Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all 9878 articles
Browse latest View live

သံယောဇဉ်အတွက် ခံစားရသောပူလောင်ခြင်း

$
0
0

                ခင်လေးကအညာသူပါခင်လေးရဲ.ခံစားချက်ကလေးပါ  သံယောဇဉ်ဆိုတာကို ခင်လေးရဲ.အမြင်ပါ

ခင်လေးစာမရေးဖူးပါဘူး  အမှားပါရင်သည်းခံပေးပါနော့

              ခင်လေးတို.ကမောင်နှမ4ယောက်ပါ  ခင်လေးက2ယောက်မြောက်ပေါ့  ခင်လေးအောက်မှာမောင်လေးနဲ.ညီမရှိတယ်လေ

ခင်လေးမောင်လေးရဲ.သယ်ရင်းတစ်ယောက်ပေါ့   ငယ်2လေးထဲကနေမောင်နှမလို.နေတာလေ     သူနာမည်ကငပွေတဲ့ 

ခင်လေးတို.ခေါ်တို.ခေါ်တာပေါ့    ခင်လေးမောင်လေးနဲ.သူကလေ  ညီအစ်ကိုလိုနေပေါ့      မောင်နှမတွေလေနေတဲ့

ငပွေတစ်ယောက်လေ  ပထမနှစ်တတ်နေတာ   Bot  တတ်နေတာလေ  ကျောင်းအရမ်းကိုတတ်ချင်လို.ခင်လေးကိုအပ်ခိုင်းတယ်

သူအမေမသိအောင်ပေါ့           နောက်မှပြောတာသူ.အမေကိုလေ   ခင်လေးမောင်လေးနဲ.ကမေဂျာမတူတော့ဘူးလေ

သူသယ်ရင်းတေိနဲ.  ဧရာဝတီမြစ်ကိုရေချိုးသွားရင်းလေ  ရေနစ်သေသွားတယ်   ဘယ်လိုဖြစ်တာလဲတော့ခင်လေးလဲမသိဘူး

မောင်လေးတစ်ယောက်ဆုံးရှုံးလိုက်ရတယ်လေ  ခင်လေးအရမ်းဝမ်းနည်းတယ်    ခင်လေးမောင်ဆိုအိပ်တောင်မပျော်ဘူး

သူ.ညီအစ်ကိုလိုနေတဲ့သူဆုံးတာမယု့နူင်အောင်ပါဘဲ  ခင်လေးတို.အပေါ်သံယောဇဉ်ကြီးတဲ့  

ငပွေကောင်းရာရောက်ပါစေလို.ဆုတောင်းနေရတယ်     သံယောဇဉ်ကပူတယ်လေ  သူအတွက်ခင်လေးတို.တစ်အိမ်လုံး

မိသားစုကိုဆုံးရှုံးရသလိုခံစားနေရတယ်လေ  သူနဲ.ခင်လေးတို.ကဘာမှမတော်ပေမဲ့   ခင်လေးတို.သံယောဇဉ်ကခိုင်မြဲပါတယ်

ခင်လေးတို.ရဲ.ရင်ထဲမှာ  ငပွေဟာအမြဲတမ်းရှိနေမှာပါ 

                                                                     ခင်လေးမရေးတတ်လို.မှားတာပါရင်တောင်းပန်ပါတယ်နော့

                                                              ခင်လေးကိုနားလည်ပေးပါ  အရမ်းခံစားရလို.ရေးလိုက်တာပါ

                                                             တစ်ခါမှလဲစားမရေးဘူးလို.ပါနော့

                                                              ခိုင်မြဲတဲ့သံယောဇဉ်နဲ.အားလုံးလည်းသံယောဇဉ်ထားတတ်ပါစေ


ဒေါ်အောင်ဆန်းစုကြည်နှင့်..ဗုဒ္ဓဘာသာအမြင်..

$
0
0

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊
မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့်
မစ္စတာ အလန် ကလီးမင့်ထ်စ် က ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဖြစ်ခဲ့သည်များကို
( Comversation with Aung San Su Kyi )ခေါင်းစဉ်ဖြင့် (Shambhala Sun, September 1997) တွင် ရေးသားဖော်ပြခဲ့ပါသည်။
ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။

အလန်ကလီးမင့်ထ်စ်- “ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”

ဒေါ်အောင်ဆန်းစုကြည် -“ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”

အလန်ကလီးမင့်ထ်စ်- “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်- “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။
ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မက စိတ်တိုတတ်တယ်ရှင့်။
ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။
ဝိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။

အလန်ကလီးမင့်ထ် -လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊
သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့
ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။
သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့
တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည်- မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။

အလန်ကလီးမင့်ထ်- ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည်- ရိုးရိုးလေးပါပဲ။
ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။
ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ် -ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည်- အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။
ဆိုကြပါစို့
ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊
ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊
ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့်
ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် -ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့်
ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည်- ဟုတ်ပါတယ်။
လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။
ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် -ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်- စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ်- နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်- ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော့
“ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့
သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။
ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။
ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့
တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ်- ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည်- ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။
ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊
ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။
ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။
ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။
ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။
ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။
ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။
ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ်-၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်- ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။
ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။

ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။
တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။
စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊
ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ်- “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့
ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။
ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည်- “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။
ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။
ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။
အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။
ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ
စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။
ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။
နားဝင်လည်း ချိုရမယ်ပေါ့လေ။
ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။
မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ
သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ်- “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့
အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”

ဒေါ်အောင်ဆန်းစုကြည် -“ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့်
မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။
ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။
ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။
ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။
ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”

အလန်ကလီမင့်ထ်- “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည်- “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။
ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။
တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊
ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင်
ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

“ အမှတ်တမဲ့ မှ အမှတ်တရ သို့ ”

$
0
0

               လူ့ဘဝတွင် လူသားများသည် တစ်ခါတစ်ရံ အမှတ်တမဲ့ အဖြစ်အပျက်များ ပြုမူမိကြပါသည်။ မိမိအမှတ်တမဲ့ ပြုမှုလိုက်သော အဖြစ်အပျက်များသည် တစ်ဖက်သားအား အမှတ်တရဖြစ်စေပါသည်။ ထိုအမှတ်တရသည် ပျော်ရွှင်ဖွယ်ကောင်းခြင်း ၊ အားတတ်ဖွယ်ကောင်းခြင်း ၊ စိတ်နှလုံးရွှင်လန်းစေလျှင် အကြောင်းမဟုတ်ပါ။ မိမိ၏အမှတ်တမဲ့ကြောင့် တစ်ဖက်လူမှာ ငိုကြွေးရခြင်း ၊ အရှက်ရခြင်း ၊ သိက္ခာကျခြင်း ၊ စိတ်နှလုံးထိခိုက် သွားလျှင် ဝမ်းနည်းဖွယ် ကောင်းပါသည်။ လူသားများသည် လက်ချောင်းလေးများကဲ့သို့ တစ်ဦးနှင့်တစ်ဦး စိတ်ဓါတ်မတူပါ။ ညီညာမှုရှိချင်မှ ရှိပါမည်။ မညီညာသည့် လူသားများအား ဆက်ဆံသည့်အခါ သတိပိုထား ရပါသည်။

            ကဗျာစာဆိုရှင် တစ်ဦးကဖွင့်ဆိုဖူးသည်မှာ လူစိတ်ဖောက်ပြန် ပျောက်ဆုံးခြင်း သည်ကမ္ဘာလောက၌ ကြောက်စရာအကောင်းဆုံး ဟုဆိုထား၏။ ဆင်းရဲပေမဲ့ ဆိုက်ကားသမားလည်း သူ့အရည်အချင်း နှင့် သူ့မာန ရှိသလို အရက်သမားသည်လည်း သူ့နိယာမနှင့် သူ့ဒဿနရှိနေပါသည်။ အမှတ်တမဲ့ပြီးစလွယ် သွားပြော၍ မရပါ။ အမှတ်တမဲ့လုပ်လိုက်၍ ကိုယ်ကမသိလိုက်ပေမဲ့ တစ်ဖက်သားမှာ  သွေးသားနှင့် အသိဥာဏ်နှင့် တည်ဆောက်ထားသော လူဖြစ်၍ဒိုင်ယာရီထဲ အမှတ်တရရေးသည်အထိ ဖြစ်တတ်သော ပုံစံများကျွန်မ မြင်ဖူးခဲ့ပါသည်။ ထိုကြောင့် ကွယ်လွန်သွားသော ဖခင်သည် စကားလက်ဆောင် ပေးခဲ့ပါသည်။ မိမိ၏ အမှတ်တမဲ့ အပြုအမူသည် တစ်ဖက်သား၌ နာကျင်ခံစား နားကျည်းစေနိုင်ပါ၍ မိမိပြောမည့်စကားကို မှတ်သား၍ သေချာစဉ်းစားပြီးမှ အမှတ်တရ ဖြစ်အောင်ပြောပါလို့ ပြောခဲ့ပါသည်။  

           တစ်ခါတရံ မိမိအမှတ်တမဲ့ ပြောတာကို မိမိအမှားမှန် သိပေမဲ့ တစ်ဖက်လူသည် သိချင်သိမည် မသိချင်မသိပါ။ သိသိမသိသိ ဘာမှမတုန့် ပြန်ပါကအမှတ်တမဲ့ သမားသည် နိုင်သူမှ လူဒဿနကို ချိုးဖောက်သော ရှုံးသူဖြစ်သွားပါသည်။ လူ့လောကသည် တိုတောင်းပါသည်။ ကျွန်မတို့သည် သက်တမ်း(၇၅) နှစ်တွက်ပါက သက်တမ်းသုံးပုံ တစ်ပုံကုန်သွားပါတော့သည်။ ကျန်သည့်နှစ်ပုံတွင် ကြိုးစား၍ အမှတ်တမဲ့များ ဖျောက်ဖျက်၍ အမှတ်တရများ ရအောင်ကြိုးစား ရပါမည်။

           လူတစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပါ။ မိမိဖြတ်သန်းရာ လမ်းမှမိမိကြည့်တတ်သော အမြင်ကိုသင်ပေးပါသည်။ မိမိလျှောက်ခဲ့သော လမ်းကခရီးသည် မိမိ၏အမြင်သာ ဖြစ်ပါသည်။ ပုံပြင်လေးတစ်ခု ရှိပါသည်။ ငယ်စဉ်က သင်ကြားခဲ့သော ပုံပြင်လေးပါ။ ကျေးနှစ်ကောင် ရှိပါသည် လေမုန်တိုင်းတိုက်၍ တစ်ကောင်သည် ဘရသေ့ထံ ရောက်ပါသည်။ ဘရသေ့ထံရောက်သော ကျေးသည် အမှတ်တရဖြစ်စေသော စကားယဉ်များဖြင့် လာသမျှလူကို ဆက်ဆံပါသည်။ ခိုးသားဓါးမြများထံ ရောက်သောကျေးသည် ရိုင်းပြသော စကားကြမ်းများဖြင့် လာသမျှလူကို အမှတ်တမဲ့ ပြောတတ်ပါသည်။ စကားယဉ် ၊ စကားကြမ်းသည် အမှတ်တမဲ့ ပြောဆိုပေမဲ့ အမှတ်တရ တန်ဖိုးထားလေးစား ပျော်ရွှင်ဖွယ်ကောင်းသော စကားဖြစ်စေချင်ပါသည်။ ကြမ်းကျွံ၍ နှုတ်ရပေမဲ့ စကားကျွံ၍ နှုတ်မရပါ။

              ကျွန်မအဖေသည် စကားကိုပြီးစလွယ် ပြောခြင်းကိုလက်မခံပါ။ ဘာလုပ်လုပ် စဉ်းစားခိုင်းပါသည်။ သမီးတွေ အမှတ်တမဲ့ ပြောမိ၍ တစ်ဖက်လူနစ်နာပြီး အမှတ်တရဖြစ်မှာ သူကြောက်ရှာပါသည်။ အဖေ့ကိုအကူအညီ တောင်းခံလျှင်လည်း လုပ်၍ရလျှင် လုပ်ဆောင်ပေးပြီး လုပ်၍မရလျှင် မလုပ်နိုင်သည့် အကြောင်းအရင်းကို တစ်ဖက်လူအား ပြေပြစ်သေချာစွာ ရှင်းပြတတ်ပါသည်။ ထို့ကြောင့်အဖေသည် ကွယ်လွန်သွားပေမဲ့ နာမည်တစ်လုံး ကဗ္ဗည်းထိုး၍ အမှတ်တမဲ့ မလုပ်ဖြစ်အောင် ရှောင်ကျင်၍ ကောင်းသော ၊ သဘာဝကျသော အမှတ်တရများကို ရေးထိုးခဲ့ပါသည်။ အဖေ၏အမှတ်တရ နာမည်တစ်လုံး ကဗ္ဗည်းတင်ခဲ့၍သာ ယခုချိန်ထိ ကျွန်မတို့ မိသားစုများ စားဝတ်နေရေး မကြောင့်မကျ တင့်တောင့်တင့်တယ် စားသောက်နေထိုင် နိုင်ခြင်းဖြစ်ပါသည်။ တမလွန်ရောက်သည့်တိုင် သမီးများစိတ်ကို စွဲကိုင်လှုပ်ရမ်း၍ ထိန်းသိမ်းပေးနိုင်သည့် အင်အားရှိသည့် အဖေဖြစ်ပါသည်။

            အမှားမခံနိုင်သော လူများတွေ့လျှင် ပို၍သတိထားရပါသည်။ လောကဓံသည် အပြောမခံနိုင်အောင် ရှုပ်ထွေးလှပါသည်။ တစ်ကိုယ်တည်း လူပျို ၊ အပျို ဘဝတွင် အမှတ်တမဲ့နေ၍ မိဘနှင့် ဆွေမျိုးသူငယ်ချင်းများ သည်မိမိအား သံယောဇဉ်ရှိပြီး မိမိအကြောင်း သိ၍ခွင့်လွတ်ပါသည်။ အိမ်ထောင်ကျပါက မိမိ၏အမှတ်တမဲ့ အပြုအမူများ ၊ စကားလုံးများ သည် လင်(သို့မဟုတ်) မယား ၏ မိဘမောင်နှမများကို အမှတ်တရ ဖြစ်စေပါသည်။ ကောင်းသော အမှတ်တရဖြစ်လျှင် အကြောင်းမဟုတ်။ မကောင်းသော အမှတ်တရဖြစ်လျှင် အိမ်ထောင်ရေး တွင်ထိခိုက်စေတတ်ပါသည်။ အစကောင်းမှ အနှောင်းသေချာအောင် ကျွန်မတို့သည် အမှတ်တမဲ့မှ ကောင်းသောအမှတ်တရများ ရအောင်ကြိုးစားရပါမည်။

         လက်ချောင်းလေးများ ကဲ့သို့စိတ်မတူ ကြသောလူသားများ ကိုဆက်ဆံသည့်အခါ အမှတ်တမဲ့ ပြောသောစကားများ ၊ အပြုအမှုများမလုပ်မိအောင် ရှောင်၍ အမှတ်တရစကားနဲ့ အမှတ်တရ အပြုအမှုများ ကျင့်ကြံနိုင်အောင် နုငယ်စဉ်မှစ၍ အခြေခံဓလေ့လေးတစ်ခုကို နေ့စဉ် ထမင်းစား ၊ ရေသောက်သကဲ့သို့ မွေးမြူကျင့်ကြံ အားထုတ်သွားမည် ဆိုပါက မိမိလိုလားရာ ပန်းတိုင်သည် မိမိအနားတွင် ရောက်ရှိနေမည်မှာ ဧကန်မလွဲတော့ပါ………။


