Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

" ကိုအောင်ထက်..မိန်းမ မေ့မကျန်ခဲ့တာ..ကံကောင်းတယ်မှတ်.."

$
0
0

ဒီနေ့ တနင်္ဂနွေနေ့ပါ..

ရုံးပိတ်ရက်..ကျောင်းပိတ်ရက်မို့..အိမ်မှာလူစုံတက်စုံ..

ပိုးဥမ ရဲ့မနက်ပိုင်း အိမ်ရှင်မ စီမံခန့်ခွဲမှုက..ကျွန်တော် အောင်ထက်အကောင်းမနေရ ။

“ အောင်ထက်ရေ..ငြုပ်သီးထောင်းပီးရင်.. မြင်းခွာရွက်တွေ ရေဆေးပေးအုန်းနော်လို့..”

“ အေးအေး..စိတ်ချ..”

“ အောင်ထက်ရေ..ငါအ၀တ်တွေ..မီးပူတိုက်တုန်း..ရေစိမ်ထားတဲ့ ခြင်ထောင်လေး လျှော်ပေးပါလားနော် လို့..”

“ အေးအေး..ငါသိတယ်..စိတ်ချ..”

“ အောင်ထက်ရေ..နင့်သား စာပွဲတက်မွေနေတယ်..လုပ်ပါအုန်း..ငါဟင်းအိုးတန်းလန်းကြီးနဲ့ဟ..”

“ အော်..အေးအေး..ငါသွားလိုက်မယ်..”

 

ပိုးဥမ ခမြာလည်း..ခုလို ပိတ်ရက်မှာမှ..ကျွန်တော် အောင်ထက်ကြီးရဲ့..အကူအညီ ရတာလားဗျာ..

ဘာပင်ပန်းတာမှတ်လို့..ဒါလေးများ

မနက်စောစော..ပိုးဥမ ဈေးသွားတော့ သားအဖနှစ်ယောက်..ဈေးဝယ်အိပ်လေးကိုင် သူ့နောက်ကလိုက်

အိမ်ပြန်ရောက်တော့..သူက ဟင်းကိုင်..ကိုယ်က..ကြက်သွန်ခွာ..ငြုပ်သီးထောင်းပေး

နောက်တော့..သူရေစိမ်ထားတဲ့..စောင် ခြင်ထောင်တွေ လျှော်ဖွတ်..

ပီးရင်..အိပ်ယာခင်း နဲ့စောင်တစ်ချို့ကို..နေလှန်း

ကွန်ပျူတာ စာပွဲပေါ်..သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလင်းလိုက်ရပြန်ပါတယ် ။

 

ပိုးဥမ ရဲ့စနစ်တကျ စီမံမှုက..ကိုးနာရီခွဲလောက်မှာ..အရှိန်တန့်သွားပါတယ်..

ကြောတွေလည်း တောင့်နေပြီ..ခဏလး အိပ်ယာပေါ်လှဲရင်း ဘောလုံးဂျာနယ်လေးဖတ်အုန်းမှ..

“ အောင်ထက်ရေ..နင့်သား..မူကြို အိမ်စာလေးတွေ..ကြည့်ပေးပါလားဟယ်..”

“ အေးအေး..ဟုတ်ပါရဲ့..လုပ်လိုက်မယ်လေ..”

 

ဒီလိုနဲ့..မနက်၁၁ နာရီလောက်မှာ..မိသားစုထမင်းဝိုင်းလေးက..ပျော်စရာ..

“ အောင်ထက်..အသဲလေး..နင်ထည့်စားလေ..”

“ နင်ပဲစားလိုက်..ငါက..တောင်ပံရိုးပဲစားမယ်..စကားပုံရှိတယ်ဟ..”

“ ဘာလဲပြောလေ..”

“ ကြက်တောင်ပံ..လူပေါင်ခြံတဲ့..ဟဟ”

“ သေပါလား..နင့်ကို..ငါ ဘလော့ထားမှာနော်..ခိခိ “

 

မနက်စာစားပီးတော့..

ပိုးဥမ တို့ သားအမိလည်း..အိပ်ယာပေါ်မှာ..ထမင်းလုံးစီဖို့ ပြင်ဆင်နေပါတယ်..

ကျွန်တော် အောင်ထက်ကြီးလည်း ဆိုက်တွေမှာ ပို့စ်တွေမတင်ဖြစ်တာကြာလို့..

ကွန်ပျူတာစာပွဲ ထိုင်လိုက်ပါတယ်..

“ အယ်..မျက်မှန်..ဘယ်နားထားမိပါလိမ့်..”  ခက်ပြီ..။ ဒါနဲ့ အိပ်ခန်းထဲ ၀င်ရှာမိပါတယ်..

“ အောင်ထက်..နင်ဘာပျောက်နေလဲ..”

“ ငါ့မျက်မှန် မတွေ့လို့ ဟ..”

