ကျွန်ုပ်သည် မျက်နှာဖုံးစွတ်ထားသော
အပြုံးများကို အလွန်မုန်းတီးသော သိုးမည်းတစ်ကောင် ဖြစ်ပါသည်။
တစ်ခါတစ်ရံ
အလွန်ပျော့ညံ့ပြီးတစ်ခါတစ်ရံအလွ
န်ခေါင်းမာ၏။တစ်ခါတစ်ရံ
အလွန်သဘောကောင်းပြီး တစ်ခါ တစ်ရံ
အလွန်ဂျွတ်ဆတ်ဆတ်နိုင်၏။တစ်ခါတစ်ရံအလွန်သနားကြင်နာဖွယ်ကောင်း
၏။ တစ်ခါတစ်ရံ
အလွန်အမြင်ကပ်စရာကောင်း၏။ပျော့ေ
ပြာင်းပြီး ညှိနှိုင်းလွယ်သောစိတ်ရှိသော်လဲ
လုံးဝလက်မခံနိုင်သောအကြောင်း
အရာများကို မည်မျှပင် ဆွေးနွေးပြောဆိုစေကာမူ
အားနာခြင်းကြောင့် ခေါင်းညိမ့်လက်ခံပေးမည့်သူ
မဟုတ်ချေ။အစွန်းလွတ်အောင်ကြိုး
စားနေသော်လဲ ခုချိန်ထိမလွတ်နိုင်သေးသော
သာမာန်သိုးမည်းတစ်ကောင်မျှသာ ဖြစ်ပါသည်။
“လုံးဝမချစ်တတ်သောသူ”ဟုတစ်စုံ
တစ်ဦးက
နာနာကြည်းကြည်း စွတ်စြွဲခင်းကို အပြုံးမပျက်နားထောင်ပေးခဲ့ဖူးေ
သ်ာလည်း
အမှန်မှာ ကျွန်ုပ်သည် အချစ်ကို အလွန်တန်ဖိုးထားသူသာ ဖြစ်ကြောင်း
ထိုတစ်စုံတစ်ဦးကို သိစေချင်နေသောသူသာ ဖြစ်ပါသည်။
ထိုသို့သော သိုးမည်းတစ်ကောင်၏
အတွေးအိမ်လေးအတွင်းသို့ သင်လိုက်ပါလိုက လိုက်ပါလေ့လာနိုင်ကြောင်း
ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်ကတော့ သင်လိုက်ပါလာသည်ဖြစ်စေ၊
မလိုက်ပါခဲ့သည်ဖြစ်စေ ကျွန်ုပ်၏ အတွေးကမ္ဘာထဲသို့
ဝင်ရောက်စီးမြောနေပြီဖြစ်ပါသည်။
x x x x
ကိုယ်ယုံကြည်စွဲမြဲစွာ ဆုတ်ကိုင်ထားသော အရာ
တစ်ခုသည် မှားယွင်းမှုတစ်ခုသာ ဖြစ်သည်ဟု သိလျှင်သိချင်း ထိုအရာကို
လွှတ်ချလိုက်ဖို့ လွန်စွာ ခဲယဉ်းလိမ့်မည်ဖြစ်ပါသည်။အနည်းဆုံးတော့
ထိုအရာကို လွှတ်ချလိုက်ဖို့ အချိန်အနည်းငယ်တော့ လိုပါလိမ့်မည် ။သို့သော်
မလွဲမသေတော့ လွှတ်ချလိုက်ရမည်သာ။
အသိတရားကင်းမဲ့သောလူတစ်ယောက်၏
ဘ၀သည်ငြိမ်းချမ်းလိမ့်မည်ဟု တစ်ခါတစ်ရံတော့ ယူဆမိပါသည်။ဟုတ်တယ်လေ
ဘာမှမသိတော့ ဘာမှ မခံစားရတော့ဘူးပေါ့ ။ဒီလိုဆိုလျှင်တော့ မိမိအား
မွေးကင်းစကလေးတစ်ယောက်အမှတ်ဖြင်
့ မျက်နှာဖုံးတတ်လာသူတို့ကို
မုန်းတီးမိမည်မဟုတ်တော့ ။တစ်ခါတစ်ရံ စပ်စုဖို့အတွက်
ကူညီပေးချင်ယောင်ဆောင်သူတွေကိုလဲ ပြုံးရယ်ပြနိုင်လိမ့်မည်ပေါ့။
အဆင့်အတန်းဆိုသည်မှာ
ဘွဲ့ဒီဂရီများနှင့်တိုက်ရိုက်
အချိုးကျသည်ဟု ဆိုလာပါက ကျွန်ုပ်ထိုအဆိုကို
လုံးဝငြင်းပယ်ပါမည်။တစ်ချို့တစ်
ချို့သော ပညာကြီးသူတို့ သည်
အလွန်ကြောက်စရာကောင်းသော လွန်စွာယုတ်ညံ့သော လုပ်ရပ်များဖြင့်
သက်သေပြနေခြင်းကြောင့်ဖြစ်ပါသည်
။အတန်းပညာမရှိသော်လဲ
အဆင့်အတန်းလွန်စွာမြင့်သော လူတန်းစားများလည်း များစွာရှိကြောင်း
သင်စိတ်ဝင်စားလျှင် ကျွန်ုပ်စိတ်ပါ လက်ပါ ပြောပြနိုင်ပါသည်။သို့သော်
ပညာတတ်ခြင်းကြောင့် အဆင့်အတန်းမဲ့သည်ဟု ကျွန်ုပ်ဆိုလိုခြင်းမဟုတ်ပါ
