Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live
=== အချစ်ဆိုသည်မှာ..... ===
$
0
0
                      အချစ်ဆိုသည်မှာ....................................................။.
                             "ကြယ်တွေ ကြွေလိုက်တာနော်.."
ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။
"အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့"
ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။
"နင်က ဘာဆုတောင်းမှာလဲ"
ကောင်လေးကမေးလိုက်သည်။
"ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်"
"အင်း ဒါပဲလား"
"ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး
ဆက်သင်ချင်တယ်"
"ဒါပဲလား"
"ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက
ကျေးဇူးဆပ်ချင်တယ်"
"ဒါပဲလား"
"ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်"
"ဒါပဲလား"
"မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။
နတ်ရေကန်ထဲ ကျတယ် ဆိုတာမျိုးပေါ့"
"နင့်ဆုတောင်းတွေကလည်း များလိုက်တာနော်"
"အင်း.. ဟုတ်တယ်။ ဒါနဲ့ နင်ကရော ဘာဆုတောင်းမှာလဲ'
"ငါလား"
ကောင်လေးက တီးတိုးပြောလေသည်။
"နင်ဆုတောင်းတိုင်း ပြည့်စေဖို့ ကြွေပေးမယ့် ကြယ်ကလေးတပွင့် ထပ်ခါထပ်ခါ
ပြန်ဖြစ်ပါစေပေါ့"
..သူငယ်ချင်းတို့ဖက်ကြည့်ပြီးပြီလား......................................
.သူငယ်ချင်းတို့စိတ်ထဲမှာ တစ်ခုခုကျန်ခဲ့လားဘယ်လိုခံစားရလဲ...............
အချစ်ဆိုတာ... ကိုယ်ဖြစ်ချင်တာတွေကို ကိုယ်ဖြစ်ချင်တိုင်းတောင်းဆိုတာဟာ
အချစ်လား.... သူဖြစ်ချင်တာတွေကို ကိုယ်ကလိုက်လုပ်ပေးနိုင်အောင်ကျိုးစားနေတာ
ဟာအချစ်လား...
အချစ်ဆိုတာ... ကိုယ်အတွက်သာ ရယူပိုင်ဆိုင်ပိုင်ဆိုင် လိုခြင်းလား....
ဒါမှမဟုတ်... သူအတွက် စွန့်လွှတ်အနစ်နာခံပေးဆပ်ခြင်းလား...
ချစ်ဆိုတာ... ကိုယ့်ရဲ့စိတ်တဒင်္ဂ တခဏသာယာမှုအတွက်လား ..............
ဒါမှမဟုတ်... တဘ၀လုံး နှစ်ကိုယ်တူ ကြည်နူးပျော်ရွှင်ဘို့အတွက်လား.....
အချစ်ဆိုတာ..........................................
  ***************************************************
         “ သင့်ရဲ့ကွန်မန့်တစ်ချက်ဟာ စာရေးသူတွေရဲ့အားကိုဖြစ်စေပါတယ် ”
                                      ခက်တက်တဲ့  လူကဲလေး :p
Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း
$
0
0
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ  အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ 
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့
ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။
ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
(http://netlumone31.blogspot.com..သူရိန်နေမင်း) မှပြန်လည်မျှဝေလိုက်ပါတယ်.....
“အလုပ်တွေကိုပဲမလုပ်ကြပါနဲ့”
$
0
0
“အလုပ်တွေကိုပဲမလုပ်ကြပါနဲ့”
ဒီညနေ အလုပ်မှအပြန် ကုန်စည်ပြပွဲကို ၀င်ဖို့ စိတ်ကူးမိလိုက်တယ်၊ ဒီရက်တွေ ရာသီဥတုက အလွန်တရာမှဆိုးပါတယ်၊ အခြားဒေသတွေရော ဒီလိုပဲလားလို့တောင် တွေးမိပါတယ်၊ ညဥ့်နက်ပိုင်းနဲ့..အရုဏ်ဦးဆိုရင် အေးစိမ့်စိမ့်လေပြေတွေက ဆောင်းဦး ရဲ့ အချမ်းပိုလာတော့မယ် သင်္ကေတကိုပြနေပေမယ့်…နေ့လယ်ပိုင်းတွေကစလို့ နေမ၀င်မီအချိန်ကြားကာလတွေမှာ တော့ နွေဦးရာသီကပင် အရှုံးပေးရမည်ထင်သည်…။
မနက် (၈)နာရီမှသည် ညနေ (၆)နာရီအချိန်အတွင်း ရှည်မျောမျောအခန်းကျဉ်းလေးထဲမှာ ကျွန်မနှင့်အတူ customerတွေရယ်၊ ကွန်ပျူတာတွေရယ် လုံးလားထွေးလားဖြစ်နေရသည်၊ နေ့စဉ်နှင့်အမျှ လုပ်ငန်းခွင်ထဲမှာ ရှင်သန်နေကြရတဲ့ ကျွန်မတို့လိုဘ၀တွေ မှာ အလုပ်ခွင်မှရလာတဲ့ မွန်းကျပ်မှု၊ customerတွေအပေါ် ၀န်ဆောင်မှုအမျိုးမျိုးပေးရတဲ့အတွက် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဆန္ဒ တွေနဲ့ customerတွေရဲ့ဆန္ဒ ထပ်တူမကျခဲ့မှုတွေကြောင့် မွန်းကျပ်မှုတွေလည်း ရရှိခဲ့ရပါတယ်..၊အလုပ်တွေ အားလပ်နေတဲ့ အချိန်ကာလတွေမှာ မိသားစုအရေး..လူမှုရေး..စီးပွားရေး..စသည့်အကြောင်းအရာမျိုးစုံတွေကိုလည်း တွေးမိနေကြမှာပါ..ဒီလို တစ်နေ့တာလုံး အလုပ်ထဲမှာ နစ်မြုပ်နေကြရသူတွေအတွက် စိတ်ပေါ့ပါးလန်းဆန်းစွာရှိနေဖို့အတွက် ကိုယ့်ရဲ့ မိသားစု၊ (သို့မဟုတ်) သူငယ်ချင်း၊ မောင်နှမ၊ မိတ်ဆွေများနှင့်အတူ ကိုယ့်ရဲ့ပတ်ဝန်းကျင်အနီးအနားတွေမှာ အပန်းဖြေဖို့ လိုအပ်မယ် ထင် ပါတယ်။ အဲ့ဒီလိုအပန်းဖြေလိုက်ခြင်းအားဖြင့် လုပ်ငန်းခွင်ထဲမှ မွန်းကျပ်မှုတွေကို ခဏတာအားဖြင့် ပြေပျောက်စေနိုင်ပါတယ်။
ကျွန်မပြောပြချင်တဲ့အကြောင်းအရာလေးကို ဆက်ပါအုံးမယ်..
ညနေ(၆)နာရီ အလုပ်မှအပြန် ကုန်စည်ပြပွဲက အိမ်အပြန်လမ်းမဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမကြီးရဲ့ဘေး၊ မူယာပင်ရပ်၊ သီရိခေတ္တရာ မြို့တော်ခန်းမကြီးမှာ စည်ကားစွာ ကျင်းပနေတဲ့ ကုန်စည်ပြပွဲကြီးကို သွားရောက်လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ စိတ်ထဲက ဦးတည်မထားမိခဲ့ဘဲ..စိတ်တစ်ခု ပေါ့ပါးလန်းဆန်းစေဖို့အတွက် ပြပွဲထဲကို ၀င်ရောက်ဖို့ ထွက်လာခဲ့ပါတယ်… ညနေ(၆)နာရီ ဆိုသည့်အချိန်က ဆောင်းဦးရာသီလေးမို့ အတော်ပင်မှောင်ရီပျိုးနေခဲ့ပါပြီ..ခေတ္တရာခန်းမ အ၀င်ဝကို စပြီးဝင်ရောက်တာနဲ့ မရေမတွက်နိုင်သော လူတွေက ကျပ်ကျပ်ကိုညပ်နေပါပြီ..၊ ညနေ(၆)နာရီ နေ၀င်ချိန်ဆိုတာ အချို့သောသူများအတွက်တော့ တကိုယ်ရေသန့်ရှင်းရေးနှင့်အတူ ထိုသူတို့၏ခန္ဓာကိုယ်မှ အမွှေးအကြိုင်ရနံ့များ၊ ၀တ်ကောင်းစားလှများဖြင့် ပြပွဲကြီးမှာ လာရောက်လေ့လာနေကြပါတယ်။ ကျွန်မအဖြစ်ကတော့ (၆)နာရီအချိန်ဆိုတာ အလုပ်မှပြန်ချိန်ဖြစ်တာကတကြောင်း၊ အလုပ်မှအိမ်သို့ ရောက်လျှင်လည်း အပြင်သို့ပြန်မထွက်ဖြစ်တာကတကြောင်းဖြင့်.. ကုန်စည်ပြပွဲကို ၀င်ရောက်လာခဲ့မိပါတယ်။
ကျွန်မကိုယ်မှလည်း တစ်နေ့လုံး အလုပ်ထဲမှဖြစ်တာကြောင့် ချွေးတွေနဲ့ပေါ့…အခြားသူတွေလို မျက်နှာပေါ်မှာလည်း လိမ်းခြယ်ထားသမျှတွေက မရှိတော့ပြီ၊ အမွှေးနံ့သာဆိုတာကလည်း ဘယ်ဆီမှန်းမသိပြီ… ကျွန်မအနားမှ လူတွေကိုတော့ အားနာမိပါရဲ့..သို့သော်လည်း မတတ်နိုင်ပြီ..ဒီလိုဖြင့် ကျွန်မ ပြပွဲရဲ့အစကနေ ၀င်ရောက်လိုက်ပြီဆိုသည်နှင့်.. အသားကင်ဆိုင်၊ အ၀တ်အထည်ဆိုင်များ၊ ကားshowroomတွေကို စတင်မြင်တွေ့နေရပါပြီ…ကျွန်မဘေးမှာလည်း လူတွေက ကျိတ်ကျိတ်တိုးလို့ပေါ့ လူတွေတိုးလာလျှင်ပဲ ကျွန်မကိုယ်ကျွန်မမလုံတော့ပေ…ဘာဖြစ်လို့လဲဆိုတော့…ကျွန်မက ဒီပြပွဲကို စိတ်အပန်းပြေရုံသက်သက် လေ့လာကြည့်ရှုရန်ပင်..အလုပ်မှအပြန်ဖြစ်တာကြောင့်လည်း ကိုယ်မှချွေးတွေကြောင့်ရယ် အားနာနေခဲ့ရသေးသည်..။
ဒီလိုနဲ့ ခန်းမကြီးရဲ့ အနောက်ဘက်ကိုဆက်သွားမိရာမှာတော့ ကစားကွင်းများကို တွေ့မြင်ရသည်၊ ခန်းမအတွင်းသို့ဝင်လျှင်ပင်… အကများဖြင့် ဖျော်ဖြေနေသည်ကို တွေ့ မြင်ရပေသည်၊ အကအဖွဲ့များ၏ တေးသံသာများကိုကြားရသည်နှင့်ပင် ကျွန်မရဲ့စိတ်တို့ လန်းဆန်းတက်ကြွလာခဲ့ပြီး ကခုန်ချင်စိတ်ပင်ဖြစ်နေမိသည်၊ စိတ်လွတ်ကိုယ်လွတ်ပင် ခန်းမတွင်းသို့ ကြည့်နေမိသည်.. အကဖျော်ဖြေသည့်နေရာများ၏ နောက်ဆုံးမှနေ၍ အမှတ်တရဓါတ်ပုံလေးရိုက်ဖြစ်ခဲ့လိုက်သည်၊ လူတွေကလည်း တိုးမနိုင်ပါပဲ၊ အဲ့ဒီမှတဆင့် အရှေ့ဘက်ကိုထွက် လာခဲ့ပြန်သည်၊ သားရေအိတ်ဆိုင်များ၊ လက်ဝတ်ရတနာဖန်စီပစ္စည်းဆိုင်များကိုလည်း တွေ့ရသေးသည်။ တဒင်္ဂအတွင်း ကျွန်မရဲ့ စိတ်တွေကို လန်းဆန်းစေခဲ့ပါတယ်။
အပြန်လမ်းတစ်လျှောက်မှာလည်း..အချိန်က ည(၇)နာရီပင်ထိုးခဲ့တာမို့..လူတွေက အသွားကထက်ပင် ကျိတ်ကျိတ်တိုးနေခဲ့သည်၊ ကျွန်မလည်း ပြပွဲကနေ အတင်းတိုးပြီး အပြင်ရောက်အောင် မနည်းထွက်လာခဲ့ရပါသည်၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ညလေးဟာ ကျွန်မ အတွက်တော့ တဒင်္ဂစိတ်သောကတွေ၊ မွန်းကျပ်မှုတွေကို ပြေပျောက်စေခဲ့သည်၊ ကျွန်မလိုပဲ လုပ်ငန်းခွင်ထဲမှာ ၀န်ထုပ်ဝန်ပိုးများ၊ တာဝန်များဖြင့် (၂၄)နာရီပတ်လုံး မွန်းကျပ်မှုတွေ၊ စိတ်သောကတွေရှိနေကြသူများလည်း…ယခုလိုပဲ ကိုယ့်ပတ်ဝန်းကျင်တွင် လေကောင်းလေသန့်ရရှိနိုင်မည့်နေရာ၊ အလည်အပတ်သွားခြင်းများ စသည့်ကောင်းနိုးရာရာ နေရာဒေသလေးတွေမှာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများဖြင့် အပန်းဖြေခြင်းများ ပြုလုပ်နိုင်ခဲ့လျှင် ဘ၀ရဲ့အမောလေးတွေဟာ တဒင်္ဂလောက်တော့ ပြေပျောက်စေနိုင်မယ်ထင်ပါတယ်။