ကိုယ်တိုင်ဝန်ခံချက်။        ။“ အမှတ်တမဲ့ မှ အမှတ်တရ သို့ ”  ဘလော့ပို(စ်)သည် မိုးမခကိုယ်တိုင်ရေး အတွေးပုံရိပ်တစ်ခု ဖြစ်ပါသည်။ မည်သည့်နေရာတွင်မှ ပါဝင်ဖော်ပြခဲ့ခြင်း မရှိသော ဘလော့ပို့(စ်) ဖြစ်ပါသည်။


sorry ပါချစ်သူ

$
0
0

ကျွန်တော့်မှာအရမ်းချစ်ရတဲ့ ချစ်သူတယောက်ရှိခဲ့တယ် ရှိခဲ့တာမဟုတ်ပါဖူးရှိဖူးခဲ့တာပါ အခုတော့သူကျွန်တော့်ကိုစွန့်ပစ်သွားခဲ့ပါပြီ
ဘယ်တော့မှကျွန်တော့ဆီပြန်လာမှာမဟုတ်တော့ဖူးလို့သူ့မိတ်ဆွေတယောက်ကပြောပါတယ် ဒါပေမဲ့ကျွန်တော်မျှော်လင့်နေတုန်းပါပဲ
သူ့ကိုကျွန်တော်အရမ်းချစ်တယ် တနေ့တရက်မှမေ့လို့မရခဲ့ပါဖူး သူက သူ့ကိုလိုက်မရှာပါနဲ့တော့်လို့လွယ်လွယ်လေးပြောသွားခဲ့ပါတယ်နေုတိုင်းလွမ်းနေတယ်
 အရမ်းချစ်နေရတဲ့ကျွန်တော်ကဘယ်လိုခံစားပြီးဘယ်လိုလုပ်နေခဲ့ရမှာလဲ သူကျွန်တော့်ကိုပြောပြီးထားသွားခဲ့တာကဒီစာလေးကိုဖတ်ကြည့်လိုက်ဗျာ
 ?က မောင်နဲ့ စတွေ့တုန်းကလို အဖြူရောင်လေး မဟုတ်တော့ဖူး
အရောင်ပေါင်းစုံစွန်းထင်းပီး သုံးလို့ မရတော့တဲ့
  စက္ကူတရွက်ဖြစ်သွားပီ
  မောင်မေ့နိုင်မယ်လို့လဲ ?ယုံပါတယ်
? မောင့်ကို ကျေးဇူးအများကြီးတင်ပါတယ်
  ?ကို ချစ်ပေးတဲ့ အတွက် လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်
?ကို လိုက်လဲ မရှာပါနဲ့တော့နော်
  ?နဲ့ ပတ်သက်သမျှကိုလဲ မောင်မေ့ပစ်လိုက်ပါနော်
?လို သစ္စာမရှိတဲ့ လူတယောက်ကို မောင်မေ့ပစ်လိုက်ပါ
  မောင်နဲ့ ထိုက်တန်တဲ့သူပေါ်လာမှာပါ
  မောင်က ဖြူစင်နေသေးတယ်
  ?က ..
  မကောင်းတော့ဖူးတဲ့ သူအဲလိုပြောပြီးထားခဲ့တာနဲ့ကျွန်တော်ကမေ့ပစ်လိုက်ရမှာလား ကျွန်တော်အချစ်ကိုသူအထင်သေးတယ်
အွန်လိုင်းပေါ်မှာပဲချစ်သူတွေဖြစ်ကြတယ်ဆိုပြီးပေါ့ပျက်ပျက်နဲ့လုပ်သွားတာလား...ဘာပဲဖြစ်ဖြစ်ဗျာ
ကျွန်တော်သူ့ကိုအရမ်းချစ်တယ် သူဘယ်ဘ၀ပဲရောက်ရောက် ချစ်တယ် ပိုင်ဆိုင်ချင်တယ် အဲဒါကျွန်တော့ရင်ထဲကစကားတွေပါပဲ
ကျွန်တော့ချစ်သူကနမ္မတူးမှာနေပါတယ် သူဒီစာကိုမြင်တွေ့ခဲ့မယ်ဆိုရင်လဲ ချစ်သူမင်းကိုငါတောင်းပန်ပါတယ် ငါ့ရင်ထဲမှာပြွတ်သိပ်ပြီးခံစားနေရတာကြာပါပြီ
ဘယ်လိုမှမမျိုပ်သိပ်နိုင်တော့လို့အခုလိုဖွင့်ဟခဲ့မိတာ
sorry ပါချစ်သူ

,~ ကေ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ~'

$
0
0

                            

                                ,~ ကေ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ~'


                     သူငယ်ချင်းအားလုံး မင်္ဂလာပါနော် ~~~ ကေ ရေးတဲ့ဒီစာလေးကို ဖတ်ရင်းစိတ်ကျေနပ်


တွေရရှိနိုင်ပြီး ကိုယ်ချစ်တဲ့သူနဲ့လည်း ဆုံဆည်းနိုင်ပါစေလို့ ကေ ဆုတောင်းပေးပါတယ်နော် ~~~


ကေ က သူများအကြောင်းလဲ မပြောတက်သလို သူများတွေအကြောင်းလဲ ကိုယ်နဲ့မပတ်သက်ရင်စိတ်


မ၀င်စားတဲ့ ကောင်မလေးတစ်ယောက်ပေါ့~~~ အဲဒီတော့ သူများအကြောင်းမပြောတက်တဲ့ကေကိုယ

အကြောင်းကိုယ် ဒီဆိုဒ်ထဲမှာရှိတဲ့ သူငယ်ချင်းအားလုံးကို ပြောပြချင်ပါတယ်ရှင့်~~~


                   နာမည်က " ကေ " အသက်ကတော့မပြောပြဘူး . အသေသတ်လိုက် နေတာကမြောက်


ဒဂုံမှာပါ….. အရမ်းအေးတဲ့ ဒီဆောင်းရာသီ မနက်အစောပိုင်းမှာ သူများတွေလို အိပ်ရာထဲမှာစောင်ခြုံ


ပြီး နွေးထွေးမှုရရှိဖို့ဆိုတဲ့ အခွင့်အရေးက ကေ အတွက်အခက်ခဲဆုံးအရာတခုပါ…...မနက် 6:00 ဆို


ုကေအိပ်ရာကနေ ထရပါပြီ….. အလုပ်သွားဖို့ ပြင်ဆင်ရဦးမယ်လေ 6:30 ဆို ကေအိမ်ကနေ စထွက်ပြ

လေ ~~~


                  ကေ တို့နေတဲ့အိမ် နဲ့ ကားဂိတ်ကအတော်လေးကိုဝေးပါတယ်…အဲဒီတော့ ထုံးစံအတိုင်း


လမ်းထိပ်ကို လမ်းလျှောက်တာပေါ့ ~~~ ပြီးတော့ ကားတဆင့်စီးတယ် သိပ်တော့မစီးရပါဘူး.များများ


စားစား သုံးမှတ်တိုင်ရယ်ပါ….. လိုင်းကားပေါ်ကဆင်း ပြီးတော့ ဖယ်ရီပေါ်အပြေးအလွှားလေးတက်ပြီး


အလုပ်ကိုသွားရ တယ်လေ ~~~တခုတော့ ကေ ပြောဖို့ကျန်နေသေးတယ် ကေ တို့ဖယ်ရီကမနက်ဆို


7:00 ထိုးဖို့ ----5 မိနစ် အလိုဆို ဘယ်သူကိုမှ မစောင့်ပဲကားထွက်တက်တာ ကားဆရာအကျင့်လေ


                  အဲဒီ..ကားထွက်မဲ့အချိန် အမှီမလာနိုင်လို့ ကေကျန်ခဲ့တဲ့ရက်တွေလည်း မနည်းတော့ပါဘူး


~~~Taxiအပြေးအလွှားဌားရတာ လဲ ပိုက်ပိုက်တွေတော်တော်ကုန်လောက်ရောပေါ့ ~ ကဲလေထားပါ


တော့ရှိစေတော့ ကေကဖယ်ရီ ထွက်ချိန်မှ မှီအောင်မလာနိုင်တာပဲလေကားဆရာမှာအပြစ်မရှိပါဘူး


~~~နောက်ဆုံးအပြစ်ရှိသူက ကေ ပါကွာကေ အလုပ်ချိန်ကမနက် 7:30 ကနေညနေ 5.05


မိနစ်လေ….


                    ကေ တနေ့တာ အလုပ်ထဲမှာ ဘာတွေလုပ်ရလည်း ဆိုတာကိုတော့မပြောပြတော့ဘူး ..


နော် ~~~ သူငယ်ချင်း အားလုံး ဒီစာဖတ်နေရင်း အိပ်ပျော်သွားမှာ ကေစိုးရိမ်လို့ပါဗျ ~ :P ကဲ ဒီလိုနဲ့


ပဲညနေ 5:05 မိနစ်လဲအတိ ဘဲလည်းအတီးပေါ့ …. Office မှာရှိတဲ့ အရွယ်စုံဆိုင်္ဒစုံ " မမ " တို့ …..


လက်မှတ်ထိုးပြီး ရုံးဆင်းဖို့အဆင်သင့် ဖြစ်နေကြပြီလေ ~~~ကိုယ်နဲ့သက်ဆိုင်တဲ့ ဖယ်ရီအသီးသီးဆီ


တက်ပြီးအိမ်ပြန်ကုန်ကြပြီလေ …. ချစ်သူနဲ့ချိန်းထားတဲ့ ကောင်မလေးများကြတော့လဲ နောက်ဆုံး


တော့ သွားနေကျ ကန်ဘောင်ကိုအလှပြင်ချယ်သပြီးအလိုရှိရာ ကြွမြန်းလေရဲ့~~~


                     ချစ်သူဆိုပြီး လက်ဆုပ်လက်ကိုင်မပြနိုင်သေးတဲ့ " ကေ " ကတော့ :(ကန်ဘောင်ကိုလဲ


မသွားနိုင်သလို အိမ်ကိုလဲမပြန်နိုင်သေးပါဘူး ~~~ ချစ်သူရှိရာ Chatting လို့ခေါ်တဲ့   Net Work


ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားတဲ့ နေရာလေးတခုကို ချစ်စခန်းထဖို့အပြေးလေးဆိုင်ထဲကိုဝင် :) ...


ထိုင်နေကြ စက်လေးမှာထိုင်ရင်း ချစ်သူအပါးမှာ အခစားဝင်ဖို့ ကေ အဆင်သင့်ဖြစ်နေပြီလေ ~~~


ညနေ 6:00 ဆိုလိုင်းပေါ်မှာ ကေ နဲ့ အချစ်က တွေ့နေကြပါ ….


                          အော် …… ကေမှာလဲမေ့တက်ပါရောလား ပြောချင်တဲ့စိတ်တွေများပြီး ကေချစ်သူ


အကြောင်းပြောဖို့မေ့နေလေရဲ့ ကေချစ်သူက ကေထက်အသက်အများကြီးငယ်တယ်ကေ နဲ့ သူ က


သီချင်းလေးတပုဒ်ကြောင့် စတွေ့ဖြစ်ခဲ့ကြတာပါ…. အဲဒီသီချင်းလေးက ကေ ဆိုထားတာပါသူကအဲဒီ


သီချင်းကို အရမ်းကြိုက်တယ်လေ ~ဒီလိုနဲ့ပြောရင်းပြောရင်း အရမ်းချစ်တဲ့ချစ်သူတွေ ဖြစ်ခဲ့ကြတယ်


လေ…သူနာမည်တော့ မပြောပြတော့ဘူးနော် ဘာလို့လဲဆိုတော့ သူကြိုက်လောက်မှာမဟုတ်ပါဘူး ။။


                      သူကကဗျာတွေစာတွေအတော်လေးရေးသလို Flashsonလုပ်တာလည်းတော်တော်


လေးဝါသနာပါတယ်လေအရမ်းကိုတော်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်ဆိုလဲ မမှားပါ ဘူး


12 ရာသီသူအလုပ်တေနဲ့ရှုပ်နေတော့ ကေ ကိုပစ်ထားတက်တဲ့အချိန်တွေလည်း မနည်းတော့ဘူးလေ.


ကလေးလေးတစ်ယောက်လို အပြစ်အရမ်းကင်းစင်ပြီး ရိုးသားတဲ့ ကေ ချစ်သူမောင်အပေါ်မှာ  " ကေ "


အပြစ်မမြင်ရက်ခဲ့ဘူး ~~~


                   ကေ ကိုဘယ်လောက်ပဲ ပစ်ထားပစ်ထား ကေ ချစ်သူ မောင် …အပေါ်မှာ ငြိုငြင်တဲ့စိတ်

လေးနည်းနည်းတောင် မဖြစ်ခဲ့မိဘူး …. မောင်က သူအလုပ်တွေရှုပ်တိုင်း  ကေ   ကိုပြစ်ထားတက်တာ


မောင်အကျင့်ပါ ~ ဒါပေမဲ့ ချစ်သူရဲ့ ပြစ်ထားခြင်းကိုခံရတဲ့ " ကေ " ကတော့ဝမ်းနည်းပြီးငိုခဲ့ရတဲ့ရက်


တွေကိုတော့ ဟိုးးးး အဝေး ကြီးမှာရှိနေတဲ့ ကျွန်မချစ်တဲ့ မောင်တစ်ယောက်ဘယ်သိနိုင်မလဲနော် ….


မောင်အလုပ်တွေရှုပ်ပြီး ကေ ကိုစကားပြန်မပြောတဲ့အခါတိုင်း ကေချစ်သူမောင်ကိုကေအမြဲပြောနေ

ကြစကားလေး တခွန်းရှိ .. တယ် ကေ သူငယ်ချင်းအားလုံးကို သိစေချင်လို့ကေပြောပြမယ်နော် .....


                " မောင် " အလုပ်တွေရှုပ်နေတာ လား မောင်မအားဘူးဆိုရင် ချစ် မရှုပ်တော့ဘူးနော်လို့


" ကေ " အမြဲပြောတက်တယ် ….. အဲဒီစကားလေးတခွန်းကို ဖတ်လိုက်ရတဲ့မောင်ကတော့ဘယ်လိုမှနေ


မှာမဟုတ်ပါဘူး ..အဲဒီစကားလေးက အတော်လေးကိုရိုးစင်းလွန်းတယ်လို့ သူငယ်ချင်းအားလုံးလဲ ထင်


ကြမှာပါပဲ ~~~ တကယ်တော့ သေချာစဉ်းစားကြည့်ရင် ရှုပ်တယ်ဆိုတဲ့စကားရဲ့အဓိပ္ပယ်ကဘာလဲ


မလိုအပ်တော့လို ရှုပ်တာပေါ့ ကိုယ်ကိုကိုယ်ရှုပ်တယ်လို့တောင် တင်စားလိုက်မိတဲ့ ကေ စိတ်လေးက


'ကေ'အချစ်ရဆုံး " မောင် " ခြေဖ၀ါးအောက်မှာ ပြားပြားဝပ်လို့ပေါ့ ….


                        အော် … ဒါနဲ့ပြောရဦးမယ်ကေဒီနေ့ဒီစာကိုရေးနေတဲ့အချိန်မှာ ကောင်းကင်ကြီးက


မှောင်မိုက်လို့ ကြယ်လေးတွေလည်းတလုံးမှတောင် တောက်ပစွာအရောင်မလက်နိုင်အောင်ပျောက်ရှ


လို့နေပြီလေ ~~~ သိပ်မကြာခင်အချိန်မှာ ၀ဿန်မိုးကရွာချတော့မယ် ထင်ပါရဲ့ ။ ဆောင်းရာသီမှာ


ထူးကဲစွာ မှောင်မိုက်နေတဲ့ ကောင်းကင်ကနေမိုးစက်လေးတွေ ဖြေးညှင်းစွာရွာကျလာပြီလေ . ခြံထဲက


ထိုင်ခုံလေးပေါ်မှာ ချစ်သူကိုသတိရခြင်းများစွာနဲ့ ရေးနေတဲ့စာကိုတောင် ဆက်မရေးနိုင်တော့လောက်


အောင် မိုးမင်းကြီးကအငြိုးနဲ့ ရွာချလိုက်လေသလား …


                           ကေ တစ်ယောက်တည်းအထီးကျန်စွာ ချစ်သူကိုလွမ်းဆွတ်တမ်းတနေရင်းရင်ထဲက


ဝေဒနာတွေဟာ ဒီမိုးဖွဲလေးနဲ့အတူ ကေမျက်ရည်တွေက ကေ ပါးပြင်ထက်ကိုစီးကျလာအောင်မိုးမင်း


ကြီးကတွန်းပို့လိုက်တယ်လို့ ကေ စိတ်ထဲမှာတွေးထင်လိုက်မိပါတော့သည် ~~~ ရေးလက်စ စာအုပ်


လေးကိုပိုက်ရင်းမျက်ရည်စတွေနဲ့အတူ ကေ အိပ်စက်ရာအိပ်ရာလေးဆီသို့ကေခြေလှမ်းတွေရွေ့လျား


နေပါပြီကေ လွမ်းဆွတ်သတိရနေတဲ့ ကေချစ်သူမောင်နဲ့ အတူချစ်အိမ်မက်လေးတွေ မက်ဖို့အလှည့်


ကျပြီလေ ။


                           ဒီချိန်လောက်ဆို မောင် တစ်ယောက်တော်တော်လေး အိပ်မောကျနေမယ်လို့ ...


ကေထင်ပါ တယ် ~ ည 11:30 နေပြီလေ မောင် တို့ဆီမှာတော့ ည 1:00 ထိုးလောက်ရောပေါ့ ~~~


ကေအကြောင်း ပြောနေတာနဲ့ မောင်အကြောင်းပြောနေတာတောင် ဘယ်ရောက်သွားမှန်းတောင်


မသိတော့ဘူး ….သူငယ်ချင်းအားလုံးစိတ်ဝင်စားနေတဲ့ မောင်အကြောင်းကို ဆက်ပြောဦးမယ် ကေချစ်


တဲ့" မောင် " ကအရမ်းကိုစိတ်ရှည်ပြီကေအပေါ်မှာတော်တော်လေးနားလည်ပေးနိုင်တဲ့လူတစ်ယောက်


လို ကေ စိတ်ထဲမှာ အမြဲတွေးထင်ထားခဲ့မိတယ် ~~~


                   ကေ နဲ့မောင် ချစ်သူတွေဖြစ်ခဲ့ကျပေမဲ့ မောင်ကို  " ကေ" လုံးဝ မမြင်ဘူးဘူးလေ …….


