည်​၏ အဓိပ္ပါယ်​မှာမူ ကမ္ဘာ​မြေ
နှင့် ​ကောင်းကင်​ဘုံတို့၏ အုတ်​မြစ်​ဟူ၏ ။ဗယ်​ဗီလုန်းဆိုသည်​ကမူ ဘုရား
သခင်​၏ဂိတ်​ဝဟု ဆိုထားကြ​ပေသည်​။
Aug 7.2015
Minsetwai


Minsetwai-သမိုင်းထဲက ​ဗယ်​ဗီလုန်း

$
0
0

မင်း​ဆက်​​ဝေ =ဗယ်​ဗီလုန်း
ကျွန်​​တော်​၏ဘ​လော့များ
Blog-12
သမိုင်းထဲက ​ဗယ်​ဗီလုန်း
ဗယ်​ဗီလုန်းနီးယားနိုင်​ငံကို ဘီစီ ၁၈ ရာစုတွင်​ ဟမ်​မူရာဗီ​ခေတ်​က
(Hammurabi)ဘုရင်​မှ ပြိုင်​ဘက်​အိမ်​နီးချင်းနိုင်​ငံများအား သိမ်းယူ
နိုင်​ခဲ့ပြီး​နောက်​ ဗယ်​ဗီလုန်းအင်​ပါယာအဖြစ်​ တည်​​ထောင်​ခဲ့ခြင်း
ဖြစ်​သည်​။ ထိုသို့ အင်​ပါယာ ထူ​ထောင်​နိုင်​ခဲ့ခြင်း​ကြောင့် ဟမ်​မူရာဗီမှာ
ဗယ်​ဗီလုန်းသမိုင်းတွင်​ အ​ပြောင်​​မြောက်​ဆုံးဘုရင်​တစ်​ပါး ဖြစ်​ခဲ့သည်​။
ဗယ်​ဗီလုန်းနီးယားယဉ်​​ကျေးမူနှင့် ပတ်​သတ်​ပြီး ဟမ်​မူရာဗီ​ခေတ်​က ကျန်
ရစ်​ခဲ့​သော ရွံပြားစာ​ပေနှင့် ​ကျောက်​စာများကို ပညာရှင်​များ ​လေ့လာကြည့်ခဲ့ကြရာ ဗယ်​ဗီလုန်းနီးယားတို့၏ ယဉ်​​ကျေးမူသည်​ ဆူမာ
ရီယန်​ လူမျိုးများထံမှ အ​မွေရခဲ့ခြင်းသာဖြစ်​ပြီး ယင်းတို့၏ယဉ်​​ကျေးမူ လက်​ရာများမှာ ကုန်​သွယ်​မူပညာ၊စာ​ပေပညာ၊သိပ္ပံပညာ၊အနုပညာများ
ပင်​ဖြစ်​သည်​။
ဗယ်​ဗီလုန်းနီးယန်းတို့သည်​ နတ်​ဘုရားအမျိုးမျိုးကို ကိုးကွယ်
ကြသည်​။ ထိုနတ်​ဘုရားများသည်​ လူတို့၏စိတ်​ထဲတွင်​ ခံစား​နေရ​သော
ဝေဒနာများကို သိရှိနိုင်​ပြီး လူသားတို့ကို ကူညီ​စောင်​မ​ပေးနိုင်​သည်​ဟု
ယင်းတို့က ယုံကြည်​ခဲ့ကြသည်​။ထိုအထဲမှ မြို့​စောင့်နတ်​ဆို​သော မာဒွတ်​(MARDUK)ကို ပိုပြီးအထူးတလည်​ ကိုးကွယ်​ကြသည်​။ဗယ်​ဗီ
လုန်းမှ နတ်​ဆရာများကလည်း မာဒွတ်​၏ တန်​ခိုးကြီးမားပုံကို ​ဖော်​ထုတ်
ဟော​ပြောကြသည်​။ထို​ကြောင့်ပင်​ ​​​ဗယ်​​ဗီလုန်းရှိ နတ်​နန်းများမှာ ​ရှေးဆူမာရီယန်​​ခေတ်​နတ်​ကွန်းများထက်​ အ​ဆောင်​အ​ယောင်​ပိုများလာခဲ့
သည်​။ထိုသို့များလာသည်​နှင့်အမျှ ပူ​ဇော်​ပသမူလုပ်​ငန်းများလည်း ကျယ်
ဝန်းလာကာ ဘာသာ​ရေးအသင်းတစ်​ခုကဲ့သို့ဖြစ်​လာခဲ့သည်​။ယင်းတို့၏
နတ်​များကို ပူေ​ဇာ်​ပသ​ရေးတွင်​လည်း ဒူး​နေရာ​ဒူး၊ ​တော်​​နေရာ​တော်​ ခွဲခြားထားလာခဲ့သည်။ပူ​ဇော်​ပသ သူများအား ခွဲခြားပြီး ဝင်​ခွင့်ပြု၏။သ
မိုင်း​ကြောင်းတွင်​ ဗယ်​​ဗီလုန်းနီယန်းတို့အတွတ်​ အမှတ်​ရ​စေသည်​မှာဘာ
ဘယ်​ရဲတိုက်​​မျှော်​စင်​ပင်​ဖြစ်​သည်​။ယင်းတို့သည်​ ထို​မျှော်​စင်​ကို အတ္တီမီနန်​ကီဟု ​ခေါ်ခဲ့ကြ၏။ထိုအမည်​၏ အဓိပ္ပါယ်​မှာမူ ကမ္ဘာ​မြေ
နှင့် ​ကောင်းကင်​ဘုံတို့၏ အုတ်​မြစ်​ဟူ၏ ။ဗယ်​ဗီလုန်းဆိုသည်​ကမူ ဘုရား
သခင်​၏ဂိတ်​ဝဟု ဆိုထားကြ​ပေသည်​။
Aug 7.2015
Minsetwai