လူသားတွေဟာ တစ်နေ့တာလုံး ၀မ်းစာအတွက် ရှာဖွေရုန်းကန်နေရချိန်တွေမှာ ပင်ပန်းမှုတွေ၊ မွန်းကျပ်မှုတွေမျိုးစုံကလည်း အနည်းနဲ့အများဆိုသလို ရိုက်ခတ်လာနိုင်မှာသေချာပါတယ်။ ထို့ကြောင့်လည်း ကျွန်မတို့တွေကလည်း အလုပ်တွေထဲမှာပဲ နစ်မြုပ် မနေကြပဲ စိတ်ရဲ့အမောတွေပြေရာ ကောင်းမွန်သောနေရာဒေသလေးတွေမှာ အပန်းဖြေရင်း သောကတစ်ချို့တွေကို ပြေပျောက် နိုင်ကြပါစေ။ အလုပ်ဆိုသည်မှာ လုပ်ရမယ်ဆိုပေမယ့်လည်း၊ ၀န်ထမ်းသော်လည်းကောင်း၊ အပြင်မှ စီးပွားရေးလုပ်သူများသော် လည်းကောင်း၊ မိသားစုရဲ့တာဝန်တွေ၊ စသည်ဖြင့်အကြောင်းအမျိုးမျိုးကြောင့် ၀မ်းတစ်ထွာအတွက် အလုပ်လုပ်နေကြသူများ အတွက် အလုပ်ကိုပင် သိမ်းကြုံးလုပ်နေတာမျိုးမဖြစ်စေဘဲ..ဆုံးရှုံးသွားသော အားအင်တွေ၊ စိတ်သောကတွေ၊ စိတ်ဖိစီးမှု၊ မွန်းကျပ်မှုတွေအတွက် အပန်းဖြေဖို့ လိုအပ်ပါလိမ့်မယ်။ ထိုသို့အပန်းဖြေရာမှာလည်း ကောင်းသောအပန်းဖြေခြင်းမျိုးနဲ့သာ ပြုလုပ် သင့်ပြီး ဘ၀ရဲ့ စိတ်ချမ်းသာခြင်းတဒင်္ဂတွေကို ရရှိနိုင်စေဖို့..ရေးသားတင်ပြလိုက်ရပါတယ်…။
နေခြည်သစ်နွယ်(ပြည်)
***ပိုင်ရှင်မဲ့ထီးကလေးဧ။် ရာဇဝင်***
$
0
0
သူမ ကိုတွေ့လိုက်ရင် ခေတ်ဆန်ဆန်မလှသော်လည်း ရိုးရိုးနဲ့ပုံတုံးကြီး မဟုတ်ပြန်ပါဘူး…
 ခေတ်နဲ့အညီ ဝတ်စားထားပေမဲ့ အိနြေ္ဒရရနဲ့ ယဉ်ယဉ်ကျေးကျေး ပုံစံလေးက ကျွန်တော့် စိတ်ထဲရော နှလုံးသားထဲကိုပါ အမှတ်မထင် ဝင်ရောက်လာခဲ့ပါတယ်…
 နေ့တိုင်း ကျွန်တော် စီးနေကျ ဘတ်စ်ကားဂိတ်မှာ သူမနဲ့ အမြဲဆုံဖြစ်ပါတယ်…တွေ့စက သတိမထားမိပေမဲ့ တွေ့ပါများလာလေတော့ ဂရုတစိုက်နဲ့ မှတ်သားမိလာတယ်လေ…
ပိုပြီး အမှတ်ရစေတာက သူ ဆောင်းနေကျ ထီးလေးကြောင့်ပါဘဲ… ဝတ်ပုံစားပုံနဲ့ သွားလာလှုပ်ရှားပုံအရကြည့်ခြင်းအားဖြင့် သူမဟာ မချမ်းသာသော်လည်း စားနိုင်သောက်နိုင် လူလတ်တန်းစား အသိုင်းအဝိုင်းကဆိုတာ သိနိုင်ပါတယ်…
 ဒါပေမဲ့ သူမ ဆောင်းနေတဲ့ ထီကလေးကတော့ လူနဲ့မလိုက်ဖက်အောင် ဟောင်းနွမ်းလွန်းနေပါတယ်…
 ကျွန်တော့် နှလုံးသားထဲ သူမ ပုံရိပ်လေး ဝင်ရောက်လာတဲ့နေ့ကစပြီး လာနေကျ လမ်းကလေးကို လှမ်းမျှော်ကြည့်ရင်း စိတ်ထဲမှလည်း သူမအတွက် ထီးလေးတစ်ချောင်း လက်ဆောင်ပေးချင်စိတ်တွေ ဖြစ်ပေါ်နေမိပါတယ်…
 ဒါပေမဲ့ ဗျာ…ကျွန်တော်ရဲ့  အလုပ်နဲ့အခြေအနေအရဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေရတဲ့ တစ်ကောင်ကြွက် တစ်မျက်နှာပါ…
 ကျွန်တော့်အခြေအနေနဲ့ သူမကို စကားလိုက်ပြောဖို့အရေး အနားတောင် မကပ်ရဲခဲ့ပါဘူး…
 တစ်နေ့ တစ်နေ့ သူမကို အဝေးကမျှော်ကြည့်ရင်း စိတ်ထဲက ထီလေးဝယ်ပေးချင်စိတ်ကလည်း ထိန်းမရနိုင်အောင် တစ်ဖွားဖွားပေါ်လို့သာ နေပါတယ်…
 ကျွန်တော် စဉ်းစားမရတာ တစ်ခုက သူမ ဘာကြောင့် ဒီထီးလေးကို မြတ်မြတ်နိုးနိုးနဲ့ မစွန့်ပစ်နိုင်အောင် သုံးနေရတာလဲ ဆိုတာကိုပါ…
 သူမ ချစ်သူပေးထားတာကြောင့်များ ဒီလောက်နှစ်ခြိုက်စွာ သုံးစွဲနေတာများလား…
 “လား” ပေါင်းများစွာနဲ့ သူမကို ကျွန်တော် စောင့်ကြည့်နေခဲ့တာ တစ်နွေကုန်လို့ တစ်မိုးတောင် ပြောင်းသွားပါပြီ…သူမ မှာချစ်သူရှိတဲ့ လက္ခာဏာလည်း မတွေ့ခဲ့ရပါဘူး…
 မိုးတွင်းဆိုတော့ ထီးလေးမှာပိုသနားဖို့တောင် ကောင်းနေပါတယ်…လေဒဏ်၊ မိုးဒဏ်ကို အံတုရင်း ထီအနားလေးတွေက အပ်ချည်လေးတွေတောင် ပြုတ်လို့နေပါပြီ…
 ထီးပိုင်ရှင်မှာတော့ ဘယ်လိုခံစားရမယ် မသိပေမဲ့ ကျွန်တော်ကတော့ ဘေးကနေကြည့်ပြီး ဆုံးဖြတ်ချက် တစ်ခု ပိုင်ပိုင်ချလိုက်မိပါတယ်…
 သူမ အတွက် ထီးလေးတစ်ချောင်း လက်ဆောင်ပေးရင်း ကျွန်တော့်ရင်ထဲက ခံစားချက်တွေကိုလည်း ဖွင့်ပြောမယ်ဆိုတဲ့ စိတ်ကူးလေးပါ…
 ဒီလိုနဲ့ ကျွန်တော်ရတဲ့ လခထဲကနေ သူမအတွက် ထီးဖိုးလေးကို မစားရက် မသောက်ရက်နဲ့ ချွေချွေတာတာ စုလာလိုက်တာ တစ်လပြည့်တဲ့နေ့မှာတော့ လက်ထဲမှာ ပိုက်ဆံလုံလုံလောက်လောက်လေး ရလာတဲ့အတွက် ထီလေးသွားဝယ်မိပါတယ်…
 ကျွန်တော်ကိုယ်တိုင်က ထီးလဲသိပ်မဆောင်းဖြစ်တဲ့အတွက် ဘာအမျိုးအစားကောင်းမှန်းလဲမသိပါဘူး…
 ဆိုင်က အရောင်းကောင်မလေးကို မေးပြီး သူညွှန်လိုက်တဲ့ ဂျပန်ထီး ခိုင်ခိုင်ခံ့ခံ့လေး တစ်ချောင်းကို ကျွန်တော့်ရဲ့  ချွေးနှဲစာလေးနဲ့ ဝယ်ဖြစ်လိုက်ပါတယ်…
 အဲဒီနေ့ အိမ်အပြန်ဟာ ကျွန်တော့်ဘဝမှာ အပျော်ဆုံးဖြစ်ခဲ့ပါတယ်…မနက်ဖြန်ဆိုရင် သူမကိုထီးလေး လက်ဆောင်ပေးရင်း ကျွန်တော့် ခံစားချက်တွေကိုလဲ ဖွင့်ပြောရတော့မှာမို့ ညဘက် အိပ်ချိန်တိုင်အောင် တော်တော်နဲ့အိပ်မပျော်ဖြစ်ခဲ့ရပါတယ်…
 မနက်မိုးလင်းတော့ စိတ်ကြည်ကြည်လင်လင်လေးနဲ့ အားအင်တွေပြည့်ဝသလို ခံစားရပြီး လှုပ်ရှားမှုတိုင်းဟာလည်း မြန်ဆန်သွက်လက်နေပါတယ်…
 စောင့်ကြည့်နေကျ ဘတ်စ်ကားဂိတ်ကို ခါတိုင်းနေ့တွေထက် စောအောင်အရောက်သွားလိုက်ပါတယ်…
ကျွန်တော့်စိတ်တွေကဘဲ စောနေတာလားမသိပါ…ဒီနေ့မှ သူမ အရောက်နောက်ကျနေသလိုပါဘဲ…
 “ ဟော” လာပါပြီ ခင်ဗျ …ကျွန်တော့်ရဲ့  အိနြေ္ဒရှင်မလေးက တစ်လှမ်းချင်း တစ်လှမ်းချင်း ဆင်မယှဉ်သာ လျှောက်လှမ်းလာပါတယ်…
 “ ဟင်” ကျွန်တော့် မျက်စိတွေများ အမြင်မှားလေရော့သလား…
သူမ ဘေးက သူမပခုံးကိုဖက်ပြီး ပါလာသူ ဘယ်သူများပါလိမ့်…
ကျွန်တော့် အမြင်အာရုံကို အတင်းပွတ်သတ်ရင်း နောက်တစ်ခေါက် ထပ်ကြည့်မိပါတယ်…
 သေချာသွားပါပြီ… သူမမှာ ကျွန်တော်မတွေ့ခဲ့ရတဲ့ အပြုံးပန်းလေးနဲ့အတူ မျက်နှာလေးဟာ ဝင်းပနေပါတယ်…
 ပိုပြီး ထူးခြားတာလား၊ တိုက်ဆိုင်ခြင်းလား မသိတော့ပါ…သူမ ဘေးက ထိုလူက သူမကို ထီးသစ်လေးမိုးပြီး မိုးဖွဲလေးတွေကို ကာကွယ်ပေးထားပါတယ်…
မိုးဖွဲတွေအောက်မှာ ကျွန်တော့်နားရောက်လာတဲ့ သူမတို့စုံတွဲကို မော်မကြည့်ရဲအောင် ကျွန်တော်ရယ် ပိုင်ရှင်မရှိတော့သော ထီးလေးရယ် ခေါင်းငိုက်စိုက်ကျ အရှုံးပေးနေရပြီလေ…
 အဲဒီနေ့မှစလို့ နောက်နေ့တွေမှာ သူမကိုလည်း ကျွန်တော် ထပ်မတွေ့ရတော့ပါဘူး…
 ကံကြမ္မာ မျက်နှာသာမပေးလေတော့ တအုံနွေးနွေး ကျွန်တော့်ရင်ထဲက အချစ်တွေနဲ့အတူ ပိုင်ရှင်မဲ့ ထီးကလေးကိုပါ သေတ္တာထဲထည့် သော့ခတ်သိမ်းထားခဲ့တာ နှစ်တွေတောင်ကြာခဲ့ပါပြီ…
 မတွေ့မြင်ရတော့ လွမ်းသလိုလိုရှိပေမဲ့ မမြင်ပါကြာလာတော့ ကျွန်တော့်ရင်ထဲက ဒဏ်ရာလဲကျက်လုနီးပါး ဖြစ်နေပါပြီ…
ဒီနေ့ မှ ထီးကလေးရဲ့  ပိုင်ရှင် သူမကို ကလေးလေး တစ်ယောက်လက်ဆွဲ၍ စီးနေကျ ဘတ်စ်ကားဂိတ်မှာ ပြန်တွေ့လိုက်ရတော့ အဟောင်းက ဝေဒနာ အသစ်ပြန်ခံစားလိုက်ရပါတယ်…
 ကြာခဲ့ပါပြီ   ကြာခဲ့ပြီလေ…ခုတော့ ကျွန်တော်သိမ်းထားဆဲဖြစ်တဲ့ ထီးလေးရဲ့ ပိုင်ရှင်ကိုပြန်တွေ့နေရပေမဲ့ ထီလေးဟောင်းသွားသလို သူမဘဝလဲ ပြောင်းလဲသွားခဲ့ပြီလေ………..
(ကိုယ်တိုင်ရေးသားသည်)
အားပေးမှုကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ထပ်၍ကြိုးစားပါအုန်းမည်။       ။
“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”
$
0
0
“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”
ကျနော်တို့ အမြဲကြားနေရတဲ့စကားကတော့ အနိစ္စအမြဲမရှိပါတဲ့။
ဒါပေမယ့် ဒီနေရာလေးကတော့ ခေတ်တွေဘယ်လိုပြောင်းပြောင်း အုပ်ချုပ်သူဘယ်လိုပြောင်းပြောင်း
မပြောင်းမလဲ ရှိနေတာလေးပါ။
တက်သိမ်းအင်း (ကန်တော်ကြီး)အရှေ့ဘက်ခြမ်း တိုက်ခန်း တွေရဲ့အနောက်ဘက်ကလမ်းကလေးပါ။
တိုက်ခန်းနေတဲ့အခန်းသုံးဆယ်က နေတဲ့လူတွေနေ့စဉ်သုံးတဲ့အမိုက်တွေကို ပစ်ရတဲ့နေရာလေးပါ။.
ဒီအမိုက်ပစ်တဲ့နေရာလေးကို အစက သံစည်ပိုင်းလာချထားပေးပါတယ်။
ဒါပေမယ်အမိုက်က များ အမိုက်သိမ်းကားကမလာဆိုတော့ အဲဒီသံစည်ပိုင်းလေးလဲ
သံချေးတက်ပေါက်ပြဲသွားတော့ ပြန်လာသိမ်းသွားပါတယ်။
နောက်တော့ ၀ါးနဲ့ယက်ထားတဲ့ အမိုက်ခြင်းအကြီးကြီးလာချပေးပြန်ပါတယ်။
အဲဒါကလဲ အမိုက်မှန်မှန်လာမသိမ်းတော့ ၀န်နဲ့အားနဲ့မမျှဆိုတာလို ဆွေးပြီးပျက်သွားပြန်ေ၇ာ။
အခုတော့ ဘာမှလာမထားတော့ တိုက်ခန်းနေတဲ့လူတွေကလဲ မြေကြီးပေါ်ဘဲအမိုက်သွန်ရတော့တာပေါ့။
ဒီအမိုက်ပုံလေးကို မနက်အာရုံတက်က စလို့ မိုးချုပ်တဲ့အထိ အမိုက်ကောက်တဲ့လူတွေက လာလာဖွပါတယ်။
အဲတော့ နဂိုရ်က မှ အထိန်းအကွပ်မဲ့နေတဲ့အမိုက်တွေက လမ်းပေါ်မှာ မြင်မကောင်းအောင်ပြန့်ကျဲနေပါတယ်။
စည်ပင်သာယာက လာမသိမ်းတာကြောင့် အမြင်မတော်တော့ အဲဒီနားမှာနေတဲ့သူတွေက အမိုက်တွေကိုလှည်း
ပြီး ပြန်ပုံ အမိုက်ကောက်သူက လာဖွနဲ့ သံသရာလည်နေပါတယ်။
အဲတော့ ဒီနေရာလေးက
“အမြဲမရှိဆိုတာမှားတယ်လို့ သက်သေပြနေတဲ့နေရာလေး”
လို့ဆိုရင်လဲမမှားပါဘူး။
ဗဟုသုတအဖြစ်လာရောက်လေ့လာမယ်ဆိုရင် ကန်တော်ကြီးအရှေ့ဖက်ခြမ်းက ဒေါနခြံတိုက်ခန်း တွေရဲ့အနောက်ဘက်ကန်မှာလမ်းကို လာပြီး ကြည့်ရူ့ နိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။.