သူငယ်ချင်းအားလုံးစိတ်ထဲမှာ တွေးမိကြမှာပါလုံးဝကိုမမြင်ဘူးပဲနဲ့ကေ ဘာကြောင့် မောင် အပေါ်မှာ


အရမ်းချစ်နေမိလဲဆိုတာ ကေ ကလွဲပြီးဘယ်သူမှသိနိုင်မယ်မထင်တော့ပါဘူး …" ကေ"ကိုတော့ မောင

မြင်ဘူးပါတယ် Chatting ရဲ့ထုံးစံအတိုင်း VZO နဲ့ပေါ့ အဲဒီလိုချက်တဲ့အခါတိုင်း မောင်ကို အရမ်းတွေ


ချင်တဲ့ စိတ်ကအမြဲဖြစ်နေတယ်လေ ~~~ ဒါပေမဲ့ ကေ ဆန္ဒတွေဘယ်တော့မှ မပြည့်ခဲ့ပါဘူး …


                       မောင်ကိုတွေ့ချင်တယ်လို့ပြောတိုင်းတနေ့တော့တွေရမှာပါလို့ မောင်အမြဲပြန်ပြော


တတ်တာမောင် အကျင့်လေ …… ကေ ကတွေ့ချင်နေတဲ့သူပဲ တွေ့အောင်ရှာရမှာကေအလုပ်ပဲမဟုတ်


ဘူးလားကေကြိုး စားပြီးရှာခဲ့ပါတယ် ~~~နောက်ဆုံးတော့ ကေ ချစ်တဲ့မောင်ပုံတွေကိုဆိုဒ်ထဲက မောင်

အိမ်လေးမှာကေရှာတွေခဲ့တယ် ~~~ အဲဒီနေ့က ကေအတော်လေးကို ပျော်ရွှင်ခဲ့ရတဲ့နေ့လေးတစ်ရက်


ပေါ့ အဲဒီနေ့လေးကို *ဘယ်တော့မှမေ့နိုင်တော့မှာ မဟုတ်တော့ပါဘူး .ဘာဖြစ်လို့လဲဆိုတော့ အချစ်


ရဆုံးမောင်မျက်နှာကိုစတွေ့ခဲ့ရတဲ့ အမှတ်တရနေ့လေးတနေ့ ဖြစ်နေလို့ပါဗျ ။


                          ပျော်ရွှင်ခြင်းရဲ့နောက်ကွယ်မှာ ၀မ်းနည်းစရာတွေမုန်တိုင်းလို ထန်လာလိမ့်မယ်လို့


'ကေ" စိတ်ထဲမှာ ဘယ်လိုမှထင်မထားခဲ့မိဘူး ~~~ ,~ ကေ ~' ရင်ထဲကို”နာဂစ်”ထက်ပြင်းတဲ့ မုန်တိုင်း

ဝင်မွှေဖို့အကြောင်းကဖန်လာလေရဲ့ … မောင် ဘ၀မှာကေက ,~First Love~' ကေ အတွက်တော့


မောင်က အချစ်ဦးမဟုတ်ခဲ့ပါဘူး ဒါပေမဲ့အချစ်ဦးထက်ပိုချစ်ခဲ့ရသူပါ ~~~ ကေ နဲ့ မောင်ချစ်နေကြတဲ့


အချိန်မှာပဲ ကေ အရင်အချစ်က ကေကိုပြန်ဆက်သွယ်လာတယ် သူဆီကိုပြန်လာပါကေမရှိတော့မှ ကေ့


တန်ဖိုးကိုနားလည်လာတယ်တဲ့လေ ….


                   ကိုယ်ကိုမချစ်လို့မကြင်နာလို့ အမြဲနာကျင်အောင်လုပ်တတ်တဲ့ လူတစ်ယောက်ဆီ  ပြန်


သွားကျွန်မကြောက်နေပြီလေ~~~~ " ကေ " ဆိုတဲ့မိန်းမရဲ့စိတ်ကကိုယ်အပေါ်နည်းနည်းလေးကောင်း


ရင်သူများအပေါ် အများကြီးပြန်ကောင်းတက်တယ်ကိုယ်အပေါ်နည်းနည်းလေးချစ်ရင် အများကြီးပြန်


ချစ်ပြီး သိပ်ကိုကြင်နာတတ်မဲ့ မိန်းမတစ်ယောက်ပေါ့ ~~~ကေ ကိုမချစ်လို့အမြဲပစ်ထားတတ်ပြီးမကြင်


နာတတ်မဲ့ ယောက်င်္ကျားတစ်ယောက်ဆီ ပြန်သွားပြီး ဆက်ချစ်နေမယ်ဆိုရင် ဒီကမ္ဘာမှာ ကေလောက်


မိုက်ရူးရဲဆန် တဲ့သူရှိလောက်မှာမဟုတ်တော့ ဘူးလို့ကေထင်ပါတယ် … ကေ သူကိုစကားတခွန်းပဲ


ခပ်ပျက်ပျက် ပြန်ပြောခဲ့မိတယ် . နင်ဆီကို ကေဆိုတဲ့ မိန်းမကဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး လို့


ပြောလိုက်တယ် …


                  သူဆီကို ပြန်မလာတဲ့ ကေ ကိုမောင်နဲ့ပျက်အောင်သူစကားတွေ အမျိုးမျိုးပြောတော့တာ


ပါပဲသူပြောတဲ့စကားလုံးတိုင်းကိုမှားနေတယ်လို့ မဆိုလိုပါဘူး ဒါပေမဲ့ မမှန်တာတွေလည်း အများကြီး


ပါမှာပါ ~~~ သူကို ကေအရမ်းမုန်းတယ်ကေအရမ်းချစ်တဲ့မောင်ကို ဘယ်လောက်ထိရက်စက်တဲ့စကား


လုံးတွေသုံးပြီး မောင်ရင်ထဲကိုဗြောင်းဆန်အောင် ထိုးနှက်ခဲ့လဲ … ။ ကေမှားခဲ့တာတွေအများကြီးရှိခဲ့မှာ


ပါ . လူဆိုတာ အမှားနဲ့တော့ မကင်းကြပါဘူး နည်းနည်းလေးမှားတာနဲ့ အများကြီးမှားတာလောက်ပဲ


ကွာဟမှုရှိကြမှာပါ ………


                    ဒီချိန်မှာ ကေ ဘာလုပ်သင့်လဲ ကေအချစ်ရဆုံးမောင်က ကေကိုအမုန်းကြီးမုန်းနေပြီလေ


မောင် ဆီကယုယကြင်နာမှု ၊ အချစ်တွေပဲရခဲ့တဲ့ ကေ တစ်ယောက် မောင်ပေးတဲ့အမုန်းတွေကို လက်ခံ

နိုင်ဖို့ အင်းအားတွေမရှိခဲ့ဘူး ~~~ မောင်နဲ့အဝေးကြီးဝေးမှာ ကေအရမ်းကြောက်နေပြီ တကယ်တော့


မောင် ကေကိုတကယ်ချစ်ခဲ့တယ်ဆိုရင် မောင် နဲ့မတွေ့ခင်က ဖြစ်ခဲ့တဲ့အကြောင်းအရာတွေ ကို မောင်

ခွင့်လွှတ်ပေးမယ်လို့ ကေထင်ပါတယ် …

ဲ့

                      ဒါပေမဲ့ မောင် ကေကိုစိတ်အနာကြီးနာပြီး အရမ်းမုန်းသွားခဲ့တာ မောင်ကေကိုတကယ်


မချစ်ခဲ့လို့နေမှာပေါ့နော် ~~~ တကယ်တမ်း မောင်အချစ်သာစစ်ခဲ့မယ်ဆိုရင် အဲဒီအပြစ်တွေကိုအပြစ်


လို့တောင်မောင်ထင်မှာမဟုတ်တော့ဘူးလို့ ကေထင်ပါတယ် …ကေစိတ်ကအရမ်းပျော့ညံပြီးဝမ်းနည်း


လွယ် တယ် …ကေမှာ စိတ်ညစ်စရာတွေရှိတိုင်း မောင်ကိုပြောပြရင်း ငိုကြွေးတတ်တဲ့ကေကိုမောင်အမြဲ


နှစ်သိမ့်ပေးတက်တယ် .မောင် ပြန်ပြောလိုက်တဲ့စကားလုံးလေးတွေကြောင့် ကေစိတ်ညစ်စရာတွေအမြဲ


ပြေပျောက်ခဲ့ရတယ်လေ ~~~ ဘာမဟုတ်တဲ့ ကိစ္စလေးတခုအတွက် ၀မ်းနည်းပက်လက် ငိုကြွေးတက်


တဲ့ကေ တစ် ယောက်ခုတော့အချစ်ရဆုံးမောင်ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့အတွက်ဆောက်တည်ရာမရ


အောင် ကေ  ရင်ထဲမှာမုန်တိုင်းတွေ ထန်နေပြီလေ … ကေ ဘယ်လောက်ထိ ငိုကြွေးနေမိလဲဆိုတာကို


ကေချစ်တဲ့မောင်တစ်ယောက် သိနိုင်ပါမလား … ကေ ၀မ်းနည်းတိုင်းအမြဲနှစ်သိမ့်ပေးတတ်တဲ့  မောင်


တစ်ယောက်ကေအနားကနေ .လုံးဝကိုပျောက်ကွယ် ပျက်သုန်းသွားပြီလေ .. ခုချိန်မှာကေစိတ်ထဲ


အရမ်းဝမ်းနည်းပြီးငိုကြွေးနေရင်းကြင်နာတတ်တဲ့ မောင့် ရဲ့နှစ်သိမ့်မှုကိုပြန်လိုချင်နေမိတယ် … မောင်


ကေနားမှာမရှိတော့ပေမဲ့ ကေ စိတ်ကူးထဲ ကေအတွေး ကေ့ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ


ထာဝရမောင်အမြဲရှင်သန်နေမှာပါ. ဆိုတဲ့ ......အကြောင်းလေးကို ကေချစ်တဲ့မောင်ကို သိစေချင်ပါ


တယ် ~~~တနေ့နေ့တချိန်ချိန်မှာ မောင်အခြားရင်ခွင်မှာ မနေချင်တော့ဘူးဆိုရင် နာကျင်စရာတွေ


ရှိခဲ့မယ်ဆိုရင် ကေဆီကိုပြန်လာခဲ့ပါ ,~မောင်~' အတွက်ဆိုနွေးထွေးတဲ့ ကေရင်ခွင်ကအမြဲတမ်းကြိုဆို


နေမှာပါ …. ကေ အချစ်တွေကြောင့် ကေအချစ်ရဆုံးမောင်တစ်ေ.ယာက် နာကျင်စေလိမ့်မယ်လို့


မထင်ထားခဲ့မိဘူး ။ အရမ်းကိုကြင်နာတတ်ပြီး ချစ်တတ်တဲ့မောင်နဲ့ ဒီဘ၀မှာ ဆုံဆည်းနိုင်ခွင့်မရှိ .


တော့ဘူးဆိုရင် နောက်ဘ၀မှာ ဘာသာတူပြီး အရမ်းကိုချစ်ကြတဲ့ချစ်သုတွေအဖြစ်နဲ့ ဆုံဆည်းချင်ပါ


သေးတယ် ~~~

                   

                      မောင် ကေကိုခွင့်လွှတ်ပြီး ကေအနားကိုပြန်လာခဲ့မယ်ဆိုရင် ကေ ဘ၀ရဲ့အချိန်တွေ

အားလုံးက မောင် စိတ်တိုင်းကျမောင်အလိုအတိုင်း ဆက်လက်ရှင်သန်သွားမှာပါ ဆိုတဲ့အကြောင်းလေး


ကိုတချိန်ကကေချစ်သူလေး မောင်ကို ဒီနေရာကနေပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်နော် ~~~


သူငယ်ချင်းအားလုံးလည်း ချစ်တဲ့သူနဲ့အတူ ထာဝရရိုးမြေကျ ဘ၀ကိုဖြတ်သန်းရင်း ... ပျော်ရွှင်နိုင်ကြ


ပါစေလို့ ဒီနေရာလေးကနေပဲ ကေဆုတောင်းပေးလိုက်ပါတယ်နော် ……..


                                                                                                   ,~ ကေ ~'

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်

$
0
0

Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ  ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(

female survivos  of  gender based violence)  အမျိုးသမီးများအတွက်  အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ  အခမဲ့  ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

 

ရည်ရွယ်ချက်

-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ  အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက်  ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်

-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

 

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ  ပြစ်မူကျူးလွန်စော်ကားခံရလျှင်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံ

ရ၍ တရားရုံးတွင် အမူရင်ဆိုင်ရလျှင်

xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

 

"

 အမြန်ဆုံး  သတင်းပို့ပါ  ဥပဒေကြောင်းအရ  အခမဲ့ အကူအညီ ပေးပါသည်   "

Legal Aid Project  အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊  ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခ များကို အမူသည်များက လုံးဝ မပေးရပါ၊

ရှေု့နေများမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။

 

                      ဦးငိုင်ဆာခ့်

               (စီမံကိန်း မန်နေဂျာ)

၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇

၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅

 

"ရုံးခန်း"

အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

 

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

 

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

 

ရန်ကုန်ရုံးချုပ်

အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

 

မန္တလေးရုံး

၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊

မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြိ

ု့နယ်၊

မန္တလေးမြို့၊၀၉-၄၉၂၄၀၈၇၃

 

ပုသိမ်ရုံး

အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊

(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။

၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

 

ပြည်ရုံး

အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း၊

ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်

ကွက်၊ပြည်မြို့။

၀၉-၇၃၁၃၀၅၂၃

 

ပဲခူးရုံး

အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊

ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅

 

တောင်ကြီးရုံး

အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်

ကွက်

တောင်ကြီးမြို့။၀၉-၄၉၃၁၉၉၄၈

 

မြစ်ကြီးနားရုံး

အမှတ်(၆၂)၊ စီတာပူရပ်ကွက်

မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉

 

 

ပခုက္ကူရုံး

အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်

ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁

 

 

ကလေးရုံး

အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း၊

ပင်လုံရပ်ကွက်၊ကလေးမြို့။

၀၉-၄၉၃၃၀၇၁၅

 

 

လားရိုးရုံး

ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှ

င့် ဘူတာလမ်းထောင့်၊

ရပ်ကွက်(၁)လားရိုးမြို့။၀၉-၇၃၁၃၆၃၂၆၊၀၈၂-၃၀၅၃၅

 

 

မော်လမြိုင်ရုံး

အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊

မော်လမြိုင်မြို့။၀၉-၄၉၃၂၅၉၀၂

 

မုံရွာရုံး

မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်

ကာလမ်း၊

မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

 

မကွေးရုံး

အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊

မကွေးမြို့။၀၉၄၉၃၂၂၁၁၇၈

 

ကျိုင်းတုံရုံး

နောင်နွန်ကျေးရွာ၊မိုင်းဇိုင်း၊

ကျိုင်းတုံမြို့။

၀၉၅၂၅၂၀၈၆

 

သံတွဲရုံး

အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွ

က်၊သံတွဲမြို့။

၀၉-၈၅၁၆၆၄၈

 

 

ဘားအံရုံး

အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(

၆)ရပ်ကွက်။

ဘားအံမြို့။၀၉-၇၃၁၄၀၂၃

 

 

တောင်ကုတ်ရုံး

ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊တောင်ကုတ်မြို့။ ၀၉-၄၉၆၆၈၁၃၉

 

 

မြိတ်ရုံး

အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်။မြိတ်မြို့။

၀၉-၄၉၈၇၂၄၃၀

 

 

ထားဝယ်ရုံး

အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်

ကွက်၊ထားဝယ်မြို့။၀၉-၄၉၈၅၀၈၂၆

(http://www.facebook.com/notes/lu-bo/%E1%80%A1%E1%81%BF%E1%80%99%E1%80%94%E1%80%B9%E1%80%86%E1%80%B6%E1%80%AF%E1%80%B8-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%82%95%E1%80%95%E1%80%AB-%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%9B-%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7-%E1%80%A1%E1%80%80%E1%80%B0%E1%80%A1%E1%80%8A%E1%80%AE%E1%80%B1%E1%80%95%E1%80%B8%E1%80%95%E1%80%AB%E1%80%9E%E1%80%8A%E1%80%B9/341831969185039)

တကယ်လို့များ လိုအပ်လာတဲ့အချိန်ကျရင် အဆင်သင့်လေး ရှိတာပေါ့...သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေနော်...