“ ခိခိ..သေပါလား..မျက်မှန်ကြီးတပ်ထားပီး..လိုက်ရှာနေတယ်..”

“ ဟေ..ဟုတ်သားပဲ..ဟဟ ”

 

ဆိုက်နှစ်ခု..သုံးခုလောက်မှာ စာလေးတွေတင်ပြီးချိန်မှာပဲ..

အိပ်ယာနိုးလာတဲ့ ပိုးဥမတို့ သားအမိနှစ်ယောက်..အိပ်ခန်းထဲက ထွက်လာပါတယ်..

“ အောင်ထက်ရေ..နင့်သားကို ဆံပင် သွားညှပ်ပေးလိုက် အုန်းဟာ..”

“ အော်..အေးအေး..”

 

ဒီလိုနဲ့ သားအဖနှစ်ယောက် လမ်းထိပ်က ညှပ်နေကျဆံပင်ဆိုင်ကို ထွက်လာကြပါတယ်..

ကိုယ့်အရင်ရောက်နေတာက..သုံးယောက်တောင်..မစောင့်တော့ပါဘူး..

ဈေးထဲက..ဆိုင်ကိုပြောင်းပြီး သားလေးကို ဆံပင်ညှပ်ပေးပါတယ်..။

ဆိုင်ရှင်နဲ့ မသိတော့ စကားလဲ မပြောဖြစ်၊ ပျင်းလာပါတယ် ။

 

စောင့်နေရင်း..ခံတွင်းကချဉ်..ကွမ်းယာဆိုင်ဖက် ခဏဆိုထွက်လာလိုက်တာ..

နောက်တော့..လက်ဘက်ရည်ဆိုင်မှာ..ကဗျာဆရာပေါက်စတွေနဲ့တွေ့..လေသေနတ်ပစ်ကြ..။

“ ဟာ..လေးနာရီတောင်နီးပါပေါ့..ပြန်မယ်ဟေ့..”

“ ဟုတ်..ကိုကြီးအောင်..အမပိုးဥ..ဆူခံထိနေအုန်းမယ်..”

ဒီလိုနဲ့ အိမ်ကိုသုတ်ခြေတင်ရပါတော့တယ်..

ခုလောက်ဆို..စိတ်ကောက်နေလောက်ပီ..။

 

လှေခါးအတက်ကပဲ..နုတ်ဆက်လိုက်ပါတယ်..

“ ပိုးဥမရေ..ဟိုကောင်လေးတွေနဲ့တွေ့နေလို့ ဟာ..နောက်ကျသွားတယ်..”

“ ဟဲ့..အောင်ထက်..နင့်သားရော..ဘယ်ကျန်ခဲ့လဲ..”

“ ဟယ်..ဟုတ်ပါရဲ့..ငါတို့သားအဖနှစ်ယောက်..ဘာသွားလုပ်တာပါလိမ့်..”

“ သေပါလား..ကလေးဆံပင်သွားညှပ်တာလေ..ဒုက္ခပါပဲ..ငါ့သားလေး..”

ဒီလိုနဲ့..လင်မယားနှစ်ယောက်..ဆံပင်ညှပ်ဆိုင်ကို ပြေးကြပါတယ်..။

 

ဆံပင်ညှပ်ဆိုင်ရှေ့မှာတော့.လူတွေအုံခဲလို့..

သားလေးဂျူနီယာအောင်ထက်က..ငိုရတာ အသံတောင်ဝင်နေပါပြီ..

ပိုးဥမက.. “ ကျွန်မတို့သားလေးပါ..လာလာ သားလေး..”

“ ဟုတ်တယ်..ဟုတ်တယ်..ဒီလူလာထားသွားတာ..”

“ ဟုတ်ပါတယ်..မေ့ပီး..အိမ်ပြန်သွားတာပါ..ဒီမှာ ဆံပင်ညှပ်ခပါ..”

 

ဒီလိုနဲ့..ပိုးဥမက..သားလေးကိုချီ..လင်မယားနှစ်ယောက် လူအုပ်ကြီးကို တိုးထွက်လို့..

ခပ်သုတ်သုတ် လစ်ကြရပါတယ်..။

နောက်နားဆီက..စကားတစ်ခွန်းကို..နှစ်ယောက်သား ကြားဖြစ်အောင် ကြားလိုက်ပါတယ်..

“ မိန်းမ မေ့မကျန်တာ..ကံကောင်းတယ်မှတ်..”

ပိုးဥမရဲ့..နဂါးမျက်စောင်းက..ကျွန်တော့်ရင်ဝကို..

“ ဒိုင်း..” ကနဲသာပြေးဝင်ဆောင့်လိုက်ပါတော့တယ်..

“ အောင်ထက်တစ်ယောက်..ဘလော့ခံရဖို့တော့..အသေချာပါခင်ဗျာ..”  ။

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>