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(22-10-212)
(^ _ ^) လက်ဖ၀ါးတစ်ဖက်နဲ့နမ်းတဲ့ပါး (^ _ ^)
$
0
0
ဖြန်း.....................
ဖြန်း.....................
့ဖြန်း.....................
" ပိာုက်ဆော်ကုန်ပီပာ "
ပော့ကောင်တွေသွားမကြည့်နဲ့လေ ကောင်လေးရှက်သွားအုန်းမယ်
အစကဒီလိုပါ
ကျွန်တော်တို့သူငယ်ချင်းတွေအပြင်ကအပြန် မောလို့တစ်နေရာမှာထိုင်နေတုန်း အတွဲလေးတစ်တွဲကို သူငယ်ချင်းတစ်ယောက်ကဒီလိုပြတယ်
"ပော့ကောင်တွေ ပိာုအတွဲလေးကိုကြည့်စမ်း လိုက်ဖက်ညီတယ်နော် "
" အေးပာ "
" ပာုတ်တယ် "
" ကြည့်ရတာ ကောင်မလေးစိတ်ကောက်နေတာကို ကောင်လေးက လိုက်ချော့နေတယ်နဲ့တူတယ် "
" မဖြစ်နိုင်ဘူး စိတ်ကောက်တဲ့အတွဲတွေက အဲ့လိုမပာုတ်ဘူး ဒါကောင်လေး ချစ်စကားလိုက်ပြောနေတာထင်တယ် "
" ပာုတ်လို့လားကွားမင်းကလဲ "
" မယုံရင်မင်းတို့ကြည့်ကြလေ "
အဲဒီမှာပဲ
ဖြန်း.....................
ဖြန်း.....................
့ဖြန်း.....................
" ပိာုက်ဆော်ကုန်ပီပာ "
" ပော့ကောင်တွေသွားမကြည့်နဲ့လေ ကောင်လေးရှက်သွားအုန်းမယ် "
" ပောာ ကောင်မလေးထွက်သွားပြီ "
" ဒါတော့မပာုတ်သေးဘူးကွာ တော်တော်ရက်စက်တဲ့မိန်းခလေးပဲ
အချစ်ကိုလက်မခံလဲ ကြိုက်သလိုတုန်ပြန်တဲ့နည်းလမ်းတွေများကြီးရှိတာပဲ မျက်နှာဆိုတာ အမြတ်တနိုးထားရတဲ့အရာမျိုးကွ
သူ့မိဘတွေ မွှေးခဲ့တဲ့အရာလဲပါးပဲ သူ့သူငယ်ချင်းတွေ ခင်ခဲ့တာလဲ ဒီမျက်နှာကြောင့်ပဲ သူ့နောက်ချစ်လာမဲ့သူ မေတ္တာရှိမှာ ဒီမျက်နှာပဲကွ "
"အေးကွာအဲ့တာလဲ ပာုတ်တယ် မလုပ်သင့်ဘူးကွာ"
"မင်းတို့ကလဲကွာ ကိုယ်နဲ့မဆိုင်ရင်ထားလိုက်ပါတော့"
" အရင်ကမဆိုင်ပေမဲ့ခုတော့ဆိုင်သွားပြီ  ငါသွားလိုက်ဦးမယ် "
" ပော့ကောင် ဘယ်လဲ "  
" ပာိုမှာ ကောင်မလေးပါးရိုက်လိုက်တုန်းက လွင့်ကျသွားတဲ့ မျက်မှန်ကို ပါးတစ်ဖက်အုပ်ပြီး မမြင်မကန်းလိုက်ရှာနေတယ် မင်းတို့နေခဲ့ "
" ညီလေးဘာပျောက်လို့အသဲအသန်လိုက်ရှာနေတာလဲကွ "
" ကျွန်တော့်မျက်မှန် ဘယ်နားကျသွားလဲမသိလို့ အဲ့တာလိုက်ရှာနေတာပါ "
" ပာုတ်လား အကိုလဲ ၀ိုင်းရှာပေးမယ်လေ "
" ရော့ညီလေးဒါမင်းမျက်မှန်လေးမှတ်လား "
" ပာာပာုတ်တယ်အကို ကျေးဇူးတင်တယ်ဗျာ "
" ကဲကဲ ဒါဆိုလဲအကိုသွားတော့တယ် သူငယ်ချင်းတွေစောင့်နေလို့ တာ့တာကွာ အစဉ်ပြေပါစေ "
  အဲ့စကားကြောင့် သူစိတ်ထဲတစ်မျိုးဖြစ်သွားပုံရတယ် ကျွန်တော်ကလဲ သူ့ပုံစံမျိုးက ရိုးသားတဲ့အခြေခံရှိပြီး နုံတဲ့ပုံစံမျိုးဖြစ်နေလို့ အားပေးစကားပြောလိုက်တာပါ
 " အကို နေပါအုန်းဗျ မျက်မှန်ပြန်ရှာပေးလို့ တစ်ခုခုကျွေးပါရစေ "
 " ကောင်းသားပဲ လာလေကွာ ပြီးရင် မင်းနဲ့ခင်တာပေါ့ "
လူတော်တော်များများပါ အချစ်နဲ့တွေ့လာရင် ဒါမှမပာုတ် ဒုက္ခတွေမွန်းကျပ်လာရင် ထွက်ပေါက်နေနဲ့ ရင်ဖွင့်တက်ကျပါတယ်
အခုမှ သိကျွမ်းပေမဲ့လည်း ဒီကောင်လေး သူ့ချစ်သူပေါ်တော်တော်ချစ်ရှာတာ သူ့ပြောပြပုံအရ ဒီလိုပါ
" ကျွန်တော်နဲ့သူနဲ့က တက္ကသိုလ်မှာကထဲက ရင်းနှီးကျွမ်းဝင်လာတာပါ "
 လမ်းမှားတွေရောက်မှာစိုးလို့ တားတဲ့အခါတိုင်း ဒဏ်ခတ်တက်ပါတယ် ကျွန်တော့်ကို ( ဘယ်လိုလဲဆိုတာ စောနကပဲ မြင်ပြီးပြီကို မေးတော့ပါဘူးလေ )
သူ့ကိုချစ်စကား ပြောခဲ့တာကြာနေပေမဲ့လည်း ခုထက်ထိ သူ့ဘက်က မီးစိမ်းမပြခဲ့ပါဘူး
စသောစသောတွေ......................................
မင်းကောင်မလေး ရောမင်းပါ ရုပ်ချောပြီးသားပါ
အတက်ပညာလဲ ပြောစရာမလိုဘူး
မိဘချင်းတွေကလဲ သိပြီးသား
အချင်းချင်းလဲ မြင်ပြီး သံယောဇဉ်ရှိပြီးသား
ဒီတော့..............
မင်းသူ့ကိုတစ်ကယ်ချစ်လားမချစ်ဘူးလားဆိုတာ မေးဖို့မလိုတော့ဘူး
မိန်းခလေးတစ်ယောက်ကို ယောက်ကျာင်္လေးတစ်ယောက်က ချစ်လို့ လမ်းရိုးကြီးလျှောက်ဖို့ သတ်မှတ်ပြီးသားကို
မင်းကောင်မလေးက ဘာကြောင့်အသဲအသန်လက်မခံနိုင်ရတာလဲ............?
အကိုမင်းကို ကူညီမယ်ညီလေး နောက်တစ်ပတ် ဒီနေရာမှာပြန်ဆုံမယ်
အကိုလိုအပ်တဲ့အချက်အလက်တွေကို SmS နဲ့ပြောမယ် ဖုန်းက 0943..........
" ကျေးဇူးတင်လိုက်တာအကိုရာ "
" ခုခေတ်မှာ အမှန်တိုင်းပြောရရင် မိန်းခလေးတွေမရှားပါဘူး ကိုယ့်ချစ်သူကို ပြန်ချစ်အောင်မလုပ်နိုင်ဘူး ကျွန်တော်သူငယ်ချင်းတွေက အစ ကူညီပေးကျပေမဲ့
ခုထိမထူးသေးဘူး အကို "
" ကောင်းတာပေါ့ လူအင်အားများတော့ ပိုအစဉ်ပြေတာပေါ့ "
အဲ့လိုနဲ့ လမ်းခွဲပြီး သူငယ်ချင်း တွေစီပြန်လာလိုက်တယ်
" ပော့ကောင်တွေ ငါတို့ပိာုကောင်လေးကို ကူညီကျမယ် "
" အိုကေ "
" အေး "
" လုပ်လိုက်လေ "
အားလုံး ဒီကောင်လေးအတွက် " CheeR ..... "
နောက်နေ့နောက်နေ့တွေမှာ ကျွန်တော်ပြေတဲ့အစီစဉ်တွေအတိုင်း ဒီကောင်လေး ရော သူ့သူငယ်ချင်းတွေပါ ယုံကြည်စွာလုပ်ပေးကျပါတယ်
ကောင်မလေးနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို ဘယ်ကဘယ်လိုယူလာသလဲမသိတဲ့ ကျွန်တော့်ဘော်ဘော်များကလဲ ပင်ပန်းနေတဲ့မျက်ခွပ်တွေမပာုတ်ပဲ
သူတို့ချစ်သူအလား တက်တက်ကြွကြွ လုပ်ပေးကျတယ်
သင်တို့ကိုတစ်ခုမေးပါမယ်
ရုပ်လဲချောပြီးသား
အဆင့်တန်းလဲ ညီတူ
မိဘလဲ စိုပြေပြီးသား
သင့်ပေါ်မှာလဲ သိက္ခာမပြောနဲ့ ပါးတစ်စုံပါ ပေးဆပ်ထားတဲ့သူ
ပညာလေးလဲ ပြောစရာမလို
ဒီလိုလူကို ကောင်မလေးဘာကြောင့်မချစ်နိုင်တာလဲ သိပါသလား.............? ( မေးရုံပဲနော် )
ဖြစ်နိုင်ခြေအဖြေက ။ ။ ( ၁ ) အရမ်းချစ်ရတဲ့သူရှိနေလို့လား  ( ၂ ) လုံးဝချစ်လို့မရလို့လား  ( ၃ ) ကောင်လေးမှာ လက်မခံနိုင်တဲ့ဆိုးရွားမှု့ရှိနေလို့လား
" ကောင်လေးပြောတာတွေမှန်ရဲ့လား "
" အေးအကုန်ပာုတ်တယ် "
" ကောင်မလေးရဲ့ အနှစ်သက်ဆုံး နဲ့ ကောင်လေးပေါ်သဘောထား နောက် ငါတို့ သတ်မှတ်ထားတဲ့ အချက်တွေထဲက ငြိတာတွေရှိလား........ "
" .................. "
Ok မနက်ဖြန် စမယ်
ကောင်လေး လှုပ်ရှားပါတယ်
မထင်မှတ်တာတွေရော ထင်မှတ်ထားတာတွေရော
ကောင်မလေးရဲ့ ပတ်ဝန်းကျင် ရော အသိပေးပြီး အမှတ်ရအောင်ရော
မြင့်သင့်တာမြင့်ပြီး နှိပ်သင့်တာနှိပ် တာ အကုန်အစဉ်ပြေချောမွေ့တယ်...............( အသေးစိတ်မတင်ပြနိုင်တာ ရှည်မှာစိုးလို့ပါ )
ဇတ်သိမ်းဖို့နောက်ဆုံး ပြကွက်က.....ဒီလို
ကောင်လေးချိန်းဆိုတဲ့နေရာကို ကောင်မလေးရောက်လာတဲ့အဆင့်ထိ အစဉ်ပြေနေပါပြီ................သို့သော် ဘာကြောင့်အဖြေမထွက်လာသေးရတာလဲ
ကောင်လေး..............ကောင်မလေးကို စာတစ်ရွက်ပြတယ်
ကောင်မလေးဖတ်ပြီး အံသြောသွားတယ်....အဲ့အချိန်မှာ ကောင်လေးစကားပြောလိုက်တဲ့အချိန် ကောင်မလေး မျက်လုံးပြူးသွားတယ်ပြီးတော့
ကောင်မလေးလက်တစ်ဖက်မြောက်လိုက်ပြန်တယ်..........
အဲ့ချိန်မှာပဲ.....ကောင်လေးကစားပွဲအောက်မှာ ၀ှက်ထားတဲ့လက်တစ်ဖက်မှာ ပုလင်းတစ်ပုလင်းကို ဖွင့်သောက်ချလိုက်တယ်........
့ပြီးတော့.......ပြီးတော့......ကောင်လေးစားပွဲပေါ် ခေါင်းစိုက်သွားတယ်
အဲ့ချိန်တစ်ပြိုင်နက်ထဲမှာ ကောင်မလေးက ပုလင်းကိုကြည့်ပြီး
မျက်ရည်တစ်စက်ကျတယ်.......
နှစ်စက်ကျတယ်
သုံးစက်.......
မပာုတ်တော့ဘူး .....သဲထန်စွာငိုနေရော ပြီးတော့
ကောင်လေးကို လှုပ်နှိုးတယ် မရတော့ပါဘူး ကောင်လေး ပြန်လည် နိုးထမလာတော့ဘူး.......