မကွေးတိုင်းမှာ စာပေဟောပြောပွဲများ ပိတ်ပင်ခံရ

$
0
0

 

မကွေးတိုင်းမှာ လုပ်တဲ့ စာပေဟောပြောပွဲ အတော်များများ လုပ်ခွင့်မရခဲ့ဘူး။ အခြားတိုင်းနဲ့ ပြည်နယ်များမှာ စာပေဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခွင့် ရနေချိန်မှာ မကွေးတိုင်းက ဟောပြောပွဲတွေ ဘာလို့ အပိတ်ပင်ခံရလဲ။ နောက်ကြောင်း ပြန်လှည့်နေသလား၊ စဉ်းစားစရာပါ။ အချို့ပွဲတွေက စာရေးဆရာတွေပါ ဟောမယ့်မြို့ကို ရောက်အပြီး၊ စင်တွေဆောက်၊ ကြော်ငြာပိုစတာတွေ ကပ်ပြီး ကျင်းပခါနီးမှ အပိတ်ခံရတာမို့ ကျင်းပတဲ့သူတွေလည်း ရင်ဝ ဆောင့်ကန်ခံရသလို ဝမ်းနည်းပက်လက်ဖြစ်၊ စာရေးဆရာတွေလည်း မော၊ အပင်ပန်းခံထားရတဲ့ စိတ်အား၊ လူအား၊ ငွေအားတွေလည်း အဟောသိကံ ဖြစ်ခဲ့ရတာ အကြိမ်ကြိမ်ပါ။ အပိတ်ပင်ခံရတဲ့ ကျွန်တော်သိသော ဟောပြောပွဲအချို့-

 

- ၂၀၁၁ ဒီဇင်ဘာလအတွင်း၊ မကွေးမြို့ပေါ် မြစ်ကွေ့ပရဟိတက ကျင်းပမယ့် သဘာဝပတ်ဝန်းကျင် ဟောပြောပွဲ (ဆရာမ သန်းမြင့်အောင်၊ ဆရာ ဝင်းမျိုးသူ၊ ဆရာ မြင့်ဇော်)*

 

- ၂၀၁၂ ဇန်နဝါရီ ၉၊ မကွေးတိုင်း၊ သရက်မြို့ စာပေဟောပြောပွဲ (ဆရာ ဦးထွန်းလွင်-မိုးလေဝသ၊ ဦးအောင်ကြည်ညွန့်၊ အော်ပီကျယ်)*

(ဟောပြောပွဲ မလုပ်ဖြစ်လို့ ညပိုင်း လက်ဘက်ရည်ဆိုင်လေးမှာ စာပေစကားဝိုင်းဖွဲ့ပြောခဲ့ရာ၊ နောက်ရက်တွင် ထိုဆိုင်လေးအား အကန့်အသတ်မရှိ အပိတ်ခံရဟု သိရ)

 

- ၂၀၁၂ ဇန်နဝါရီ ၂၀၊ မကွေးတိုင်း၊ အောင်လံမြို့ စာပေဟောပြောပွဲ (ဆရာ ဦးဖေမြင့်၊ ဆရာကျော်ဝင်း၊ ဆရာမောင်သာချို)*

 

- ၂၀၁၂ ဖေဖော်ဝါရီ ၃၊ မကွေးတိုင်း၊ ချောက်မြို့ စာပေဟောပြောပွဲ (ဆရာ ၂ဦးနှင့် အော်ပီကျယ်)

 

- ၂၀၁၂ ဖေဖော်ဝါရီ ၄၊ မကွေးတိုင်း၊ ဆိပ်ဖြူမြို့ စာပေဟောပြောပွဲ (ဆရာ ၂ဦးနှင့် အော်ပီကျယ်)

 

- ၂၀၁၂ ဖေဖော်ဝါရီ ၆၊ မကွေးတိုင်း၊ ပခုက္ကူမြို့ စာပေဟောပြောပွဲ (ဆရာမ စန်းစန်းနွဲ့-သာယာဝတီ၊ နုနုရည်-အင်းဝ၊ အော်ပီကျယ်)*

 

- ၂၀၁၂ ဖေဖော်ဝါရီ ၇၊ မကွေးတိုင်း၊ ရေစကြိုမြို့ စာပေဟောပြောပွဲ (ဆရာမ နုနုရည်-အင်းဝ၊ မောင်သာချို၊ အော်ပီကျယ်)

 

- ၂၀၁၂ ဖေဖော်ဝါရီ ၈၊ မကွေးတိုင်း၊ မြစ်ခြေမြို့ စာပေဟောပြောပွဲ (ဆရာမသန်းမြင့်အောင်၊ မောင်သာချို၊ အော်ပီကျယ်)

 

* ပြထားသော မြို့များမှာ စာရေးဆရာများ ရောက်ပြီးမှ လှည့်ပြန်ခဲ့ရသော ပွဲများ ဖြစ်သည်။

(http://www.facebook.com/notes/lu-bo/%E1%80%99%E1%80%B1%E1%80%80%E1%80%BC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC-%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%B1%E1%80%9F%E1%80%AC%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%95%E1%80%BC%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%95%E1%80%AD%E1%80%90%E1%80%B9%E1%80%95%E1%80%84%E1%80%B9%E1%80%81%E1%80%B6%E1%80%9B/341981699170066)


 

သူများတွေ ချစ်သွားမှာ စိုးလို့......

$
0
0

 

                        မနက်ဖြန်ဆိုရင် ဖေဖော်ဝါရီလ(၁၄)ရက်နေ့....... ချစ်သူများနေ့ပေါ့ ကိုကို၊ အရမ်းကိုလွမ်းမိပါတယ်..... ချစ်သူများနေ့

လေးမှာ ကိုကို့ကိုတွေ့ချင်တယ်... အတူတူ လျှောက်လည်ချင်တယ်... အမှတ်တရအနေနဲ့ လက်ထပ်ဖို့ ကတိစကားလေးဖြစ်ဖြစ်ကြားချင်မိ

ပါတယ် ကိုကိုရယ်....... ဒါပေမဲ့ ဖြစ်မလာနိုင်ဘူးနော်..... ကိုကိုက ဟိုးအဝေးကြီးမှာလေ...... မေလေးထင်ပါတယ်......ကိုကိုသစ္စာရှိစွာ နဲ့

အတူတူ နေဖို့ ကြိုးစားနေမယ်ဆိုတာကိုပေါ့။

                         ဖေဖော်ဝါရီလနဲ့ ပတ်သက်တာလေးတွေကိုမေးခဲ့တုန်းကလဲ ကိုကိုက ပြည်ထောင်စုနေ့အကြောင်း၊ ဗိုလ်ချုပ်မွေးနေ့...

အကြောင်းတွေကိုပဲ မျက်ဝန်းထဲမှာ အရောင်တွေ တောက်ပနေအောင်  ဝေေ၀ဆာဆာပြောပြခဲ့တယ်....  ကိုကိုပြောတဲ့ အကြောင်းတွေကို

မေလေးသိပါတယ်... လေးလဲ လေးစားခဲ့ပါတယ်..  မေလေးတကယ်တမ်းကြားချင်ခဲ့တာက ချစ်သူများနေ့အကြောင်းနဲ့ မေလေးကို ကိုကို

ဘယ်လောက်ချစ်တယ်ဆိုတဲ့ အကြောင်း... နောက်ပြီး ဘာတွေ ရည်ရွယ်ထားတယ်ဆိုတာကို ကြားချင်ခဲ့တာပါ..  ဒါပေမဲ့လေ... ကိုကို့ကို

ချစ်မိမှတော့ ကိုကိုချစ်တာတွေကိုချစ်တတ်အောင်၊ ကိုကိုမြတ်နိုးတာတွေကိုမြတ်နိုးတတ်အောင် မေလေးကြိုးစားခဲ့ပါတယ်၊ ကိုကို့အတွက်

ပါရမီဖြည့်ဘက်ဖြစ်ချင်ခဲ့တယ်လေ......။

                       တမ်းတတဲ့ညတွေမှာ မေလေးတစ်ယောက်ထဲအနားကိုရောက်မလာနိုင်တဲ့ကိုကို့ကို တွေ့ရလိမ့်နိုးနဲ့ ပြတင်းပေါက်အပြင်

ဘက်က ညရဲ့  ကောင်းကင်ကြီးကိုလဲ  တစ်ယောက်ထဲ  မော့ကြည့်နေခဲ့ဘူးတယ်...... တိမ်လွှာပါးပါးလေးတွေ ရွေ့လျား  နေတာတွေရယ်၊

မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးတွေရယ်ကိုလဲ တိုင်တည်ခဲ့ဘူးတယ်..... ကိုကို့အနားကို ရောက်ခဲ့ရင် ဒါမှမဟုတ် ကိုကိုတွေ့နိုင်ခဲ့ရင်....

မေလေးလွမ်းနေကြောင်း ပြောပေးပါလို့လေ...... သူတို့များ ရောက်ခဲ့ကြသေးလားကိုကို၊ ကိုကို့ကို ပြောပြဖြစ်ကြလား.ဟင်၊ မေလေးလွမ်း

နေတဲ့အကြောင်းလေ...... အင်းလေ...... ဒီအချိန်တွေမှာလဲ ကိုကို ပင်ပင်ပမ်းပမ်းနဲ့ အိပ်ပျော်နေမှာပေါ့.... ကိုကိုက သိပ်ပြီး စိတ်ကူးယဉ်

တတ်တဲ့သူမှ မဟုတ်ပဲနော်......

                        စကားပြောရင်လဲ မေလေးကို ချစ်တယ်ဆိုတဲ့အကြောင်းနဲ့... အလုပ်ပင်ပန်းတဲ့ အချိန်တွေမှာ မေလေးကို သတိရလိုက်

တိုင်း လန်းဆန်းသွားတယ်ဆိုတဲ့အကြောင်း၊ ရည်မှန်းချက်တွေ ပြည့်ဝတာနဲ့ အတူနေကြမယ်ဆိုတဲ့အကြောင်းတွေကို တုံးတိတိကြီး ပြော

တတ်တဲ့ ကိုကို့ကို မေလေး အရမ်း........ မြတ်နိုးတယ်......သိလား။    နောက်ပြီး အဆင်မပြေတာတွေ ကြုံတိုင်းမှာလဲ ကိုကို့ကို တမ်းတ

လိုက်တယ်..... စိတ်ထဲကနေလဲ ကိုကိုကူညီပေးပါလို့.. ပြောလိုက်တယ်.... ပြီးရင် ရဲရဲတင်းတင်းပဲ ရင်ဆိုင်လိုက်တယ်၊  တိုက်ဆိုင်မှု လား

ယုံကြည်မှုကြောင့်လားတော့ မသိပေမဲ့ အမြဲလိုလို အဆင်ပြေသွားတယ် ကိုကို၊ အဆင်မပြေဖြစ်ခဲ့ရင်လဲ မေလေး ဘာတွေတွေးဖြစ်လဲ သိ

လား..... အော်..... ကိုကို အလုပ်တွေများနေလို့ မေလေးတိုင်တည်တာကို မသိနိုင်လို့ အဆင်မပြေတာ ဖြစ်မှာပါလို့......လေ။

                        အတူရှိစဉ် အချိန်တွေကတော့ အိပ်မက်တွေနဲ့တူတယ်နော်... ကိုကိုက မေလေးမျက်နှာကို အပြုံးတွေနဲ့ တစိမ့်စိမ့်ကြည့်

ပြီးတော့ မေလေး လက်ဖ၀ါးလေးကို ကိုကို့ရဲ့ လက်ဝါးတစ်ဘက်ပေါ်ကိုတင် ကျန်တဲ့ လက်ဝါးတစ်ဘက်နဲ့ ဆုပ်ကိုင်ရင်း ခိုင်မာတဲ့ အားအင်

တွေကိုလဲ ပေးတတ်ခဲ့တယ်နော်..... သူများတွေနဲ့ မတူတဲ့ ကိုကို့ကို ချစ်ရတာလဲ သူများတွေလို မကြည်နူးရပေမဲ့  အမြဲ  အားအင်တွေဖြစ်

နေခဲ့တာကိုတော့ ၀န်ခံပါတယ်လေ... ကိုကို့ကို သတိရတိုင်းလဲ အမြဲ ရှင်သန်နေရလို့ပါ။ တစ်ခါက ကိုကို့ပါးကို တစ်ချက်လောက်  နမ်းချင်

တယ်လို့.. မေလေးခွင့်တောင်းခဲ့ဘူးတယ်... ကိုကိုက ရယ်မောရင်း..... `` အမှတ်တရတော့ မဖြစ်လိုက်ပါနဲ့မေလေးရယ်.......´´ တဲ့၊ အခု

တကယ်ပဲ အမှတ်တရဖြစ်နေခဲ့တယ်ကိုကိုရယ်..... မနူးညံ့ပေမဲ့ နွေးထွေးတဲ့ပါးလေးတွေကို ကိုကိုပိုင်ဆိုင်ထားတယ်လေ.... စွဲစွဲမက်မက်

မေလေးနမ်းရှိုက်ပြီးတော့ ကိုကို့ရဲ့ ထူးဆန်းတဲ့ မျက်ဝန်းတွေကို မေလေးတွေ့ခဲ့ရတယ်..... သေချာတာကတော့ ကိုကိုကြည်နူးနေတာပါပဲ

ပြီးတော့ မေလေး လက်ဖမိုးလေးကို ကိုကိုပြန်နမ်းတယ်.. မျက်လုံးတွေ မှိတ်ထားရင်းနဲ့လေ... ညင်သာလိုက်တာ... မေလေးအရမ်းကြည်

နူးခဲ့တယ်ကိုကို..... အခုလေ ဒီအနမ်းလေးတွေကို မေလေး လွမ်းနေတယ်......။

                          ကိုကိုပြောတဲ့ ချစ်တဲ့ အကြောင်းလေးတွေကို မေလေးအရမ်းကြားချင်တယ်..... ဒါပေမဲ့ ကိုကိုက  နည်းနည်းလေးပဲ

ပြောတယ်...... ပြောလိုက်တိုင်းမှာလဲ တစ်လုံးတစ်ခဲတည်းပဲလေ.... နားထောင်ရတာလဲ အရာအားလုံးကို ပိုင်ဆိုင်လိုက်ရသလိုပါပဲ......

`` မေလေးကို ချစ်တယ်....´´တဲ့၊ ယုံကြည်ပါလို့လဲ မပြောဘူး၊ ယုံလားလို့လဲ မမေးဘူး၊ ယုံကြည်စေချင်တဲ့ ဆန္ဒလဲ မရှိပါဘူး.... ရင်ထဲရှိတဲ့

အတိုင်း တိတိကျကျ ပြောလိုက်တဲ့ပုံပါပဲ....... မေလေးက အဲဒီလို ခိုင်မာခြင်းတွေကို ရရှိထားရတာ ကံကောင်းလိုက်တာလို့... တွေးမိတိုင်း

ပျော်ရွှင်ကျေနပ်နေတယ်ကိုကို.........။

                           မိန်းကလေး သဘာဝ ကိုကို့အကြောင်းတွေကိုလဲ မေလေးတိုးတိုးတိတ်တိတ် စုံစမ်းနေခဲ့ဘူးပါတယ်.... ဒါပေမဲ့လေ

မေလေးရင်ကို ပူလောင်စေမဲ့ စကားတွေကို တစ်ခွန်းမှ မကြားခဲ့ရဘူး...... ကိုကိုက သဘောကောင်းတယ်.... ရိုးရှင်းတယ်၊ ကြိုးစားတယ်

ဆိုတဲ့ စကားတွေကလွဲရင် တစ်ခါတစ်လေ  စိတ်တိုတတ်တယ်ဆိုတဲ့ စကားကိုပဲ ကြားခဲ့ရတယ်၊ ဟုတ်မှာပါ..... ကိုကိုက စိတ်တိုတတ်မှာ

ပေါ့...... ရိုးရှင်းတာကိုးလို့ တွေးခဲ့ဘူးတယ်...... ဒါလဲ ချစ်လို့ ဖြစ်မယ်နော်....။

                           မကြာခင် ကိုကို ခဏပြန်လာမယ်တဲ့...... မေလေးကို အရမ်းလွမ်းနေလို့တဲ့..... မေလေးပျော်လိုက်တာ... ဖုန်းပြော

ရင်းနဲ့ တစ်ခုတောင်းဆိုမိတယ်.... ချစ်သူများနေ့ အမှီ ပြန်လာပါလားလို့....... လျှောက်လည်ချင်လို့ပါလို့.....လေ။ ကိုကိုက ပြောတယ်....