ပညာတတ်ခြင်းနှင့် အဆင့်အတန်းရှိခြင်းက တိုက်ရိုက်အချိုးကျခြင်းမဟုတ်ဟု
သာ
ဆိုလိုပါသည်။
စာရေးဆရာတစ်ယောက်က ဆိုပါသည်။
“မျှော်လင့်ချက်ကြောင့် ပြန်သေနေရသည်”တဲ့။ ဒီလိုဆိုရင်တော့ ကျွန်ုပ်က
အခါခါသေနေရသော လူတစ်ယောက်သာ ဖြစ်လိမ့်မည်။ ပြည့်စုံသွားသော
မျှော်လင့်ချက်တို့ကြားမှာ အခါခါလဲပြိုခဲ့ရသော မျှော်လင့်ချက်တွေကလည်း
ဒုနှင့်ဒေးကိုးးးးးး။ကဗျာဆရာတစ်ယောက်
ကတော့ “လူငယ်တွေဟာ အမြဲစိမ်းနေသော
သစ်တောတွေ”တဲ့။ထိုအဆိုကိုတော့ ကျွန်ုပ်လုံးဝလက်ခံပါသည်။ထိုသို့
စိမ်းလန်းနေသော သစ်တောတွေကို အဆိပ်ရေအလောင်းမခံရဖို့တော့ ဥယာဉ်မှုးများ
သတိရှိရှိစောင့်ကြည့်ရပါလိမ့်မည်။
တောက်အယူအဆမှာတော့
လူတွေဟာဆိုးလွန်းရင်ကောင်းလာတတ်
ပြီး ကောင်းလွန်းရင်တော့
ဆိုးလာတတ်ကြသတဲ့။ကျွန်ုပ်ကတော့ အခုထိအစွန်းနှစ်ဖက်မှာ
တစ်လှည့်စီရပ်နေမိဆဲဟုထင်ပါသည်။
အဆိုတော်တစ်ဦး၏ သီချင်းတစ်ပုဒ်တွင်
သေမင်းနဲ့ လူတွေက မွေးကတည်းက မိတ်ဆွေတွေဟု ဆိုပါသည်။ထိုသို့ဆိုလျှင်
သေမင်းသည် မိတ်ဆွေကောင်းလော၊ မိတ်ဆွေဆိုးလော ခွဲခြားရ
ခက်ပါလိမ့်မည်။သေချင်ရင်လွယ်လွယ်နဲ့ ခေါ်မသွားဘဲ နေချင်သေးပေမယ့်
ဇွတ်ဆွဲခေါ်တတ်တာ ကြားဖူးပေါင်းများလှပြီ။ကိုယ့်
အလှည့်မှာရော
သူဘယ်လိုစီမံမလဲ စောင့်ကြည့်ရပါအုံးမည်။တစ်ခါတစ်
ရံတော့
ခပ်ပါးပါးသာခြားနေသော နံရံတစ်ဖက်မှာ ဘာတွေ ရှိနေမလဲ
သိချင်လှပါသည်။
လူမျိုးစုတစ်ခု၏ထူးဆန်းသော အလေ့အထတစ်ခုကို
စာအုပ်တစ်အုပ်ထဲတွင် ဖတ်လိုက်ရဖူး၏။သူတို့က လူတစ်ယောက်သေဆုံးလျှင်
ပျော်ပွဲရွှင်ပွဲများ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်တဲ့။လူ့ဘ၀၏
ဒုက္ခပေါင်းစုံမှ ကင်းလွတ်ခွင့်ရသွားသူအတွက် ကိုယ်စား
ဝမ်းသာပေးကြသည်တဲ့။ကလေးတစ်ယောက်
မွေးလာလျှင်တော့ ထိုကလေး၏
လူ့ဘ၀တစ်လျှောက်လုံး ခံစားရမည့် ဒုက္ခတွေအတွက် ကလေးကို သနားပြီး
ဝမ်းပန်းတနည်းငိုကြသည်တဲ့။သို့
ဆိုလျှင်တော့ လူ့ဘ၀ကြီးက
ဒုက္ခတွေသာစုဝေးရာနေရာဟု ယူဆရတော့မည်လော။သုခဆိုသည့္အရာေ
ရာ
တစ်ခုတစ်လေမျှမရှိတော့ပြီလော။ကျ
ွန်ုပ်ဥာဏ်မမှီသဖြင့်
ဆက်မတွေးတော့ပါ။သင်တွေးလိုသေးလျှင် ဆက်ပြီးတွေးနိုင်ပါသည် စာဖတ်သူ။
ကျွန်ုပ်၏အဇ္ဇုတအိမ်လေးထဲသို့လို
က်ပါလာခဲ့သည့်အတွက် သင့်အား
ကျေးဇူးတင်ပါသည်။သင်သည်ကျွန်ုပ်
၏ အတွေးများကိုလက်ခံလိုက လက်ခံနိုင်ပြီး
ငြင်းပယ်လိုက ငြင်းပယ်နိုင်ပါသည်။အဘယ်ကြောင့်
ဆိုသော် သင်နှင့်ကျွန်ုပ်သည်
နေရာတစ်နေရာထဲတွင် အတူတကွရပ်နေကြသူများမဟုတ်ပါက
သင်မြင်တွေ့ နေရသောရှုထောင့်နှင့် ကျွန်ုပ်မြင်တွေ့ နေရသောရှုထောင့်
တို့ ထပ်တူမကျနိုင်သောကြောင့်ပင်။
မိတ်ဆွေ.. ကျွန်ုပ်သည်
သိုးမည်းတစ်ကောင်သာလျှင်ဖြစ်ပါသည်။ ။