ကောင်လေးပြလိုက်တဲ့စာလေးက ဒီလိုပါ
လက်ဖ၀ါးတစ်ဖက်မြောက်တက်ပြီး
ပါးတစ်ဖက်လည်ထွက်ခဲ့သည်
မမြင်ရတဲ့မီးတောက်များ
အကြိမ်ကြိမ်ကမ်းမိသော ပန်းတစ်ပွင့်ကိုဝါးမျိုသွားခဲ့ပြီ
သူကနတ်သမီး
ထွက်သက်ရော ၀င်သက်မှာပါ
စွဲခိုမိတာ သမုဒယပါ
လမ်းများလိုက်ချင်းပေါ် အရော်အစားနဲ့
အဲ့နတ်သမီးရဲ့ စိတ်ထွက်ပေါက်က
ဒီကကောင်ရဲ့ ပါးတစ်ဖတ်ဖြစ်နေတော့
လုပ်ရပ်နိုင်တဲ့သူ နဲ့ လုပ်ခံဝံ့သူ
ဘယ်သူမှမှားတာမပာုတ်ဘူး
ဒီကောင်မလေးသိသင့်တယ်
ရင်ကိုခွဲ  သေနတ်နဲ့တေ့ အကြိမ်ကြိမ်ပစ်ခဲ့ဖူးတယ်
အသဲကိုထည့်  သွေးစိမ်းရှင်ရှင်ပန်းအောင်ချူပ်ခဲ့ဖူးတယ်
အနာကျပ်သွေးပြန်နွေးတော့ ဒဏ်ရာပောာင်းကိုအပြုံးတွေနဲ့ နင်းခြေဖူးတယ်
နတ်သမီးကတော့မသိဘူး
နတ်က္ခတ်တွေစုံပေမဲ့ ဆုတောင်းပြည့်ဖို့ကြယ်တစ်လုံးမှ ကြွေဆင်းမပေးဘူး
ဒီနတ်သမီးရဲ့ အသဲတော်ပန်းကို ကြွေခဖို့
ဘယ်လိုအရာတွေကများ ပာန်တားနေခဲ့တာလိမ့်
ဒါမှမပာုတ်
ရင်နဲ့စီးခံမဲ့ ဒီကကောင်ကို မယုံကြည်ဝံ့နေတာလားကွယ်
အနှစ်အလလ ချည်နှောင်မိတဲ့ကြိုးတွေက
ဒီနတ်သမီးလေးအတွက် အရမ်းများတိုတောင်းနေလို့လား
မင်းဘ၀လေးမပျက်ဖို့
ဒီကောင့်ပါး လျော်ပေးလိုက်ရတာတွေ
ငါဂုဏ်ယူတယ်သိလား
ဘာလို့လဲဆိုတော့
တစ်ခါပျက်ဖူးရင် အကြိမ်ကြိမ်ပျက်သွားတက်လို့လေ
ခုတော့ မသွားခင်လေးပြောလိုက်ဦးမယ်
ငါမပာုတ်တဲ့ တစိမ်းလူရဲ့ ရင်ခွင်ထဲမှာ
သိက္ခာရှိစွာမှီတွယ်ရင်း
နင့်လက်ဖ၀ါးတစ်ဖက်ကို ခဏခဏမသုံးလိုက်ပါနဲ့
သူက ငါလိုမနေပေးနိုင်မှာဆိုးရိမ်တဲ့
အဲ့အခါ တစ်ခါပဲချစ်ဖူးခဲ့တဲ့
နင့်နှလုံးသား ငါ့လိုခံရမှာစိုးရိမ်မိပါတယ်
ပြောတာတွေသေချာမှတ်
လုပ်ပေးပါလို့မပြောတော့ပါဘူး
ဒီလိုဆို ငါစိတ်ချပြီခုတော့
အရမ်းချစ်ခဲ့ပါတယ်     ။   ။  
ဒီကဗျာလေးကျွန်တော်တို့အနားရောက်တော့ ဖတ်ရတာပါ
ကောင်မလေးက ငိုပြီး မပာုတ်ဘူးကြီးပဲ ပြောလိုက်ငိုလိုက်
ကောင်လေးနံမည်ကိုတပြီး ချစ်တယ်ဆိုတဲ့စကား ခုတော့ သူမကြားနိုင်တော့ပါလား.........
သြော် ကောင်လေးသောက်ခဲ့တဲ့ပုလင်းက တစ်ခြားမပာုတ်ဘူး
poison ပုလင်းလေးပါ ......
ကဲခုတော့ ကူညီလက်စနဲ့ ကောင်လေးကိုသူ့ကားပေါ်တင်
အသိဆရာဝန်စီ ကျွန်တော်တို့အားလုံးမှီမလားဆိုတဲ့ အသိစိတ်လေးနဲ့ ရေနစ်တော့လဲ မြက်တစ်ပင်ရှာကြံကြည့်ကျတာ လူ့သဘာဝအတိုင်းပေါ့
ရောက်ပါပြီ..............
ကုတင်ပေါ်တင်တယ် အားလုံးအလုပ်ရှုပ်ကုန်တယ်
ကောင်မလေးက သူ့မပြောလိုက်ရတဲ့စကားလေးကို ပြောနေတုန်းပဲ
ကျွန်တော်တို့ကလဲ ကောင်လေးနဲ့ပတ်သတ်လား မပတ်သတ်ဘူးလားဆိုတာ မေးစရာမလိုဘူးလေ သူမသိပြီးသားဖြစ်မယ်လို့ယူစပြီး
ကောင်လေးကကုတင်ပေါ်မှာ
ကောင်မလေးက ငိုပြီး မေးတယ် " ဆရာဝန်မလာသေးဘူးလားတဲ့ "
" ဘာလို့ ဆေးရုံမသွားတာလဲတဲ့ "
ဒီမေးခွန်းကိုမဖြေတော့ပါဘူး
ဘာလို့လဲဆိုတော့ မလိုအပ်တော့လို့လေ
ပြောဖို့မေ့သွားတယ်ဗျ......အမှန်ကဒီလိုပါ
ညီလေးရော့ မင်းဒီကဗျာလေးဖတ်လိုက် မင်းအတွက် ပြီးတော့...........
ပြီးရင် မင်းဒီပုလင်းလေးသောက်လိုက် သောက်ရဲတယ်မှတ်လား
ပာာအကိုကလဲ အဆိပ်ပုလင်းကြီး....
ပော့ကောင်မင်းကို ငါသတ်မလားကွ ဒီမှာမင်းမယုံမှာစိုးလို့ ငါ ၂ပုလင်းယူလာတယ် ငါသောက်ပြမယ် ကြည့်
တွေ့လား ဇီးဖျော်ရည် ပုလင်းကြီးကွ သေချာအောင် ရေရော ရေနွေးပါဆေးလာပြီး စမ်းသောက်ကြည့်ပြီးမှယူလာတာ
မင်းသောက်ပြီးရင်တော့ အဖုံးသေချာပိတ်ပြီးမှ ဆက်လှုပ်ရှား.....
ဒါပဲကဲ......အောင်မြင်ပါစေကွာ
ကောင်လေးထလာတယ် ပြီးတော့ကောင်မလေးကို ရင်ခွင်ထဲထည့်ပြီး.................
ကျွန်တော်တို့တွေထွက်လာခဲ့တယ်............( မလိုအပ်တော့ဘူးလေဗျာ )
အပြင်ရောက်တော့ လက်ဖ၀ါးချင်းရိုက်ပြီး
" ပေားးးးးးးးးးး "
ကဲသူငယ်ချင်းအစဉ်ပြေသွားပြီဆိုတော့
မင်းစားပွဲအံစွဲထဲမှာ စုံတွဲပုံနဲ့ မဂံလာဆောင်ဖိတ်စာထပ်သိမ်းရတော့မယ်ထင်တယ်
ငါတို့ကောင်မလေးပေါ် ၀ိုင်းညာတာကောင်းပါ့မလားပာ
မပူပါနဲ့ကွာ နှစ်ဖက်မိဘတွေက အစ ငါတို့ကိုကူညီကျတာ
ဒါပေမဲ့ သူ့အကြံမပာုတ်ပဲ သူများအကြံပေးတာသိရင်တော့.........သိရင်တော့
ချစ်သူတွေပေါင်းဖတ်ဖို့ ညဏ်များပေးတာ မလွန်ပါဘူးနော်...........................?
သူများတွေတော့မင်း လုပ်ပေးတာ ပာုတ်နေတာပဲ
မင်းအတွက်ကျတော့ရော မရှာတော့ဘူးလား
ငါ့အတွက်လား...........?   
ပာာပော့ကောင်ပြောလေကွာ ပြေးပြီ ပြေးပြီ လိုက်ပာ
ပာားပာာားပာာားးးးးးးးးးး
့Ycho ( L@T Y@r )
( ကိုယ်တိုင်ရေး )
ဒြပ်မဲ့ ငှက်ငယ်
$
0
0
ဒြပ်မဲ့ ငှက်ငယ်
အလင်းနှစ်ကို ရေတွက် ငါပျံသန်းနေပါရဲ့
ဒါပေမဲ့ စကြာဝဠာကြီးက ကျယ်လွန်းတယ်
ဘယ်ကို သွားသွား ဘယ်ဆီမှ မရောက်ခဲ့သလို
တစ်ယောက်ယောက်က ငါ့ကို ခူးယူနေတာ ခံစားမိတယ်
အသိမဲ့တဲ့ အမှောင်ညမှာ ကြွေကျခဲ့ပေမယ့်
အဲဒီည ဘဝဟာ နယ်လွန်သွားပြီလေ....။
မျောလွင့်နေတဲ့ အတိတ်တွေနဲ့
ပစ္စုပ္ပန်မှာ ရောယောင် နားထောင်မိတဲ့
အလကားလူတစ်ယောက်ရဲ့ စကားက
အသိဥာဏ် အခြားမဲ့မှာ တစ်ဘဝလုံး
နံဟောင်နေတဲ့ သမိုင်းကြောင်းကတော့
ရိုးရှင်းလွန်းပါတယ်..။
အတိတ်မိုးစွေသော ဟိုတနေ့က
အရိပ်ထိုးကျနေတဲ့ သစ်ပင်အောက်
ရနံ့သင်းသင်း ခရေပွင့်တွေ
ကောက်နေမိတယ် ကြွေလွင့်လို့ပေါ့...။
အမြည်းမရှိ လေလွင့်နေတဲ့ ည
ခုနှစ်စင် ကြယ်တွေလည်း
ဣနြေ္ဒမရ ငိုက်မည်းလို့ အိပ်တန်းဝင်ခါနီးပြီ
ဒါပေမဲ့ အချိန်လွန် သက်ကြီး ခေါင်းချမှ
အိပ်မပျော် လင်းကြက်တွန်လာပြီလေ..။
မကြာခင်..
အိပ်တန်းပြန်တော့မှာပါ..
သကာရည် စကားလုံးများ နစ်မွန်းခံပြီရင်
ချိုးကူသံလို ချိမြိန်တဲ့ ခြူသံပေးလိုက်ရုံပါ
အကန့်သတ် များလွန်းတဲ့ လမင်းကို
ကိုယ် ကိုယ်တိုင် လက်လှမ်းမမှီဘူးလို့ ပြောရတာ
ထာဝရ ခါးလွန်းတဲ့ ဆေးတစ်မျိုးပဲပေါ့..။
ပစ္စုပ္ပန်...
အတွေးအိမ်ထဲမှာ ကိုယ်ထင်တာပါ
ကမ္ဘာဦးက သတ်မှတ်ထားတဲ့
နာမ်စားတစ်ခုဟာ ဘဝတစ်ခုရဲ့
နံရိုး တစ်ချောင်း မဟုတ်ဘူးဆိုတာပါပဲ..။
ကြာခဲ့ပြီ...
အတိတ်တွေဟာ ရင့်ကျက်လာပြီ...
တစ်နေ့ပြီး တစ်နေ့ ရေးနေရတဲ့
ကျောင်းစာတွေကို မပျင်းရိခဲ့ဘူး
ဘဝသမိုင်းက ခြေဆင်းထိုင်နေရုံနဲ့တော့
ဒီလို မပြောပါနဲ့ ပင်ပန်းလွန်းလို့...။
ခရီးက ရှည်လွန်းတယ်...
တောင်စွယ် နေကွယ်တာ မြင်သားပဲ..
ညကို ကြိုဆိုနေတဲ့ ဘဝမှတ်တမ်းများက
ဘာဖြစ်လဲ...  ဘဝတစ်ခုလုံး 
ပျက်စီးသွားတာမှ မဟုတ်ဘူးလေ..။
ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့.. ဖြစ်ခဲ့..
ဘယ်ဆီ ဘယ်လိုပဲ ရောက်ခဲ့.. ရောက်ခဲ့
ဘဝထဲက ငါ့အတွက်တော့...။
တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
ကျွန်တော် သက်တော်စောင့်...... (၈)
$
0
0
                        ``  အားလုံးပဲ..... နားတော့မယ်ကွာ.... ဘိုင် ဆီးယူ  ´´ နှုတ်ဆက်ရင်း အိမ်ထဲ လှမ်းဝင်သွားတဲ့ မင်းသမီးကို
ပြန်နှုတ်ဆက်ရင်း အသီးသီး ထွက်သွားကြတယ်..။  ကျွန်တော်လည်း ကားလေးကို မောင်းထွက်လာခဲ့တယ်...။    ည. နေ၀င်ချိန်
ခြံဝက CCTV ကင်မရာ မှန်လေးက အနီရောင်လေး ဖြစ်နေပြီ....။  ထိန်းချုပ်ရေး အခန်းထဲမှာတော့ မှတ်တမ်း သွင်းထားမှာပေါ့...
ရက်ပေါင်း (၃၀)မှတ်တမ်းလုပ်လို့ရတဲ့ စနစ်ကို သုံးထားတယ်လေ..... ။
                         ရေချိုးပြီးလို့ ရေသုပ်ရင်း ညစာဘာစားရမလဲစဉ်းစားနေတုန်း ဖုန်းသံမြည်လာတယ်.... ဖုန်း စခရင်ကို ကြည့်
လိုက်တော့ မင်းသမီးဖုန်းပဲ...