အခု မြန်မာနိုင်ငံရဲ့ တောင်ဘက် အစွန်ဆုံးက ထိုင်း-မြန်မာ နယ်နိမိတ်ခွဲခြားထားတဲ့ ပါချန်မြစ်ကြောင်းတစ်လျှောက်မှာ ထိုင်းဘက်က မြေ

ထိန်းနံရံတွေ ဆောက်နေတယ်တဲ့......... မြန်မာဘက်မှာလဲ မြေထိန်းနံရံတွေ ပြန်ဆောက်နေရတယ်တဲ့..... မြစ်ရေစီးကြောင်း ပြောင်းရင်

ကိုယ့်နိုင်ငံပိုင်တဲ့ မြေတွေ ဆုံးရှုံးသွားနိုင်တယ်တဲ့...... ချစ်သူနဲ့ အတူ လျှောက်လည်ဖို့နဲ့ နိုင်ငံပိုင်မြေကို ကာကွယ်တာ ဘယ်ဟာ အရေး

ကြီး သလဲတဲ့..... ကိုကို့စကားကို ကြားတော့   မေလေး ၀မ်းနည်းသွားတယ် သိလား...... ကိုကိုတစ်ယောက်ထဲနဲ့ ဘယ်လောက်များ ထိ

ရောက်မှာလဲလို့လဲ တွေးမိတယ်...ဒါပေမဲ့ ချက်ချင်း သတိရလိုက်မိတာက ကိုကို တစ်ခါက ပြောခဲ့ဘူးတဲ့ သဲသောင်ပြင်ကြီး ရဲ့ အကြောင်း

ပေါ့.... သဲပွင့်သေးသေးလေးတွေ မရေမတွက်နိုင်အောင် စုစည်းထားလို့ သဲသောင်ပြင်ကြီး ဖြစ်လာတာတဲ့..... လှပတဲ့ သဲသောင်ပြင်ကြီး

ဖြစ်ဖို့ လှပတဲ့ သဲပွင့်လေးတွေ လိုအပ်တယ်တဲ့..... ရိုးရှင်းစွာ ပြောပြခဲ့တာလေ..... အခုကိုကို့ကို မေလေး နားလည်သွားပြီ.... နောက်ပြီး

ကိုကိုနဲ့ မေလေး အတူနေဖြစ်ရင် ကိုကိုနဲ့ တူတဲ့ သားလေးတွေလဲ မွေးဖြစ်မှာပဲလို့..... ကျေနပ်ရင်းနဲ့ ပျော်လာမိတယ်...... အင်း....ကိုကို

ပင်ပမ်းနေမှာပဲနော်....... နောက်တော့ ကိုကို့အတွက် မေလေး စကားတစ်ခွန်းပြောလိုက်မိတယ်....... ထင်မှတ်မထားတဲ့ စကားလေးလေ

`` ကိုကို ကျန်းမာရေးဂရုစိုက်နော်...... ကိုကို့ကို မေလေးချစ်တယ်....´´လို့။

                              ကိုကို ဘာပြန်ပြောလဲ သိလား.....`` ဒါဆို ဒီနေ့လဲ ချစ်သူများနေ့ပဲပေါ့.......´´ တဲ့၊ ဟုတ်တာပေါ့.....     ကိုကို့ကို

မေလေးချစ်နေသမျှ..... ကိုကိုကလဲ မေလေးကို ချစ်နေသမျှ.... ချစ်သူများနေ့ပဲပေါ့နော်.....

                              တကယ်တော့ ကိုကိုကလေ..... မေလေးဘ၀အတွက် ကြယ်စင်ကြီးပါ..... မေလေးလေ ကိုကို့ကို အရမ်းချစ်တယ်

ကိုကို အမြဲတမ်း ကျန်းမာပါစေ..... နော်..... ကိုကိုနမ်းခဲ့တဲ့ မေလေးရဲ့ လက်ဖမိုးလေးကို ကြည့်လိုက်မိတယ်..... သူလဲ ကိုကို့ကို လွမ်းနေ

တယ်တဲ့.........။

                              မေလေး ဆုတောင်းလေး တစ်ခုရှိတယ်သိလား....... ကိုကိုနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း မကြာမကြာ ဆုတောင်း မိခဲ့

တာလေ......... ``ကိုကို ရုပ်ဆိုးကြီး ဖြစ်ပါစေ......´´လို့၊ သူများတွေ ချစ်သွားမှာ စိုးလို့ပါ...... ကိုကို စိတ်မဆိုးရဘူးနော်.......။

  


ပြည်ချစ်ဖခင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရကဗျာစုစည်းမူ

$
0
0

င်္ဗိုလ်ချုပ်မွေးနေ့ မမေ့ကဗျာ(ကိုရင်ကျော်)

၁၃ ဖေဖော်ဝါရီကို လွမ်းဆွတ်ခြင်း(တက္ကသိုလ်မြတ်မင်း )

ဖေဖေါ်ဝါရီ (၁၃) ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ(စံလင်း)

ဖခင်ဗိုလ်ချုပ်အောင်ဆန်းသို့ ....အမှတ်တရ။(Bo farသျှောင်ပေစူး)

ms-အို..ဖခင်( ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အမှတ်တရ )

"""""" တစ်ကိုး တစ်ငါး ..ဖေ..ဆယ့်သုံး သို့ """ အမှတ်တရ(ကိုနေမင်းခိုင်)

"ဖေဖေါ်ဝါရီ(၁၃)ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ပါ ”(moemaka)

***ဖေဖေါ်ဝါရီ(၁၃)ဟာ...ဗိုလ်ချုပ်မွေးနေ့ပါ***(ရှင်းသန့်မေ)

*** ဗိုလ်ချုပ်မွေးနေ့ …အမှတ်တရ ***(မှုံနံ့သာဖြူ)

“ဖေဖော်ဝါရီ(၁၃)ဟာ ဗိုလ်ချုပ်မွေးနေ့ပါ”(မနေခြည်သစ်နွယ်)

ချစ်သော အဖေ့မွေးနေ့အမှတ်တရ(မေသဇင်)

ဖေဖေါ်ဝါ၇ီ( ၁၃ ) ဗိုလ်ချုပ်မွေးနေ့ (ကြယ်စင်ဖြူ)

သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ရှိပါသည်။

အားလုံးကိုလေးစားလျှက်

ရှင်းသန့်မေ

ကျန်နေသေးတဲ့ကဗျာများကိုလည်းပြန်လည်စုစည်းတင်ပေးပါမည်

ချစ်သူငယ်ချင်းများအတွက်လက်ဆောင်

$
0
0
001_Valentines-Day-Teddy-Bear.jpeg
024_teddy_bear.jpg


003_love_you_teddy_bear.jpg

040_teddy_bear.jpg
042_teddy_bear.jpg
031_teddy_bear.jpg
044_teddy_bear.jpg
027_teddy_bear.jpg

036_teddy_bear.jpg
028_teddy_bear.jpg

030_teddy_bear.jpg
025_teddy_bear.jpg
048_teddy_bear.jpg
032_teddy_bear.jpg

033_teddy_bear.jpg
035_teddy_bear.jpg
005_teddy-bear-love.jpg
01_teddy_bear.gif

 

 

 

 

 

 

 

 

 

 

 

အိမ်တစ်အိမ်ချင်းလိုက်မပို့နိုင်လို့

ဒီကနေလက်ဆောင်ပေးလိုက်တယ်နော်

ကွန်ကောင်းတုန်းပေးရတာ

ဟူးးးးးးမောလိုက်တာနော်

ချစ်သူများနေ့ချစ်သူနဲ့

ခင်သူများပျော်ရွှင်နိုင်ပါစေ

အားလုံးစစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ဘ၀ခရီးလျှောက်လှမ်းနိုင်ကြပါစေ။

ချစ်သူများနေ့မှာ ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်

$
0
0

ချစ်သူများနေ့

ချစ်သူရှိတဲ့ ချစ်သူစုံတွဲလေးတွေကတော့ ကိုယ်စီ လက်တွဲလို့ တစ်ခိခိနဲ့ ကြည်နူးသာယာနေချိန် ထိုနေ့လေးမှာ မပျော်နိုင်သူတွေကတော့ မည်သူရှိမည်နည်း..။

ထိုသူတို့ထံမှ တစ်စွန်းတစ်စ ပွင့်အံထွက်လာသော ရင်ဖွင့်သံများကို နားဆင်အုံးလော့......။

“မင်းဆက် မင်းချီးစားကြည့် ဒါဖြစ်သင့်လား”

“ကျွန်တော် ချီးမစားရပါစေနဲ့ အစ်ကိုမထသရယ်”

“မင်းကို သေချာ ချီးစားခိုင်းတာကွ”

“မစားပါဘူးလို့ ပြောတာ သေချာ စားခိုင်းနေရလား”

“မင်းဘာတွေ တွေးနေပြန်ပြီးလဲ ငါပြောတာ သေသေချာချာ မင်းဦးနှောက်နဲ့ ချီးစားခိုင်းတာကွ”

သူ့ခေါင်းကို လက်ညှိုးတစ်ထိုးထိုးနဲ့ မပီကလား ပီကလားစကားပြောနေသော ကလေးတစ္ဆေ မထသအားကြည့်ရင်း အတူနေ ခန့်ချောလေးက ချက်ချင်းသဘောပေါက်ကာ မင်းဆက်အား လက်တို့၍

“ဟရောင် သူ မင်းကို ချီးစားခိုင်းနေတာ မဟုတ်ဘူး ။ စဉ်းစားခိုင်းနေတာ”

“အဲ့လို အစောထဲက ပြောပါလားဗျာ။ ကျွန်တော်က ကျွန်တော့်ကို အတင်းကြီးချီးစားခိုင်းနေတာ ထင်ပြီး ရင်တောင် နင့်တယ်ဗျ”

“မင်းကလဲ မထသ သူငယ်နာမစင်ပဲ စကားမပီတာ အစထဲက သိထားတာကို သေချာတွေးပြီးနားထောင်ပေါ့”

ထိုနှစ်ယောက် တိုးတိုးကြိတ်ကြိတ် ပြောဆိုနေတုန်းမှာပဲ မထသ မင်းသားရဲ့ ကျယ်လောင်သော အသံက

“မင်းတို့ကို ငါပြောနေတယ်လေ ဒါဖြစ်သင့်သလားလို့”

“ဟုတ်တယ် အစ်ကို မထသ ဒါ မဖြစ်သင့်ဘူး ၊ လုံးဝကို မဖြစ်သင့်တာ”

“အေး ဟုတ်တယ် မဖြစ်သင့်ဘူး ၊ မင်းတို့ ဘယ်လိုသဘောရလဲ”

“အစ်ကို မထသကရော ဘာလုပ်ချင်လဲ”

“အင်းးးးးးးးးး ဘာလုပ်ရမလဲဆိုတော့ လာကွာ မြို့တော်ရုံးသွားမယ်  ၊မြို့တော်ရုံးမှာ သွားတိုင်မယ်”

ထိုသိုနှင့်ပဲ (၃)ယောက်သား တက်ညီလက်ညီနှင့် မြို့တော် ရုံးသို့ ချီတက်လာခဲ့ကြပါတော့သည်..။

မြို့တော်ရုံးတွင် မြို့တော်ဝန် ဆိတ်မှိုင်းနှင့် အကြံပေးကိုရင်ကျော်တို့နှစ်ယောက်က အလုပ်များရှုပ်နေကြပါသည်..။ အကြောင်းမှာ ချစ်သူများနေ့မှာ သူများတွေလို လက်တွဲစရာလက်တစ်စုံ မရှိသောကြောင့် လမ်းဘေးမှ ကောက်လာသော ကျောက်စရစ်ခဲများကို အဖော်လုပ် ကျားပြေးနေရသောကြောင့် ဖြစ်ပါတော့သည်..။

“မြို့တော်ဝန် ကျွန်တော်တို့ရဲ့ အခက်အခဲကို ဖြေရှင်းပေးပါ”

“ဘယ်လိုများဖြေရှင်းပေးရမှာပါလိမ့်..ဘာတွေ အခက်အခဲရှိလဲဆိုတာ သေချာပြောပြ ခင်ဗျာ”

“ဘာတွေ အခက်အခဲရှိလဲ ဒါတောင် မသိဘူးလားဗျ”

“မသိလို့ မေးတာပေါ့ဗျ”

“ဒီမှာမြို့တော်ဝန် ဒီနေ့ ဘာနေ့လဲ”

“ဒီနေ့ အင်းးးးးးးးးးး ကိုကျော် ဒီနေ့ ဘာနေ့လဲဗျ”

“ဖေဖော်ဝါရီ (၁၄)ပါ ”

“ဟုတ်တယ် ဖေဖော်ဝါ (၁၄)..အဲ့ဒီ ဖေဖော်ဝါရီ (၁၄)ဖြစ်လို့ကို ကျွန်တော်တို့ မကျေနပ်တာ”

“ဘာလို့လဲဗျ”

“ဘာလို့ရမလဲ..ချစ်သူများနေ့မှာ ကျွန်တော်တို့အတွက် တွဲစရာ လက်တစ်စုံ မရှိဘူး၊ပန်းစည်းပေးစရာကောင်မလေးမရှိဘူး၊ကျွန်တော်တို့အတွက် ချော့ကလက်လာပေးမဲ့ ကောင်မလေးမရှိဘူး..အဆိုးဆုံးကတော့ဗျာ အာဝါး ပေးစရာကောင်မလေးကိုမရှိတာဗျာ”

“မင်းတို့ဘာသာ မင်းတို့ အသုံးမကျလို့ မစွံတဲ့ ကိစ္စကို မြို့တော် တရားရုံးမှာ လာတိုင်ရာလားကွ”

“ကျွန်တော်တို့ မစံွံတာ မဟုတ်ဘူးဗျ..ဒီမြို့တော်ထဲက အပျိုကြီးတွေ လက်ချက်ကြောင့် ကောက်မလေးတွေက ကျွန်တော်တို့ကို ပြန်မကြိုက်ရဲတာဗျ”

“နေပါအုံး အပျိုကြီးတွေက မင်းတို့ကို ဘာလုပ်ထားလို့တုန်း..မတော်တမတရား အနိုင်ထက်စီးနင်းလုပ်ရင်တော့ အပျိုကြီးတွေကို ပညာပေးရမယ်..။ ဒီနေရာမှာ မင်းတို့ (၃)ယောက်နဲ့ ငါတို့ (၂)ယောက်က ဘဝတူတွေရည်းစားမရှိတာ အပျိုကြီးတွေ လက်ချက်ဆို ဒီအပျိုကြီးတွေကို ကောင်းကောင်း ပညာပေးရလိမ့်မယ်”

“သူတို့ လက်ချက်ဆိုတာ သေချာတာပေါ့ဗျ..ကြည့်လေ ချစ်သူများနေ့ မရောက်ခင်ကတည်းကနေ တင်လိုက်တဲ့ စာတွေ မိမိချစ်သူကို အစွမ်းကုန် အလိုမလိုက်သင့်ကြောင်း ၊အပျိုစင်ဘဝလေးကို တန်ဖိုးထားသင့်ကြောင်း ၊ချစ်သူဆိုတာ ချစ်သူပဲမို့ တစ်ဘဝစာလုံးစာထိ ပုံမအပ်သင့်ကြောင်းတွေ အပြိုင်အဆိုင် သတိပေးနေကြလို့ ဘယ်ကောင်မလေးမှ ကျွန်တော်တို့ကို မယုံရဲတော့တာဗျ”

“အဖြစ်က ဒီလိုလား..ကဲ ကိုကျော် မြို့တော်က အပျိုကြီးများ အဖွဲ့ကို ရုံးတော် ခေါ်စေဗျာ..သူတို့ကြောင့် ကျွန်တော်တို့ လက်တစ်ဖက်ပြတ်နေရတာ”

“ဟုတ်ကဲ့ ဆရာဆိတ်..ခုချက်ချင်းကို ခေါ်လိုက်ပါ့မယ်”

မြို့တော်တွင်းမှ အပျိုကြီးများ ရုံးတော်သို့ အမြန်ဆုံးနည်းနဲ့ ရေမြင်းစီးပြီး လာစေ”

“ကိုကျော် အပျိုကြီးတွေကို ဘယ်နှယ့်လုပ် ရေမြင်းစီးခိုင်းရတာလဲဗျ”

“ကျွန်တော်က ရေမြင်းစီးပြီးလာစေလို့ မပြောရင် ဒီအပျိုကြီးတွေ မိချောင်းစီးလာမျဗျ..နဂိုကမှ လျှာရျည်ကြတဲ့ အပျိုကြီးတွေ မိချောင်းသာစီးရင် ဆရာသမားတွေ ပြောမနိုင်မှန်းသိလို့ လျှာတိုတဲ့ ရေမြင်း စီးလာခိုင်းတာဗျ”

“အင်း ကွက်ကျော်မြင်တတ်တဲ့ ကိုကျော်ပါလားနော် ဟော ပြောရင်းဆိုရင် အပျိုကြီးတွေ လာပြီးဗျ”

အုပ်စုတောင့်လှတဲ့ အပျိုကြီးများအဖွဲ့မှာ နယက မ.မက ထိပ်ဆုံးမှ ချီတက်လာကာ.နောက်လိုက်များအဖြစ်.အပျိုကြီးဥက္ကဌ မေသဇင်၊ အတွင်းရေးမှု ရှင်းသန့်မေ၊ တွဲဖက်အတွင်းရေးမှူးသိမ့် ၊အကြံပေးအရာရှိနေခြည်သစ်နွယ်၊ အပျိုတော်ထိန်းရွေမြို့သူနှင့် မှုံနံ့သာဖြူ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သဇင်လေး နှင့် အပျိုကြီးများအဖွဲ့ နောက်လိုက်နောက်ပါများ တပ်ရင်းမှ အင်တိုက်အားတိုက် ချီတက်လို့ လာပါပြီ ။

“အစ်ကို မထသ ဖြစ်ပါ့မလား အပျိုကြီးအုပ်စုက လူများတယ်ဟ..ချစ်သူမြို့တော်မှာ အပျိုကြီးတွေ ဒီလောက်များမှန်း ခုမှ သိတယ် ရေများရေနိုင်နော်”

“ခန့်ချော ငါတို့ ဒီမှာ စကားစပြောနေတုန်း မင်းအနောက်က အသာလေးလျှိုထွက်ပြီး မြို့တော်က ရည်းစားမရှိသူကိုကိုတွေကို လူစုပြီးခေါ်လာခဲ့ချေ..ချစ်သူများနေ့မှာ ရည်းစားရစေရမယ်လို့ အာမခံပြီးခေါ်ခဲ့”

“ဟ တကယ်မရရင်ဘယ်နှယ့်လုပ်မလဲ အစ်ကို မထသ ညီမပေးမလို့လား”

“မင်းကွာ ငါ့ညီမက ခုမှ ၅ နှစ်သမီးပဲရှိသေးတာ..အပျိုကြီး တပ်ရင်းက အရွယ်ကောင်းအပျိုလေးတွေလဲ ချစ်သူလိုချင်မှာပဲကွ..ဒီအပျိုကြီးတွေ ရှေ့က ကန့်လန့် ကန့်လန့် လုပ်နေလို့”

ထိုအချိန်မှာပဲ မြို့တော်ဝန်ဆိတ်မှိုင်း၏ အသံက ဟိန်းလျှက်

“အပျိုးကြီးများ မြို့တော်ထဲက ကျွန်တော်တို့လို လူချောလူလှတွေ ချစ်သူမရတဲ့ ကိစ္စမှာ အပျိုကြီးများ တာဝန်ရှိလား မရှိလား ဖြေပါ”

“မရှိပါ”

“ဘာကြောင့် မရှိဘူးလို့ ပြောရတာလဲ လူပျိုကြီးများအဖွဲ့ လူပျိုကြီးဖြစ်ရခြင်းမှာ အပျိုကြီးများ၏ တားဆီးပိတ်ပင်မှု များရခြင်းကြောင့် ဖြစ်တာ..ဒီကိစ္စကို မြို့တော်က လူပျိုကြိးများအဖွဲ့က မကျေနပ်ဘူး”

“အပျိုကြီးများအဖွဲ့မှ ရည်းစားမထားရဘူးလို့ ဘယ် အပျိုလေးတွေကိုမှ မပြောပါခဲ့ပါဘူး.. ချစ်သူကိုယုံပြီး မပုံအပ်ဖို့ ချစ်သူခေါ်တဲ့ နေရာတိုင်း မလိုက်ဖို့ကိုပဲ ပြောခဲ့တာပါ”

“ကျွန်တော်တို့လို အလိမ္မာတုံးလေးတွေကို  မယုံဘူးလားဗျ”

“ဒါကတော့ မြို့တော်ဝန်ရယ် ချဉ်သီးနဲ့ဆား လို  ဖိုနဲ့မ ထိတွေ့ရင် ဓာတ်တွေက လျှပ်စ်စီးသလို ဖျတ်ဖျတ်လူးတော့ ခေါ်တိုင်းလိုက်တဲ့ မေ့ညီမတွေကို ဆိတ်ကွယ်ရာမှာ ကြိတ်ကာတွယ်သွားမှာဖြစ် ဘယ်နှယ့်လုပ်မတုန်း.. ဒီတော့ မဖြစ်ခင်သူတို့လေးတွေ ကြိုတင် အသိ  သတိကပ်အောင် သတိပေးထားရတာပါ..”

“တယ် ဒီအပျိုကြီးဥက္ကဌကိုတော့ အမှန်ပြောမှုနဲ့ တရားဆွဲလိုက်ရတော့မယ်ထင်တယ်..နေပါအုံး ခုလို သတိပေးတာကို ရည်းစားမရှိတဲ့ အပျိုပေါက်စနလေးတွေက လိုက်နာတယ်ထားအုံး ရည်းစားရှိတဲ့ အပျိုလေးတွေကရော ဒီနေ့ သူတို့ချစ်သူလေးတွေနဲ့ အပြင်ထွက်ကြတာ မမမေ ပြောသလိုပဲ  သူတို့ချစ်သူတွေက ဆိတ်ကွယ်ရာ ကြိတ်တွယ်သွားရင် ဘယ်နှယ့်လုပ်မတုန်းဗျ”

“အဲ့ဒီအတွက်ကို မပူပါနဲ့ရှင့်..ချစ်သူနဲ့ အပြင်ထွက်တဲ့ ညီမလေးတွေကို ဒီကနေ့ အပြင်ထွက်ခါနီး တွယ်ချိတ်တွေ အများကြိးထည့်ပေးလိုက်ပါတယ်..ချစ်သူကောင်လေး ကြိတ်တွယ်ရင် ကောင်မလေးတွေလဲ လက်မနှေးပဲ အမြန်ဆုံး တွယ်ချိန်ဖွင့်ပြီး ပြန်လည်ကြိတ်တွယ်ဖို့ အထူးသင်တန်းပေးထားပါတယ်..”

“ဟူးးးးးးးးးးး အူးးးး တယ်လာတဲ့ အပျိုကြီးတွေပါလား”

“မဖြစ်ဘူး မဖြစ်ဘူး မြို့တော်ထဲက ချစ်သူရှိတဲ့ ကိုကိုတွေကို သတိပေးမှ တွယ်ချိတ်ရန်ကရှောင်လို့”

“အကြံပေးအရာရှိကိုကျော်ရေ မြို့တော်ထဲက ကိုကိုတွေကို သတိပေးလိုက်ပါဗျို”

ချစ်သူများနေ့မှာ ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်လို့

ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်

 ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်

ကြိတ်တွယ်တဲ့ တွယ်ချိတ်ရန်ကရှောင်

 

*~* *~* *~* မေသဇင် *~* *~* *~* *~*

အံ့ဖွယ် ကလေး ၁၁ ယောက်မွေးတဲ့ အိန္ဒိယက အမျိုးသမီး....?

$
0
0

အံ့ဖွယ် ကလေး ၁၁ ယောက်မွေးတဲ့ အိန္ဒိယက အမျိုးသမီး....?






























ဒီပုံတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ အတည်ပြုချက်မပေးနိုင်သေးပါဘူး....ထွက်နေတဲ့ ကောလဟလတွေကတော့... ဒီကလေးတွေဟာ ၁၁ ရက် ၁၁ လ ၂၀၁၁ ခုနှစ်မှာ သက်ဆိုင်ရာ မိခင်အသီးသီက မွေးဖွားတဲ့ ကလေး ၁၁ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်....ဒီလိုတိုက်ဆိုင်မှုဖြစ်နေတာဟာ ထူးခြားနေတဲ့အတွက်ကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ကောလဟလတစ်ခုပါ... ပြီးတော့ အဲဒီကလေးတွေထဲက ၆ ယောက်ဟာ အမွှာပူးမွေးထားတာလို့လည်း ဆိုပါတယ်...ဒီကလေး ၁၁ ယောက်လုံးကို သာမန်လူသား မိခင်တစ်ယောက်ရဲ့ ၀မ်းဗိုက်ထဲမှာ လွယ်ထားလို့ရတယ်ဆိုတာဟာ ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလို့ ထင်ပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဂဏာန်တစ်လုံးတည်းဖြစ်တဲ့ ရက်တူ..လတူ..နှစ်တူ...အရေအတွက်တူ မွေးတာဟာလည်း အံ့ဖွယ်တစ်ခုပါပဲ....။

Valentine Day အတွက်အိမ်လှလှလေးတွေရမယ်

$
0
0

Love is ~ Biker or Not

ဒီမှာ

 



 

Valentine 3 (Red_Black) 1.0 Top Banner 2012

ဒီမှာ

Valentine 5 Take My Hand 1.0 Top Banner 2012

ဒီမှာ

Valentine 6 Love 1.0 Top Banner 2012


 ဒီမှာ

Valentine 7 Pink Heart 1.0 Top Banner 2012

 



ဒီမှာ

True Love



ဒီမှာ

With Love

 



ဒီမှာ

Blue dream Ning Theme

 



ဒီမှာ

Valentine 4 (Pink_Black) Skinny Ning 2012

 



ဒီမှာ
အားလုံးအဆေပြကြပါစေ......ရုပ်စိုးမလေး

 

 

နေရစ်လေတော့“မအိုဇာ.”..

$
0
0

အိုဇာ..ကိုကြိုက်၊ငါမိုက်ခဲ့ပြီ၊

အိုဇာ..ကိုချစ်၊ငါနစ်ခဲ့ပြီ၊

အိုဇာ..ကိုလွမ်း၊ပင်ပန်းခဲ့ပြီ၊

အိုဇာ..နောက်လိုက်၊မောဟိုက်ခဲ့ပြီ၊

အိုဇာ..ကိုနမ်း၊ငါနွမ်းခဲ့ပြီ၊

အိုဇာ..ကိုစွဲ၊အသဲကွဲခဲ့ပြီ၊

အိုဇာ..ကိုစွဲငါလွဲခဲ့ပြီ၊

အိုဇာ..ကိုယုံ၊ငါကုန်ခဲ့၊

အော်..အခုတော့..

သာသနာ့စခန်း၊ငါရွှင်လန်းပြီ၊နေရစ်လေတော့ “မအိုဇာ”။

အိုဇာဟူသည်...မိမိရဲ့ရုပ်နာမ်ဓမ္မသင်္ခါရတရားတည်း..။

ချစ်သူများနေ့  အမှတ်တ၇ ချစ်ဇာတ်လမ်းလေး (ဖတ်ကြည့်နော်)

$
0
0

ချစ်သူေ၇ တသက်လုံး မခွဲမခွာပဲ ချစ်ဖို့  ဂတိ ပေးပါတယ်ချစ်၇ယ်

                                                    မင်းအတွက် ချစ်သူများနေ့  အမှတ်တ၇လေး လက်ခံပေးပါ

                                                    မင်းကလွဲ၇င် ဘယ်သူ့ ကိုမှ စိတ်မ၀င်စားပါဘူး ချစ်၇ယ် (ဟွန်း)

                                                                 
                                                   မင်းနဲ့ တွေ့ ၇င်တော့ အချစ်တွေကို မြိုသိပ်လို့ ၇ဘူး

                                                        ကို ဒီလိုလုပ်လို့ ရှက်ပြီ ၊ စိတ်မဆိုးပါနဲ့  ချစ်သူ၇ယ်

                                             ကို မင်းနဲ့ အတူ နီး၇ဖို့  ဘယ်လိုအခက် အခဲတွေပဲရှိပါစေ(အမလေး)

                                                   မင်းကို၇ဖို့ ဆို ၇န်များကို ကို ရှင်းမယ်................

                                             အချစ်မှာ မျက်စိမရှိပါဘူး အချစ်၇ယ် (မြင်မှမမြင်၇တာ..)

ဒီလိုမျိုး အသည်းမကွဲချင်ဘူးချစ်၇ယ်

ဒီလိုတီတီ၊ တာတာ စကားလေးတွေ အချိန်တိုင်းပြောကြမယ်နော်

မင်းကို့ ကိုယ် ဘယ်လောက် ချစ်ကြောင်း ဒီလိုလေး သက်သေပြပါလား

မင်းကို့ ကို လက်ထပ်မယ်ဆို ဒီလို နေချင်သလား ထားမယ်

ေ၇ချိုးခန်း ၊ အိပ်သာတွက်တော့ ပူပါနဲ့  အကုန်စီစဉ်ထားတယ်

ဒါဆို ကိုယ်တို့  ဒီချစ်သူနေ့ မှာပဲ ပျော်ပျော်ကြီး လက်ထပ်ကြ၇အောင်နော်...

ဟဟ ကျနော(စောနောင်) ၇ဲ့ စာလေးတွေ ဖတ်ပြီ ပျော်ရွင်ကြပါစေ..ချစ်သူများနေ့  အမှတ်တ၇

ချစ်သူများနေ့ မှာ ချစ်သူတွေ သက်ဆုံးတိုင် ပျော်ရွင်ကြည်နူးစွာ လက်တွဲနိုင်ပါစေလို့  ဆုတောင်း ပေးပပါတယ်..

မနေ့ ကတော့ မောစ၇ာပိုစ့် လေးတင်လိုက်လို့ ..ဒီနေ့  ၇ယ်စ၇ာလေးပြန်တင်ပေးတာ..ဒါမှ ၇ယ်စ၇ာမောစ၇ာပေါ့ နော်

ကျနော့ဘလော့လေးဆီလည်း လညလည်ဖို့ ဖိတ်ခေါ်ပါတယ် http://myokyi.blogspot.com/


အိမ်ရှင်သူဌေးသမီးနဲ့ ခြံစောင့်လူငယ်အလုပ်သမားတို့ရဲ့ အချစ်ဇာတ်လမ်း

$
0
0

"ဗျို့အိမ်ရှင်တို့ အိမ်ရှင်တို့" အိမ်ရှေ့မှာ လူငယ်လူရွယ်ယောက် အော်ခေါ်နေတယ်။အဘွားကြီးတယောက်ထွက်လာ

ပြီး "နင်ကဘယ်သူလဲ ဘယ်ကလဲ" လူငယ်က "အန်တီ အန်တီတို့အိမ်မှာ ခြံစောင့်အလုပ်သမားတယောက် အလို

ရှိနေတယ်လို့ သတင်စာထဲမှာ ကြော်ငြာတွေ့လို့လာတာပါ"  "အော် မင်းက အလုပ်လာလျှောက်တယ်ပေါ့

ကဲ..အထဲကို ဝင် လာ"  "ဟုတ်ကဲ့ အန်တီ"။ အိမ်အထဲလည်းရောက်ရော "မင်းက ကားမောင်းတတ်လား"

''ဟုတ်ကဲ့ မောင်းတတ်ပါတယ် အန်တီ" "ဒါဆို မင်း ခြံစောင့်အလုပ် နဲ့ ကားမောင်းတဲ့အလုပ် လုပ်ရမယ် လစာကို

မင်းရဲ့လုပ်ပုံကိုကြည့်ပြီး ဆုံးဖြတ်ပေးမယ် ဘယ်လိုလဲ" "ရပါတယ် အန်တီ ကျွန်တော် နေစရာနဲ့ ထမင်းနှစ်နပ်

စားရလောက်ဆိုရင် တော်ပါပြီး"  "အင်း ကြိုက်သွားပြီး မနက်ဖြန်ကစပြီး မင်း အလုပ်ဆင်းတော့" လူငယ်ကလှည့်

အထွက်မှာ " ဟဲ့ နေဦး တခု ကြိုပြောထားမယ် ဒီအိမ်မှာ နင်ရယ် ငါရယ် ထမင်းချက်တဲ့ အိမ်ဖော်မလေးရယ်

ငါ့သမီးရယ် ရှိတယ် မင်း ငါ့သမီးကို ကျောင်းအကြိုအပို့ကလွဲပြီး ဘာမှ မပတ်သတ်ရဘူးနော်"  " ဟုတ်ကဲ့ စိတ်ချ

ပါ အန်တီ" ပြောပြီး လှည့်ထွက်သွားပါတော့သည်။

     နောက်တနေ့ အလုပ်ဆင်းတော့ သူဌေးသမီးကို ကျောင်းအကြိုအပို့လုပ်တယ်။ခြံထဲမှာ ရှိသမျှ အလုပ်တွေကို

သွက်သွက် ကလေးနဲ့ ပြီးအောင် ရှင်းအောင် လုပ်လိုက်တယ်။သူဌေးကလဲ သဘာကျတယ်။လူငယ်ကလဲ

အလုပ်သမားဆိုပေမယ့် နေတာထိုင်တာ သန့်ပြန့်တယ်။အိနြေ္ဒရှိတယ်။ယောကျာ်းပီသတယ်။ဒီလိုနဲ့ နေ့တိုင်း

ကျောင်းအကြိုအပို့လုပ်ရင်း သူဌေးသမီးက လူငယ်အလုပ်သမားကို မျက်စိကျလာတယ်။စိတ်ဝင်စားလာတယ်။

ကျောင်းကနေ အကြိုမှာ အိမ်ကို တန်းမပြန်ဘဲ လူငယ်အလုပ်သမားနဲ့ shopping သွားတယ်။ကောင်းလေးအတွက်

အင်္ကျီ ဝယ်ပေးတယ်။ဘောင်ဘီကအစပေါ့။ကောင်လေးကလဲ ကောင်မလေး သူ့ကိုကြိုက်နေမှန်းသိလာတော့