                         ``  ဟဲလို....  အီတာ ပြောပါ... ´´
                         ``  ဟိုင်း.... ဆမ်  ရေချိုးပြီးပြီလား..... ´´
                         `` အင်းပြီးပြီ... ဘာများ´´ စကားမဆုံးလိုက် မင်းသမီးက `` ဒင်နာ သွားစားရအောင် လာခေါ်နော် စောင့်
နေမယ်..... Lady's Heart  ကိုသွားမယ်.... မြန်မြန်လုပ်.....´´
                         `` အာ.. ကျွန်တော် အလုပ်ရှိသေးတယ်/ နောက်မှ လုပ်ပါလား..´´  ဘာကြောင့်မှန်းမသိ ချက်ချင်းငြင်းဆို
လိုက်မိတယ်.....။  `` မရဘူး... ယူ အလုပ်မရှိဘူး မစ္စတာ လူးကပ်စ်ကို အိုင်မေးပြီးပြီ...´´ တဲ့... ဗုဒ္ဓေါ လို့  စိတ်ထဲမှာ ရေရွတ်
မိသွားတယ်။ ကျွန်တော်နဲ့ ပတ်သက်ပြီး မင်းသမီးက ထိထိရောက်ရောက် ခန့်မှန်းနိုင်နေပြီပဲ။ ဒါဆိုရင်ကျွန်တော့်ရဲ့  Zero Level
တော်တော်ကျဆင်းနေတာလား၊  မင်းသမီးကပဲ ပါးနပ်လွန်းတာလား တစ်ခုခုပဲ။ မစ္စတာလူးကပ်စ်လို့ ခေါ်တဲ့ကျွန်တော့်ဌာနမှူးနဲ့
ဘယ်လောက်တောင်ရင်းနှီးနေလဲ မသိဘူး.... နောက်ကို သတိထားရတော့မယ်....။
                         ``  ဒါဆို ခဏစောင့် ရှုပ်တဲ့ နေရာတွေ မသွားဘူးနော်.... နားအေး မျက်စိအေးတဲ့ နေရာမှာပဲ နေချင်တယ်
စိတ်ရှုပ်တတ်လို့.....´´
                        `` ယက်စ်ဆား..... ယူက Lady's Heart  ကိုမရောက်ဖူးဘူးလား...´´
                        `` နိုး..... မရောက်ဖူးဘူးလေ... ´´
                        ``  ယူ သဘောကျမှာပါ...´´
                        `` အိုကေ မဒမ် လာခဲ့မယ်...  ပလိစ် ၀ိတ် ....´´
                        အပေါ်ကုတ်အင်္ကျီဝတ်သွားချင်စိတ်မရှိလို့ ရှပ်လက်ရှည်လေးပဲ ၀တ်လိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် မိုးပြာ
ပြာရောင်လေး.. ဘောင်းဘီကတော့ နက်ပြာ...လိုရမယ်ရ...နားကျပ်ကလေးတော့ တတ်သွားဦးမှ..။    အာ... မဖြစ်သေးပါဘူး
သေနတ်ကလေးလဲ ဆောင်သွားရမယ်?ကျည်(၅)တောင့်လောက် တော့ ထည့်သွားမယ်၊ ဒါဆိုမထူးတော့ပါဘူးကုတ်အပါးလေး
ဝတ်သွားတာပဲ ကောင်းပါတယ်...။
                         `` အင်း... ယူနဲ့ အေးအေးဆေးဆေး စကားပြောချင်တာရယ်.. ကိုယ့်ကို စောင့်ရှောက်ပေးမဲ့ လူကို ဂုဏ်ပြု
တာရယ်လို့ မှတ်ထားပေးနော်...။  ယူ ကြိုက်တာမှာ.. အိုင်က  စကော့ (1899) စပျစ်ဝိုင်နဲ့ ငါးဥ မှာထားတယ်။ ၀ိုင်ကနှစ်ချို့လေ
ကောင်းလေပဲ၊  ခွက်ကလေးကိုလှည့်ရင်း ဖြေးဖြေးလေး မျှင်းပြီး လျှာတစ်ပြားစာလောက် စုပ်ယူ... ပြီးရင်ပါးစပ်ထဲမှာခဏလေး 
ထားပြီးမှ လည်ချောင်းထဲကနေစီးဝင်သွားတာလေးကို  အရမ်းကြိုက်လို့..။   စားဖို့ကအမဲသားနဲ့ ဟင်းသီးဟင်းရွက်ကြော်တစ်ပွဲ
မှာထားတယ်´´  ဖယောင်းတိုင် မီးရောင်အောက်မှာ ပြုံးပြုံးလေးနဲ့ ပြောနေတဲ့မင်းသမီးကို ကြည့်ရတာ  ပန်းလေးတစ်ပွင့်လိုလို
ကြယ်လေးတစ်ပွင့်လိုလိုပါပဲ။  ဒီနေ့ည သူ သိုးမွှေးဆွယ်တာ အပါးလေး ၀တ်ထားတယ်။  ရွှေအိုရောင် ဆံနွယ်တွေကိုလည်းဖြန့်
ချထားတယ်။ ဘာမှ ထွေထွေထူးထူးလည်း လိမ်းခြယ်မထားဘူး....။ ချစ်ခင်မြတ်နိုးရတဲ့ ခင်ပွန်းသည်နဲ့အတူ အမှတ်တရ ညစာ
စားတဲ့ ပုံစံမျိုးလေး..... ဟုတ်တာပေါ့.... သူလည်း မွန်းကျပ်နေမှာပဲလို့ တွေးမိသေးတယ်....။
                         `` ကျေးဇူးပါ´´ ပြောရင်း သခွားမွှေးကို လိမ္မော်သီးနဲ့ ရောဖျော်ခိုင်းလိုက်တယ်။ စားဖို့ကတော့ မြူစွမ်ရယ်၊
အာလူးရယ်၊ ကြက်သားရယ်ကို  နူးနေအောင် ပြုတ်ခိုင်းလိုက်တယ်။   ယနေ့ည Lady's Heart  ရဲ့  အထူးစားစရာ ငါးဆားငံသီး
ပေါင်းတစ်ပွဲပေါ့....။
                          စားစရာတွေ မရောက်ခင် အီတာက ၀ိုင်သောက်ရင်း စပ်စုလာတယ်  `` ဆမ် ပြောပြရဦးမယ်   ဒို့ မွေးစား
အဖေက မြန်မာပြည်ကို ရောက်ဖူးတယ်သိလား..၊ သူ့ မှတ်စုထဲမှာ မြန်မာပြည်အကြောင်း  ရေးထားတယ်။သူငယ်ငယ်က ကုလ
သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတယ်။ နောက်ပြီး နဲနဲကြီးလာတော့   ICRC အဖွဲ့နဲ့ ရောက်
ခဲ့တာတဲ့။ လူတွေ ယဉ်ကျေးတဲ့အကြောင်း....၊ ရေမြေလှပတဲ့အကြောင်း....၊ အသားအရည် နုညက်တဲ့အကြောင်း....၊   ရိုးသား
ကြောင်းတွေ ရေးထားတယ်။ ဓါတ်ပုံတွေလဲ အများကြီးတွေ့ရတယ်..။  နောက်ပြီး သူက  Mr. Thant ရဲ့    ရုံးကဆိုတော့ အရမ်း
လေးစားတာလေ။ ကမ္ဘာစစ်ကိုတောင် တားဆီးနိုင်တဲ့ ပုဂ္ဂိုလ်တဲ့၊ စစ်အေးခေတ်ဦးကာလ စိမ်ခေါ်မှုတွေ  အများကြီးကြားထဲမှာ 
ကမ္ဘာစစ်ကို တားခဲ့တဲ့ ငြိမ်းချမ်းရေးရဲ့ ဖခင်အစစ်တဲ့။    ဒီလို ပုဂ္ဂိုလ်တွေကို နောက်ပိုင်းမှာ  မရနိုင်တော့ဘူးလို့ ခဏခဏပြောခဲ့
တာပေါ့.... ဒါကြောင့် သူက ရီပတ်ဗလီကန် အမတ်ဖြစ်လာတာလေ.... ငြိမ်းချမ်းရေးဆဲလ်တွေ ၀င်နေတာပေါ့....´´
                             ကျွန်တော် မင်းသမီးကို အံ့သြ၀မ်းသာစွာ အကြာကြီး စိုက်ကြည့်နေမိတယ်။  ကျွန်တော့်ရဲ့ ကြည်နူးကျေ
နပ်နေတဲ့မျက်ဝန်း   Plus Level  ကို မင်းသမီးတွေ့နေတာကိုသတိမထားမိခဲ့ဘူး...။   စိတ်ထဲကနေ ကျေးဇူးပါ.. လို့   ဘယ်နှစ်
ကြိမ်ပြောနေမိပါလိမ့်။ သူ့မျက်နှာကို ကြည့်နေရင်း  ပါးစပ်ကလည်း တိုးတိုးလေး ထွက်သွားတယ်လေ...  `` Thank....´´ လို့
ဝိုက် တစ်ငုံသောက်ပြီး ဆက်ပြောလာတယ်....။
                              `` မစ္စတာသန့်ကို အင်္ဂလိပ်လို ဘာသာပြန်ရင် Clean လို့ အဓိပ္ပါယ်ရတယ်တဲ့။ သန့်စင်သော သူပေါ့....
တကယ်လည်း အမည်နဲ့ လိုက်ဖက်ခဲ့တာနော်.... Mr. Thank ကလေ....´´
                             `` ဟုတ်တယ် အီတာ...  သန့်စင်ယုံတင် မကဘူး မွန်မြတ်ခဲ့တာပါ။  ကိုယ်တို့  မြန်မာနိုင်ငံသားတွေအ
တွက် ဂုဏ်ယူမဆုံးတဲ့ ပုဂ္ဂိုလ်ကြီးပေါ့....´´
                            ``  ဟုတ်တာပေါ့... ဒါနဲ့ ဆမ် ယူ့ မြန်မာနံမယ်ကရော....´´
                           ``   အဲ... အဲဒါကလေ..... ဟို..´´
                           ``  ပြောပါ...မပြောချင်ရင် ဒီမှာ ရေးပြကွာ..´´ ပြောရင်းနဲ့ မင်းသမီးက စားစရာမှာတဲ့ ပန်းရောင် စက္ကူ
လေး လှမ်းပေးတယ်.... ကျွန်တော်လည်း ရေးပေးလိုက်ပါတယ်.... `` U Thank Sin Ko ´´ လို့.....။
                           မင်းသမီးက စာရွက်လေးကို သေသေချာချာကြည့်ရင်း  ``  Mr.Thant  ထက်နှစ်လုံးပိုတယ်နော် မြန်မာ
တွေရဲ့ ရိုးရာ အမည်လား....´´
                           `` မဟုတ်ပါဘူးကိုယ်တို့မြန်မာတွေမှာ အမည်ပေးတာနဲ့ ပါတ်သက်ပြီး လွတ်လပ်ကြပါတယ်...။   မျိုးရိုး
အမည်ဆိုတာ မရှိဘူး.. U ဆိုတာက လူကြီးတွေကို ထည့်ခေါ်တာ..။  Thank Sin ဆိုတာက Clean ပါပဲ..။     Ko   ဆိုတာက
ဒီလိုပဲ ထည့်ခေါ်တာပါ... အဓိပ္ပါယ် သတ်မှတ်ချက် သီးသန့် မရှိပါဘူး။  A Ko ဆိုရင်တော့ Brother ပေါ့ ´´   အဓိပ္ပါယ်  သေ
သေချာချာ ရှင်းပြချင်စိတ်ပေါက်သွားပေမဲ့ သိပ်မရှင်းတတ်တော့ နားလည်သလိုပဲ ပြောပြလိုက်ရတယ်။ ဒီ တစ်ခါတော့ကိုယ့်
မြန်မာတွေရဲ့ ၀ိသေသတွေကို သေသေချာချာ လေ့လာထားဖို့လိုအပ်တယ်လို့ ခံစားလိုက်မိတယ်.... နောင်တတွေနဲ့ပေါ့....။
                            `` အင်း... ဆမ်ရေအိုင်လဲ မျှော်လင့်ပါတယ်။ ဆမ်က ငြိမ်းချမ်းခြင်းတွေကို ယူဆောင်လာနိုင်မယ်လို့
လေ...   Mr.Thank လို  ပေါ့နော်...။   နောက်မှ ပြောပြစရာတွေ အများကြီး ရှိသေးတယ်....။ အေးအေးဆေးဆေး  ကြုံရင်
ပြောပြဦးမယ်...´´
                            မင်းသမီး စကားကိုနားထောင်ရင်းသူ့ကို ကျွန်တော် ကြည့်နေမိတယ်  သူရဲ့ Zero Level မှာ နဲနဲလေး
ညှိုးငယ်သွားတဲ့ မျက်ဝန်းတွေကို မြင်နေရတယ်... သူ့မှာ ပူပန်စရာလေး တစ်ခုခု ရှိနေပါလားလို့  နားလည်ရင်း.....