အဆင့်အတန်းမတူတဲ့ အဖြစ်ကိုတွေးပြီး ကောင်မလေးကို ရှောင်ရှောင်လာတယ်။

    တနေ့မှာတော့ "သမီး လာစမ်း" "ဟုတ်ကဲ့ မေမေ ဘာခိုင်းစရာရှိလို့လဲ" "ညည်းခြံစောင့်တဲ့ကောင်ကို

သဘောကျနေတယ်မလား ငါ့ကိုမှန်မှန်ပြော" "ရှင်" "ရှင်မနေနဲ့ ညည်း သည်ကောင်နဲ့ပတ်သတ်လို့ကတော့

ငါညည်းကို အမွေဖြတ်မယ်"လို့ အမိန့်ထုတ်ထားတယ်။ကောင်မလေးကလဲ ကောင်လေးကို မတွေ့ဘဲမနေနိုင်။

ခြံထဲ ဆင်းပြီး ကောင်လေးနဲ့စကားခိုးခိုးပြောနေတယ်။

   တနေ့မှာ "အကိုရယ် အကိုဘာလို့ ညီမကို ရှောင်နေတာလဲ" "နင် နဲ့ ငါက အဆင့်အတန်းချင်း ကွာတယ်လေ"

"လာပြန်ပြီး ဒီအဆင့်အတန်း အကို့ကို ရှင်းရှင်းပြောမယ် အကို့ကို ချစ်တယ် အကိုနဲ့နေရမယ်ဆိုရင် အမေ့ရဲ့

အမွေကိုလည်း ညီမ မမက်တော့ဘူး" "မမိုက်ချင်စမ်စပါနဲ့ ညီမရယ် ညီမလို ချမ်းသာတဲ့ အမျိုးကနေ အကို့လို

ဆင်းရဲတဲ့ဘဝ ရောက်သွားမှာကို အကိုမကြည့်ရက်ဘူး အကို့ကို မေ့လိုက်ပါတော့ အကိုထက်ကောင်းတဲ့

ယောကျာ်းလေးတွေ အများကြီးရှိပါတယ်" "ဟင်းအင်း ဘာပြောပြော အကိုနဲ့ ဒီနေ့ခွဲရမယ်ဆိုရင် မနက်ဖြန်

ညီမ အလောင်းကိုသာ တွေ့တော့မယ်" လို့ပြောပြီး အိမ်ပေါ်ကိုတက်သွားပါတော့တယ်။

   အိမ်ပေါ်ရောက်တော့ "သမီး ဒီနားလာစမ်း ခုန နင်ဘယ်သွားနေလဲ ငါ့ကို မှန်မှန်ပြော" " ဟုတ်ကဲ့ အမေ သမီး

အိပ်မပျော် လို့ အပြင်မှာ လေညင်းခံနေတာပါ'' "ဒီမှာ နင့်ကို ငါမွေးထားတာ နင်ခုနက ဟိုကောင်နဲ့စကားပြောနေ

တာမလား နင်ငါ့ကို အန်တုရဲတယ်ပေါ့ ခုချိန်ကစပြီး ညည်း အိမ်အထဲကနေ အိမ်အပြင်လုံးဝမထွက်နဲ့" ပြောပြီး

ကောင်လေးကို အိမ်ပေါ်ခန တက်လာဖို့ အိမ်ဖော်မလေး ကိုခိုင်းလိုက်ပါတယ်။ကောင်လေးရောက်လာတော့

"ဘာခိုင်းစရာ ရှိလဲ အန်တီ" "ဘာမှ ခိုင်းစရာမရှိဘူး နင်ငါ့သမီးကို မှန်းရဲ တယ်ပေါ့ ကိုယ့်အဆင်အတန်းကိုပြန်

ကြည့်ပါဦး ဘာလဲ နင်က တဦးတည်းသောသမီးကို ယူပြီး ငါ့စည်းစိမ်တွေကို ယူဖို့ ကြံစည်နေတယ်ပေါ့"

ကောင်လေးက တခုခု ပြောမယ် ကြံနေတုန်း"တော်ပြီး နင်ဘာမှဆက်မပြောနဲ့တော့ မနက်ဖြန်ကစပြီး မင်းအလုပ်

ထွက်တော့ မင်းမျက်နှာကိုလည်း မကြည့်ချင်တော့ဘူး သွားအောက်ဆင်တော့" ဒီစကားကို အခန်းထဲမှ ငိုနေသော

သမီးကလည်း ကြားဖြစ်အောင်ကြားလိုက်တယ်။

     ဟင် အကို့ကို အလုပ်ထွက်ခိုင်းတော့မယ် မဖြစ်ဘူး အကိုမရှိရင် ငါ မနေနိုင်ဘူး ဘာဖြစ်ဖြစ် အကိုနဲ့နေရရင်

ငါကျေနပ်တယ် ဆိုပြီး စာတစောင်ရေးပြီးထားခဲ့လိုက်တယ်။မနက် မိုးလင်းခါနီး ကောင်လေးနေတဲ့အခန်းရှေ့ကနေ

ကောင်မလေးကစောင့်နေတယ်။ခိုးရာလိုက်ပြေးမယ်ပေါ့။ကောင်လေးလည်း ကောင်မလေးကိုတွေ့တော့ အံသြ

သွားတယ်။ကောင်မလေးကို သူ့နောက်မလိုက်ဖို့ပြောတယ်။ဒါပေမယ့်ကောင်မလေးက ဘယ်လောက်တားတား

လိုက်မယ်လို့ပြောတယ်။နောက် တားမရတဲ့အဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို သူနဲ့အတူ ခေါ်သွား

တော့တယ်။

      မိုးလည်း စင်စင်လင်းပြီး သမီးကလဲ နံနက်စာ စားဖို့ ဆင်းမလာသေးတော့ စိတ်ပူပြီး သမီးအခန်းထဲကို

ဝင်သွားတယ်။သမီးကိုမတွေ့ဘဲ စာတစောင်ကိုတွေ့လိုက်တယ်။စာက သမီးဖြစ်သူက ခြံစောင့်အလုပ်သမားနောက်

ကို ခိုးရာလိုက်ပြေးသွားပြီး ဆိုတဲ့စာပေါ့။အမေ ဖြစ်သူကလဲ စာကိုဖတ်ပြီးပြီးချင် ဒုံး ခနဲဆိုပြီးမေ့လည်းကျသွား

တော့တယ်။အိမ်ဖော်မလေးကလဲ အပေါ်မှာ အသံမြည်တော့ တက်ကြည့်လိုက်တာ လဲကျနေတဲ့ သူဌေးမကိုတွေ့

တယ်။ရုတ်ခနဲဆိုကြောင်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာ အနားမှာရှိနေတဲ့ ရှူဆေး တဘူးကိုယူပြီး

သူဌေးမ ရဲ့ နှာခေါင်းအနားမှာ တေ့ထားလိုက်တယ်။မကြာပါဘူး ၅ မိနစ်လောက်ပဲ သူဌေးမက ပြန်သတိရလာတယ်။

သတိရရချင်း "ဟဲ့ ငါဘာဖြစ်နေလဲ ငါမူးလဲသွားတာလား" "ဟုတ်ကဲ့ မမ မူးလဲသွားလို့ ကျွန်မက ရှူဆေးကို မမရဲ့

နှားခေါင်းအနားမှာ တေ့ပြီး ရှူခိုင်းလိုက်တာ မမ ပြန်သတိရလာတယ်'' သူဌေးမကလဲ ရှူဆေးဘူးကိုလှမ်းကြည့်

လိုက်တော့ "အဘထ" ရှူဆေး။ "အော် ဒါကြောင့်ကို နောက်တခါ ငါမူးရင် ဒီ အဘထ ရှူဆေးကိုပဲပေးးကြားလား"

"ဟုတ်ကဲ့ မမ" လို့ပြောပြီး အိမ်ဖော်ကို အဘထ ရှူဆေးတွေ အများကြီး ဝယ်ခိုင်းလိုက်ပါတယ်။

 ကဲ....သူငယ်ချင်းတို့ေ၇ ခေါင်းမူးရင် "အဘထဓ"  ရှူဆေးတဲ့ဗျ...။ဟိ  ဟိ  ဟိ စိတ်ဆိုးရဘူးနော်...။

      

ဖက်ပေါ်ဆူးကျလည်း ဆူးပဲနာ၏။ဆူးပေါ်ဖက်ကျလည်း ဆူးပဲနာ၏

$
0
0


ဤပိုစ့်ခေါင်းစီးကိုဖက်ကြားလိုက်ရသော စာဖက်ပရိသတ်သည် ကျနော်ကိုဟာသလူသားတစ်ယောက်အနေဖြင့် ရယ်ဖွယ်ပြု၍ ရယ်ပေလိမ့်မည်။ ရယ်ကောင်းလည် ရယ်ရာ၏။ရယ်ပြီးသော အဆုံးသော် အမျိုးမျိုးသော ထင်ကြေးပေးနိုင်ပါ၏။အပြစ်ဟုမဆိုသာသေချေ။အကြောင်းကား........


“ဖက်ပေါ်ဆူးကျလည်း ဆူးပဲနာ၏။ဆူးပေါ်ဖက်ကျလည်း ဆူးပဲနာ၏” ဟူသော သဘောသက်သော စာရေးသူ၏ ခေါင်းစီးသည် အရပ်စကား၊အရူးစကား၊ကလေးစကား၊သဘင်သည်များ ပြောကြားသော စကားအသုံးအနှုန်းကြောင့်ဖြစ်ပါသည်။စစ်စစ်စာဖက်ပရိသတ် သိထား ခံယူ ထားကြသော ၎င်းစကားဝါကျကား--လက်ဦးဆရားမည်ထိုက်စွာ အမိအဘတို့က မိမိတို့၏ ချစ်လှစွာသော သမီးလှကို နောက်ဆုံးအနေဖြင့်မာန်ချလက်လျော့၍ ဆင်ခြင်နေ ထိုင် ဖို့ရန် အဆုံးစွန်ဆုံးမလိုက်သော (တိုတိုဖြင့် အထိဆုံးဖြစ်သော) စကားပုံ တစ်ခုပင် ဖြစ်ပါသည်။

မှန်၏။ပြာချပ်ချပ်သဘောရှိသော ဖက်ရွက်သည် ထက်ချွန်ခြင်းသဘောရှိသော ဆူးပေါ်သို့ ကျရောက်မိပါက ဖက်ရွက် သာပေါက် ရုံဖြစ်သည်။ထို့အတူ ဖက်ရွက်ပေါ်သို့ ဆူးကျရောက်မိပါက လည်း ဖက်သာပြဲရိုးဖြစ်ပါသည်။စာဖက်ပရိသတ်တို့သည်လည်း ဤသို့ သတိထားသိရှိကြပါ၏။လက်ခံကြပါ၏။


ပို၍သိရှိခံစားကြသည်ကား ဤစာပုဒ်စကားပုံသည် “ယောင်္ကျားနှင့်မိန်းမတို့၏ မတူညီပုံ၊မတူညီသော အချင်အရာ၊ တစ်သက်တာ
ဘဝ၏ ပျက်စီးဆုံးရှုံးမှု စသည်တို့ကို ဥပမာပြုထားသော ယောင်္ကျားနှင့်မိန်းမတို့၏ ပမာပြုဥပမာစကားပုံဟု လူတို့သိထားကြပါသည်။ဤသို့ လည် လက်ခံထားကြပါသည်။ ဥပမာ ဥပမေယျအရ မိန်းကလေးသည် ဖက်ရွက်၊ယောင်္ကျားလေးသည်ဆူးဟု ဖက် မိ မှတ်မိကြားမိကတည်းကစ၍ ကြီးကြီးငယ်ငယ်ရွယ်ရွယ် လတ်လတ်စိတ်ရှိသော လူသားတို့သည် မျက်ရိတ်သမ်းလိုက်မိကြ၏။
မိန်းကလေးသည် ဖက်၊ ယောင်္ကျားလေးသည် ဆူးဟုသိကြ လက်ခံကြ၏။ “ဆူပေါ်ဖက်ကျတာ ဖက်ပြဲ၍ ဖက်ပေါ်ဆူးကျကလည်း ဖက်ပဲပြဲရသည်” ဟူသော အဆိုသည် အပေါ်ယံ ရွှေမှုံကြဲအနေဖြင့်(လောကအမြင်ဖြင့်)လက်ခံဖွယ်ဖြစ်၍ အဓိပ္ပါယ် ကောက်ယူ ရသော် လည်း တကယ်တမ်း စေ့စေ့ငင နက်နက်နဲနဲ(ကျမ်းဂံ)နှင့် ကြံဆနှိုင်းယှဉ်လိုက်သောအခါ ...........


“ဆူးပေါ်ဖက်ကျပါက ဖက်မပြဲဘဲ ဆူးသာကျိုးရပါသည်။ ဖက်ပေါ်ဆူးကျပါလည်း ဆူပဲနာပါသည်” ဆူးဟူသော ယောင်္ကျားသည် ဖက်ဟူသော မိန်းမအပေါ်သို့ ကျမိကျူးလွန်မိပါက ယောင်္ကျားသည်သာ ဆုတ်ယုတ်၍ အကျိုးယှတ်ရပါသည် မကောင်းသော အကုသိုလ်(ငရဲ)မှာ ယောင်္ကျားသည် လည်စင်း၍ခံရမည်သာ။ဖက်ဟူသောမိန်းမကား ကျင့်ကျူးလွန်မိသော်လည်း သက်သာရာရသေ၏။ယောင်္ကျားကဲ့သို့လည်စင်း၍မခံရပါ။ စိတ်ရှိသောယောင်္ကျားသည် မိန်းကလေးကိုအနိုင့်ကျင့်ပါသော်လည်း မိန်းကလေးသည် နောင် ဘ၀ ၌ အရှုံးပေ။ယောင်္ကျားလေးသည် ဘ၀ဆက်၍ ရှုံးနိမ့်ရာ၏၊ဆင်ခြင်ကြပါရန်သာ။ဗဟုသုတရှာမှီးကြပါစေ။


အကြောင်းမူကား အသို့နည်း။“မကောင်းမူ ဒုစရိုက် ၁၀ပါး (သို့မဟုတ်)လူပုဂ္ဂိုလ်တို့ သီးခြားဆောက်တည်ရသော ငါးပါးသီးလထဲ၌ တစ်ပါးအပါဝင်ဖြစ်သည့်“ကာမေသုမိစ္ဆာစာရဟူသော တစ်ပါးသောကံကြောင့်ပေတည်း” ဆက်မပေါက်ဘဲ ဆူးနာ၍ ဖက်မပေါက် ဆူးညှောက်ကျိုးရခြင်းသည် ဤကံကိုထောက်၍ဖြစ်ရပါသည်။ဤကာမေသုမိစ္ဆာစာရကံသည် ပြားချပ်ချပ်ဖက်ရွက်ကို တခါတရံ တချို့တစ်နေရာသာ ပေါက်ပြဲစေသည်။(မိန်းကလေးသည် ယောင်္ကျားလေးအပေါ်ကျူးလွန်မိပါက ၎င်းမိန်းကလေးသည်တစ်ခါတရံသာ ကံထိုက်သည်ဟူလို့)ဆူးချွန်ချွန်ဟူသော ယောင်္ကျားသည်ကား တခါတရံမဟုတ်(မိန်းမအမျိုးစား အယောက် ၂၀တို့တွင် မည်သည့်မိန်းကလေးဖြစ်စေ ကျူးလွန်မိပါကဆူးကျိုးသည်သာ။