                            `` အီတာရေ... လှပပြီး  တန်ဘိုးရှိတဲ့စကားတွေနဲ့ ကြည်နူးစရာ ညလေးကိုကိုယ်ထာဝရသိမ်းဆည်း
ထားပါ့မယ်...´´ လို့ အသံတိတ်ပြောလိုက်မိတယ်...။    ဒီ ညလေးမှာ  ကြည်နူးကျေနပ်နေသလို  ရင်းနှီး ပူပန်မှုတွေလည်း
ရောယှက် နေလေရဲ့..... ကိုယ့်လူမျိုး...ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ သတ်မှတ်ချက် အကြောင်းအရာလေးတွေကိုလည်း
သေသေချာချာလေ့လာထားရမယ်ဆိုတာကိုလည်း သင်ပြပေးလိုက်သလိုပါပဲ အီတာရေ.... ကျေးဇူးပါ......။
ကျွန်တော် သက်တော်စောင့်...... (၉)သို့
*အောင်မြင်တိုးတက်ခြင်းအကြောင်းများ*
$
0
0
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။
၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကို ဖြစ်စေသည်။
၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာ
မူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ် မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအား မလိုက်စားသင့်။
၁၉။ သူတစ်ပါးတို့အား ကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကို ဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့် တိုးတက်ခြင်းသည်
ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါ တစ်နေ့တာ လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့်
အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှ အကောင်အထည်ဖော်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွာမှုမဖြစ်စေပဲ လက်များကို အကျိုးရှိစွာ အသုံးချပါ။
၂၆။ ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုး မကြည့်သောသူများအား
မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။ အကျင့်စရိုက် ကြမ်းတမ်းသူများနှင့် အတူတကွမနေသင့်။
၂၈။ သြဇာအာဏာ ရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့် ဝေးဝေးနေသင့်၏။
၂၉။ သူတော်မဟုတ် သူယုတ်တို့နှင့် ကင်းကင်းနေက ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရ၏။
၃၀။ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတ ဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
*သင့်အတွက်အရေးကြီးတဲ့အချက်များ။။။။။။။။။။။။။။။။
$
0
0
၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း
၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ် မရာ ရှိခြင်း။
၃။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော ထူးဆန်းသည့်
အကျင့်ရှိခြင်း။
၎။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။
၅။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။
၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများ အပေါ် အရေးမစိုက်ခြင်း၊ စိတ်
ဝင်စားမှူ့ မထားခြင်း ။
၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ်
မရှိခြင်း။
၈။ ကျန်းမာရေးကို အလေးမထား ဂရုမစိုက်ခြင်း။
၉။ ငယ်စဉ် ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှူ့ အရှိန်အ၀ါများ ရိုက်ခတ်မှူ့ဒဏ်
ခံခဲ့ရခြင်း။
၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။
၁၁။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။
၁၂။ စိတ်ထိခိုက် လှူပ်ရှားမှူ့များအပေါ် ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။
၁၃။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒ ထားရှိခြင်း။
၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှူ့ မရှိခြင်း။
၁၅။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ မကိုင်ရဲဘဲ
အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇ မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန် ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း
(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှူ့ များ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်းကို
ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။
၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။
၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။
၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။
၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။
၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊ စိတ်အာရုံ
စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။
၂၁။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင်
မထိမ်းချုပ်ပဲ သုံးစွဲခြင်း။
၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ
မသုံးတတ်ခြင်း။
၂၃။ စိတ်ဝင်စားမှူ့၊ စိတ်အားထက်သန်မှူ့ တို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှူ့
မပြုခြင်း။
၂၄။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။
၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတ မှန်ကန်မှူ့ မရှိခြင်း၊ သဟ ဇာတ စိတ်နှင့်
မပူးပေါင်းခြင်း။
၂၆။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှူ့
မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှူ့များ လိုချင်တပ်မက်လွန်းခြင်း။
(တန်ရာတန်ရာ မမှန်းပဲ အချောင် လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)
၂၇။ သစ္စာ မရှိ၊ သစ္စာတရား မဲ့ခြင်း။
၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ်
ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။
၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။
၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။
( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)
၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။
၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊
ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ
ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင် လိုစိတ် မရှိခြင်း၊
မပူးပေါင်းခြင်း)
၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော် ရှင်၏ အင်အာကို မိမိ
နှင့် သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။
(ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)
၃၄။ ညစ်ညမ်း-ရိုင်းစိုင်း- ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။
၃၅။ စဉ်းစား ဆင်ခြင်မှူ့ မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။
၃၆။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။
၃၇။ အချိန်ဆွဲခြင်း ၊ဖင့်နွှဲလေးကန်မှူ့ အကျင့်ရှိခြင်း ။
၃၈။ အကြောင်း တစ်စုံ တစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မ မှန် မကန် လုပ်ကြံ
ပြောဆိုခြင်း။
၃၉။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း၊
မလုပ်ဆောင်တတ်ခြင်း။
၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ ကိုယ်တိုင်ဦးဆောင် တီထွင် လုပ်ကိုင်မှူ့ မပြု
တတ်ခြင်း။
၄၁။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ် ကို အားထားယုံကြည်စိတ် မရှိခြင်း။
၄၂။ နှစ်လိုဖွယ်ရာ ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါ မရှိခြင်း။
၄၃။ လာလတ္တံ့သော အချိန်ကာလအပေါ် မိမိ အပေါက်းအသင်း ၊ မိမိလူမျိုး၊ မိမိ
ကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှူ့ မရှိခြင်း။
၄၄။ ထိမ်းချုပ် ကွပ်ကဲမှူ့ မပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အား ကို
တိုးတက်အောင် မပြုလုပ်ခြင်း။
*နေ့စဉ်သုံးဖို့နည်းလမ်းတစ်ချို့*လူတိုင်းအတွက်ပါနော်
$
0
0
(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ
မကြောက်တော့ဘူး။
(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။ လူ၏ ဦးတည်ရာကို
ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။
(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။
(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။
(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့် ပစ်ချချင်ကြသည်။
(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏ နောက်တွင်
ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ ခေါင်းကိုမတိုက်မိနိုင်။
(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။
ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။
(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။
(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့
နားဆီမရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။
(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း
လာပြောတဲ့အခါပြုံးပဲနေပါ။
(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။
မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။
(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။
(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက
သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။ ဥပမာ..
အသက်ဘယ်လောက်ရှိပြီလဲ။
(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။
(၁၅) "မ"သိဘူး၊ "မ"လုပ်ဘူး၊ "မ"ရဘူး၊ "မ"တတ်ဘူး ဆိုတဲ့ "မ"နေရာမှာ
"ကြိုးစားကြည့်မယ်" "သိပ်မသေချာဘူး" "အချိန်အနည်းငယ်ပေးပါ" "ဆုံးဖြတ်ပြီးမှအကြောင်းပြန်လိုက်မယ်" လို့ ပြောင်းသုံးကြည့်ပါ။
ရွာဓလေ့လေးပျော်စရာ
$
0
0
ကဲ အားလုံးမာလကာပင် အဲ ဟုတ်ပါဘူး မင်္ဂလာပါဗျာ
ကျနော်လည်း ရယ်စရာရေးမယ်လို့ တော့ စဉ်းစားနေတာလေ
ရေးတော့ရေးရမယ် မရယ်ရရင် ကိုယ့်ဖာသာ ကလိထိုးရယ်နော်
ရှူ ရှူးတော့ပေါက်ချရဘူးနော် ကြားလားဘော်ဒါတို့ 
စမယ်နော်
ကဲ ကဲ ကဲ ရွာထဲမှာရှိ ကုန်ဘာရီ အမျိုးသမီးတွေ ဘယ်ရောက်နေလဲဟ
ဒီမှာရှင်လောင်းလှည့် ထွက်ရအောင် အချိန်ကျနေပြီ လုပ်ကြဟ
ကာလသားလူပျိုတစ်သိုက်ရော ဘယ်ရောက်နေကြတာလဲ
မြင်းသမားတွေရောခေါ်ကြဟေ့ ရွာထဲက ဒိုးပတ်ဝိုင်းကရော စလေကွာ
အဲသလိုအဲသလို ရွာရဲ့သကြီး ဦးဖိုးဆောင်ကကြေညာပါတော့မှပဲ
ပါးကွက်ကြားလေးများနဲ့ မမတို့ ညိမလေးတို့ တွေက ကိုသားစိုးရဲ့ 
လှုပ်လို့ ရပြီသီချင်း ကြားလိုက်ရသလို ထကြွနိုးကြားလာပါတော့သည်ဗျာ။
ဟိတ်ကောင်မ ဂွက်ထော် ညည်းအင်္ကျီကလှလိုက်တာအေ
ဘယ်လော်ပေးရလဲအေ့
မများပါဘူးအေ တစ်သောင်းခွဲထဲရယ်ပါ
ညည်းကတော့ ဘယ်များမလဲတော် ကျုပ်တို့ မှာက လေးငါးထောင်တန်တောင်
အနိုင်နိုင်ဝယ်ဝတ်နေရတာတော့
အမျိုးသမီးတွေဆိုတော့ သိတယ်မို့ လားဗျ လှချင်ပချင်ကြတာ
သည်လိုတစ်ယောက်တစ်ပေါက်တွေပြောကာ ထွက်လာကြပါတော့သည်။
ထို့ နောက်ကာလသားလေးမျာကလည်း အဝတ်စားသစ်တွေ ဝတ်လို့ 
သည်လို တစတစ လူစုံလာတော့ ရွာလေးရဲ့ အလှူဝတ်ဆံ လှည့်ကြပါတော့သည်။
အလှည့်ကျတာနဲ့  အသင့်အနေထားမှာရှိနေသော ဒိုးပတ်ဝိုင်းအဖွဲ့ က စတင်ကာ
တီးမှုတ်ပါတော့သည် ။နှဲသမားကိုမြစံကတီး...တတယ်...တီးတယ့်တီးတယ်....တယ်တယ်တယ်.....တီး..တယ်
အဲ့လိုအဲလိုနေအောင်မှုတ် ပါးကြီးကို ဖောင်းလိုက်ပိန်လိုက်ဖြင့်မှုတ်ပြပါတော့သည်။
ဒိုးဆရာကိုဘမောင်ကလည်းပတုတ်တုတ်..တုတ်ပဒို..ဒို..ဒို ပတုတ်
ဒိုးမှာကပ်ထားသော ပတ်စာ ပင် တုန်ခါနေတအာင်တီးလိုက်တာ သောသောကို ညံလို့ ဗျာ။
နောက်လင်ကွင်းဆရာကိုမောင်တွတ်ကလည်း အညံ့ မခံ
ချန်းချန်း...ဂလွင် ..ချန်းဂလွင် ..ချန်း...အားကုန်တီးနေပုံမှာ အံကိုကျိတ်ကာကျိတ်ကာနဲ့ ပေါ့ဗျာ
အဲ သူတို့ တွေ ကဒီလိုတွေလုပ်တော့ ကျနော်မောင်ရွှေးရိုးအလှည့် တစ်ပြန်ကျလို့ လာပါပြီမို့ 
ထီးလေးကိုကောက် နှုတ်ခမ်းမွေးလေးကို့  ဖွကာကားလို့ 
ခြေလေးထိုးကာသော့ကာ ကနေဆဲမှာ ဒေါ်မိုးကပါ ထလာလို့ သာ ကပါတော့သည်။
မြင်ရလျှင် သူတို့ ဘ၀င် တောရဲ့အဆင်း တောသတင်းကို နှစ်ထောင်းအားရရှိကြမည်သာ။
ပေါက်ပေါက်ဆန်ဗန်းပတ်တဲ့ အလှူဒကာကြီးရဲ့သမီး နုသွေးကလည်း
ဒီနေ့ မှ ပိုလှလာသလိုလိုဗျ ။ကွမ်းတောင်းကိုင် ပန်းတောင်းကိုင် အဲဟုတ်ပါဘူး
ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် လေးများက ညိုပြာညက်ညက် လှအားရက်နေလိုက်ကြတာဗျာ။
မောင်းရင်းလောင်းများနောက်မှ သျှိုး ...လိုက်တဲ့ အဖွဲ့ ကလည်း ဒီလိုတဖန်ဆိုပြန်သဗျ
မေလေးကို သံချိုနှောလို့  ပြောခဲ့ပါဦး....သျှိုး.....
နောက်ကဆိုင်းသမားတွေကလည်း အဆင်သင့်ပါ
တုတ်တုတ်ဗြုန်း....ကိုလိုက်ပေးလေသည်။
ရယ်ချင်လျှင် နောင်အပတ်
ဆက်လက်စောင့်မျှော်အားပေးပါ
လေးစားလျှက်
ရင်ခုန်ရသူ(မူပိုင် ဘလော့)
*****စံလွန်းတင်*****
♥♥♥အောင်မြင်သူနဲ. ကျရှုံးသူရဲ. ကွဲပြားချက်♥♥♥
$
0
0
(၁) အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။
ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။
(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။
ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။
(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့တယ်။
ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။
(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြုံချိန် တခြားသူ လက်လျော့နောက်ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကို အရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။
ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစတယ်။
(၅)အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာ မရှိဘဲ မျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။
ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။
(၆)အောင်မြင်သူက တစ်ပါးသူရဲ့ရှုထောင့်ကနေ ကိစ္စရပ်ကိုကြည့်တယ်။ တစ်ပါးသူရဲ့ ခံစားချက်ကို နားလည်အောင်လုပ်တယ်။
ကျရှုံးသူက ကိုယ်ကျိုးအတွက်ပဲ စိုးရိမ်ပူပန်တတ်သူဖြစ်တယ်။
(၇) အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို ဒုတိယနေရာထားသူဖြစ်တယ်။
ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို နောက်ချန်ထားသူဖြစ်တယ်။
(၈)အောင်မြင်သူ အောင်မြင်ရခြင်းက ကိုယ်အောင်မြင်မယ်ဆိုတာကို ယုံကြည်ထားလို့ဖြစ်တယ်။
ကျရှုံးသူ ရှုံးနိမ့်ရခြင်းက ကိုယ်အောင်မြင်မယ်လို့ မယုံကြည်ရဲသူဖြစ်တယ်။
(၉)အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုသင်ယူစရာ၊ လုပ်စရာတွေနဲ့ သိမ်းကျုံးလုပ်နေတတ်တယ်။
ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြုံတဲ့အခါ သက်ပြင်းအခါခါချပြီး အဲဒီခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။
(၁ဝ) အောင်မြင်သူက လုပ်စရာရှိတာကို ချက်ချင်းထလုပ်တတ်သူဖြစ်တယ်။
ကျရှုံးသူက လွယ်ကူတဲ့ကိစ္စကိုတောင် အချိန်ဆွဲပြီး လုပ်တတ်သူဖြစ်တယ်။
(၁၁)အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအားကျပြီး သူတို့ရဲ့ကောင်းကွက်ကို ကြိုးစားသင်ယူလေ့ရှိတယ်။
ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို မနာလိုမုန်းတီးပြီး သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေတတ်တယ်။
(၁၂)အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေက ပြင်ပလောက,က လာတာဖြစ်တယ်။
ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေက သူတို့အတွင်းစိတ်ထဲက လာတာဖြစ်တယ်။
(၁၃) အောင်မြင်သူက အမြင့်ကိုတက်လှမ်းနိုင်ဖို့ အာသီသပြင်းထန်တယ်။
ကျရှုံးသူက ကြံ့ကြံ့ခံနိုင်ဖို့ အာသီသမရှိဘူး။
(၁၄) အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီးက မျှော်လင့်ချက်ဖြစ်တယ်။
ကျရှုံးသူအတွက် အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။
(၁၅) အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။
ကျရှုံးသူက အခွင့်အရေးကို စောင့်တယ်။
(၁၆) အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။
ကျရှုံးသူက ယုံကြည်မှုဆိုတာ မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။
(၁၇)အောင်မြင်သူက ရှည်လျားတဲ့လမ်းတွေကို တစ်လမ်းချင်းနဲ့ အဆုံးထိ လျှောက်နိုင်မယ်ဆိုတာကို ယုံကြည်ထားသူဖြစ်တယ်။
ကျရှုံးသူက တိုတောင်းတဲ့လမ်းဖြစ်လည်း ရှေ့ခြေတစ်လှမ်းမတိုးရင် အဆုံးထိလျှောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို မသိသူဖြစ်တယ်။
(၁၈) အောင်မြင်သူက အလုပ်မလုပ်ခင် အရင်တွေးတောကြံစည်တယ်။
ကျရှုံးသူက အလုပ်မလုပ်ခင် တွေဝေပြီး အလုပ်ပြီးချိန် နောင်တရတတ်သူဖြစ်တယ်။
(၁၉) အောင်မြင်သူက ခရီးလမ်းမှာ တစ်ခါတရံရပ်နားပြီး အနားယူလေ့ရှိတယ်။
ကျရှုံးသူက မကြာခဏရပ်နားပြီး တောင်တောင်မြောက်မြောက် ငေးတတ်သူဖြစ်တယ်။
(၂ဝ) အောင်မြင်သူက နေရာတစ်ခုတည်းမှာ နှစ်ကြိမ်လဲမကျဘူး။
ကျရှုံးသူက တစ်နေရာမှာ လဲကျပြီးနောက် ပြန်မထတော့ဘူး။
(၂၁) အောင်မြင်သူက လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တတ်တယ်။
ကျရှုံးသူက လျှောက်ခဲ့တဲ့လမ်းကို ပြန်လျှောက်တတ်တယ်။
မူရင်း-- http://www.piyas.com (ဘာသာပြန်တတ်တာတွေပဲ ပြန်ထားပါတယ်)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ဘ၀ပါရမီ ခရီးသွားဖော်အသင်း၏ အလှူတော်
$
0
0
ကိုဖိုးအောင်(နည်းပညာ)မှ ဘဝပါရမီ သံသရာခရီးသွားဖော် အသင်းကို သြဂုတ်လ (၄) ရက်၊ ၂၀၁၂ ခုနှစ်၊ စနေနေ့တွင် အသင်းဝင် (၁၅) ဦးဖြင့် ဦးဆောင်ကာ စတင်ထူထောင်ခဲ့သည်။
ထိုအသင်း၏ ရည်ရွယ်ချက်များမှာ မြန်မာပြည်ရှိ-
(၁) မျက်မမြင် ကျောင်းများအား ထောက်ပံ့ရန်
(၂) မိဘမဲ့ ကလေးများအား ထောက်ပံ့ရန်
(၃) သက်ကြီးရွယ်အိုများအား ထောက်ပံ့ရန်
(၄) မသန်စွမ်းသူများအားထောက်ပံ့ရန်
(၅) စိတ္တဇဆေးရုံများအား ထောက်ပံ့ရန်
(၆) သဘာဝဘေးဒဏ် ဒုက္ခနှင့် ကြုံရသူတို့အားထောက်ပံ့ရန်
စသည်တို့ဖြစ်ပါသည်။
ထိုသို့ရည်ရွယ်ချက်များဖြစ် အသင်းဝင်တစ်ဦးလျှင် တစ်လစကာင်္ပူဒေါ်လာ ၁၀ (SGD $10) နှုန်းဖြစ် ထည့်ဝင်ကာ ပါဝင်လှူဒါန်းခဲ့ကြပါသည်။
ဘဝပါရမီ သံသရာခရီးသွားဖော်အသင်းစတည်တည်ထောင်ခဲ့သည်မှ ယခုချိန် ၂ လတိုင်ကာလတွင် မန်ဘာပေါင်း ၅၄ ယောက်ရှိခဲ့ပါပြီ။ ထိုအသင်းလေး ဖြစ်မြှောက်လာသည့် အထိမ်းအမှတ် အဖြစ် ပထမဆုံးအကြိမ်ဖြစ် ဆွမ်းအလှူကပ်လှူခဲ့ပါသည်။
ထိုဆွမ်းအလှူတော်ကို
Dhamma Garden Buddhist Temple (Singapore)
No.17, Jalan Sendudok
Sembawang Springs Estate မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကပ်လှူကာ အလှူဒါနပြုခဲ့ပါသည်။
ဘဝပါရမီ သံသရာခရီးသွားဖော်အသင်ဝင်မိတ်ဆွေများ၏ အလှူဒါနများအား ပီတိခံစားနိုင်ရန် မျှဝေပေးခဲ့ပါသည်ရှင်။
မိုးသည်းထန်စွာ ရွာသွန်းမှူအောက်၌ ချက်ပြုတ်ရန် ဝယ်ခြမ်းပြီးချိန်ဝယ်
ချက်ပြုတ်ရန် ပြင်ဆင်နေပါပြီ။
ထိုနေ့ညက မိုးတွေလဲ အရမ်းရွာနေတော့ အလုပ်အကိုင် ဝိုင်းပြီး ကူလုပ်ကြတာကို ဓာတ်ပုံများများမရိုက်ဖြစ်ခဲ့ဘူး။ တနင်္ဂနွေနေ့ မနက်မှာ ဆွမ်းအလှူအတွက် ပြင်ဆင်ကြပုံများကို ဆက်လက်မျှဝေပါမည်ရှင်။
အသင်းဝင် မောင်နှမများ အင်တိုက်အားတိုက် စည်းလုံးစွာ တစ်ယောက်တစ်လက်ပါဝင် ကြော်လှော်ချက်ပြုတ်ကြနှင့် အရမ်းကို ပျော်စရာလဲကောင်းခဲ့ပါသည်။
လှူဒါန်းခဲ့သော ဆွမ်းများ
ချဉ်ပေါင်ရွက်ဟင်းချို
ဝက်သားဟင်း
ကြက်သားဟင်း
အချဉ်သုပ် ၊လက်ဖက်သုပ်၊ကိတ်မုန့်၊ ကော်ဖီ၊အချိုရည် (လိမ္မော်ရည်)၊သစ်သီးဝလံများ စသည်ဖြစ် စုံလင်ခဲ့ပါသည်။
ချက်ပြုတ်ပြီးစီးပြီး ဆွမ်းဘုန်းချိန်မှာတော့ ဘုန်းဘုန်းအတွက် ဆွမ်းဝိုင်းကို ပြင်ဆင်ပေးနေပါပြီ။
ဘုန်းဘုန်းအား ဆွမ်းခဲဖွယ်တို့ကို ဘုန်းပေးပါရန် ပင့်လျှောက်ပြီးသော အခါဝယ်
ဘုန်းဘုန်း ဆွမ်းဘုန်းပေးပြီးနောက် အလှူရှင် ဒကာ၊ဒကာမများ အလှည့်
ထမင်းစားပြီးနောက် ဘဝပါရမီ ခရီးသွားဖော်အသင်း၏ ဦးဆောင်ဥက္ကဌ ဖိုးအောင်(နည်းပညာ)မှ အသင်းဖြစ်ပေါ်လာပုံ၏ရည်ရွယ်ချက်၊စည်ကမ်းများ၊ နောက်အနာဂတ်တွင်ရှေ့ဆက်ရမည့် လမ်းစဉ်များကို အကျဉ်းချုံ့ ပြောကြားခဲ့ပါသည်။
တို့နောက် အသင်ဝင်များ၏ ကုသိုလ်အလှူနှင့် တရားတော်နာယူကြပါသည်။
ဆရာတော်ဟောကြားတော်မူသော (၃၁)ဘုံတွင် ကျင်လည်ခဲ့သော ဘဝနှင့်ပါရမီအကြောင်း သိမှတ်ဖွယ်အစုစုကို နာယူတော်မူပြီးနောက် ပြုလုပ်ခဲ့သော် ကောင်းမှူကုသိုလ်အစုစုတို့ကို ဝေနေယျသတ္တဝါများအားလုံးအတွက် အမျှဝေခဲ့ပါသည်။
ဘဝအဆက်ဆက် သံသရာတစ်လျှောက် တော်စပ်ခဲ့ဖူးသော အသိမိတ်ဆွေ၊ဓမ္မမိတ်ဆွေများ၊ အမိ အဖ၊ဆွေမျိုးညာသကာ ဆရာမိဘများ၊ (၃၁)ဘုံကျင်လည်ကြကုန်သော လူ၊နတ်၊ ဗြဟ္မာ၊ သတ္တဝါများအားလုံးတို့အား ယနေ့ယခု ပြုလုပ်ခဲ့သည့် ကုသိုလ်ကောင်းမှူအစုစုတို့အတွက် အမျှပေးဝေပါ၏။
အမျှရ၍ ချမ်းသာကြပါစေ။
အမျှ   ..... အမျှ....အမျှ ယူတော်မူကြပါကုန်သောဝ်။
အလှူပွဲကြီး ပြီးစီးပြီးနောက်  ဆရာတော်ဘုရားနှင့် အိုးသိမ်း၊ခွက်သိမ်း နောက်ဆုံးထိ နေရစ်ခဲ့သော အဖွဲ့သားများ အမှတ်တရ မှတ်တမ်းဓာတ်ပုံ
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်
========လူမှန်...နေရာမှန်....ချစ်သူမြို့ တော်ထံသို့ ...======
$
0
0
ဒီနေ့ .....မျတ်ရည်လည်လည်နဲ့ ......ဝမ်းသာလိုက်တာချစ်သူမြို့ တော်ကြီးရာ
ချက်ရွန်းးးးးထဲ....အဖြစ်လေးးးးးတင်ပြချင်လို့ ပါ။မယုံဘူးးးးးးးကြုံဖူးးးမှသိမယ်
ဆိုတာ..လက်တွေ့ မှပဲ.....အကောင်ပေါက်တော့ တယ်.......။
ဖြစ်ပုံကတော့ (လည်ပင်းး)တက်ညှစ်တာအရပ်ကတို့ ရေ.......။
ချက်ခန်းးထဲ...သူငယ်ချင်းတွေနဲ့ ယောင်လည်လည်အာဘွားးးပေးနေတုန်းးးးး
ဘယ်ကကောင်မှန်းလဲမသိပါဘူးးးးးးးး(p.v)...မှာ...တွယ်ရာမဲ့ ကို....အွန်လိုင်း
ဖရီးးးးးရတိုင်းးးးးးအသားးးးလွက်...ဆဲဆိုနေတော့ ........။
ကဲ....ဘာမှန်းးးးမသိတော့ .....အက်(ဒ)မင်တွေသိ၇အောင်....သူအားရပါးရ
ဆဲနေတာတွေကို......အကောင့် နာမည်နဲ့ တစ်ကွ===(ကော်ပီ)===ကူးးးပြီးးး
ချက်ရွန်းးးးးထဲချပြတာ..........၊။----အဲဒီမှာ---ပေါက်တူးးးးးးးးနဲ့ ----ပေါက်ဆိန်
လွဲပါလေရော.......။====တွယ်ရာမဲ့  ရိုင်းးးတယ်=====ဆိုပဲ...။
ဖြေ၇ှင်းးချက်တွေ...သူငယ်ချင်းးးတွေကိုလှည့် ပက်ပေးးးနေတုန်းဆဲဆဲပဲ....
အဟဲ..........(၂၄)နာ၇ီ...အိပ်စက်အနားးးးးးယူခွင့် ပြုသည်ဆိုပဲ.......ငိငိ...။
အဲလိုနဲ့ ...အနော်...တွယ်ရာမဲ့  (အဝေးရောက်) လဲ...ဝမ်းနည်းးးပက်လက်  ပျော်၇ွှင်စွာသူငယ်ချင်းးးးးးတွေကိုပြောပြရင်းးးးးးး
ဘလော့ လေးးးးတင်ပြမိပါတယ်.......။ မှားတာ၇ှိရင်တော့ .......ဝန်တာမိပေါ့ 
လူဆိုတာအမှားးးးးနဲ့ မကင်းးနှိုင်ဘူးးးးဆိုပေမဲ့ ....ဘယ်သူမှားတယ်...ဘယ်သူ
မှန်တယ်ဆိုတာကို---ဝေဖန်--ပိုင်းခြားးးသိမြင်တက်မှ...နေရာမှန်ဖြစ်ပီးးးးးးးး
လူမှန်ဖြစ်ဖို့ .လိုအပ်မှာပါ....။
+++++တစ်ကယ်လို့ .....တရားးးသူကြီးးးမင်းးရဲ့ ..သားးကတရားခံဖြစ်နေရင်
တရားသူကြီးးးးးးအမှုကိုဘယ်လိုအဆုံးသက်သင့် သလဲ++++++++++.