(ယောင်္ကျားလေးသည်သာ ကံထိုက်သည်ဟူလို့) ကျမ်းဂံအရ..................“ကာမေသုမိစ္ဆာစာရကံ” ဟူသည် အဂနီယ (မသွားလာမဖောက်ပြားအပ်သော ယောင်္ကျား၊မိန်းမတည်းဟူသော) ၀တ္ထု၌ သွားလာဖောက်ပြားမှီဝဲကြောင်းဖြစ်သော စိတ်သည် လောဘမူစိတ်တခု၌ တစ်ခုခုနှင့် သမ္ပယုတ်ဖြစ်၍ ကာယဒွါရ၌ဖြစ်သော (ကိုယ်ထိလက်ရောက် ပြုမူသော)မှားသော မေထုန်အကျင့် မသူတော်တို့ အကျင့်ဖြစ်၏။ အရကားသေ၀နစေတနာတည်း။
ထို့မသွားလာအပ်၊ မသွားလာကောင်း၊ မပြုအပ်/မပြုကောင်း၊ မကျင့်အပ်/မကျင့်ကောင်းသော(အဂမနီယ ၀တ္ထုကိုပြုကျင့်သည် ကိုပင် မိစ္ဆာစာရကံထိုက်၏ဟု ဆို၏။ အဂမနီယ၀တ္ထုမည်သည် သရုပ်အားဖြင့် ဖော်ပြအပ်ခဲ့သော မိန်းမအမျိုးစာအယောက်၂၀ ပင်တည်း။၎င်းတို့ကား-------
၁။အမိစောင့်သောမိန်းမ
၂။အဖစောင့်သောမိန်းမ
၃။မိဘနှစ်ပါးစောင့်သောမိန်းမ
၎။မောင်ကြီးမောင်ငယ်စောင့်သောမိန်းမ
၅။အစ်မကြီး အစ်မငယ်စောင့်သောမိန်းမ
၆။ဆွေမျိုးစောင့်သောမိန်းမ
၇။အနွယ်တူစောင့်သောမိန်းမ
၈။သီတင်းသုံးဖော်စောင့်သောမိန်းမ
၉။ထိမ်းမြားထိုက်သူအစောင့်ရှိသောမိန်းမ
၁၀။မင်းတို့ထားအပ်ပြီးသော ဒဏ်ရှိသောမိန်းမ
၁၁။ဥစ္စာဖြင့်ပယ်အပ်သောမိန်းမ
၁၂။အလိုတူ၍ ပေါင်းသင်းနေသောမိန်းမ
၁၃။စည်းစိမ်ပေး၍နေသောမိန်းမ
၁၄။ပုဆိုးပေး၍နေသောမိန်းမ
၁၅။ရေခွက်၌လက်ချ၍ မိဘနှစ်ပါး ထိမ်းမြားသော မိန်းမ
၁၆။ခေါင်းခုကို ချ၍နေသော မိန်းမ
၁၇။ကျွန်းလည်ဖြစ်သော၊မယားလည်းဖြစ်သော မိန်းမ
၁၈။အမူလုပ်လည်းဖြစ်သော၊မယားလည်းဖြစ်သော မိန်းမ
၁၉။စစ်မြေမှ အောင်ခဲ့သော မိန်းမ
၂၀။တမုဟုတ်မျှ ပေါင်းဖော်သော မိန်းမဤအယောက်နှစ်ဆယ်သော မိန်းမတို့ကား ယောက်ျားတို့ မသွားလာ မကျူးလွန်အပ်သော အဂနီယ၀တ္ထု ၂၀ပင်တည်း။


အစကနဦး မိန်းမတို့၏ မိစ္ဆာစာရကံထိုက်ပုံကိုပြအံ့။အဂမနီယ၀တ္ထုဟူ၍ နာမသညာဖြင့် ပညတ်သမုတ်အပ်သော မိန်းမအယောက် ၂၀တို့တွင် တစ်မှ ရှစ်တိုင်အောင်သော မိန်းမတို့သည် အခြားသောယောင်္ကျားကြီး၊ယောက်ျားငယ်ရွယ် ယောက်ျားလတ်တို့အား ကာမဂုဏ်အမှု မေထုံပြု၍ မှီဝဲခံစားပါသော်လည်း မိစ္ဆာစာရကွမထိုက်ပါ။(ကျမ်းအဆိုတည်း)
(အထောက်-မာတုရက္ခိတာဒိနံ အဋ္ဌန္နံပုရိ သန္တရဂမနေ မိစ္ဆာစာရော။မထိုက်ပုံကို ကျမ်းအဆို၌ကြည့်)ထို့ကြောင့် ဆူးပေါ်ဖက် ကျသော် လည်းဖက်မပေါက်။ ၎င်းမိန်းမရှစ်ယောက်တို့သည် ယောက်ျားအပေါ် ကျင့်ကျူးမှီးဝဲသော ယောက်ျားသည် ကံထိုက်ပါသည်။ထို့ကြောင့် ဖက်ပေါ်ဆူးကျသော်လည်း ဖက်မပေါက် ဆူးညှောင့်သာကျိုးရပါသည် ကြွင်းသော တစ်ဆယ်နှစ်ယောက်သော မိန်းမတို့သည် မိမိအား ပစ္စည်း၊ အရာဝတ္ထုဖြင့် ပိုင်ထားဆိုင်ထားသူ(သို့မဟုတ်)စေ့စပ်ထားသူ(သို့မဟုတ်) မိမိလင်စသည်ဖြင့် မိမိအားပိုင်ဆိုင်သူမှတစ်ပါး အခြားသော ယောက်ျားတစ်ပါး၌ သွားလာလျှင်(မှီဝဲလျှင်)၎င်းမိန်းမသည် မေစ္ဆာစာရကံထိုက်၏။(အထောက်-သေသနံပန ပုရိသန္တရဂမနေ မိစ္ဆာစာရော ဟောတိတည်း)သို့ဖြစ်သော် ဤတစ်ဆယ့်နှစ်ယောက်သော မိန်းမတို့နှင့်အခြားယောက်ျားတစ်ပါးတို့ သွားလာမှီဝဲရာ၌ ဖက်လည်းပေါက် ဆူးလည်းကျိုးဖြစ်၏။


သို့လျှင် ဆူးတည်းဟူသော ယောက်ျားလေးတို့သည်ကား ဤအယောက်၂၀သော မိန်းမသား မိန်းမလှတို့အား ပြုကျင့်မှီဝဲရာ၌ မိစ္ဆာစာရကံ ထိုက်သည်ချည်း။ထို့ကြောင့် ဖက်ပေါ်ဆူးကျသော်လည်း ဆူးပဲနာရသည်။ဆူးပေါ် ဖက်ကျသော်လည်း ဆူးပဲကျိုးရပေ သည်။တစ်အရ....နှစ်အရ....နှစ်ခုပေါင်းသော် သုံးအရမိန်းမဖြစ်၏။၎င်းသုံးအရ အမိအဖစောင့်သောမိန်းမဟူသည် အိမ်ထောင်မကျ၊လင်မယူသောသမီးပျိုဖြစ်၏။ယောက်ျားတစ်ယောက်သည်၎င်းသမီးပျိုနှင့် ကြိုက်၍သော်လည်းကောင် ချစ်၍သော်လည်းကောင်း နှစ်ဦးသဘောတူချစ်သွေးမြူးလိုသော်ကြောင့်လည်းကောင် ယောက်ျာသည်သမီးပျို၏ ခွင့်ပြုချက်အရ မေထုန်အမှုပြုကျင့်၏။သို့ကျင့်လျှင် ယောက်ျားသည် မိစ္ဆာစာရကံထိုက်၏။သမီးပျိုသည် မိစ္ဆာစာရမထိုက်။(မထိုက်ရခြင်းအကြောင်းကို နရသာသနကျမ်းမှာ ယူနိုင်ပါသည်။) ထို့ကြောင့် ဖက်နှင့်ဆူးနှစ်ဦး သဘောတူသော်လည်း ဆူးပဲနာရသည်ဟု ဆိုရပါသည်။
သို့ဖြစ်၍- ကျားမနှစ်ဦး၊ ပျော်မြူးချစ်ကြည်၊ ရမ္မက်စီ၍ ပွေ့ချီနမ်းဖက်၊ပြုလျှက်မေထုန်၊ လုပ်လျက်တုံ စုံစုံယောက်ျားရှုံး ဟုသံဝေဂ တစ်ရပ်အဖြစ် စားရေးသူလက်ဆင့်ကမ်း မှတ်တမ်းပြုလိုက်ပါသည်။သို့လျှင် ယခုအခါ ကာလသားယောက်ျားကြီး၊ယောက်ျားငယ်တို့ သည်မိန်းကလေးတစ်ဦးအပေါ် စိတ်တူသဘောတူ ညီမျှ၍သော်လည်းကောင် ၊အချစ်ကြီး၍သော်လည်းကောင်း၊မကြီး ၍သော် လည်းကောင်းအမှောင်ကျ၍သော်လည်းကောင်၊ အချောင်ရ၍သော်လည်းကောင်၊မကောင်းသောသူတော်အကျင့် မေထုန်ယဇ်ကို မပြုကျင့်ကြပါလေနှင့်။


ထိုမကောင်းသော မိစ္ဆာစာရကံသည် မကောင်းမှု(အပြစ်ကြီးသည့်အလျောက်)စုတိ၏အခြားမဲ့၌ ဒုဂ္ဂတိနန်း ငရဲပြည်လမ်းသို့ အရောက်ပို့နိုင်၏၊ထို့ကြောင့် ဓမ္မမိတ်ဆွေတို့သည် မိစ္ဆာစာရကံ အပျက်မှ ရှောင်ရှားပါလေး။

http://kolinthalarwaddy.blogspot.com/2012/02/blog-post_7170.html

YouTube Annotations အကြောင်းလေးပါ

$
0
0
အခုကျွန်တော် ရေးရမဲ့ အကြောင်းလေးကတော့ YouTube Annotations ရဲအကြောင်းလေးပါ
သိပြီးသာလူတွေ လဲရှိနေမှာပါ မသိသေးတဲ့ လူတွေအတွက်ပါ ပထမဆုံး YouTube လေးထဲမှာ
အရင်ဝင်လိုက်ပါ ပြီးတော့ အောက်ကပုံလေးထဲ မှာအမည်ရောင်းလေးနဲ ဝိုင်းထားတဲ့ နေရာ
Video Manager မှာ Click လိုက်ပါ ပုံကိုအကြီးမင်ခြင်ရင်တော ပုံကိုနှစ်ခါ Click ပါ။

ပြီးတော့ အောက်ကပုံလေးလိုဘဲမြင်ရ ပါလိမ်မည် တွေရင်တော့ Edit လေးကို Click လိုက်ပါ။

နောက်လစ်ဆင့်ကတော့ အစိမ်းရောင်လေးနဲ့ ဝိုင်းထားတဲ့ နေ့ရာမှာ Click လိုက်ပါပြီးရင်တော့
အောက်ကပုံကိုမြင်တွေ့ရလိမ်မည် Annotations လေးကိုပြောတာပါ။
ပြီးရင်တော့ နောက်တစ်ဆင့်ကတော့ အောက်ကပုံပေါလာရင်တော့ အမည်ရောင်လေးနဲ့ ဝိုင်းထားတဲ့
နေရာ Add Annotations လေးကို Click လိုက်ပါ

နောက်တစ်ဆင့်ကတော့ Add Annotations မှာပေါလာတဲ့လာကို တစ်ခုခုကို Click ပါ ပြုပြင်တာက
တော့လွယ်ကူပါတယ်

နောက်တစ်ဆင့်ကတော့ Video မှာပြုပြင်ရင်လဲရတယ် Video မှာမကြိုက်ရင်တော့ အောက်ကပုံမှာ
အမည်ရောင်နဲ ဝိုင်းထားတဲ နေရာမှာ ပြုပြင်လိုရပါတယ်

ကျွန်တော်လုပ်ပြီးသား ကြည်ကြ


Visit To Me

(!_!)မျက်ရည်တစ်စနဲ့ ဗာလင်တိုင်း (!_!)

$
0
0
ချစ်သူများနေ့  ဆိုတဲ့ နေ့ လေးကို နှစ်များစွာ တစ်ကိုယ်တည်း ငါ ဖြတ်သန်းပြီးပြီး....။

ဒီ နှစ်မှာတော့ အခြားနှစ်တွေ နဲ့ မတူတဲ့ ခံစားမှုတွေ ရင်မှာ ပြည့်လို့ .............။

တွဲလက်တစ်စုံနဲ့ ချစ်သူကို ပိုင်ဆိုင်ထားခဲ့ပေမယ့် ဘယ်ဆီမှန်း မသိတဲ့ ချစ်သူရယ်............။

နာနာကျင်ကျင်နဲ့ တစ်အစ်အစ် ရီမောနေတဲ့ နာရီကြီးကို တစ်စိုက်စိုက်ကြည့်ရင်း ငါမျှော်နေမိတယ်......။

မရောက်ခင်တုန်းကတော့ ဘာမှ မဖြစ်လောက်ပါဘူးလို့  တွေးထင်ထားပေမဲ့ တကယ်တမ်း ရောက်လာတော့ ရင်တစ်ခုလုံး ခံစားလို့  မနိုင်အောင် ဖြောင်းဆန်နေမိတယ်.........။

လွမ်းဆွတ်မှုတွေက ရင်မှာပြည့်လို နှလုံးသား တစ်ခုလုံး ကြေမွနေတယ်...........။

မျက်ရည်ဆိုတာ ချစ်သူများနေ့ အတွက် ငါ့ရဲ့ အဖော်လား....။

ဝမ်းနည်းမှုတွေနဲ့  လှိုင်းထနေတဲ့ ပင်လယ်ပြင်မှာ အထီးကျန်ခြင်း လှိုင်းလုံးတွေက အားငယ်မှု ဆိုတဲ့ ဒိုက်တွေကို သယ်ဆောင်လာပြီး ကြေကွဲခြင်း ကမ်းစပ်မှာ အမှိုက် ချခဲ့ထားခဲ့တယ်......။

ငါကတော့ အဲ့ဒီ ကမ်းစပ်မှာ ထိုင်ရင်း အလွမ်းလေတွေ ရှုရှိုက်ကာ တစ်ကိုယ်တည်း ချစ်သူအလာကို မျှော်လင့်ချက်များစွာနဲ့  စောင့်နေတဲ့ ကောင်မလေးပေါ့.....။

ဘယ်အချိန် ရောက်လာမယ်မှန်းမသိတဲ့ ချစ်သူရယ်.....။

နေနိုင်သူက အေးစက်စွာ နေနိုင်ပေမဲ့ မျှော်လင့်နေတဲ့ ငါ့ရင်မှာတော့ မီးတောက်ကြီးတွေ ဖြိုင်ဖြိုင်ညှီးလို့ လေ....။

အဲ့ဒီ မီးတောက်ကြီးတွေက ငါ့ရင်ကို လောင်ကျွမ်းနေပေမဲ့ မင်းကို ချစ်တဲ့ ငါ့အချစ်က လောင်ကျွမ်းပြီး ကုန်ဆုံးမသွားပါဘူး..........။

လောင်ကျွမ်းနေတဲ့ မီးတောက်တွေကို အန်တုလို့ မီးတောက်တွေနဲ့ အပြိုင် ရှင်သန်နေဆဲပဲ........။

လုံးဝ ကုန်ဆုံးခွင့် သွားမှာ မဟုတ်ပါဘူး.....။

နင်တောင်ပံတွေညောင်းလို့ ခြေလှမ်းတွေအနာတရနဲ့ တွန့်ဆုတ်နေတဲ့ အချိန်ရောက်ရင်သာ ငါ့ဆီပြန်လာပါ......။

ငါ့ရင်ခွင်က နင့်အတွက် တံခါးဖွင့်လျှက်ပါ ချစ်သူ..........။

မျက်ရည်တစ်စက်တွေ စွန်းထင်နေတာက လွှဲလို့ ပေါ့ ချစ်သူ............။




 

မလေးရှားနိုင်ငံမှ သယ်ရင်းများအတွက်

$
0
0

အားလုံးပဲမင်္ဂလာပါခင်ဗျာ   ကျွန်တော်ကပို(စ်)တွေမတင်ဘူးတော့မှားတာရှိရင်ခွင့်လွတ်စေချင်ပါတယ်   အခုသတင်းကြားတာကတော့  မလေးရှားနိုင်ငံမှာ  ဒီ၁၅ရက်နေ့ကစပြီးအဖမ်းအဆီးများမယ်လို့  ပြောနေကြပါတယ်ဗျာ  6p လုပ်တဲံ့ကာလကိုအချိန်ပေးတာပြည့်ပြီဆိုလို့အဖမ်းအဆီးတွေလုပ်မယ်လို့သိရပါတယ်  နေရာတိုင်းကိုအချိန်တိုင်းဖမ်းသွားမယ်လို့လဲသိရပါတယ်   အော်ပရာစီဝင်ကိုဖမ်းမဲ့လူဦးရေကတော့၂သိန်လို့သိရပါတယ်  အထူးသဖြင့်တော့ဆိုဒ်တွေထဲကိုဖမ်းမယ်လို့သိရပါတယ်  (ဆိုဒ်ဆိုတာက  ချစ်သူဆိုဒ်ကိုပြောတာမဟုတ်ဘူးနော်)  ဆိုဒ်ဆိုတာက  အသစ်ဆောက်တဲ့အဆောက်အဦးတွေလုပ်တဲ့နေရာတွေအဲ့နေရာတွေမှာအ၀င်များမယ်လို့သိရပါတယ်   ပြီးတော့လဲ  အဖမ်းအဆီးလုပ်တဲ့အကြောင်းကိုလဲ  မလေးရှားနိုင်ငံထုတ်သတင်းစာ   တီဗီ  သတင်းအစရှိတဲ့နေရာတွေမှာကြေညာထားပြီးပြီဖြစ်သော်ကြောင့်  သယ်ရင်းများ  အထူးဂရုစိုက်ကြဖို့  အသိပေးချင်းဖြစ်ပါတယ်    ၆p  လုပ်ထားပြီးတဲ့လူတွေလဲ  အဖမ်းအဆီးကိုမကြောက်  ရသလို  6pမလုပ်ထားတဲ့လူတွေအတွက်တော့အထူးသတိပြုကြပါခင်ဗျာ  

Viewing all 9878 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>