ကျေးးဇူးးးးတင်စွာဖြင့် ....လူမှန်....နေရာမှန်....ရွှေမြို့ တော်ထံ...ကိန်းးဝပ်ပါစေ.လို့ 
ဆုတောင်းရင်းးးးးးးးးးးးးး
+++++======တွယ်ရာမဲ့ ======+++++++(အဝေးးးေhttp://awayfriend.blogspot.com/ရာက်)
တွယ်ရာမဲ့  (အဝေးရောက်)တို့ ရဲ့ ..လင့် လေးပါ....လာရောက်လည်ပက်ဖို့ 
ဖိတ်ခေါ်ပါတယ်........(လေးးစားးးးးးးစွာဖြင့် )======
gmailထဲက မေးအားလုံး တစ်ချက်ထဲ နဲ့ deleteကြမယ်
$
0
0
သှူုငယ်ချင်းတို့  ရေ  နည်းလမ်းကောင်းလေးတစ်ခုပေးဗျာ   gmail ထဲက မေးပေါင်းများစွာကို တစ်ခါ delete ယုံနဲ့ အကုန်ရှင်းပြီးသားဖြစ်သွားမယ်  သူငယ်ချင်းတို့ သဘောကြသွားပြီလား ကျွန်တော်ဆို မေး၅၀၀၀ကျော်ကိုတစ်ခါထဲ     deleteလိုက်ရလို့ တော်တော် လက်ညောင်းသက်သာသွားတယ်  ကဲကဲကဲ လေကျောမရှည်တော့ ပါဘူး          အောက်မှာပုံနဲ့ ပြထားတယ်    မျှားပြထားတဲ့   နေရာလေးမှာအမှန်ခြစ်လိုက်ပါ                  ...........နောက်ပြီး အမဲရောင် မျှားလေးပြထားတဲ့ နေရာကို နှိပ်လိုက်ပါ
အဲ့ ဒီနောက် delete ကိုနှိပ်လိုက်ပါ
မေးများရင် နဲနဲလေးတော့ ကြာမယ် တစ်မိနစ်လောက်ပါပဲ       ကဲ လက်ညောင်းသက်သာကြပါစေ သူငယ်ချင်းတို့ 
သူငယ်ချင်းတို ၏ ကွန်မန်း သည် ကြယ်အတွက် အားဆေး တစ်လုံးပါ
လွမ်းရေးထက် ၀မ်းရေးခက်ပါသည်။
$
0
0
            လူရယ်လို့ဖြစ်လာကတည်းက အပူတစ်မျိုး၊အမှု့တစ်ရာတွေ့လာခဲ့ကြရသောကျန်ာတို့ တစ်ထွေ
အမိမြေကိုခွဲခွါစီးပွါးရှာကြရတဲ့လူကတစ်ဖုံ၊အမေ့ရင်ခွင်ကိုခွဲခွာလာခဲ့ကြရတဲ့လူတွေကတစ်မျိုး။ကံကောင်းလို့ 
အမိမြေမှာနေကြရတဲ့လူတွေ၊အမေ့ရင်ခွင်မှာနွေးထွေးစွာခုံလုံပြီး၊ဥမကွဲသိုက်မပျက်ဘဲနေနေကြရတဲ့လူတွေ
အတွက်ကတော့ လွမ်းစရာ၊ရင်နာစရာတွေအတွက် ဖြေသိမ့်၊နှိမ့်သိပ်နိုင်ကြောင်း နှစ်သိပ်၊ဖြေသိမ့်နိုင်ကြ
ပါလိမ္မယ်။
            အတ္တပြေးလမ်းအလယ်မှာ မာန်မာနကိုခ၀ါချပြီး၊မေတ္တာဆိုတဲ့ အမှန်တရားလေးကိုလူတိုင်းသာ
ချစ်ခင်မြတ်နိုးလာတတ်ကြရင်တော့သိပ်ကောင်းမှာပါဘဲ။ငြိမ်းချမ်းရေး၊အေးချမ်းရေးဆိုသောစကားကိုပါး
စပ်ကသာပြောပြီးလက်တွေ့ အကောင်အထည်မဖော်နိုင်သေးသ၍တော့ ရင်နာသူအတွက်တော့ ကံကြမ္မာ
မုန်တိုင်းကြားမှာ အဖန်တစ်ရာမက အိမ်မက်ဆိုးတွေမက်နေဦးမှာပါဘဲ။မိသားစုတစ်ခုဘဲဖြစ်ဖြစ်၊နိုင်ငံတစ်နိုင်
ငံဘဲဖြစ်ဖြစ်၊အပြစ်ကင်းသောသူ၊အပြစ်ကင်းသောအဖွဲ့ အစည်းရယ်လို့ မရှိသလောက်ပါဘဲ။
        မိသားစုတစ်ခုမှာလည်းဒီတိုင်းပါဘဲ မိဘနှစ်ပါးရှိတုန်းကတော့ အဖေ၊အမေတွေရဲ့အရိပ်အာဝါသ
အောက်မှာညီကိုမောင်နှမအေးချမ်း၊အေးတူပူအမျှနေနိုင်ကြပေမယ့်၊အရွယ်ရောက်လို့  ကြင်ယာစုံကိုယ့်
လမ်းကိုလျှောက်ကြရတဲ့အခါမှာတော့၊ညီကိုမောင်နှမအရေးထက်၊မိသားစုအရေးကပိုအရေးကြီးလာပြန်
တော့ သမုဒ္ဒရာဝမ်းတစ်ထွာအရေးရယ်ကြောင့်၊ မိဘညီကိုမောင်နှမ စိတ်ဝမ်းကွဲတဲ့အခြေအနေတွေလည်း
ရှိကြရပြန်တယ်။အဲအခါမှာတော့ ကံကြမ္မာကိုအပြစ်ပုံချဘို့ လည်းခက်၊ကိုယ်ကံကိုယ်ယုံကြည်ရလည်းခက်
အပျက်အပျက်နှင့်နှာခေါင်းသွေးထွက်တတ်ကြပြန်တယ်လေ။လွမ်းတတ်ရင်လည်းအနာနှင့်ဖြေ ကံကြမ္မာ
လည်းပုံမချသင့်ပါဘူး၊လွမ်းရေးထက် ၀မ်းရေးကခက်နေကြလေတော့ မေတ္တတရားနှင့်အေးချမ်းမှု့၊ငြိမ်းချမ်း
ရေးဆိုတာတော့ နိုဘယ်ဆုကမ္ဘာကျော်အောင်ရနေကြလည်း လမ်းပျောက်နေကြဦးမှာဘဲ။ဘသူမှအပြစ်မတင်
ကြလေနှင့် ကိုလိုတာဆွဲနေသမျှတော့ ပြတ်မှာသေချာတာပေါ့။လွမ်းရေးထက်ဝမ်းရေးခက်နေကြသောသူ
တစ်ချို့မှာတော့ အေးချမ်းမှု့ဆိုသောလေပြေလေညင်းလေးကို ရှူရှိုက်ခွင့်များ ဘယ်သောခါများရနိုင်ကြ
တော့မှာပါလဲ,,,,,,,,,,
       ဤအရာများသည် ကျနော်၏အတွေးစလေးများသာဖြစ်ပါ၍ စာဖတ်သူအပေါင်းနှင့်တိုက်ဆိုင်မှု့
မရှိခဲ့ပါမူ စိတ်မရှိကြပါနှင့်,,,
                                                            စာရေးသူ-နိုင်ထွန်း(ရမ္မာဝတီ-လေးတောင်)
ကမ္ဘာပေါ်မှာ အထူးဆန်းဆုံး မျိုးစိတ်(၁၀) ခု
$
0
0
၁။ နှာခေါင်းလန်မျောက်(နှာချေမျောက်)(Rhinpithecus strykeri)
မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းများပေါ်တွင် တွေ့ရသော ယင်း မျောက်မျိုးမှာ မျိုးသုန်း ပျောက်ကွယ် မည်ကို အလွန်အမင်းစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ နှာခေါင်းလန်နေသောကြောင့် မိုးရွာချိန်တွင် ခေါင်းဝှက်ပြီး နေကြသည်။ (ငါတို့ မြန်မာက ထိပ်ဆုံးကကွ.......:P)
၂။ဘာနဲရာသေတ္တာရေခူပြား (Tamoya ohboya)
သေစေသည့်အထိအဆိပ်ပြင်းသော ရောင်စုံလက်တံရှည်များ ပါသည့် စွန်သဖွယ်လွင့်မျော နေတတ်သည့် ပုံမှန်ထက်ပိုပြားသော ရေခူတစ်မျိုးမှာ  နယ်သာလန်ရှီ ဘာနဲရာကျွန်းတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။ 
၃။မိစ္ဆာတိကောင်(Halicephalobus mephisto)
တောင်အာဖိကရှိ တစ်မိုင်နီးပါး နက်သည့် ရွှေတွင်းများတွေင် တွေ့ရတတ်သည့် တီအမျိုးအစားတစ်မျိုး မှာ တစ်လက်မ၏ အပုံ ၅၀ ပုံတစ်ပုံသာရှိပြီး အဏုကြည့်မှန်ပြောင်း ဖြင့် သာမြင်နိုင်သလိုကြောက်မက်ဖွယ် အဆင်းရှိသည် 
၎။ညပွင့်သစ်ခွ(Bulbophyllum nocturnum)
ပါပူအာနယူးဂီနီမှ ရှားပါး သစ်ခွမှာ ည ၁၀ နာရီဝန်းကျင်မှ ပွင့်လေ့ရှိပြီ  မနက် စောစောရောက်သည်နှင့် ပြန်ငုံသွားသည့် အပင်ဖြစ်ပြီး တွေ့ရှီသမျှထဲတွင် တစ်ခုတည်းသော ညပွင့်သည့် သစ်ခွဖြစ်သည်။
၅။ စပိန်မှ ကပ်ပါးကျယ်ကောင် (Kollasmosoma sentum)
စပိန်တွင်တွေ့ရှိခဲ့သည့် ကပ်ပါးနကျယ်ကောင်မှာ တစ်စက္ကန့်၏ အပုံ ၂၀ ပုံလျှင် တစ်ပုံမျှသာ ကြာမြင့်သောအချိန်အတွင်း ပုရွက်ကျင်း အတွင်း ဥချနိုင်သည့်အကောင်ဖြစ်သည်။
၆။ အလေးရှားရေမြှုပ်မှို(Spongiforma squarepantsii)
မှိုဆိုသော်လည်း မှိုထက်ရေမြှုပ်နှင့်ပိုတူသော ယင်းမှိုကို မလေးရှားနိုင်ငံ ဘော်နီယိုကျွန်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။  လက်ဖြင့်ညှစ်ပါက ပိန်သွားပြီး ပြန်ဖောင်းလာသည့်ထူးဆန်းသည့် မှိုဖြစ်သည်။
၇။ နီပေါ နွေဦးဘိန်းဝါ(Meconopsis autumnalis)
အမြင့်ပေ ၁၉၈၀၀ တွင် ပေါက်ရောက်သော ဘိန်းဝါများအကြောင်းကို ယခင် ကတည်းက သိခဲ့ကြသော်လည်း ပုံမှန်ဘိန်းများနှင့် မျိုးစိတ် မတူကြောင်း ကို ယမန်နှစ်ကမှ ခွဲခြား ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
၈။ အကြီးဆုံးဆီသည်မကောင်(မီးရထားကောင်) (Cruifarcimen vagans)
၆ ဒသမ ၃ လက်မ မျှရှိသော ယင်း မီးရထားကောင် မှာ ခြေနှစ်ချောင်းစီပါသော အဆစ် ၅၆ ဆစ် ရှိပြီး တွေ့ရှိသမျှထဲတွင် အကြီးဆုံး အရှည်ဆုံး ဖြစ်သည်။( ငယ်ငယ်ကအဲဒီကောင်တွေ တွေ့ရင် ကျက်သီးထတယ်..:P)
၉။ လမ်းလျှောက်စောင်း ကြမ်းကောင်(Diania cactiformis)
လွန်ခဲ့သော နှစ်သန်းပေါင်း ၅၂၉ ခန့်ကရှိခဲ့သော မျိုးသုန်း ပျောက်ကွယ် သွားပြီဖြစ်သည့် မျိုးစိတ်ဝင် စောင်းကြမ်းပင်နှင့်တူသော အကောင်၏ ရုပ်ကြွင်းကို တရုတ်နိုင်ငံအနောက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၁၀။ ဆာဇီမာအမွေးထူပင့်ကူ(Pterinopelma sazimai)
ဘရားဇီးနိုင်ငံရှိ တောင်ပေါ်လွင်ပြင်များတွင်တွေ့ရသော မျိုးစိတ်သစ် ပင့်ကူဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်များ
$
0
0
ကမ္ဘာ့ အလေးချိန်အကြီးဆုံးခွေးကတော့ ဟာကျူလီအမည်ရှိတဲ့ ခွေးကြီးဖြစ်ပါတယ်။ သူ့ ရဲ့ အလေးချိန်ကတော့ ကြောက်ခမန်းလိလိ ပေါင် ၂၈၂ ပေါင်ပါတယ်။
ကမ္ဘာ့ အကြီးဆုံးမြင်းကတော့ ဘယ်လ်ဂျီယံမြင်းကြီးေ၇ဒါပဲဖြစ်ပါတယ်။ အမြင့် ၆ ပေရှိပြီး အလေးချိန်ကတော့ ကြောက်စရာလန့် စရာ ၂၃၉၃ ပေါင်ပါတယ်
တရုတ်နိုင်ငံက ဒီဝက်ကြီးကတော့ မသေခင် ကမ္ဘာ့ ထူးဆန်းမှတ်တမ်းထဲကို အကြီးဆုံးစံချိန်တင်သွားနိုင်ခဲ့ ပါသေးတယ်...အရှည် ၈.၂ ပေ၊ ခါးအရွယ်အစားလုံးပတ်က ၇.၃ ပေ နဲ့ သွားအစွယ်ကပင်
၅.၇ လက်မ ရှိပါတယ်...
ထိုင်းနိုင်ငံပင်လယ်ကမ်းခြေမှာဖမ်းမိခဲ့ တဲ့  ၇၆၇ ပေါင်ရှိတဲ့ ငါးလိပ်ကျောက်ကြီးဖြစ်ပါတယ်.. ဒီငါးလိပ်ကျောက်ကြီးကို သူ့ အိမ်ရှိရာ အထိသယ်သွားနိုင်ခဲ့ ပေမယ့် သူ့ လှေတော့ မှောက်လု
မတတ်ဖြစ်ခဲ့ ရတယ်လို့ ဆိုပါတယ်။
ထိုင်နိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်အတွင်းမှဖမ်းမိတဲ့ အကြီးဆုံးငါခူကြီးဖြစ်ပါတယ်။ အရှည် ၆.၅ ပေ ရှိပြီး အလေးချိန်ကတော့ ၆၄၄ ပေါင်ရှိပါတယ်
မီယာမီမှ အလေးချိန် ၈၉၇ ပေါင်ရှိတဲ့ ခြင်္သေ့ နဲ့ ကျားစပ်ထားတဲ့ အကောင်ကြီးကတော့ ကမ္ဘာ့ အကြီးဆုံး
ကြောင်မျိုးနွယ်ဝင်တိရိစ္ဆာန်ကြီးဖြစ်ပါတယ်
ဒီဝေလငါးမန်းကြီးကိုတော့ တရုတ်နိုင်ငံ၊ ကမ်းခြေဒေသမှာဖမ်းမိခဲ့ တာဖြစ်ပြီး ၃၂ ပေရှည်ကာ အလေးချိန် ၈ တန်ရှိပါတယ်...
  အကြီးဆုံမြွေကြီးကတော့ အင်ဒိုနီးရှားနိုင်ငံမှဖြစ်ပြီး အရှည် ၄၈.၇ ပေရှိကာ အလေးချိန် ၉၈၃ ပေါင် ရှိပါတယ်
အကြီးဆုံးသမင်ကြီးပါ...ဂရိတ်ဗြိတိန်မှာတွေ့ ရှိခဲ့ တာဖြစ်ပြီး ၉ပေမြင့် ကာ ပေါင် ၃၀၀ အလေးချိန်ရှိပါတယ်...သို့ သော်လည်း ထိုသမင်ကြီးကို အမဲလိုက်သမားများက ၂၀၁၀ ခုနှစ်တွင် သတ်ဖြတ်ခဲ့ ပါတယ်။
အရပ်အမြင့် ဆုံးဂရိတ်ဒိန်းခွေးကြီး ဂျော့ ကတော့ ၃.၅ ပေ မြင့် ပါတယ်...
နွားကြီးချီလီ ( ငရုတ်သီး ) ကတော့ အလေးချိန် ၁ တန် နဲ့ အမြင့် ၁.၈၃ မီတာဖြင့်  ကမ္ဘာ့ အလေးဆုံးနဲ့ အမြင့် ဆုံးနွားစံချိန်တင်ထားခဲ့ ပါတယ်။
ကမ္ဘာ့ အရှည်ဆုံး ယုန်ကတော့ အမ်မီလို့ ခေါ်ပြီး အရှည် ၂.၆ ပေရှိပါတယ်
လောကမှာ အခမဲ့ရတဲ့ အရာတွေက တန်ဖိုးအရှိဆုံးပါတဲ့
$
0
0
နေရောင်ခြည်
အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့ နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ် ချပ်မှ ပေးစရာမလိုခဲ့ဘူး။
လေ
အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။ ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက် တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။
မိသားစုသံယောဇဉ်
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။
သူငယ်ချင်းသံယောဇဉ်
အခမဲ့ဖြစ်တယ်။ ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊ ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊ ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာ
အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊ တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေတမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့ တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။ ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။
ပန်းတိုင်
အခမဲ့ဖြစ်တယ်။ ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ် ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။ အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါ တယ်။ ကိုယ်ဆန္ဒရှိသလို ပိုင်ဆိုင်နိုင်ပါတယ်။
နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း ရနိုင်မှာဖြစ်တယ်။
Viewing all 9878 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>